Premier League

ချဲလ်ဆီးကို စွန့်ပြီး အိုးထရက်ဖို့ဒ်သွားမယ့်သတင်းတွေကို အရှင်းဆုံးအဖြေပေးသွားတဲ့ တူဟယ်

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်က ယခုရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့မယ့်သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းပယ်သွားခဲ့ပြီး ချဲလ်ဆီးမှာ ဆက်နေဖို့ အကြောင်းအရင်းတွေ အများကြီးရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြကို ခေါ်ယူလို့ ရနိုင်ခြေနဲ့ပတ်သက်ပြီး ကမ္ဘာဘောလုံးလောက က လစ်လျူရှုထားခဲ့ပေမယ့် လက်ရှိမှာတော့ ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်နဲ့ပတ်သက်ပြီး ချဲလ်ဆီးအသင်းအပေါ်မှာ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် ဖြစ်နိုင်ခြေရှိလာပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ တတ်နိုင်သမျှ အမြန်ဆုံး ပိုင်ရှင်သစ်ကို ရှာဖွေနေချိန်မှာ အခြား ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းတွေက ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းမယ့် ကစားသမားတွေ သို့မဟုတ် နည်းပြကိုတောင် အခွင့်ကောင်းယူဖို့အတွက် ကြံစည်နေကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်သးဟာ လက်ရှိမှာတော့ ကာလရှည်ပစ်မှတ်တွေဖြစ်တဲ့ ပိုချက်တီနို၊ အဲရစ် တန်ဟက်ဂ်တို့နဲ့အတူ တူဟယ်ကို မျက်စိကျနေပြီဖြစ်ပေမယ့် အဲဒီပစ်မှတ် ၂ ဦးစလုံးဟာ ဂျာမန်နည်းပြရဲ့ ဆုဖလားအောင်မြင်မှုတွေနဲ့ မယှဉ်နိုင်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မစ်ဒယ်ဘရော့နဲ့ ယနေ့ညနေမှာ ကစားရမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တူဟယ်က အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့မယ့် ဘယ်လိုပြောဆိုမှုမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်သွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်က အသင်းအပေါ် သစ္စာသိပ်မရှိသလိုများ ခင်ဗျား ခံစားနေရလို့လား။ ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ ကျွန်တော် ချဲလ်ဆီးအသင်းအတွက် အလုပ်လုပ်ရတာကို နှစ်သက်ပါတယ်။ ဒီအသင်းက ကျွန်တော့်ကို ပျော်ရွှင်အောင်လုပ်ပေးဖို့ အရာအားလုံးရှိနေပါတယ်။ အသင်းမှာ ဆက်နေဖို့အတွက် အကြောင်းအရင်းက အများကြီးရှိပါတယ်”လို့ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ သတင်းထောက်ကို တုံ့ပြန်ခဲ့ပါတယ်။ တူဟယ်ဟာ ချဲလ်ဆီးရဲ့ဘဏ္ဍာရေးအကြပ်အတည်းနဲ့ လူစာရင်းအပေါ် အကျိုးသက်ရောက်မှုရှိခဲ့တာတွေအပေါ် မေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။

