UCL&UEL

၁၀ ပွဲမှာ ၇ ဂိုးသွင်းပြီး ဘာစီလိုနာကို ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ အူဘာမီယန်း

အူဘာမီယန်းဟာ သောကြာနေ့မှာ ပြုလုပ်မယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲမှာ ဇာဗီရဲ့ ဘာစီလိုနာအသင်း တစ်နေရာရရှိအောင် အသင်းအတွက် ၁၀ ပွဲမှာ ၇ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

“ကျွန်တော်တို့ မဲခွဲပွဲမှာ ဘယ်သူနဲ့ ကျမလဲ ကြည့်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ရေပန်းအစားဆုံးလို့တော့ ထင်တယ်”လို့ ပီဒရီက ဂလာတာဆာရေးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပက်ဒရီနဲ့ အာဆင်နယ်ကြယ်ပွင့်ဟောင်းရဲ့ အနိုင်ဂိုးကြောင့် ဂလာတာဆာရေးကို နောက်ကနေ လိုက်ကစားပြီး အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပထမအကျော့တုန်းက ဂလာတာဆာရေးကို လျှော့တွက်ခဲ့ပြီး ဒုတိယအကျော့ ပထမပိုင်းမှာလည်း နောက်ထပ်တစ်ကြိမ် အဲဒီလို အမှားမျိုး ထပ်ကျူးလွန်ခဲ့တာကြောင့် ၂၈ မိနစ်မှာ မာကောင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ရိုင်ယန် ဘာဘယ်လ်က ညာတောင်ပံကနေ ဆွဲပြေးလာရင်း ဖြတ်တင်ဖို့ ကြိုးပမ်းခဲ့ရာမှာ ဂျော်ဒီ အယ်လ်ဘာက ဖျက်ထုတ်ခဲ့တာကြောင့် ထောင့်ကန်ဘောရရှိခဲ့ပြီး အလက်ဇန်းဒရူး ချီကာလ်ဒါအူက ထောင့်ကန်ဘော ကန်တင်ပေးခဲ့ရာမှာ အသင်းခေါင်းဆောင် မာကောင်းက ဒိုင်ဗင်ပစ်ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်နောက်ခံကစားသမား မာကောင်းဟာ တစ်နှစ်လုံး ဂိုးမသွင်းယူနိုင်ခဲ့သူဖြစ်ပြီး ဂလာတာဆာရေးအသင်းအတွက် ၄ ရာသီအတွင်း ၂ ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် အပျော်လွန်ပြီး ထောင့်ကန်ဘော အလံတိုင်ကို ချိုးမိခဲ့တာကြောင့် အဝါကတ်ပြား ပြသခံခဲ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ ဂလာတာဆာရေးရဲ့ ဦးဆောင်ဂိုးကို ပထမပိုင်းမပြီးခင် တုံ့ပြန်ဖို့ လိုအပ်ခဲ့ပြီး ၃၇ မိနစ်မှာ ပက်ဒရီက ဖာရန် တောရက်စ်ရဲ့ ပေးပို့မှုကနေတဆင့် ပင်နယ်တီဧရိယာထဲကို ပြေးဝင်ပြီး ဂလာတာဆာရေးနောက်ခံကစားသမားတွေကို တစ်ကိုယ်တော်အစွမ်းနဲ့ ကျော်ဖြတ်ပြီး ချေပဂိုးကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အဒါမာ ထရာအိုရေးနေရာမှာ ဒမ်ဘီလီကို ဇာဗီက ထည့်သွင်းကစားစေခဲ့ပြီး ၄၉ မိနစ်မှာပဲ ဆာဂီယို ဘူးစ်ကတ်ရဲ့ ကန်သွင်းချက်ကို ဂလာတာဆာရေးဂိုးသမား ပီနာက ခြေထောက်နဲ့ ကာကွယ်ခဲ့ပြီး ပြန်လျှံထွက်လာတဲ့ဘောလုံးကို ဖရန်ကီ ဒီ ယုံးက အူဘာမီယန်းဆီကို အသာအယာချပေးခဲ့ပြီး အာဆင်နယ်ကြယ်ပွင့်ဟောင်းက အမှားအယွင်းမရှိ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီး နောက်ဆုံး ၁၅ မိနစ်မှာ လက်ပစ်ဘော မြှောက်ဖို့ ကြိုးပမ်းခဲ့တဲ့ ဂျော်ဒီ အယ်လ်ဘာဟာ ပလတ်စတစ်ဖလား၊ ရေဗူးတွေနဲ့ ပစ်ပေါက်ခြင်းခံခဲ့ရပြီး ကွင်းဘေးစည်းကနေ ၂ ကြိမ်အထိ ရှောင်ခဲ့ရတာကြောင့် ဒုတိယအကြိမ်မှာ ဘောလုံးကို ပရိသတ်အုပ်ထဲ ဒေါသတကြီး ကန်ထည့်ခဲ့ပါတယ်။

