Ligue1

မထင်မှတ်ထားတဲ့ စည်းကမ်းပျက်အပြုအမှုတွေပြုမှုနေလို့ PSGကို ဖျက်ဆီးနေသူအဖြစ် ဝေဖန်ခံနေရတဲ့ နေမာ

ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့မှာ ထိန်းချုပ်ခြင်းခံခဲ့ရပြီးနောက် ယခုလအစောပိုင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ် ဘော်ဒိုးကို ၃-၀ နဲ့ အနိုင်ယူပြီး ရှုံးပွဲကနေ ပြန်လာနိုင်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မိုနာကိုအသင်းကို ၃-၀ နဲ့ ပြန်လည်ရှုံးနိမ့်ပြီး နောက်ဆုံးလိဂ် ၅ ပွဲမှာ ၃ ပွဲမြောက် ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက ပိုချက်တီနိုရဲ့ အနာဂတ်ကလည်းက ပြီးဆုံးတော့မယ့်ပုံ ပေါ်နေပြီး အမ်ဘာကလည်း ပြင်သစ်ကလပ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ လမ်းမမြင်တော့တဲ့ပုံ ပေါ်နေခဲ့ပြီဖြစ်ပါတယ်။

အဲဒီအချိန်မှာ လီယွန်နယ် မက်ဆီက ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ၁၈ ပွဲ ပါဝင်ကစားပေးထားရာမှာ လိဂ်သွင်းဂိုး ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး အခြားကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ နေမာကို အားကိုးရမလားလို့ ကြည့်လိုက်ပြန်တော့လည်း အခြေအနေက ပိုတောင်ဆိုးရွားနေတာဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ နပမ်းလုံးနေရပြီး ပီအက်စ်ဂျီအသင်းအတွက် ၂၁ ပွဲ ပါဝင်ကစားပေးထားရာမှာ ၅ ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ၊ အခြားပီအက်စ်ဂျီကစားသမားတွေနဲ့အတူ နေမာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ပြီးခဲ့တဲ့အပတ် ဘော်ဒိုးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ L’Equipe က ဘရာဇီးလ်ကြယ်ပွင့်ဟာ လိဂန်းမှာ လစာအမြင့်မားဆုံး ရရှိနေတဲ့ ကစားသမားဖြစ်တယ်ဆိုတဲ့အကြောင်းကို ထုတ်ဖော်လိုက်ပြီးနောက်မှာတော့ နေမာဟာ ၎င်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပိုလို့တောင် ပြင်းထန်တဲ့ ဝေဖန်ပြစ်တင်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

မကြာသေးမီက ဂျာနယ်လစ် ဒန်နီရယ် ရီအိုလိုရဲ့ စိတ်လှုပ်ရှားဖွယ် ပြောစကားက လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီအသင်းက အခြေအနေတွေက ဘယ်လောက် ဆိုးရွားနေပြီလဲဆိုတာကို ထင်ဟပ်နေတာဖြစ်ပါတယ်။ “နေမာက ကြိုးကြိုးစားစား မလေ့ကျင့်တော့ဘူး။ သူ လေ့ကျင့်ရေးကွင်းကို စိတ်မကောင်းစရာ အခြေအနေနဲ့ ရောက်လာခဲ့ပြီး လုံးဝကို မူးရူးနေပါတယ်။ ဒါက ကျွန်တော်တို့ ဘာမှလုပ်လို့မရတဲ့အခြေအနေပါ။ နေမာက ပီအက်စ်ဂျီအသင်းကို လက်စားချေချင်တဲ့ စိတ်ဖြစ်နေပါတယ်။ ပီအက်စ်ဂျီ ပရိသတ်တွေက နေမာရဲ့အဆိုးအကောင်း ဒါမှမဟုတ် သူ့ရဲ့ Netflix မှတ်တမ်းရုပ်ရှင်နဲ့ပတ်သက်ပြီး သောက်ဂရုကို မစိုက်ကြပါဘူး”

