Match Report Premier League

ဂိုး ၂၀၀ ကို ေက်ာ္ျဖတ္တဲ့ ကိန္းရဲ႕ အႏုိင္ဂိုးႏွစ္ဂိုးနဲ႔ ယူ႐ိုပါလိဂ္အတြက္ စိန္႔ဂ်ိမ္းစ္ပါ့ခ္မွာ စပါးစ္ေရွ႕ဆက္

ၿပီးခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီမွာ အာဆင္နယ္အသင္းကို ေနာက္က လုိက္ၿပီး အႏိုင္ယူခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကေတာ့ ဒီေန႔ပြဲမွာလည္း နယူးကာဆယ္လ္ကို အေဝးကြင္းမွာ ႏိုင္ပြဲဆက္ရယူႏုိင္ခဲ့သလို နည္းျပ ေမာ္ရင္ညဳိကေတာ့ ယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္ အေကာင္းဆုံးႀကဳိးစားေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ပြဲက လူစာရင္းအတုိင္းပဲ ပြဲထြက္လာခဲ့တဲ့ စပါးစ္အသင္းအေနနဲ႔ ကစားကြက္ကေတာ့ ၿပီးခဲ့တဲ့ ပြဲေတြကလိုမ်ဳိးပဲ ေကာင္းမြန္ျခင္းမရွိဘဲ ပြဲရွိန္ကို စနစ္တက် ထိန္းသိမ္းႏုိင္မွဳနဲ႔ လိုအပ္ခ်ိန္မွာ ဂိုးသြင္းယူတတ္တဲ့ အရည္အေသြးေတြေၾကာင့္သာ အႏုိင္ရခဲ့တာျဖစ္ၿပီး ေမာ္ရင္ညဳိ႕ထုံးစံအတုိင္းပဲ ျဖစ္ခဲ့ပါတယ္။

အိမ္ရွင္နယူးကာဆယ္လ္တုိ႔ ပိုၿပီး တုိက္စစ္ဆင္ကစားႏုိင္ခဲ့တဲ့ ဒီပြဲမွာ စပါးစ္ဂိုးသမား လိုရစ္အေနနဲ႔ ကာကြယ္မွဳေတြ ျပဳလုပ္ေနခဲ့ရေပမယ့္ အဖြင့္ဂိုးကို ရရွိခဲ့တာကေတာ့ ေျမာက္လန္ဒန္သားေတြပဲ ျဖစ္ခဲ့သလို ပြဲခ်ိန္ ၂၇ မိနစ္မွာ လိုဆဲလ္ဆုိရဲ႕ ေပးပုိ႔မွဳကို ဆြန္ေဟာင္မင္က ဂိုးဧရိယာအစပ္ကေန အနိမ့္ေဘာ အျပင္းကန္သြင္းသြားခဲ့တာပဲျဖစ္ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ စပါးစ္တုိ႔ ပြဲကို ျပန္စီးမိလာခဲ့ၿပီး တုိက္စစ္ပုိမိုကစားလာႏုိင္ခဲ့သလို ဆြန္ေဟာင္မင္ရဲ႕ အေဝးကန္ခ်က္ကို ဂိုးသမား ဒူဘရက္ဗ္ကာ ကာကြယ္ခဲ့ရၿပီး နယူးကာဆယ္လ္ရဲ႕ တုိက္စစ္ေတြကေတာ့ သိပ္မထိေရာက္ခဲ့ဘဲ တုိင္ထိထြက္ခဲ့တဲ့ တစ္လုံးပဲ ေျပာစရာရွိခဲ့လုိ႔ ပထမပုိင္းမွာ ဧည့္သည္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ယက္ဒ္လင္အစား လာဇာ႐ိုကို လူလဲကစားခဲ့လို႔ ညာေတာင္ပံတုိက္စစ္ ပုိတက္လာခဲ့ၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ စန္မက္ဇီမန္ရဲ႕ ထိုးေဖာက္မွဳကို ဆစ္ဆိုကို ရွင္းထုတ္တဲ့ ေဘာလုံး ျပန္က်လာတာကို ဘယ္ျခမ္းက တက္လာတဲ့ ရစ္ခ်ီက ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား လိုရစ္ မကာကြယ္ႏုိင္ေအာင္ ျပင္းထန္ခဲ့လုိ႔ ေခ်ပဂိုးရခဲ့ပါတယ္။

