Premier League

အသင်းဖော်ဆီ လမ်ဘော်ဂီနီကားကို ရက်ရက်ရောရော ပေးကမ်းခဲ့တဲ့ ရွန်နီ

မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်းနဲ့ လက်ရှိ ဒါဘီကောင်တီအသင်းနည်းပြ ဝိန်းရွန်နီကတော့ မယုံနိုင်လောက်အောင် စိတ်ထားကောင်းမွန်သူဖြစ်ပြီး သူ့ရဲ့ အသင်းဖော်တစ်ဦး စိတ်ချမ်းသာနိုင်ဖို့အတွက် အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာပဲ သူပိုင်ဆိုင်တဲ့ လမ်ဘော်ဂီနီပြိုင်ကားကို ရက်ရက်ရောရော ပေးခဲ့ဖူးကြောင်း သိရပါတယ်။

ဒါက သူတို့ သရဲနီတွေရဲ့ ကာရင်တန်ကွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသင်းဖော်ဆိုတဲ့သူကတော့ သေးသေးမွှားမွှား တခြားသူမဟုတ်ဘဲ မန်ချက်စတာယူနိုက်တက်မှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ဖူးတဲ့ ကားလို့စ် တီဗက်ဇ်ဖြစ်သလို သူက ရွန်နီရဲ့ သူတပါးအပေါ် ဂရုတစိုက်နဲ့ ရက်ရောမှုကို ထုတ်ဖော်သွားခဲ့တာပါ။

နောက်ပိုင်းမှာ မြို့ခံပြိုင်ဘက် မန်စီးတီးဆီ ပြောင်းရွှေ့သွားခဲ့လို့ အိုးလ်ထရက်ဖို့ဒ်ဘက်က လူတွေ မုန်းစရာဖြစ်ခဲ့ရပေမယ့် လက်ရှိမှာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားသားဟာ ယူနိုက်တက်တို့ရဲ့ သုံးခွမှိန်းသဏ္ဍာန်တိုက်စစ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ရွန်နီတို့နဲ့အတူ ပရီးမီးယားလိဂ် ဂိုးပေါင်း ၁၉ ဂိုးအထိ ရရှိခဲ့သူဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက်ရဲ့ ထရိန်နင်မှာပေါ့ဗျာ… ကစားသမားတွေက ဖာရာရီ၊ ဒါမှမဟုတ် လမ်ဘော်ဂီနီကားတွေနဲ့ လာကြတာချည်းပဲ။ အဆိုးဆုံးဆိုတဲ့သူကတောင် ဖာရာရီတစ်စီးလောက်ကို မောင်းလာနိုင်တယ်လေ။ အဲ့ဒီတုန်းက ကျွန်တော့်မှာ အသင်းစပွန်ဆာ အော်ဒီက ပေးထားတဲ့ ကားလေးပဲရှိတော့ နှိမ်လိုက်ကြတာမှ မသိရင် ဖီးယက် ၆၀၀ ကားအိုလေးကို မောင်းလာတဲ့အတိုင်းပဲ”လို့ တီဗက်ဇ်က ပြန်ပြောပြခဲ့ပါတယ်။

“အဲ့ဒီအကြောင်း ရွန်နီကိုလည်း ရင်ဖွင့်မိတာပေါ့ဗျာ။ သူက တကယ့်လူပဲ… ကောင်းလွန်းတာနဲ့ ရူးလွန်းတာ တစ်ခုခုပဲဖြစ်လိမ့်မယ်။ ကျွန်တော့်ကို လမ်ဘော်ဂီနီကို မင်းယူသွားလိုက်ဆိုပြီး သောပါ့လာပေးတယ်။ ဘာပြောကောင်းမလဲ… ကျွန်တော်လည်း ဘာမှ မှတ်ပုံတင်တွေ၊ လိုင်စင်တွေတောင် ပြောင်းမနေဘူး… သူပေးတဲ့ အဲ့ဒီကားနဲ့ မန်ချက်စတာမြို့ကို ပတ်ပစ်လိုက်တာပေါ့”လို့ သူက ထုတ်ဖော်သွားခဲ့တာပါ။

