UCL&UEL

ပွဲမစခင် တနေ့လုံးသောက်စားမူးရူးပြီး ပြင်သစ်ရဲတွေကို ရန်စခဲ့တဲ့ ချဲလ်ဆီးပရိသတ်များ

ချဲလ်ဆီးပရိသတ်တွေဟာ လီလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ နာမည်ကို ကြွေးကြော်ခဲ့ကြပြီး ပြင်သစ် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပြဿနာတက်ခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းပရိသတ်အုပ်ကြီးဟာ Les 3 Brasseurs ဘားအပြင်ဘက်မှာ လူစုလူဝေးကြီး ဖြစ်လာတာကြောင့် အဓိကရုဏ်းနှိမ်နင်းရေး ကိရိယာအပြည့်အစုံဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့က လူစုခွဲဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးပရိသတ်တွေဟာ ရေဗူးတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဟာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခဲ့ပြီး အရက်အလွန်အကျွံမူးပြီး ပြဿနာရှာနေတဲ့ ဆိုးသွမ်းပရိသတ်တွေကို ဖမ်းဆီးဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။

“ပရိသတ်တွေရဲဲ့ အပြုအမူနဲ့ပတ်သက်ပြီး စောဒကတက်ခဲ့ပြီးနောက်ပိုင်း ကျွန်တော်တို့ကို ဘားကို လာဖို့ ဖုန်းခေါ်ခဲ့ပါတယ်။ ဘားအနီးအနားပတ်ဝန်းကျင်က လမ်းတွေကို ပိတ်ဆို့ထားပြီး မြို့တဝိုက်မှာလည်း အခြား ပြဿနာတွေလည်း ရှိနေပါသေးတယ်”လို့ ဒေသတွင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

Brasseurs ဘားအပြင်ဘက်မှာရှိနေတဲ့ ချဲလ်ဆီးပရိသတ်အများအပြားဟာ ယူကေကနေ ရောက်ရောက်ချင်း ဗုဒ္ဓဟူးနေ့ မနက်ကတည်းက အရက်စတင် သောက်စားခဲ့ကြတာဖြစ်ပြီး ယူကေနဲ့ အီးယူတို့ရဲ့ ပိတ်ဆို့ဒဏ်ခတ်ခြင်းခံခဲ့ရတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့နာမည်ကို ဆက်တိုက် ကြွေးကြော်အော်ဟစ်နေခဲ့ကြတာဖြစ်ပါတယ်။

အများစုကတော့ အေဘရာမိုဗစ်ချ်ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း တရားခွင်မှာ ရင်ဆိုင်ရခြင်းမရှိဘဲ အပြစ်ရှိကြောင်း သတ်မှတ်ခံခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းအလယ်ပိုင်း ပိုလ်တာဗာမြို့က အသက် ၂၇ နှစ်အရွယ် ဒိုရိုရှန်ကိုက အေဘရာမိုဗစ်ချ်အတွက် ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ချဲလ်ဆီးပရိသတ်တွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။

“သူ့ရဲ့ ချဲလ်ဆီးအသင်းကို ပိုင်ဆိုင်မှုက အိပ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။ သူက အသင်းကို တကယ်အလေးထားတဲ့သူဖြစ်ပြီး သူ့အနေနဲ့ ဘယ်လို တရားခွင်မှာ ရင်ဆိုင်မှုမျိုးမှ မရှိဘဲ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီး အပြစ်ပေးခံခဲ့ရသလိုပါပဲ။ ကျွန်တော်က နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဒါပေမယ့် ရိုမန် အေဘရာမိုဗစ်ချ်အနေနဲ့ တရားမျှတမှုနဲ့ လေးစားမှု ပြသခံရသင့်တယ်လို့ ယုံကြည်ပါတယ်။ ရုရှားက ကျွန်တော့်နိုင်ငံမှာ လုပ်နေတာတွေအတွက် ပိတ်ဆို့ဒဏ်ခတ်ခံရသင့်တယ်ဆိုတာ လုံးဝမှန်ပါတယ်။ ဒါပေမယ့် ဗြိတိသျှဘောလုံးကလပ်ကို အပြစ်ပေးတာကတော့ မှန်တယ်လို့ မခံစားရပါဘူး”

