Match Report Premier League

ဘုန္းေမာက္ရဲ႕ ႐ုန္းအားကို မနည္းထိန္းၿပီး အႏုိင္ယူခဲ့ရတဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ပုံမွန္အတုိင္းဆုိရင္ ေျခစြမ္းအရေရာ ကစားသမားပုိင္းအရပါ အသာစီးရေလ့ရွိတဲ့ ဘုန္းေမာက္ အသင္းကို အလြယ္တကူ အႏုိင္ယူႏိုင္မွာျဖစ္ေပမယ့္ ခ်ယ္ရီသီးေတြရဲ႕ တန္းဆင္းဇုန္႐ုန္းအားက သူတုိ႔ကို ထင္သလို မလုပ္ႏုိင္ေစဘဲ အခက္ေတြ႕ခဲ့သလို ႏုိင္ပြဲတစ္ပြဲကို သေရျဖစ္မသြားေအာင္ မနည္းထိန္းသိမ္းရယူခဲ့ရတာလည္းျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ပြဲအတြက္ လာေပါ့တ္၊ ႐ိုဒရီ၊ မာရက္ဇ္၊ ဒီဘ႐ိုင္းနားတုိ႔ကို အနားေပးထားခဲ့တဲ့ မန္စီးတီးအသင္းဟာ ကြင္းလယ္ကို ဝါရင့္ေတြျဖစ္ၾကတဲ့ အသင္းေခါင္းေဆာင္ ေဒးဗစ္ ေဆးလ္ဗားနဲ႔ လက္ေထာက္အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညဳိတုိ႔ကို ဦးေဆာင္ေစခဲ့ၿပီး တုိက္စစ္မွာေတာ့ လဲစရာ လူမရွိတဲ့ ေဂ်ဆူးစ္ကိုပဲ ထားကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာ မန္စီးတီးတုိ႔ ေစာေစာစီးစီး ဂိုးရခဲ့ၿပီး ညာေတာင္ပံက ေပးလိုက္တဲ့ ေဘာလုံးကို ေဒးဗစ္ ေဆးလ္ဗားရယူစဥ္မွာ ဘုန္းေမာက္ရဲ႕ ဂ်က္ဖာဆန္ လာမာ အဖ်က္ၾကမ္းခဲ့လို႔ ဂိုးဧရိယာထိပ္မွာ ျပစ္ဒဏ္ေဘာရခဲ့ၿပီး ဒီေဘာလုံးကို ေဒးဗစ္ ေဆးလ္ဗားကပဲ လွလွပပ အျပင္းကန္သြင္းခဲ့လို႔ ဂိုးသမား ရမ္းစ္ေဒးလ္ ကာကြယ္ဖို႔ မတတ္ႏုိင္ခဲ့ဘဲ အိမ္ရွင္ေတြ ဦးေဆာင္ခြင့္ရခဲ့ပါတယ္။

ဂိုးေပးလုိက္ရေပမယ့္ ဘုန္းေမာက္ရဲ႕ ကစားကြက္ပ်က္မသြားခဲ့တာေတာ့ သူတုိ႔ရဲ႕နည္းျပ အက္ဒီေဟာင္းကို ခ်ီးက်ဴးရမွာျဖစ္ၿပီး အမွတ္ရဖို႔ လိုအပ္ေနတဲ့ သူတုိ႔အသင္းဟာ မန္စီးတီးအသင္းကို က်ားနာတစ္ေကာင္လိုမ်ဳိး တုံ႔ျပန္ခဲ့ၿပီး စတန္နီလတ္စ္နဲ႔ ဆိုလန္ကီတုိ႔က အႀကိမ္ႀကိမ္ ဒုကၡေပးေနခဲ့ၾကပါတယ္။