ဒန်နီရယ် အော်ဆာတိုက ဂျော်ဒီ အယ်လ်ဘာကို အဝါကတ်ပြားပြခဲ့ပြီး ပွဲခေတ္တရပ်နားကြောင်း ကွင်းအတွင်း ကြေညာသူက ကြေညာခဲ့ပြီးနောက် ပွဲကို ဆက်လက်ကစားစေခဲ့ပါတယ်။ ပွဲကစားချိန် အနှောင့်အယှက်ရှိခဲ့တာက လက်ကျန်ပွဲကစားချိန်မှာ ဘာစီလိုနာအသင်းကို နောက်ထပ်ဂိုးရရှိဖို့ မျက်နှာသာရရှိစေခဲ့ပြီး မန်းဖစ် ဒီပိုင်းရဲ့ ဂိုးကန်သွင်းချက်က ဝိုက်ထွက်သွားခဲ့တာကြောင့် နောက်ထပ် ဦးဆောင်ဂိုး မရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အူဘာမီယန္းဟာ ေသာၾကာေန႔မွာ ျပဳလုပ္မယ့္ ယူရိုပါလိဂ္ ကြာတားဖိုင္နယ္အဆင့္ မဲခြဲပြဲမွာ ဇာဗီရဲ့ ဘာစီလိုနာအသင္း တစ္ေနရာရရွိေအာင္ အသင္းအတြက္ ၁၀ ပြဲမွာ ၇ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ မဲခြဲပြဲမွာ ဘယ္သူနဲ႔ က်မလဲ ၾကည့္တာေပါ့။ ဒါေပမယ့္ ကၽြန္ေတာ္တို႔က ေရပန္းအစားဆုံးလို႔ေတာ့ ထင္တယ္”လို႔ ပီဒရီက ဂလာတာဆာေရးကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ေျပာၾကားခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ ပက္ဒရီနဲ႔ အာဆင္နယ္ၾကယ္ပြင့္ေဟာင္းရဲ့ အနိုင္ဂိုးေၾကာင့္ ဂလာတာဆာေရးကို ေနာက္ကေန လိုက္ကစားၿပီး အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ပထမအေက်ာ့တုန္းက ဂလာတာဆာေရးကို ေလၽွာ့တြက္ခဲ့ၿပီး ဒုတိယအေက်ာ့ ပထမပိုင္းမွာလည္း ေနာက္ထပ္တစ္ႀကိမ္ အဲဒီလို အမွားမ်ိဳး ထပ္က်ဴးလြန္ခဲ့တာေၾကာင့္ ၂၈ မိနစ္မွာ မာေကာင္းရဲ့ ဦးေဆာင္ဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