ဒိုရိုရှန်ကိုက ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မှာတင်ပဲ ချဲလ်ဆီးအသင်းအားပေးထောက်ခံသူများကလပ်မှာ အဖွဲ့ဝင် ၂၄၆ ဦးရှိတယ်လို့ ပြောကြားခဲ့ပြီး ဒိုရိုရှန်ကိုဟာ ပြီးခဲ့တဲ့အပတ်က မိခင်နဲ့ညီဖြစ်သူကို နိုင်ငံအတွင်းကနေ ထွက်ခွာနိုင်အောင်ကူညီပေးနိုင်ခဲ့ပြီးနောက် ပိုလန်နိုင်ငံနယ်စပ်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။

“စစ်ပွဲက ကြောက်စရာကောင်းပြီး အဲဒါကို အပြီးတိုင်သွားအောင် လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ရမှာဖြစ်ပေမယ့် ဘောလုံးကလပ်အသင်းတွေကို တိုက်ခိုက်တာတော့ မပါသင့်ပါဘူး။ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အေဘရာမိုဗစ်ချ်က ချဲလ်ဆီးသမိုင်းမှာ တစိတ်တပိုင်းအဖြစ် အမြဲရှိနေမှာဖြစ်ပြီး သူက အဲဒီအတွက် အမြဲတမ်း သတိရတာ ခံနေရပါလိမ့်မယ်”

“ကျွန်တော် ချဲလ်ဆီးအသင်းကို အားပေးလာတာ ၁၅ နှစ်ရှိပြီဖြစ်ပြီး ချဲလ်ဆီးအသင်းကို ချစ်မြတ်နိုးတဲ့ တခြား ယူကရိန်းနိုင်ငံသားတွေလည်း အများကြီးရှိပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးပရိသတ္ေတြဟာ လီလ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္မတိုင္ခင္ ရိုမန္ ေအဘရာမိုဗစ္ခ်္ရဲ့ နာမည္ကို ေႂကြးေၾကာ္ခဲ့ၾကၿပီး ျပင္သစ္ အဓိက႐ုဏ္းႏွိမ္နင္းေရး ရဲတပ္ဖြဲ႕နဲ႔ ျပႆနာတက္ခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးအသင္းပရိသတ္အုပ္ႀကီးဟာ Les 3 Brasseurs ဘားအျပင္ဘက္မွာ လူစုလူေဝးႀကီး ျဖစ္လာတာေၾကာင့္ အဓိက႐ုဏ္းႏွိမ္နင္းေရး ကိရိယာအျပည့္အစုံဝတ္ဆင္ထားတဲ့ ရဲတပ္ဖြဲ႕က လူစုခြဲဖို႔အတြက္ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးပရိသတ္ေတြဟာ ေရဗူးေတြနဲ႔ ပစ္ေပါက္ခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕ဟာ မ်က္ရည္ယိုဗုံးေတြနဲ႔ ပစ္ခဲ့ၿပီး အရက္အလြန္အကၽြံမူးၿပီး ျပႆနာရွာေနတဲ့ ဆိုးသြမ္းပရိသတ္ေတြကို ဖမ္းဆီးဖို႔အတြက္ ႀကိဳးပမ္းခဲ့ပါတယ္။

“ပရိသတ္ေတြရဲဲ့ အျပဳအမူနဲ႔ပတ္သက္ၿပီး ေစာဒကတက္ခဲ့ၿပီးေနာက္ပိုင္း ကၽြန္ေတာ္တို႔ကို ဘားကို လာဖို႔ ဖုန္းေခၚခဲ့ပါတယ္။ ဘားအနီးအနားပတ္ဝန္းက်င္က လမ္းေတြကို ပိတ္ဆို႔ထားၿပီး ၿမိဳ႕တဝိုက္မွာလည္း အျခား ျပႆနာေတြလည္း ရွိေနပါေသးတယ္”လို႔ ေဒသတြင္းရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။

Brasseurs ဘားအျပင္ဘက္မွာရွိေနတဲ့ ခ်ဲလ္ဆီးပရိသတ္အမ်ားအျပားဟာ ယူေကကေန ေရာက္ေရာက္ခ်င္း ဗုဒၶဟူးေန႔ မနက္ကတည္းက အရက္စတင္ ေသာက္စားခဲ့ၾကတာျဖစ္ၿပီး ယူေကနဲ႔ အီးယူတို႔ရဲ့ ပိတ္ဆို႔ဒဏ္ခတ္ျခင္းခံခဲ့ရတဲ့ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ရဲ့နာမည္ကို ဆက္တိုက္ ေႂကြးေၾကာ္ေအာ္ဟစ္ေနခဲ့ၾကတာျဖစ္ပါတယ္။