ဒီဘ႐ိုင္းနား ပါဝင္မလာခဲ့တဲ့ ကြင္းလယ္ရဲ႕ ဖန္တီးမွဳနဲ႔ ေဘာလုံးလမ္းေၾကာင္း ရွာေဖြႏုိင္မွဳကေတာ့ သိသိသာသာ က်ဆင္းေနခဲ့ၿပီး ဒါကလည္း ဘုန္းေမာက္ရဲ႕ စနစ္တက် ကစားခဲ့တဲ့ Aggressive Pressing ရဲ႕ အက်ဳိးရလဒ္လို႔လည္း ဆုိႏုိင္သလို ကြင္းလယ္က ဘီးလင္းနဲ႔ လာမာတုိ႔ရဲ႕ ဖ်က္အားက ေတာ္ေတာ္ႀကီးကို ေကာင္းမြန္ခဲ့တာပါ။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ စတန္နီစလတ္စ္ရဲ႕ ဖရီးကစ္ကို အီဒါဆန္ အသည္းအသန္ ကာကြယ္ခဲ့ရၿပီး ဂိုးထဲ မဝင္ေအာင္ ႏွစ္ဆင့္ပုတ္ထုတ္ခဲ့ရသလို ေလွ်ာ့တြက္လို႔ မရတဲ့ ဘုန္းေမာက္ရဲ႕ ဖိအားကို မန္စီးတီးေနာက္ခံလူေတြလည္း သတိႀကီးႀကီးထားၿပီး ဖ်က္ထုတ္ေနခဲ့ရၿပီး ၃၆ မိနစ္မွာလည္း ဆိုလန္ကီရဲ႕ ဂိုးဧရိယာထဲက ၿခိမ္းေျခာက္မွဳကို ေအာ့တာမန္ဒီ ပိတ္ဆုိ႔သြားခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ေဒးဗစ္ ေဆးလ္ဗားရဲ႕ ေပးပုိ႔မွဳကေန တုိက္စစ္မွဴး ေဂ်ဆူးစ္က တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဘုန္းေမာက္ေနာက္ခံလူ သုံးေလးေယာက္ၾကားကေန ေက်ာ္ျဖတ္ၿပီး အေဝးတုိင္ဘက္ကို ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား ရမ္းစ္ေဒးလ္ရဲ႕ ကာကြယ္ပုံေႏွးေကြးေနခဲ့လုိ႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရရွိခဲ့ၿပီး ပထမပုိင္းမွာ စီးတီးတုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ဘုန္းေမာက္တုိ႔ဘက္က ကယ္လမ္ ဝီလ္ဆန္နဲ႔ ဟာရီ ဝီလ္ဆန္၊ ဘရြတ္ခ္စ္၊ လူးဝစ္ကြတ္ခ္တုိ႔ကို လူစားလဲခဲ့ၿပီး လ်င္ျမန္တဲ့ တန္ျပန္တုိက္စစ္နဲ႔ အျမင့္ေဘာ၊ ျဖတ္တင္ေဘာေတြကို သုံးၿပီး ဗ်ဴဟာေျပာင္းခဲ့ရာမွာ ဂြါဒီယိုလာရဲ႕ လူစားလဲမွဳေတြကေတာ့ ခံစစ္ကစား႐ုံပဲ တတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဘုန္းေမာက္တုိ႔ရဲ႕ ေခ်ပဂိုးသြင္းယူမွဳမွာ VAR နဲ႔ ျပန္လည္ပယ္ဖ်က္ခံခဲ့ရၿပီး ညာျခမ္းက စတန္နီစလတ္စ္ရဲ႕ ကန္သြင္းခ်က္ သူ႕ဘာသာသူ ဂိုးဝင္ႏုိင္ခ်ိန္မွာ ေျခဖ်ားတစ္ေထာက္စာေလာက္ လူကၽြံေနခဲ့တဲ့ ဂ်ဳိရွဴအာ ကင္းရဲ႕ ထိခ်က္ေၾကာင့္ ပယ္ဖ်က္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ မန္စီးတီးတုိ႔ ေခ်ပဂိုးျပန္ေပးခဲ့ရၿပီး ဘုန္းေမာက္ရဲ႕ တန္ျပန္တုိက္စစ္ကေန တိက်တဲ့ အေဝးေဘာကို ကယ္လမ္ ဝီလ္ဆန္က လူကၽြံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ေဘးက ပါလာခဲ့တဲ့ အသင္းေဖာ္ ဘရြတ္ခ္စ္ကို ခ်ေပးရာမွာ သပ္သပ္ရပ္ရပ္ ပိတ္သြင္းႏိုင္ခဲ့တာပါ။