“ကျွန်တော်တို့ သူ့ရဲ့ ချက်လက်မှတ်ကို လက်မှတ်ထိုးပေးပြီး သူ့ကို ထွက်ခွာခွင့်ပေးရပါမယ်။ သူက အသင်းကို ထိခိုက်ပျက်စီးမှု အများကြီးဖြစ်အောင် လုပ်နေပါတယ်။ သူ့ကို သွားခွင့်ပေးလိုက်ပါ။ သူက ပီအက်စ်ဂျီကို ဖျက်ဆီးနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။ ရီအိုလိုရဲ့ တော်တော်လေး ပေါက်ကွဲနေတဲ့ ရင်ထဲက စကားတွေဖြစ်ပြီး နေမာအနေနဲ့ လေ့ကျင့်ရေးကွင်းကို စိတ်မကောင်းစရာ အခြေအနေနဲ့ တကယ်ရောက်လာခဲ့တာလားဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။

ရီအိုလိုက ပီအက်စ်ဂျီအသင်းကိုလည်း အသင်းအဖွဲ့တစ်ခုအဖြစ်နဲ့ ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး အမှန်တော့ ၎င်းတို့ဟာ ကလပ်အသင်းတစ်သင်းတောင် မဟုတ်တော့ဘူးလို့ ပြောကြားလိုက်တာဖြစ်ပါတယ်။ “ပီအက်စ်ဂျီက ကလပ်အသင်းတစ်သင်း မဟုတ်တော့ပါဘူး။ ဘာမှ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးလည်း မရှိပါဘူး။ နည်းပြကလည်း ရှိကို မရှိတော့ပါဘူး။ ဥက္ကဌကလည်း စကားလေး တစ်လုံးတောင် မပြောခဲ့ပါဘူး။ ဒီလို အဖြစ်ဆိုးကြီးအပြီးမှာ ကြပ်သင့်တာတွေကို ကြပ်ရပါမယ်။ ဒါပေမယ့် ဘာမှမရှိတော့ပါဘူး။ လီယိုနာဒိုရော နက်ဆာ အယ်လ် ခါလီဖီရော ဘာမှ မဟုတ်ပါဘူး။ လုံးဝကို ရှုံးနိမ့်နေပါပြီ”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးဖြစ်တဲ့ ရော်နယ်လ်ဒင်ညိုလည်း ပဲရစ်မှာ ကစားစဉ်တုန်းက အသောက်အစား အပျော်အပါး ဖက်ခဲ့ဖူးပြီး လေ့ကျင့်ရေးကို မကြာခဏ အရက်မူးပြီး ရောက်ရှိလာခဲ့တာကြောင့် ရောက်လေရာကလပ်အသင်းတိုင်းနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး တောက်ပသင့်သလောက် မတောက်ပနိုင်ခဲ့တာဖြစ်ပါတယ်။