တီဗက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်ကို ကော်ရင်သီယန်နဲ့ ဂျော်ရက်ဘ်ချီယန်တို့ရဲ့ ပူးတွဲပိုင်ဆိုင်မှုအောက်မှာ နှစ်နှစ်အငှားနဲ့ လာရောက်ကစားခဲ့ဖူးတာဖြစ်ပြီး မြို့ခံပြိုင်ဘက်တွေဆီ အပြီးသတ်မပြောင်းခင် ဒီအသင်းမှာ ပရီးမီးယားလိဂ် ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်းနဲ့ ကမ္ဘာ့ကလပ်ချန်ပီယံဖလားတွေကိုလည်း တစ်ကြိမ်စီ ရယူခဲ့ဖူးတာဖြစ်ပါတယ်။

သူက ရွန်နီနဲ့ ပတ်သက်ပြီး သူတို့ ရင်းနှီးခဲ့ကြတာဟာ တူညီတဲ့ စိတ်သဘောထားနဲ့ မြက်ခင်းပြင်တွေပေါ်က ခံယူချက်တွေကြောင့်ဖြစ်ကြောင်း ပြောပြသွားခဲ့ပြီး အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ထာဝရ ဂိုးသွင်းစံချိန်ရှင်နဲ့ သူနဲ့ကြားမှာ ပြောမပြဘဲ အလိုလိုခံစားမိနေတဲ့ စိတ်တူကိုယ်တူ ကိစ္စတွေ ရှိနေကြောင်းလည်း ဆိုခဲ့တာပါ။

“ကျွန်တော်နဲ့ သူ့မှာ တူညီတဲ့ အချက်တွေ အတော်များများ ရှိတယ်လို့ ခံစားမိတယ်ဗျ။ တကယ်တော့ သူက လီဗာပူးလ်မြို့ရဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသကနေ တက်လာခဲ့တာလေ။ သူ့ရဲ့ ပွဲထဲမှာ ဘောလုံးကို လုယူပုံက ဒါက သူနောက်ဆုံးလုပ်နိုင်တဲ့ အလုပ်ကို လုပ်နေသလိုပဲ။ နောက်တစ်နေ့ဆိုတာ မရှိတော့တဲ့အတိုင်း ကစားနေတာ။ ဒါက သူနဲ့ ကျွန်တော်နဲ့ကြားမှာ ပြောပြဖို့မလိုတဲ့ ရင်းနှီးနားလည်မှုကို ရစေခဲ့တာ”လို့ တီဗက်ဇ်က ပြောပါတယ်။

ကားလို့စ် တီဗက်ဇ်ဟာ လက်ရှိမှာတော့ မြက်ခင်းစိမ်းတွေနဲ့ အနည်းငယ်ကင်းကွာနေခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်က ဘိုကာဂျူနီယာစ်အသင်းအတွက် နောက်ဆုံးကစားပေးခဲ့အပြီးမှာ အသင်းလက်မဲ့ဖြစ်နေခဲ့တယ်လို့ သိရသလို လမ်ဘော်ဂီနီကားလက်ဆောင်အတွက် ဒါဘီကောင်တီမှာ နည်းပြနေတဲ့ ဝိန်းရွန်နီနဲ့ ထပ်မံပူးပေါင်းဦးမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းတိုက္စစ္မႉးေဟာင္းနဲ႔ လက္ရွိ ဒါဘီေကာင္တီအသင္းနည္းျပ ဝိန္း႐ြန္နီကေတာ့ မယုံႏိုင္ေလာက္ေအာင္ စိတ္ထားေကာင္းမြန္သူျဖစ္ၿပီး သူ႔ရဲ႕ အသင္းေဖာ္တစ္ဦး စိတ္ခ်မ္းသာႏိုင္ဖို႔အတြက္ အသင္းရဲ႕ ေလ့က်င့္ေရးကြင္းမွာပဲ သူပိုင္ဆိုင္တဲ့ လမ္ေဘာ္ဂီနီၿပိဳင္ကားကို ရက္ရက္ေရာေရာ ေပးခဲ့ဖူးေၾကာင္း သိရပါတယ္။

