Serie A

စစ်ပွဲမှန်သမျှ အကုန်ရပ်လို့ တောင်းဆိုလိုက်တဲ့ မော်ရင်ညို

ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဟိုဆေး မော်ရင်ညိုက အရှေ့ဥရောပမှာ တတ်နိုင်သမျှ အမြန်ဆုံး ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။

ရိုးမား နည်းပြ မော်ရင်ညိုဟာ ဥရောပအရှေ့ပိုင်းမှာ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ဖို့ တောင်းဆိုနေကြသူတွေနဲ့အတူ ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ပေါ်တူဂီလူမျိုးနည်းပြက ကမ္ဘာတလွှားက ခေါင်းဆောင်တွေကို စစ်ပွဲတွေ အားလုံးရပ်တန့်ကြဖို့ အသနားခံခဲ့တာဖြစ်ပါတယ်။ မော်ရင်ညိုဟာ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကို အဝေးကနေ စောင့်ကြည့်နေခဲ့ရတဲ့သူတွေထဲမှာ အပါအဝင် ဖြစ်ခဲ့တာဖြစ်ပါတယ်။

မိသားစုအများအပြားဟာ ဒေသတွင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အခြားလူတွေကတော့ မြင့်တက်လာတဲ့ ပဋိပက္ခကြားထဲမှာ ပိတ်မိနေပြီး မော်ရင်ညိုက နိုင်ငံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေကို ကြံ့ကြံ့ခံနေရတဲ့ ဒေသအသီးသီးက လူတွေအားလုံးကို ပြန်လည်အခြေချနိုင်ဖို့ မျှော်လင့်နေတဲ့သူတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ရိုးမားအသင်းနည်းပြ မော်ရင်ညိုက ၎င်းရဲ့ ထိန်းချုပ်မှုပြင်ပမှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်က အရမ်းကို ရည်မှန်းချက်ရှိပြီး လက်တွေ့ကျရပါလိမ့်မယ်။ ကျွန်တော်တို့ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့လိုအပ်ပြီး ကျန်တဲ့စစ်ပွဲတွေအားလုံးလည်း ရပ်တန့်ဖို့လိုပါတယ်။ ရပ်တန့်လိုက်ပါ။ ကျွန်တော်နေ့တိုင်း ဒီလိုမျိုး ထပ်ခါထပ်ခါ ပြောနေရမယ်ဆိုရင်လည်း ကျွန်တော် ပြောနေမှာပါ။ စစ်ပွဲကို ရပ်တန့်လိုက်ပါ”

“ကျွန်တော် နိုင်ငံရေးအကြောင်း ပြောမှာမဟုတ်ပါဘူး။ ကျွန်တော် နိုင်ငံရေးကို အရမ်းစိတ်ဝင်စားပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး လူသိရှင်ကြားပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ပြောနိုင်တယ်။ ကျွန်တော် နေ့တိုင်း အော်ဟစ်နေနိုင်တယ်။ စစ်ပွဲတွေ ရပ်။ အမြဲတမ်းအတွက် ရပ်ပါ။ စစ်ပွဲတိုင်းကို ရပ်တန့်ကြပါ”လို့ ပြောကြားခဲ့ပါတယ်။

ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ရုရှားကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာနဲ့ တိုက်ကြီးများပြိုင်ပွဲတွေမှာ ရုရှားအသင်းတွေကို ပါဝင်ကစားခွင့် ပိတ်ပင်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး စိန့် ပီတာစ်ဘာ့ဂ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပဖို့ စီစဉ်ထားတာကိုလည်း ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ကမ္ဘာတလွှားက အစိုးရတွေကြားထဲမှာလည်း ရုရှားက စီးပွားရေးလုပ်ငန်းရှင်တွေကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ စတင်ပြုလုပ်လာခဲ့ကြပြီး ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကလည်း အဲဒီလို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံခဲ့ရတဲ့သူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီး၊ ရီးရဲလ္မက္ဒရစ္၊ မန္ခ်က္စတာယူနိုက္တက္နည္းျပေဟာင္း ဟိုေဆး ေမာ္ရင္ညိဳက အေရွ႕ဥေရာပမွာ တတ္နိုင္သမၽွ အျမန္ဆုံး ၿငိမ္းခ်မ္းေရး ျပန္လည္တည္ေဆာက္နိုင္ဖို႔အတြက္ ေမၽွာ္လင့္ေနပါတယ္။