နေမာကလည်း သတင်းထောက် ရီအိုလိုရဲ့ ပြောကြားချက်အတိုင်းသာ အမှန်တကယ်ဆိုရင် ရှေ့ကနောင်တော်ကြီးရဲ့ လမ်းစဉ်ကို လိုက်ဖို့ ကြိုးပမ်းနေပြီလို့ ဆိုရမှာဖြစ်ပြီး အချိန်မီ ပြုပြင်နိုင်ခြင်းမရှိဘူးဆိုရင် ကမ္ဘာ့ဘောလုံးလောကရဲ့ ပါရမီအရှိဆုံးကစားသမားတစ်ဦးကို ပရိသတ်တွေ ဆုံးရှုံးရနိုင်ကြောင်း ဖော်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့မွာ ထိန္းခ်ဳပ္ျခင္းခံခဲ့ရၿပီးေနာက္ ယခုလအေစာပိုင္းမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္ ေဘာ္ဒိုးကို ၃-၀ နဲ႔ အနိုင္ယူၿပီး ရႈံးပြဲကေန ျပန္လာနိုင္ခဲ့တာျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္လည္း ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ မိုနာကိုအသင္းကို ၃-၀ နဲ႔ ျပန္လည္ရႈံးနိမ့္ၿပီး ေနာက္ဆုံးလိဂ္ ၅ ပြဲမွာ ၃ ပြဲေျမာက္ ရႈံးပြဲကို ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းက ပိုခ်က္တီနိုရဲ့ အနာဂတ္ကလည္းက ၿပီးဆုံးေတာ့မယ့္ပုံ ေပၚေနၿပီး အမ္ဘာကလည္း ျပင္သစ္ကလပ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ လမ္းမျမင္ေတာ့တဲ့ပုံ ေပၚေနခဲ့ၿပီျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာ လီယြန္နယ္ မက္ဆီက ဘာစီလိုနာအသင္းကေန ေျပာင္းေရႊ႕လာၿပီးကတည္းက ၁၈ ပြဲ ပါဝင္ကစားေပးထားရာမွာ လိဂ္သြင္းဂိုး ၂ ဂိုးသာ သြင္းယူထားနိုင္ခဲ့ၿပီး အျခားၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္တဲ့ ေနမာကို အားကိုးရမလားလို႔ ၾကည့္လိုက္ျပန္ေတာ့လည္း အေျခအေနက ပိုေတာင္ဆိုးရြားေနတာျဖစ္ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ ယခုရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔ နပမ္းလုံးေနရၿပီး ပီအက္စ္ဂ်ီအသင္းအတြက္ ၂၁ ပြဲ ပါဝင္ကစားေပးထားရာမွာ ၅ ဂိုးသာ သြင္းယူေပးထားနိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီ၊ အျခားပီအက္စ္ဂ်ီကစားသမားေတြနဲ႔အတူ ေနမာဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့အပတ္ ေဘာ္ဒိုးကို အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပရိသတ္ေတြရဲ့ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ L’Equipe က ဘရာဇီးလ္ၾကယ္ပြင့္ဟာ လိဂန္းမွာ လစာအျမင့္မားဆုံး ရရွိေနတဲ့ ကစားသမားျဖစ္တယ္ဆိုတဲ့အေၾကာင္းကို ထုတ္ေဖာ္လိုက္ၿပီးေနာက္မွာေတာ့ ေနမာဟာ ၎ရဲ့ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ပိုလို႔ေတာင္ ျပင္းထန္တဲ့ ေဝဖန္ျပစ္တင္မႈေတြကို ခံခဲ့ရတာျဖစ္ပါတယ္။

မၾကာေသးမီက ဂ်ာနယ္လစ္ ဒန္နီရယ္ ရီအိုလိုရဲ့ စိတ္လႈပ္ရွားဖြယ္ ေျပာစကားက လက္ရွိအခ်ိန္မွာေတာ့ ပီအက္စ္ဂ်ီအသင္းက အေျခအေနေတြက ဘယ္ေလာက္ ဆိုးရြားေနၿပီလဲဆိုတာကို ထင္ဟပ္ေနတာျဖစ္ပါတယ္။ “ေနမာက ႀကိဳးႀကိဳးစားစား မေလ့က်င့္ေတာ့ဘူး။ သူ ေလ့က်င့္ေရးကြင္းကို စိတ္မေကာင္းစရာ အေျခအေနနဲ႔ ေရာက္လာခဲ့ၿပီး လုံးဝကို မူး႐ူးေနပါတယ္။ ဒါက ကၽြန္ေတာ္တို႔ ဘာမွလုပ္လို႔မရတဲ့အေျခအေနပါ။ ေနမာက ပီအက္စ္ဂ်ီအသင္းကို လက္စားေခ်ခ်င္တဲ့ စိတ္ျဖစ္ေနပါတယ္။ ပီအက္စ္ဂ်ီ ပရိသတ္ေတြက ေနမာရဲ့အဆိုးအေကာင္း ဒါမွမဟုတ္ သူ႔ရဲ့ Netflix မွတ္တမ္း႐ုပ္ရွင္နဲ႔ပတ္သက္ၿပီး ေသာက္ဂ႐ုကို မစိုက္ၾကပါဘူး”