ရိုင္ယန္ ဘာဘယ္လ္က ညာေတာင္ပံကေန ဆြဲေျပးလာရင္း ျဖတ္တင္ဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ေဂ်ာ္ဒီ အယ္လ္ဘာက ဖ်က္ထုတ္ခဲ့တာေၾကာင့္ ေထာင့္ကန္ေဘာရရွိခဲ့ၿပီး အလက္ဇန္းဒ႐ူး ခ်ီကာလ္ဒါအူက ေထာင့္ကန္ေဘာ ကန္တင္ေပးခဲ့ရာမွာ အသင္းေခါင္းေဆာင္ မာေကာင္းက ဒိုင္ဗင္ပစ္ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ေနာက္ခံကစားသမား မာေကာင္းဟာ တစ္ႏွစ္လုံး ဂိုးမသြင္းယူနိုင္ခဲ့သူျဖစ္ၿပီး ဂလာတာဆာေရးအသင္းအတြက္ ၄ ရာသီအတြင္း ၂ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူနိုင္ခဲ့တာေၾကာင့္ အေပ်ာ္လြန္ၿပီး ေထာင့္ကန္ေဘာ အလံတိုင္ကို ခ်ိဳးမိခဲ့တာေၾကာင့္ အဝါကတ္ျပား ျပသခံခဲ့ရပါတယ္။

ဘာစီလိုနာအသင္းဟာ ဂလာတာဆာေရးရဲ့ ဦးေဆာင္ဂိုးကို ပထမပိုင္းမၿပီးခင္ တုံ႔ျပန္ဖို႔ လိုအပ္ခဲ့ၿပီး ၃၇ မိနစ္မွာ ပက္ဒရီက ဖာရန္ ေတာရက္စ္ရဲ့ ေပးပို႔မႈကေနတဆင့္ ပင္နယ္တီဧရိယာထဲကို ေျပးဝင္ၿပီး ဂလာတာဆာေရးေနာက္ခံကစားသမားေတြကို တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ေက်ာ္ျဖတ္ၿပီး ေခ်ပဂိုးကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ အဒါမာ ထရာအိုေရးေနရာမွာ ဒမ္ဘီလီကို ဇာဗီက ထည့္သြင္းကစားေစခဲ့ၿပီး ၄၉ မိနစ္မွာပဲ ဆာဂီယို ဘူးစ္ကတ္ရဲ့ ကန္သြင္းခ်က္ကို ဂလာတာဆာေရးဂိုးသမား ပီနာက ေျခေထာက္နဲ႔ ကာကြယ္ခဲ့ၿပီး ျပန္လၽွံထြက္လာတဲ့ေဘာလုံးကို ဖရန္ကီ ဒီ ယုံးက အူဘာမီယန္းဆီကို အသာအယာခ်ေပးခဲ့ၿပီး အာဆင္နယ္ၾကယ္ပြင့္ေဟာင္းက အမွားအယြင္းမရွိ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးခါနီး ေနာက္ဆုံး ၁၅ မိနစ္မွာ လက္ပစ္ေဘာ ေျမႇာက္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ ေဂ်ာ္ဒီ အယ္လ္ဘာဟာ ပလတ္စတစ္ဖလား၊ ေရဗူးေတြနဲ႔ ပစ္ေပါက္ျခင္းခံခဲ့ရၿပီး ကြင္းေဘးစည္းကေန ၂ ႀကိမ္အထိ ေရွာင္ခဲ့ရတာေၾကာင့္ ဒုတိယအႀကိမ္မွာ ေဘာလုံးကို ပရိသတ္အုပ္ထဲ ေဒါသတႀကီး ကန္ထည့္ခဲ့ပါတယ္။

ဒန္နီရယ္ ေအာ္ဆာတိုက ေဂ်ာ္ဒီ အယ္လ္ဘာကို အဝါကတ္ျပားျပခဲ့ၿပီး ပြဲေခတၱရပ္နားေၾကာင္း ကြင္းအတြင္း ေၾကညာသူက ေၾကညာခဲ့ၿပီးေနာက္ ပြဲကို ဆက္လက္ကစားေစခဲ့ပါတယ္။ ပြဲကစားခ်ိန္ အေႏွာင့္အယွက္ရွိခဲ့တာက လက္က်န္ပြဲကစားခ်ိန္မွာ ဘာစီလိုနာအသင္းကို ေနာက္ထပ္ဂိုးရရွိဖို႔ မ်က္ႏွာသာရရွိေစခဲ့ၿပီး မန္းဖစ္ ဒီပိုင္းရဲ့ ဂိုးကန္သြင္းခ်က္က ဝိုက္ထြက္သြားခဲ့တာေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုး မရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.