ဒီေန႔ပြဲမွာ နာက်င္အခ်ိန္ပို ၆ မိနစ္ သတ္မွတ္ေပးခဲ့ေပမယ့္ တန္းဆင္းဇုန္က လြတ္ႏုိင္ဖုိ႔ ႀကဳိးစားခဲ့တဲ့ ဧည့္သည္ေတြ ဂိုးထပ္မံရယူႏုိင္ျခင္း မရွိခဲ့လို႔ အစ္တီဟတ္ကေန လက္မဲ့အိမ္ျပန္ခဲ့ရၿပီး မန္ခ်က္စတာစီးတီးတုိ႔ သုံးမွတ္ထပ္မံစုေဆာင္းႏုိင္ခဲ့ခ်ိန္မွာ အဆင့္ ၁၈ က ဘုန္းေမာက္တုိ႔ကေတာ့ စိုးရိမ္ေရမွတ္မွာပဲ ရွိေနေသးၿပီး လာမယ့္ေသာၾကာေန႔ညမွာ ေတြ႕ဆုံမယ့္ တန္းဆင္းဇုန္႐ုန္းဖက္ ဝက္စ္ဟမ္းနဲ႔ ဝတ္ဖို႔ဒ္တုိ႔ပြဲမွာ အႏုိင္အရွဳံးေပၚခဲ့ရင္ေတာ့ အနည္းငယ္ေမွ်ာ္လင့္ခ်က္ရွိႏုိင္မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပုံမှန်အတိုင်းဆိုရင် ခြေစွမ်းအရရော ကစားသမားပိုင်းအရပါ အသာစီးရလေ့ရှိတဲ့ ဘုန်းမောက် အသင်းကို အလွယ်တကူ အနိုင်ယူနိုင်မှာဖြစ်ပေမယ့် ချယ်ရီသီးတွေရဲ့ တန်းဆင်းဇုန်ရုန်းအားက သူတို့ကို ထင်သလို မလုပ်နိုင်စေဘဲ အခက်တွေ့ခဲ့သလို နိုင်ပွဲတစ်ပွဲကို သရေဖြစ်မသွားအောင် မနည်းထိန်းသိမ်းရယူခဲ့ရတာလည်းဖြစ်ပါတယ်။

အာဆင်နယ်နဲ့ပွဲအတွက် လာပေါ့တ်၊ ရိုဒရီ၊ မာရက်ဇ်၊ ဒီဘရိုင်းနားတို့ကို အနားပေးထားခဲ့တဲ့ မန်စီးတီးအသင်းဟာ ကွင်းလယ်ကို ဝါရင့်တွေဖြစ်ကြတဲ့ အသင်းခေါင်းဆောင် ဒေးဗစ် ဆေးလ်ဗားနဲ့ လက်ထောက်အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုတို့ကို ဦးဆောင်စေခဲ့ပြီး တိုက်စစ်မှာတော့ လဲစရာ လူမရှိတဲ့ ဂျေဆူးစ်ကိုပဲ ထားကစားခဲ့ပါတယ်။

ပွဲချိန် ၆ မိနစ်မှာ မန်စီးတီးတို့ စောစောစီးစီး ဂိုးရခဲ့ပြီး ညာတောင်ပံက ပေးလိုက်တဲ့ ဘောလုံးကို ဒေးဗစ် ဆေးလ်ဗားရယူစဉ်မှာ ဘုန်းမောက်ရဲ့ ဂျက်ဖာဆန် လာမာ အဖျက်ကြမ်းခဲ့လို့ ဂိုးဧရိယာထိပ်မှာ ပြစ်ဒဏ်ဘောရခဲ့ပြီး ဒီဘောလုံးကို ဒေးဗစ် ဆေးလ်ဗားကပဲ လှလှပပ အပြင်းကန်သွင်းခဲ့လို့ ဂိုးသမား ရမ်းစ်ဒေးလ် ကာကွယ်ဖို့ မတတ်နိုင်ခဲ့ဘဲ အိမ်ရှင်တွေ ဦးဆောင်ခွင့်ရခဲ့ပါတယ်။

ဂိုးပေးလိုက်ရပေမယ့် ဘုန်းမောက်ရဲ့ ကစားကွက်ပျက်မသွားခဲ့တာတော့ သူတို့ရဲ့နည်းပြ အက်ဒီဟောင်းကို ချီးကျူးရမှာဖြစ်ပြီး အမှတ်ရဖို့ လိုအပ်နေတဲ့ သူတို့အသင်းဟာ မန်စီးတီးအသင်းကို ကျားနာတစ်ကောင်လိုမျိုး တုံ့ပြန်ခဲ့ပြီး စတန်နီလတ်စ်နဲ့ ဆိုလန်ကီတို့က အကြိမ်ကြိမ် ဒုက္ခပေးနေခဲ့ကြပါတယ်။

ဒီဘရိုင်းနား ပါဝင်မလာခဲ့တဲ့ ကွင်းလယ်ရဲ့ ဖန်တီးမှုနဲ့ ဘောလုံးလမ်းကြောင်း ရှာဖွေနိုင်မှုကတော့ သိသိသာသာ ကျဆင်းနေခဲ့ပြီး ဒါကလည်း ဘုန်းမောက်ရဲ့ စနစ်တကျ ကစားခဲ့တဲ့ Aggressive Pressing ရဲ့ အကျိုးရလဒ်လို့လည်း ဆိုနိုင်သလို ကွင်းလယ်က ဘီးလင်းနဲ့ လာမာတို့ရဲ့ ဖျက်အားက တော်တော်ကြီးကို ကောင်းမွန်ခဲ့တာပါ။