နယူးကာဆယ္လ္တုိ႔ရဲ႕ အေပ်ာ္က ၾကာၾကာမခံခဲ့ဘဲ ပြဲခ်ိန္ မိနစ္ ၆၀ မွာ ပ်က္ျပယ္ခဲ့ရၿပီး ညာေတာင္ပံက ဘာ့ဂ္ဗိန္းရဲ႕ ျဖတ္တင္ေဘာကေန အမွန္ကန္ဆုံး ေနရာယူထားခဲ့တဲ့ ဟာရီကိန္းက ေနာက္ခံလူနဲ႔ ဂိုးသမားတို႔ၾကားကေန ညာဘက္ဂိုးတုိင္ေျခကို အေကာင္းဆုံး ေခါင္းတုိက္ၿပီး ဦးေဆာင္ဂိုးနဲ႔ သူ႕ရဲ႕ ကစားသမားဘဝ ဂိုး ၂၀၀ ေျမာက္ကို ထပ္မံရယူႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ အိမ္ရွင္တုိ႔ ႏွစ္ႀကိမ္သုံးႀကိမ္ေလာက္ အခြင့္အေရးရခဲ့ေပမယ့္ အသုံးခ်ႏုိင္ျခင္း မရွိခဲ့ဘဲ ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ တစ္သင္းလုံး တက္ဖိေနတဲ့ အခ်ိန္မွာ နယူးကာဆယ္လ္တို႔ ေဘာလုံးပ်က္ခဲ့တာကို ဟာရီကိန္းက လာမယ္လာကို ထိုးေပးခဲ့ၿပီး ေတာက္ေလွ်ာက္ ဆြဲေျပးခဲ့တဲ့ လာမယ္လာ ကန္သြင္းလို႔ ျပန္ထြက္လာတာကို ဟာရီကိန္းကပဲ အနီးကပ္ ေခါင္းတုိက္ၿပီး အႏုိင္ေသခ်ာေစမယ့္ တတိယဂိုးကို ရယူခဲ့တာပါ။

ဘယ္ဝင္ခြင့္ ဘယ္တန္းဆင္းဇုန္နဲ႔မွ ပတ္သက္ျခင္းမရွိတဲ့ နယူးကာဆယ္လ္တုိ႔နဲ႔ပြဲကို အႏုိင္ရရွိခဲ့လို႔ စပါးစ္တုိ႔အေနနဲ႔ ၃၆ ပြဲ ကစားၿပီးခ်ိန္မွာ ရ မွတ္ ၅၅ မွတ္နဲ႔ အဆင့္ ၇ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး ကစားပုံမေကာင္းေပမယ့္လည္း ရလဒ္ေကာင္းတဲ့ ေမာ္ရင္ညဳိအတြက္ေတာ့ ယူ႐ိုပါလိဂ္ဝင္ခြင့္ကို ရယူႏုိင္ဖို႔ နီးစပ္လာခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းကို နောက်က လိုက်ပြီး အနိုင်ယူခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းကတော့ ဒီနေ့ပွဲမှာလည်း နယူးကာဆယ်လ်ကို အဝေးကွင်းမှာ နိုင်ပွဲဆက်ရယူနိုင်ခဲ့သလို နည်းပြ မော်ရင်ညိုကတော့ ယူရိုပါလိဂ်ဝင်ခွင့်အတွက် အကောင်းဆုံးကြိုးစားနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲက လူစာရင်းအတိုင်းပဲ ပွဲထွက်လာခဲ့တဲ့ စပါးစ်အသင်းအနေနဲ့ ကစားကွက်ကတော့ ပြီးခဲ့တဲ့ ပွဲတွေကလိုမျိုးပဲ ကောင်းမွန်ခြင်းမရှိဘဲ ပွဲရှိန်ကို စနစ်တကျ ထိန်းသိမ်းနိုင်မှုနဲ့ လိုအပ်ချိန်မှာ ဂိုးသွင်းယူတတ်တဲ့ အရည်အသွေးတွေကြောင့်သာ အနိုင်ရခဲ့တာဖြစ်ပြီး မော်ရင်ညို့ထုံးစံအတိုင်းပဲ ဖြစ်ခဲ့ပါတယ်။