“ကၽြန္ေတာ္တို႔ သူ႔ရဲ့ ခ်က္လက္မွတ္ကို လက္မွတ္ထိုးေပးၿပီး သူ႔ကို ထြက္ခြာခြင့္ေပးရပါမယ္။ သူက အသင္းကို ထိခိုက္ပ်က္စီးမႈ အမ်ားႀကီးျဖစ္ေအာင္ လုပ္ေနပါတယ္။ သူ႔ကို သြားခြင့္ေပးလိုက္ပါ။ သူက ပီအက္စ္ဂ်ီကို ဖ်က္ဆီးေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ရီအိုလိုရဲ့ ေတာ္ေတာ္ေလး ေပါက္ကြဲေနတဲ့ ရင္ထဲက စကားေတြျဖစ္ၿပီး ေနမာအေနနဲ႔ ေလ့က်င့္ေရးကြင္းကို စိတ္မေကာင္းစရာ အေျခအေနနဲ႔ တကယ္ေရာက္လာခဲ့တာလားဆိုတာကိုေတာ့ အတည္မျပဳနိုင္ပါဘူး။

ရီအိုလိုက ပီအက္စ္ဂ်ီအသင္းကိုလည္း အသင္းအဖြဲ႕တစ္ခုအျဖစ္နဲ႔ ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး အမွန္ေတာ့ ၎တို႔ဟာ ကလပ္အသင္းတစ္သင္းေတာင္ မဟုတ္ေတာ့ဘူးလို႔ ေျပာၾကားလိုက္တာျဖစ္ပါတယ္။ “ပီအက္စ္ဂ်ီက ကလပ္အသင္းတစ္သင္း မဟုတ္ေတာ့ပါဘူး။ ဘာမွ ထူးျခားတဲ့ ကိုယ္ရည္ကိုယ္ေသြးလည္း မရွိပါဘူး။ နည္းျပကလည္း ရွိကို မရွိေတာ့ပါဘူး။ ဥကၠဌကလည္း စကားေလး တစ္လုံးေတာင္ မေျပာခဲ့ပါဘူး။ ဒီလို အျဖစ္ဆိုးႀကီးအၿပီးမွာ ၾကပ္သင့္တာေတြကို ၾကပ္ရပါမယ္။ ဒါေပမယ့္ ဘာမွမရွိေတာ့ပါဘူး။ လီယိုနာဒိုေရာ နက္ဆာ အယ္လ္ ခါလီဖီေရာ ဘာမွ မဟုတ္ပါဘူး။ လုံးဝကို ရႈံးနိမ့္ေနပါၿပီ”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္ေဟာင္း ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉးျဖစ္တဲ့ ေရာ္နယ္လ္ဒင္ညိဳလည္း ပဲရစ္မွာ ကစားစဥ္တုန္းက အေသာက္အစား အေပ်ာ္အပါး ဖက္ခဲ့ဖူးၿပီး ေလ့က်င့္ေရးကို မၾကာခဏ အရက္မူးၿပီး ေရာက္ရွိလာခဲ့တာေၾကာင့္ ေရာက္ေလရာကလပ္အသင္းတိုင္းနဲ႔ အဆင္မေျပျဖစ္ခဲ့ၿပီး ေတာက္ပသင့္သေလာက္ မေတာက္ပနိုင္ခဲ့တာျဖစ္ပါတယ္။

ေနမာကလည္း သတင္းေထာက္ ရီအိုလိုရဲ့ ေျပာၾကားခ်က္အတိုင္းသာ အမွန္တကယ္ဆိုရင္ ေရွ႕ကေနာင္ေတာ္ႀကီးရဲ့ လမ္းစဥ္ကို လိုက္ဖို႔ ႀကိဳးပမ္းေနၿပီလို႔ ဆိုရမွာျဖစ္ၿပီး အခ်ိန္မီ ျပဳျပင္နိုင္ျခင္းမရွိဘူးဆိုရင္ ကမၻာ့ေဘာလုံးေလာကရဲ့ ပါရမီအရွိဆုံးကစားသမားတစ္ဦးကို ပရိသတ္ေတြ ဆုံးရႈံးရနိုင္ေၾကာင္း ေဖာ္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.