ပွဲချိန် ၃၂ မိနစ်မှာတော့ စတန်နီစလတ်စ်ရဲ့ ဖရီးကစ်ကို အီဒါဆန် အသည်းအသန် ကာကွယ်ခဲ့ရပြီး ဂိုးထဲ မဝင်အောင် နှစ်ဆင့်ပုတ်ထုတ်ခဲ့ရသလို လျှော့တွက်လို့ မရတဲ့ ဘုန်းမောက်ရဲ့ ဖိအားကို မန်စီးတီးနောက်ခံလူတွေလည်း သတိကြီးကြီးထားပြီး ဖျက်ထုတ်နေခဲ့ရပြီး ၃၆ မိနစ်မှာလည်း ဆိုလန်ကီရဲ့ ဂိုးဧရိယာထဲက ခြိမ်းခြောက်မှုကို အော့တာမန်ဒီ ပိတ်ဆို့သွားခဲ့ရပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ ဒေးဗစ် ဆေးလ်ဗားရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး ဂျေဆူးစ်က တစ်ကိုယ်တော်အစွမ်းနဲ့ ဘုန်းမောက်နောက်ခံလူ သုံးလေးယောက်ကြားကနေ ကျော်ဖြတ်ပြီး အဝေးတိုင်ဘက်ကို ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား ရမ်းစ်ဒေးလ်ရဲ့ ကာကွယ်ပုံနှေးကွေးနေခဲ့လို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ပထမပိုင်းမှာ စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘုန်းမောက်တို့ဘက်က ကယ်လမ် ဝီလ်ဆန်နဲ့ ဟာရီ ဝီလ်ဆန်၊ ဘရွတ်ခ်စ်၊ လူးဝစ်ကွတ်ခ်တို့ကို လူစားလဲခဲ့ပြီး လျင်မြန်တဲ့ တန်ပြန်တိုက်စစ်နဲ့ အမြင့်ဘော၊ ဖြတ်တင်ဘောတွေကို သုံးပြီး ဗျူဟာပြောင်းခဲ့ရာမှာ ဂွါဒီယိုလာရဲ့ လူစားလဲမှုတွေကတော့ ခံစစ်ကစားရုံပဲ တတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ဘုန်းမောက်တို့ရဲ့ ချေပဂိုးသွင်းယူမှုမှာ VAR နဲ့ ပြန်လည်ပယ်ဖျက်ခံခဲ့ရပြီး ညာခြမ်းက စတန်နီစလတ်စ်ရဲ့ ကန်သွင်းချက် သူ့ဘာသာသူ ဂိုးဝင်နိုင်ချိန်မှာ ခြေဖျားတစ်ထောက်စာလောက် လူကျွံနေခဲ့တဲ့ ဂျိုရှူအာ ကင်းရဲ့ ထိချက်ကြောင့် ပယ်ဖျက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုးပြန်ပေးခဲ့ရပြီး ဘုန်းမောက်ရဲ့ တန်ပြန်တိုက်စစ်ကနေ တိကျတဲ့ အဝေးဘောကို ကယ်လမ် ဝီလ်ဆန်က လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဘေးက ပါလာခဲ့တဲ့ အသင်းဖော် ဘရွတ်ခ်စ်ကို ချပေးရာမှာ သပ်သပ်ရပ်ရပ် ပိတ်သွင်းနိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ နာကျင်အချိန်ပို ၆ မိနစ် သတ်မှတ်ပေးခဲ့ပေမယ့် တန်းဆင်းဇုန်က လွတ်နိုင်ဖို့ ကြိုးစားခဲ့တဲ့ ဧည့်သည်တွေ ဂိုးထပ်မံရယူနိုင်ခြင်း မရှိခဲ့လို့ အစ်တီဟတ်ကနေ လက်မဲ့အိမ်ပြန်ခဲ့ရပြီး မန်ချက်စတာစီးတီးတို့ သုံးမှတ်ထပ်မံစုဆောင်းနိုင်ခဲ့ချိန်မှာ အဆင့် ၁၈ က ဘုန်းမောက်တို့ကတော့ စိုးရိမ်ရေမှတ်မှာပဲ ရှိနေသေးပြီး လာမယ့်သောကြာနေ့ညမှာ တွေ့ဆုံမယ့် တန်းဆင်းဇုန်ရုန်းဖက် ဝက်စ်ဟမ်းနဲ့ ဝတ်ဖို့ဒ်တို့ပွဲမှာ အနိုင်အရှုံးပေါ်ခဲ့ရင်တော့ အနည်းငယ်မျှော်လင့်ချက်ရှိနိုင်မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.