အိမ်ရှင်နယူးကာဆယ်လ်တို့ ပိုပြီး တိုက်စစ်ဆင်ကစားနိုင်ခဲ့တဲ့ ဒီပွဲမှာ စပါးစ်ဂိုးသမား လိုရစ်အနေနဲ့ ကာကွယ်မှုတွေ ပြုလုပ်နေခဲ့ရပေမယ့် အဖွင့်ဂိုးကို ရရှိခဲ့တာကတော့ မြောက်လန်ဒန်သားတွေပဲ ဖြစ်ခဲ့သလို ပွဲချိန် ၂၇ မိနစ်မှာ လိုဆဲလ်ဆိုရဲ့ ပေးပို့မှုကို ဆွန်ဟောင်မင်က ဂိုးဧရိယာအစပ်ကနေ အနိမ့်ဘော အပြင်းကန်သွင်းသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စပါးစ်တို့ ပွဲကို ပြန်စီးမိလာခဲ့ပြီး တိုက်စစ်ပိုမိုကစားလာနိုင်ခဲ့သလို ဆွန်ဟောင်မင်ရဲ့ အဝေးကန်ချက်ကို ဂိုးသမား ဒူဘရက်ဗ်ကာ ကာကွယ်ခဲ့ရပြီး နယူးကာဆယ်လ်ရဲ့ တိုက်စစ်တွေကတော့ သိပ်မထိရောက်ခဲ့ဘဲ တိုင်ထိထွက်ခဲ့တဲ့ တစ်လုံးပဲ ပြောစရာရှိခဲ့လို့ ပထမပိုင်းမှာ ဧည့်သည်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ယက်ဒ်လင်အစား လာဇာရိုကို လူလဲကစားခဲ့လို့ ညာတောင်ပံတိုက်စစ် ပိုတက်လာခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာတော့ စန်မက်ဇီမန်ရဲ့ ထိုးဖောက်မှုကို ဆစ်ဆိုကို ရှင်းထုတ်တဲ့ ဘောလုံး ပြန်ကျလာတာကို ဘယ်ခြမ်းက တက်လာတဲ့ ရစ်ချီက ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား လိုရစ် မကာကွယ်နိုင်အောင် ပြင်းထန်ခဲ့လို့ ချေပဂိုးရခဲ့ပါတယ်။

နယူးကာဆယ်လ်တို့ရဲ့ အပျော်က ကြာကြာမခံခဲ့ဘဲ ပွဲချိန် မိနစ် ၆၀ မှာ ပျက်ပြယ်ခဲ့ရပြီး ညာတောင်ပံက ဘာ့ဂ်ဗိန်းရဲ့ ဖြတ်တင်ဘောကနေ အမှန်ကန်ဆုံး နေရာယူထားခဲ့တဲ့ ဟာရီကိန်းက နောက်ခံလူနဲ့ ဂိုးသမားတို့ကြားကနေ ညာဘက်ဂိုးတိုင်ခြေကို အကောင်းဆုံး ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးနဲ့ သူ့ရဲ့ ကစားသမားဘဝ ဂိုး ၂၀၀ မြောက်ကို ထပ်မံရယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အိမ်ရှင်တို့ နှစ်ကြိမ်သုံးကြိမ်လောက် အခွင့်အရေးရခဲ့ပေမယ့် အသုံးချနိုင်ခြင်း မရှိခဲ့ဘဲ ပွဲချိန် ၈၉ မိနစ်မှာတော့ တစ်သင်းလုံး တက်ဖိနေတဲ့ အချိန်မှာ နယူးကာဆယ်လ်တို့ ဘောလုံးပျက်ခဲ့တာကို ဟာရီကိန်းက လာမယ်လာကို ထိုးပေးခဲ့ပြီး တောက်လျှောက် ဆွဲပြေးခဲ့တဲ့ လာမယ်လာ ကန်သွင်းလို့ ပြန်ထွက်လာတာကို ဟာရီကိန်းကပဲ အနီးကပ် ခေါင်းတိုက်ပြီး အနိုင်သေချာစေမယ့် တတိယဂိုးကို ရယူခဲ့တာပါ။

ဘယ်ဝင်ခွင့် ဘယ်တန်းဆင်းဇုန်နဲ့မှ ပတ်သက်ခြင်းမရှိတဲ့ နယူးကာဆယ်လ်တို့နဲ့ပွဲကို အနိုင်ရရှိခဲ့လို့ စပါးစ်တို့အနေနဲ့ ၃၆ ပွဲ ကစားပြီးချိန်မှာ ရ မှတ် ၅၅ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ကစားပုံမကောင်းပေမယ့်လည်း ရလဒ်ကောင်းတဲ့ မော်ရင်ညိုအတွက်တော့ ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူနိုင်ဖို့ နီးစပ်လာခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.