UCL&UEL

ရော်နယ်လ်ဒိုကို ဝေဖန်ခဲ့တဲ့ ဂျူဗင်တပ်ပရိသတ်တွေကို အကွက်ဝင်တာနဲ့ တန်းဆော်လိုက်တဲ့ စတိဗ် နီကိုးလ်

လီဗာပူးလ်နောက်ခံကစားသမားဟောင်း စတိဗ် နီကိုးလ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်အသင်းရဲ့ ကျရှုံးမှုအတွက် တရားခံမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နီကိုးလ်က ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး တူရင်မှာ ကစားခဲ့တဲ့ ၃ ရာသီအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု မရရှိခဲ့တာက ၎င်းရဲ့ ပုံမှန်စွမ်းဆောင်ရည်အောက်ကျဆင်းနေတဲ့ အသင်းဖော်တွေကြောင့်သာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ရော်နယ်လ်ဒိုဟာ ၂၀၁၈ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အီတလီထိပ်သီးအသင်းကြီးက ပေါ်တူဂီကြယ်ပွင့်အနေနဲ့ ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပအောင်မြင်မှုရရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းခဲ့ပေမယ့်လည်း အမှန်တကယ်ဖြစ်မလာခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်ပရိသတ်အများအပြားဟာ ၎င်းတို့ရဲ့ အသင်းကို ဥရောပပြိုင်ပွဲမှာ နောက်ဆုံးအဆင့်တွေအထိ တက်ရောက်နိုင်အောင် အကူအညီမပေးနိုင်ခဲ့တဲ့အတွက် ဘလွန်ဒေါ ၅ ဆုရှင်ကို ပြစ်တင်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နီကိုးလ်က ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်အတွက် ကိုယ်လုပ်ရမယ့်အလုပ်ကို လုပ်ခဲ့ပြီး ဂျူဗင်တပ်အသင်းဖော်တွေရဲ့ ဆိုးရွားလွန်းတဲ့စွမ်းဆောင်ရည်ကြောင့်သာ ထင်တိုင်းမပေါက်ခဲ့ရတာဖြစ်တယ်လို့ ESPN ကို ပြောကြားခဲ့ပါတယ်။

“သူ့ကို ပြစ်တင်ဝေဖန်တဲ့ ဘယ်သူမဆို သူတို့တွေက အရမ်းကို ပြင်းထန်လွန်းတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အမှန်တရားက သူက သူတို့ကို ချန်ပီယံလိဂ်မှာ အနိုင်ရဖို့အတွက် ခေါ်ယူခြင်းခံခဲ့ရတာမို့လို့ပါ။ ချန်ပီယံလိဂ်မှာ သူ ဂိုးတွေသွင်းပေးတယ်။ သူ့အလုပ် သူလုပ်ခဲ့တယ်။ ကျန်တဲ့တသင်းလုံးကပဲ သူတို့အလုပ် သူတို့မလုပ်ခဲ့တာပါ။ အဲဒီတော့ ဂျူင်တပ်မှာရှိနေတဲ့ ပြဿနာတွေအတွက် ရော်နယ်လ်ဒိုကို ပြစ်တင်နေတဲ့သူတွေနဲ့ ကျွန်တော် သဘောတူညီဖို့ ခက်ခဲပါတယ်။ သူက ကျွန်တော် သိရသလောက်တော့ သူ့အပိုင်းမှာ သူ တာဝန်ကျေအောင် လုပ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ၃-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ဂျရတ် မိုရီနို(ပင်နယ်တီ)၊ ပါအူ တောရက်စ်၊ ဒန်ဂျူးမား(ပင်နယ်တီ)တို့က ဗီလာရီးရဲလ်အသင်း ၂ ကျော့ပေါင်း ၁-၄ နဲ့ အနိုင်ရရှိအောင် ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်အသင်းကို ချန်ပီယံလိဂ်အောင်မြင်မှုရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ ၃ နှစ်လောက်အထိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ်ရဲ့ အတောက်ပဆုံးကြယ်ပွင့်ဖြစ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈-၂၀၁၉ ရာသီမှာ ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကို မက်ဒရစ်နဲ့ ကစားခဲ့တဲ့ပွဲမှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူခဲ့ပြီး အိုးလေဒီတွေကို ၂ ကျော့ပေါင်း ၃-၂ နဲ့ နောက်တဆင့် တက်ရောက်နိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

