Premier League

အနိုင်လိုချင်တဲ့စိတ်ဓာတ်ကို ပိတ်ဆို့မရဘူးဆိုတာ ပြခဲ့တဲ့ ချဲလ်ဆီး 1-0 ကာဆယ်လ်ပွဲအပြီး ပြောစရာ 7 ချက်

စတမ်းဖို့ဒ် ဘရစ်ချ်က ပတ်ဝန်းကျင်
အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်တွေဟာ အသင်းအရောင်းဆိုင်က ပစ္စည်းများ၊ လည်ပတ် ပုဝါများ သို့မဟုတ် ပွဲနေ့ အစီအစဉ်တွေကို ဝယ်ယူလို့ မရနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ပိတ်ချထားတဲ့ ချဲလ်ဆီးရဲ့ ကြီးမားတဲ့စတိုးဆိုင်ကြီးနဲ့ ‘ငါတို့ကလပ်ကို လွှတ်ထားပေးပါ”ဆိုတဲ့ သတင်းစကားမျိုး နံရံပေါ်ဆေးမှုတ်ထားတဲ့ပုံရိပ်တွေဟာ သက်တောင့်သက်သာမရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖြစ်လာစေခဲ့ပါတယ်။ စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းထဲမှာ တစ်ရာသီလက်မှတ်ကိုင်ဆောင်ထားတဲ့ ပရိသတ်တွေကို ‘မိုက်ခ် အက်ရှ်လေ မင်းတို့အတွက် လာမယ်’လို့ ကြွေးကြော်ခဲ့တဲ့ နယူးကာဆယ်လ် ပရိသတ်တွေဆီကနေ ဆူညံသံတွေသာ ကွင်းထဲမှာ ဖုံးလွှမ်းနေခဲ့တာဖြစ်ပါတယ်။

ပွဲတက်ရောက်ကြည့်ရှုသူအများစုဟာ မျှော်မှန်ထားသလောက် မဆိုးရွားခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သက်တောင့်သက်သာမရှိတဲ့ နောက်ခံနဲ့ ပြိုင်ပွဲရဲ့ အငွေ့အသက်ဟာ လျစ်လျူရှုဖို့ အရမ်းခက်ခဲခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ကစားပုံဟာ ထုံးစံအတိုင်း အချိတ်အဆက်မိမှု၊ လျင်မြန်မှုနဲ့ အရေးတကြီးဖြစ်မှုတို့မပါဝင်တာကြောင့် ကွင်းအတွင်း အခြေအနေဟာ ကစားသမားတွေအပေါ်မှာ လွှမ်းမိုးမှု ရှိခဲ့ပုံပေါ်ပါတယ်။ ဒုတိယပိုင်းမှာ ချဲလ်ဆီးရဲ့ စွမ်းဆောင်ရည်က တိုးတက်မှုတွေ ရှိခဲ့ပေမယ့် ကွင်းပတ်ဝန်းကျင်က အငွေ့အသက်တွေဟာ ငြိမ်သက်ပြီး သက်တောင့်သက်သာမရှိခဲ့တာဖြစ်ပါတယ်။

ခံစစ် ၄ ဦးကစားကွက် ပြန်သုံးခဲ့တဲ့ ချဲလ်ဆီး
ချဲလ်ဆီးနည်းပြအဖြစ် သောမတ်စ် တူဟယ်ရဲ့ ပထမဆုံးကြီးမားတဲ့ အပြောင်းအလဲဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတုန်းက ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ ဝုလ်ဗ်စ်နဲ့ပွဲမှာ အသင်းရဲ့ ပုံစံကို ပြန်လည်ပြင်ဆင်ပြီး ၃-၄-၃ ကစားကွက်ကို ပြန်လည်အသုံးပြုခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရာသီကုန်အထိ နားရမယ့် ချေးဝဲလ်နဲ့ နောက်ထပ်တစ်ကြိမ် ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ရီးစ် ဂျိမ်းစ်တို့ကြောင့် ချဲလ်ဆီးအသင်ဟာ နောက်ခံတောင်ပံကစားသမား ၂ ဦးမပါဝင်တဲ့အတွက် တောင်ပံဧရိယာတွေကနေ ထိုးဖောက်ဖို့အတွက် မကြာခဏ ရုန်းကန်နေခဲ့ရပါတယ်။ တူဟယ်ရဲ့ ခံစစ် ၄ ဦး ကစားကွက်ကို ပြန်လည်အသုံးပြုဖို့ ဆုံးဖြတ်ချက်ဟာ ဂျိမ်းစ်နဲ့ ချေးဝဲလ်တို့လို တိုက်စစ်စွမ်းရည်မျိုး မပိုင်ဆိုင်ထားတဲ့ မာလန်း ဆားနဲ့ ချာလိုဘက်တို့ရဲ့ အားသာချက်တွေကြောင့် ဖြစ်ပါတယ်။ ချာလိုဘက်ဟာ အခါအားလျော်စွာ တိုက်စစ်ကို လိုက်ပါပေမယ့် အဲဒါက ဇီယက်ရှ်ကို ၎င်းရဲ့ အားသန်တဲ့ ဘယ်ခြေနဲ့ အတွင်းဘက်ကို ချိုးဝင်ဖို့ နေရာလွတ်သာ ရရှိစေခဲ့တာဖြစ်ပါတယ်။