ဘဏ္ဍာရေးအကြပ်အတည်းက အသင်းလူစာရင်းအပေါ် သက်တောင့်သက်သာမရှိမှုအချို့ ဖြစ်စေတယ်လို့ ဝန်ခံခဲ့ပေမယ့်လည်း တူဟယ်က ကစားသမားတွေဟာ ကွင်းအတွင်းက ခြေစွမ်းလိုမျိုး ၎င်းတို့ ထိန်းချုပ်နိုင်တဲ့အရာတွေအပေါ်မှာ အာရုံစိုက်ပြီး နေ့စဉ်အလုပ်လုပ်ဆောင်ဖို့ ကြိုးပမ်းနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘုတ်အဖွဲ့ထဲမှာ ဝရုန်းသုန်းကားဖြစ်နေပေမယ့်လည်း ရလဒ်တွေက အလိုလို စကားပြောနေပြီး ချဲလ်ဆီးအသင်းဟာ လီလ်ကို ၂-၁ နဲ့ အနိုင်ယူပြီး ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံဖို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္က ယခုရာသီကုန္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ေျပာင္းေရႊ႕မယ့္သတင္းေတြကို ျပတ္ျပတ္သားသား ျငင္းပယ္သြားခဲ့ၿပီး ခ်ဲလ္ဆီးမွာ ဆက္ေနဖို႔ အေၾကာင္းအရင္းေတြ အမ်ားႀကီးရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပကို ေခၚယူလို႔ ရနိုင္ေျခနဲ႔ပတ္သက္ၿပီး ကမၻာေဘာလုံးေလာက က လစ္လ်ဴရႈထားခဲ့ေပမယ့္ လက္ရွိမွာေတာ့ ခ်ဲလ္ဆီးပိုင္ရွင္ ေအဘရာမိုဗစ္ခ်္နဲ႔ပတ္သက္ၿပီး ခ်ဲလ္ဆီးအသင္းအေပၚမွာ ပိတ္ဆို႔ဒဏ္ခတ္မႈေတြေၾကာင့္ ျဖစ္နိုင္ေျခရွိလာၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ တတ္နိုင္သမၽွ အျမန္ဆုံး ပိုင္ရွင္သစ္ကို ရွာေဖြေနခ်ိန္မွာ အျခား ပရီးမီးယားလိဂ္ထိပ္တန္းကလပ္အသင္းေတြက ခ်ဲလ္ဆီးအသင္းကေန ထြက္ခြာဖို႔ ႀကိဳးပမ္းမယ့္ ကစားသမားေတြ သို႔မဟုတ္ နည္းျပကိုေတာင္ အခြင့္ေကာင္းယူဖို႔အတြက္ ႀကံစည္ေနၾကတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္သးဟာ လက္ရွိမွာေတာ့ ကာလရွည္ပစ္မွတ္ေတြျဖစ္တဲ့ ပိုခ်က္တီနို၊ အဲရစ္ တန္ဟက္ဂ္တို႔နဲ႔အတူ တူဟယ္ကို မ်က္စိက်ေနၿပီျဖစ္ေပမယ့္ အဲဒီပစ္မွတ္ ၂ ဦးစလုံးဟာ ဂ်ာမန္နည္းျပရဲ့ ဆုဖလားေအာင္ျမင္မႈေတြနဲ႔ မယွဥ္နိုင္တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မစ္ဒယ္ဘေရာ့နဲ႔ ယေန႔ညေနမွာ ကစားရမယ့္ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပြဲစဥ္မတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ တူဟယ္က အိုးထရက္ဖို႔ဒ္ကို ေျပာင္းေရႊ႕မယ့္ ဘယ္လိုေျပာဆိုမႈမ်ိဳးကိုမဆို ျပတ္ျပတ္သားသား ျငင္းပယ္သြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္က အသင္းအေပၚ သစၥာသိပ္မရွိသလိုမ်ား ခင္ဗ်ား ခံစားေနရလို႔လား။ ကၽြန္ေတာ္ အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့ၿပီးပါၿပီ။ ကၽြန္ေတာ္ ခ်ဲလ္ဆီးအသင္းအတြက္ အလုပ္လုပ္ရတာကို ႏွစ္သက္ပါတယ္။ ဒီအသင္းက ကၽြန္ေတာ့္ကို ေပ်ာ္ရႊင္ေအာင္လုပ္ေပးဖို႔ အရာအားလုံးရွိေနပါတယ္။ အသင္းမွာ ဆက္ေနဖို႔အတြက္ အေၾကာင္းအရင္းက အမ်ားႀကီးရွိပါတယ္”လို႔ ၎ရဲ့အနာဂတ္နဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့တဲ့ သတင္းေထာက္ကို တုံ႔ျပန္ခဲ့ပါတယ္။ တူဟယ္ဟာ ခ်ဲလ္ဆီးရဲ့ဘ႑ာေရးအၾကပ္အတည္းနဲ႔ လူစာရင္းအေပၚ အက်ိဳးသက္ေရာက္မႈရွိခဲ့တာေတြအေပၚ ေမးခြန္းေတြကိုလည္း ေျဖၾကားခဲ့ပါတယ္။

ဘ႑ာေရးအၾကပ္အတည္းက အသင္းလူစာရင္းအေပၚ သက္ေတာင့္သက္သာမရွိမႈအခ်ိဳ႕ ျဖစ္ေစတယ္လို႔ ဝန္ခံခဲ့ေပမယ့္လည္း တူဟယ္က ကစားသမားေတြဟာ ကြင္းအတြင္းက ေျခစြမ္းလိုမ်ိဳး ၎တို႔ ထိန္းခ်ဳပ္နိုင္တဲ့အရာေတြအေပၚမွာ အာ႐ုံစိုက္ၿပီး ေန႔စဥ္အလုပ္လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းေနၾကတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဘုတ္အဖြဲ႕ထဲမွာ ဝ႐ုန္းသုန္းကားျဖစ္ေနေပမယ့္လည္း ရလဒ္ေတြက အလိုလို စကားေျပာေနၿပီး ခ်ဲလ္ဆီးအသင္းဟာ လီလ္ကို ၂-၁ နဲ႔ အနိုင္ယူၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ေတြ႕ဆုံဖို႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္နိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.