အိုင်းယက်စ်ကို ၂ ကျော့ပေါင်း ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ်အသင်းရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကိုလည်း ရော်နယ်လ်ဒိုကပဲ သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ရာသီမှာတော့ တူရင်အခြေစိုက်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာပဲ လိုင်ယွန်ကို ရှုံးနိမ့်ပြီး ပြုတ်ခဲ့ရတာာဖြစ်ပါတယ်။

ပြင်သစ်လိဂန်းအသင်းဟာ ၂ ကျော့ပေါင်း တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် အဝေးဂိုးစည်းမျဉ်းကြောင့် အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ဂျူဗင်တပ်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို ချန်ပီယံလိဂ် ၅ ကြိမ်ရရှိထားခဲ့တဲ့ ရော်နယ်လ်ဒိုကပဲ သွင်းယူပေးခဲ့တယ်ဆိုရင် အံ့အားသင့်စရာတော့ ဟုတ်တော့မှာမဟုတ်တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ တူရင်က နောက်ဆုံးရာသီတစ်ခုတည်းမှာပဲ ရှုံးထွက်အဆင့်မှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းကလည်း နောက်ထပ်တစ်ကြိမ် ၁၆ သင်းရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ အုပ်စုအဆင့် ဘာစီလိုနာအသင်းနဲ့ပွဲစဉ်က သွင်းဂိုး ၂ ဂိုးဟာ ပွဲကြီးတွေမှာ လွှမ်းမိုးနိုင်စွမ်းမရှိဘူးလို့ ပြောနေကြတဲ့ လူတွေအားလုံးကို ပါးစပ်ပိတ်သွားစေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ေနာက္ခံကစားသမားေဟာင္း စတိဗ္ နီကိုးလ္က ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္မွာ ဂ်ဴဗင္တပ္အသင္းရဲ့ က်ရႈံးမႈအတြက္ တရားခံမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

နီကိုးလ္က ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး တူရင္မွာ ကစားခဲ့တဲ့ ၃ ရာသီအတြင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈ မရရွိခဲ့တာက ၎ရဲ့ ပုံမွန္စြမ္းေဆာင္ရည္ေအာက္က်ဆင္းေနတဲ့ အသင္းေဖာ္ေတြေၾကာင့္သာျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို ၃ ႏွစ္ဆက္တိုက္ ဆြတ္ခူးနိုင္ခဲ့ၿပီးေနာက္ ေရာ္နယ္လ္ဒိုဟာ ၂၀၁၈ ခုႏွစ္ ေႏြရာသီမွာ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး အီတလီထိပ္သီးအသင္းႀကီးက ေပၚတူဂီၾကယ္ပြင့္အေနနဲ႔ ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဥေရာပေအာင္ျမင္မႈရရွိေအာင္ ကူညီေပးနိုင္လိမ့္မယ္လို႔ ေမၽွာ္မွန္းခဲ့ေပမယ့္လည္း အမွန္တကယ္ျဖစ္မလာခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ပရိသတ္အမ်ားအျပားဟာ ၎တို႔ရဲ့ အသင္းကို ဥေရာပၿပိဳင္ပြဲမွာ ေနာက္ဆုံးအဆင့္ေတြအထိ တက္ေရာက္နိုင္ေအာင္ အကူအညီမေပးနိုင္ခဲ့တဲ့အတြက္ ဘလြန္ေဒါ ၅ ဆုရွင္ကို ျပစ္တင္ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း နီကိုးလ္က ေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္အတြက္ ကိုယ္လုပ္ရမယ့္အလုပ္ကို လုပ္ခဲ့ၿပီး ဂ်ဴဗင္တပ္အသင္းေဖာ္ေတြရဲ့ ဆိုးရြားလြန္းတဲ့စြမ္းေဆာင္ရည္ေၾကာင့္သာ ထင္တိုင္းမေပါက္ခဲ့ရတာျဖစ္တယ္လို႔ ESPN ကို ေျပာၾကားခဲ့ပါတယ္။