ဒါက သူတို႔ သရဲနီေတြရဲ႕ ကာရင္တန္ကြင္းမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အသင္းေဖာ္ဆိုတဲ့သူကေတာ့ ေသးေသးမႊားမႊား တျခားသူမဟုတ္ဘဲ မန္ခ်က္စတာယူႏိုက္တက္မွာ ၂၀၀၇ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အထိ ကစားခဲ့ဖူးတဲ့ ကားလို႔စ္ တီဗက္ဇ္ျဖစ္သလို သူက ႐ြန္နီရဲ႕ သူတပါးအေပၚ ဂ႐ုတစိုက္နဲ႔ ရက္ေရာမႈကို ထုတ္ေဖာ္သြားခဲ့တာပါ။

ေနာက္ပိုင္းမွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးဆီ ေျပာင္းေ႐ႊ႕သြားခဲ့လို႔ အိုးလ္ထရက္ဖို႔ဒ္ဘက္က လူေတြ မုန္းစရာျဖစ္ခဲ့ရေပမယ့္ လက္ရွိမွာ အသက္ ၃၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အာဂ်င္တီးနားသားဟာ ယူႏိုက္တက္တို႔ရဲ႕ သုံးခြမွိန္းသ႑ာန္တိုက္စစ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ႐ြန္နီတို႔နဲ႔အတူ ပရီးမီးယားလိဂ္ ဂိုးေပါင္း ၁၉ ဂိုးအထိ ရရွိခဲ့သူျဖစ္ပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ထရိန္နင္မွာေပါ့ဗ်ာ… ကစားသမားေတြက ဖာရာရီ၊ ဒါမွမဟုတ္ လမ္ေဘာ္ဂီနီကားေတြနဲ႔ လာၾကတာခ်ည္းပဲ။ အဆိုးဆုံးဆိုတဲ့သူကေတာင္ ဖာရာရီတစ္စီးေလာက္ကို ေမာင္းလာႏိုင္တယ္ေလ။ အဲ့ဒီတုန္းက ကြၽန္ေတာ့္မွာ အသင္းစပြန္ဆာ ေအာ္ဒီက ေပးထားတဲ့ ကားေလးပဲရွိေတာ့ ႏွိမ္လိုက္ၾကတာမွ မသိရင္ ဖီးယက္ ၆၀၀ ကားအိုေလးကို ေမာင္းလာတဲ့အတိုင္းပဲ”လို႔ တီဗက္ဇ္က ျပန္ေျပာျပခဲ့ပါတယ္။

“အဲ့ဒီအေၾကာင္း ႐ြန္နီကိုလည္း ရင္ဖြင့္မိတာေပါ့ဗ်ာ။ သူက တကယ့္လူပဲ… ေကာင္းလြန္းတာနဲ႔ ႐ူးလြန္းတာ တစ္ခုခုပဲျဖစ္လိမ့္မယ္။ ကြၽန္ေတာ့္ကို လမ္ေဘာ္ဂီနီကို မင္းယူသြားလိုက္ဆိုၿပီး ေသာပါ့လာေပးတယ္။ ဘာေျပာေကာင္းမလဲ… ကြၽန္ေတာ္လည္း ဘာမွ မွတ္ပုံတင္ေတြ၊ လိုင္စင္ေတြေတာင္ ေျပာင္းမေနဘူး… သူေပးတဲ့ အဲ့ဒီကားနဲ႔ မန္ခ်က္စတာၿမိဳ႕ကို ပတ္ပစ္လိုက္တာေပါ့”လို႔ သူက ထုတ္ေဖာ္သြားခဲ့တာပါ။