အမ်ားစုကေတာ့ ေအဘရာမိုဗစ္ခ်္ဟာ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ၿပီးေနာက္ပိုင္း တရားခြင္မွာ ရင္ဆိုင္ရျခင္းမရွိဘဲ အျပစ္ရွိေၾကာင္း သတ္မွတ္ခံခဲ့ရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းအလယ္ပိုင္း ပိုလ္တာဗာၿမိဳ႕က အသက္ ၂၇ ႏွစ္အရြယ္ ဒိုရိုရွန္ကိုက ေအဘရာမိုဗစ္ခ်္အတြက္ ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တဲ့ ခ်ဲလ္ဆီးပရိသတ္ေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။

“သူ႔ရဲ့ ခ်ဲလ္ဆီးအသင္းကို ပိုင္ဆိုင္မႈက အိပ္မက္တစ္ခုျဖစ္ခဲ့ပါတယ္။ သူက အသင္းကို တကယ္အေလးထားတဲ့သူျဖစ္ၿပီး သူ႔အေနနဲ႔ ဘယ္လို တရားခြင္မွာ ရင္ဆိုင္မႈမ်ိဳးမွ မရွိဘဲ အျပစ္ရွိေၾကာင္း ဆုံးျဖတ္ခံရၿပီး အျပစ္ေပးခံခဲ့ရသလိုပါပဲ။ ကၽြန္ေတာ္က နိုင္ငံေရးသမားမဟုတ္ပါဘူး။ ဒါေပမယ့္ ရိုမန္ ေအဘရာမိုဗစ္ခ်္အေနနဲ႔ တရားမၽွတမႈနဲ႔ ေလးစားမႈ ျပသခံရသင့္တယ္လို႔ ယုံၾကည္ပါတယ္။ ႐ုရွားက ကၽြန္ေတာ့္နိုင္ငံမွာ လုပ္ေနတာေတြအတြက္ ပိတ္ဆို႔ဒဏ္ခတ္ခံရသင့္တယ္ဆိုတာ လုံးဝမွန္ပါတယ္။ ဒါေပမယ့္ ၿဗိတိသၽွေဘာလုံးကလပ္ကို အျပစ္ေပးတာကေတာ့ မွန္တယ္လို႔ မခံစားရပါဘူး”

ဒိုရိုရွန္ကိုက ယူကရိန္းနိုင္ငံၿမိဳ႕ေတာ္ ကိဗ္မွာတင္ပဲ ခ်ဲလ္ဆီးအသင္းအားေပးေထာက္ခံသူမ်ားကလပ္မွာ အဖြဲ႕ဝင္ ၂၄၆ ဦးရွိတယ္လို႔ ေျပာၾကားခဲ့ၿပီး ဒိုရိုရွန္ကိုဟာ ၿပီးခဲ့တဲ့အပတ္က မိခင္နဲ႔ညီျဖစ္သူကို နိုင္ငံအတြင္းကေန ထြက္ခြာနိုင္ေအာင္ကူညီေပးနိုင္ခဲ့ၿပီးေနာက္ ပိုလန္နိုင္ငံနယ္စပ္မွာ ရွိေနခဲ့တာျဖစ္ပါတယ္။

“စစ္ပြဲက ေၾကာက္စရာေကာင္းၿပီး အဲဒါကို အၿပီးတိုင္သြားေအာင္ လုပ္နိုင္သမၽွ အရာအားလုံးကို လုပ္ရမွာျဖစ္ေပမယ့္ ေဘာလုံးကလပ္အသင္းေတြကို တိုက္ခိုက္တာေတာ့ မပါသင့္ပါဘူး။ ဘာေတြပဲ ျဖစ္ခဲ့ျဖစ္ခဲ့ ေအဘရာမိုဗစ္ခ်္က ခ်ဲလ္ဆီးသမိုင္းမွာ တစိတ္တပိုင္းအျဖစ္ အျမဲရွိေနမွာျဖစ္ၿပီး သူက အဲဒီအတြက္ အျမဲတမ္း သတိရတာ ခံေနရပါလိမ့္မယ္”

“ကၽြန္ေတာ္ ခ်ဲလ္ဆီးအသင္းကို အားေပးလာတာ ၁၅ ႏွစ္ရွိၿပီျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကို ခ်စ္ျမတ္နိုးတဲ့ တျခား ယူကရိန္းနိုင္ငံသားေတြလည္း အမ်ားႀကီးရွိပါေသးတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.