“သူ႔ကို ျပစ္တင္ေဝဖန္တဲ့ ဘယ္သူမဆို သူတို႔ေတြက အရမ္းကို ျပင္းထန္လြန္းတယ္လို႔ ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အမွန္တရားက သူက သူတို႔ကို ခ်န္ပီယံလိဂ္မွာ အနိုင္ရဖို႔အတြက္ ေခၚယူျခင္းခံခဲ့ရတာမို႔လို႔ပါ။ ခ်န္ပီယံလိဂ္မွာ သူ ဂိုးေတြသြင္းေပးတယ္။ သူ႔အလုပ္ သူလုပ္ခဲ့တယ္။ က်န္တဲ့တသင္းလုံးကပဲ သူတို႔အလုပ္ သူတို႔မလုပ္ခဲ့တာပါ။ အဲဒီေတာ့ ဂ်ဴင္တပ္မွာရွိေနတဲ့ ျပႆနာေတြအတြက္ ေရာ္နယ္လ္ဒိုကို ျပစ္တင္ေနတဲ့သူေတြနဲ႔ ကၽြန္ေတာ္ သေဘာတူညီဖို႔ ခက္ခဲပါတယ္။ သူက ကၽြန္ေတာ္ သိရသေလာက္ေတာ့ သူ႔အပိုင္းမွာ သူ တာဝန္ေက်ေအာင္ လုပ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ ဗုဒၶဟူးေန႔ညက ဗီလာရီးရဲလ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ၃-၀ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီး ဂ်ရတ္ မိုရီနို(ပင္နယ္တီ)၊ ပါအူ ေတာရက္စ္၊ ဒန္ဂ်ဴးမား(ပင္နယ္တီ)တို႔က ဗီလာရီးရဲလ္အသင္း ၂ ေက်ာ့ေပါင္း ၁-၄ နဲ႔ အနိုင္ရရွိေအာင္ ဂိုးေတြ အသီးသီး သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းကို ခ်န္ပီယံလိဂ္ေအာင္ျမင္မႈရရွိေအာင္ မစြမ္းေဆာင္ေပးနိုင္ခဲ့ေပမယ့္လည္း အသက္ ၃၇ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ၃ ႏွစ္ေလာက္အထိ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဂ်ဴဗင္တပ္ရဲ့ အေတာက္ပဆုံးၾကယ္ပြင့္ျဖစ္ခဲ့တာျဖစ္ပါတယ္။

၂၀၁၈-၂၀၁၉ ရာသီမွာ ေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ အက္သလက္တီကို မက္ဒရစ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ တစ္ဦးတည္း ၃ ဂိုး ဟက္ထရစ္သြင္းယူခဲ့ၿပီး အိုးေလဒီေတြကို ၂ ေက်ာ့ေပါင္း ၃-၂ နဲ႔ ေနာက္တဆင့္ တက္ေရာက္နိုင္ေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။

အိုင္းယက္စ္ကို ၂ ေက်ာ့ေပါင္း ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ကြာတားဖိုင္နယ္မွာ ဂ်ဴဗင္တပ္အသင္းရဲ့ သြင္းဂိုး ၂ ဂိုးစလုံးကိုလည္း ေရာ္နယ္လ္ဒိုကပဲ သြင္းယူေပးခဲ့တာျဖစ္ၿပီး ေနာက္ရာသီမွာေတာ့ တူရင္အေျခစိုက္အသင္းဟာ ၁၆ သင္းရႈံးထြက္အဆင့္မွာပဲ လိုင္ယြန္ကို ရႈံးနိမ့္ၿပီး ျပဳတ္ခဲ့ရတာာျဖစ္ပါတယ္။

ျပင္သစ္လိဂန္းအသင္းဟာ ၂ ေက်ာ့ေပါင္း တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ အေဝးဂိုးစည္းမ်ဥ္းေၾကာင့္ အနိုင္ရရွိသြားခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္ရဲ့ သြင္းဂိုး ၂ ဂိုးစလုံးကို ခ်န္ပီယံလိဂ္ ၅ ႀကိမ္ရရွိထားခဲ့တဲ့ ေရာ္နယ္လ္ဒိုကပဲ သြင္းယူေပးခဲ့တယ္ဆိုရင္ အံ့အားသင့္စရာေတာ့ ဟုတ္ေတာ့မွာမဟုတ္တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၎ရဲ့ တူရင္က ေနာက္ဆုံးရာသီတစ္ခုတည္းမွာပဲ ရႈံးထြက္အဆင့္မွာ ဂိုးသြင္းယူနိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္အသင္းကလည္း ေနာက္ထပ္တစ္ႀကိမ္ ၁၆ သင္းရႈံးထြက္အဆင့္ကေန လွည့္ျပန္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုရဲ့ အုပ္စုအဆင့္ ဘာစီလိုနာအသင္းနဲ႔ပြဲစဥ္က သြင္းဂိုး ၂ ဂိုးဟာ ပြဲႀကီးေတြမွာ လႊမ္းမိုးနိုင္စြမ္းမရွိဘူးလို႔ ေျပာေနၾကတဲ့ လူေတြအားလုံးကို ပါးစပ္ပိတ္သြားေစခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.