တီဗက္ဇ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေကာ္ရင္သီယန္နဲ႔ ေဂ်ာ္ရက္ဘ္ခ်ီယန္တို႔ရဲ႕ ပူးတြဲပိုင္ဆိုင္မႈေအာက္မွာ ႏွစ္ႏွစ္အငွားနဲ႔ လာေရာက္ကစားခဲ့ဖူးတာျဖစ္ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ေတြဆီ အၿပီးသတ္မေျပာင္းခင္ ဒီအသင္းမွာ ပရီးမီးယားလိဂ္ ၂ ႀကိမ္၊ ခ်န္ပီယံလိဂ္ ၁ ႀကိမ္၊ လိဂ္ဖလား၊ ကြန္ျမဴနတီဒိုင္းနဲ႔ ကမာၻ႔ကလပ္ခ်န္ပီယံဖလားေတြကိုလည္း တစ္ႀကိမ္စီ ရယူခဲ့ဖူးတာျဖစ္ပါတယ္။

သူက ႐ြန္နီနဲ႔ ပတ္သက္ၿပီး သူတို႔ ရင္းႏွီးခဲ့ၾကတာဟာ တူညီတဲ့ စိတ္သေဘာထားနဲ႔ ျမက္ခင္းျပင္ေတြေပၚက ခံယူခ်က္ေတြေၾကာင့္ျဖစ္ေၾကာင္း ေျပာျပသြားခဲ့ၿပီး အဂၤလန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ ထာဝရ ဂိုးသြင္းစံခ်ိန္ရွင္နဲ႔ သူနဲ႔ၾကားမွာ ေျပာမျပဘဲ အလိုလိုခံစားမိေနတဲ့ စိတ္တူကိုယ္တူ ကိစၥေတြ ရွိေနေၾကာင္းလည္း ဆိုခဲ့တာပါ။

“ကြၽန္ေတာ္နဲ႔ သူ႔မွာ တူညီတဲ့ အခ်က္ေတြ အေတာ္မ်ားမ်ား ရွိတယ္လို႔ ခံစားမိတယ္ဗ်။ တကယ္ေတာ့ သူက လီဗာပူးလ္ၿမိဳ႕ရဲ႕ ဆင္းရဲႏြမ္းပါးတဲ့ ေဒသကေန တက္လာခဲ့တာေလ။ သူ႔ရဲ႕ ပြဲထဲမွာ ေဘာလုံးကို လုယူပုံက ဒါက သူေနာက္ဆုံးလုပ္ႏိုင္တဲ့ အလုပ္ကို လုပ္ေနသလိုပဲ။ ေနာက္တစ္ေန႔ဆိုတာ မရွိေတာ့တဲ့အတိုင္း ကစားေနတာ။ ဒါက သူနဲ႔ ကြၽန္ေတာ္နဲ႔ၾကားမွာ ေျပာျပဖို႔မလိုတဲ့ ရင္းႏွီးနားလည္မႈကို ရေစခဲ့တာ”လို႔ တီဗက္ဇ္က ေျပာပါတယ္။

ကားလို႔စ္ တီဗက္ဇ္ဟာ လက္ရွိမွာေတာ့ ျမက္ခင္းစိမ္းေတြနဲ႔ အနည္းငယ္ကင္းကြာေနခဲ့သူျဖစ္ၿပီး ၂၀၂၁ ခုႏွစ္က ဘိုကာဂ်ဴနီယာစ္အသင္းအတြက္ ေနာက္ဆုံးကစားေပးခဲ့အၿပီးမွာ အသင္းလက္မဲ့ျဖစ္ေနခဲ့တယ္လို႔ သိရသလို လမ္ေဘာ္ဂီနီကားလက္ေဆာင္အတြက္ ဒါဘီေကာင္တီမွာ နည္းျပေနတဲ့ ဝိန္း႐ြန္နီနဲ႔ ထပ္မံပူးေပါင္းဦးမလားဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.