ရိုးမား နည္းၿပ ေမာ္ရင္ညိဳဟာ ဥေရာပအေရွ႕ပိုင္းမွာ ၿငိမ္းခ်မ္းေရး ျပန္လည္ေဖာ္ေဆာင္ဖို႔ ေတာင္းဆိုေနၾကသူေတြနဲ႔အတူ ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ေပၚတူဂီလူမ်ိဳးနည္းျပက ကမၻာတလႊားက ေခါင္းေဆာင္ေတြကို စစ္ပြဲေတြ အားလုံးရပ္တန႔္ၾကဖို႔ အသနားခံခဲ့တာျဖစ္ပါတယ္။ ေမာ္ရင္ညိဳဟာ ယူကရိန္းနိုင္ငံကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တာကို အေဝးကေန ေစာင့္ၾကည့္ေနခဲ့ရတဲ့သူေတြထဲမွာ အပါအဝင္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

မိသားစုအမ်ားအျပားဟာ ေဒသတြင္းကေန ထြက္ေျပးတိမ္းေရွာင္ခဲ့ရၿပီး အျခားလူေတြကေတာ့ ျမင့္တက္လာတဲ့ ပဋိပကၡၾကားထဲမွာ ပိတ္မိေနၿပီး ေမာ္ရင္ညိဳက နိုင္ငံေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အၾကပ္အတည္းေတြကို ႀကံ့ႀကံ့ခံေနရတဲ့ ေဒသအသီးသီးက လူေတြအားလုံးကို ျပန္လည္အေျခခ်နိုင္ဖို႔ ေမၽွာ္လင့္ေနတဲ့သူေတြထဲမွာ အပါအဝင္ျဖစ္ပါတယ္။ ရိုးမားအသင္းနည္းၿပ ေမာ္ရင္ညိဳက ၎ရဲ့ ထိန္းခ်ဳပ္မႈျပင္ပမွာ ျဖစ္ပြားေနတဲ့ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံရာမွာ အခုလိုပဲ ထုတ္ေဖာ္ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္က အရမ္းကို ရည္မွန္းခ်က္ရွိၿပီး လက္ေတြ႕က်ရပါလိမ့္မယ္။ ကၽြန္ေတာ္တို႔ ယူကရိန္းမွာ ျဖစ္ပြားေနတဲ့ စစ္ပြဲကို ရပ္တန႔္ဖို႔လိုအပ္ၿပီး က်န္တဲ့စစ္ပြဲေတြအားလုံးလည္း ရပ္တန႔္ဖို႔လိုပါတယ္။ ရပ္တန႔္လိုက္ပါ။ ကၽြန္ေတာ္ေန႔တိုင္း ဒီလိုမ်ိဳး ထပ္ခါထပ္ခါ ေျပာေနရမယ္ဆိုရင္လည္း ကၽြန္ေတာ္ ေျပာေနမွာပါ။ စစ္ပြဲကို ရပ္တန႔္လိုက္ပါ”

“ကၽြန္ေတာ္ နိုင္ငံေရးအေၾကာင္း ေျပာမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္ နိုင္ငံေရးကို အရမ္းစိတ္ဝင္စားေပမယ့္ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး လူသိရွင္ၾကားေျပာမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ ေျပာနိုင္တယ္။ ကၽြန္ေတာ္ ေန႔တိုင္း ေအာ္ဟစ္ေနနိုင္တယ္။ စစ္ပြဲေတြ ရပ္။ အျမဲတမ္းအတြက္ ရပ္ပါ။ စစ္ပြဲတိုင္းကို ရပ္တန႔္ၾကပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဖီဖာနဲ႔ ယူအီးအက္ဖ္ေအတို႔ဟာ ႐ုရွားကို ျပစ္ဒဏ္ေပးတဲ့အေနနဲ႔ ကမၻာလုံးဆိုင္ရာနဲ႔ တိုက္ႀကီးမ်ားၿပိဳင္ပြဲေတြမွာ ႐ုရွားအသင္းေတြကို ပါဝင္ကစားခြင့္ ပိတ္ပင္ဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့ၿပီး စိန႔္ ပီတာစ္ဘာ့ဂ္မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲက်င္းပဖို႔ စီစဥ္ထားတာကိုလည္း ဖ်က္သိမ္းခဲ့တာျဖစ္ပါတယ္။

ကမၻာတလႊားက အစိုးရေတြၾကားထဲမွာလည္း ႐ုရွားက စီးပြားေရးလုပ္ငန္းရွင္ေတြကို ပိတ္ဆို႔ဒဏ္ခတ္မႈေတြ စတင္ျပဳလုပ္လာခဲ့ၾကၿပီး ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ကလည္း အဲဒီလို ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ခံခဲ့ရတဲ့သူေတြထဲမွာ တစ္ဦးအပါအဝင္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.