လျှပ်တပြက်မြင်ခဲ့ရတဲ့ ဆာရီဘော
၂၀၁၇ ခုနှစ်မှာ နောက်ဆုံးပရီးမီးယားလိဂ်ဖလားနဲ့ ၎င်းရဲ့ ယူရိုပါလိဂ်အောင်ပွဲ ရရှိပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းရဲ့ အမြင့်မားဆုံးအဆင့်ဟာ အဆင့် ၃ နေရာမှာ ပြီးဆုံးနိုင်ခဲ့တာဖြစ်ပြီး ပရိသတ်အများစုဟာ အလွန်အမင်းပျင်းရိဖွယ်ကောင်းတဲ့ ကစားပုံဆိုတာထက် ဆာရီဘော ကစားဟန်လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ဂျူဗင်တပ်နည်းပြဟောင်းရဲ့လက်ထက်မှာ အကွဲလွဲဆုံးအချက်တွေထဲက တစ်ခုဟာ ကွန်တေကို တိုက်စစ်ပိုမိုလိုက်ပါတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် တစိုက်မတ်မတ် အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက တူဟယ်က ဆာရီဘော ကစားပုံစာအုပ်ထဲက စာမျက်နှာတစ်ခုကို ရယူပြီး ကွန်တေကို ကွင်းလယ်ညာခြမ်းမှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ကွန်တေဟာ ခံစစ်ရဲ့ အရှေ့ အန္တရာယ်ရှိတဲ့နေရာမှာ လှည့်ပတ်ကစားတာ အကောင်းဆုံးလို့ အများစုက ယုံကြည်ထားပြီး ပြင်သစ်ကွင်းလယ်ကစားသမားအနေနဲ့ ပြိုင်ဘက် ခံစစ်နေရာအထိ လွတ်လွတ်လပ်လပ်နဲ့ ဘောလုံးကို ရရှိဖို့အတွက် ကြိုးပမ်းခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ကွန်တေဟာ သာမန်အားဖြင့် ဂျော်ဂျင်ညို သို့မဟုတ် ကိုဗာချစ်တို့နဲ့အတူ ကွင်းလယ်မှာ တွဲကစားလေ့ရှိပေမယ့် တူဟယ်ရဲ့ ဆုံးဖြတ်ချက်က ပြင်သစ်ကွင်းလယ်ကစားသမားကို ရှေ့ပိုတက်ကစားစေခဲ့တာက စိတ်ဝင်စားစရာအချက်တစ်ချက် ဖြစ်ခဲ့တာဖြစ်ပါတယ်။

အနီကတ်ဖြစ်နိုင်ခဲ့တဲ့ ဟာဗတ်ဇ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှု
ခိုင် ဟာဗတ်ဇ်က ဒန် ဘန်းရဲ့ မျက်နှာကို တံတောင်နဲ့ တွတ်ခဲ့ပြီးနောက် တော်တော်လေးငြိမ်သက်တိတ်ဆိတ်နေတဲ့ ပထမပိုင်းဟာ ပေါက်ကွဲလုနီးပါးဖြစ်ခဲ့ပါတယ်။ ဂျာမန်ကြယ်ပွင့်ရဲ့ လက်မောင်းဟာ ဘရိုက်တန်နောက်ခံလူဟောင်းနဲ့ ထိတွေ့ခဲ့တဲ့အချိန်မှာ အလွန်အမင်း အမြင့်ရောက်နေခဲ့တာဖြစ်ပါတယ်။ VAR က ဟာဗတ်ဇ်ရဲ့ တံတောင်နဲ့ တွတ်ခဲ့တဲ့ဖြစ်ရပ်ဟာ အနီကတ်ပြနိုင်တဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တာလားဆိုတာကို သိရဖို့ စစ်ဆေးခဲ့တဲ့အချိန်မှာ စတမ်းဖို့ဒ် ဘရစ်ချ်တစ်ခုလုံး အပ်ကျသံကြားရအောင် တိတ်ဆိတ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒိုင်လူကြီး ဒေးဗစ် ကုထ်တ်က ကွင်းဘေးမော်နီတာနဲ့ တိုင်ပင်ပြီး အကြံရယူဖို့ အကြံပြုခြင်းမခံခဲ့ရဘဲ ၎င်းရဲ့ ကနဦး ဆုံးဖြတ်ချက်ဖြစ်တဲ့ အဝါကတ်ပြစ်ဒဏ်သာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

၅။ ကွင်းလယ်မှာ နောက်ပိုဆင်းကစားခဲ့ရတဲ့ မေဆန် မောင့်
ချဲလ်ဆီးရဲ့ ၄-၃-၃ ကစားကွက်ကို ပြန်ပြောင်းသုံးခဲ့တဲ့ ရလဒ်အနေနဲ့ မေဆန် မောင့်ဟာ ရှားရှားပါးပါး နေရာပြောင်းလဲကစားခဲ့ရပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ သာမန်အားဖြင့် ခိုင် ဟာဗတ်ဇ် သို့မဟုတ် လူကာကူးတို့ရဲ့ နောက်မှာ ကွင်းလယ်တိုက်စစ်နဲ့ ကွင်းလယ်ဖန်တီးရှင်အဖြစ်သာ နေရာယူကစားလေ့ရှိတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်လ်နဲ့ပွဲမှာတော့ ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားဟာ ကျောနံပါတ် ၈ အဖြစ်နဲ့ သာမန်ထက်ပိုပြီး နောက်ထိဆင်းပြီး ဘောလုံးလက်ခံရယူခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။

မေဆန် မောင့်ဟာ ဖရန့်ခ် လမ်းပတ် နောက်ဆုံးတာဝန်ယူကိုင်တွယ်ခဲ့တဲ့ ရာသီအတွင်း အလွန်အထင်ကြီးဖွယ် စွမ်းဆောင်ရည်အချို့ ပြသခဲ့ပြီးနောက် ကွင်းလယ် ၃ ဦးနေရာရဲ့ ဘယ်ဖက်ခြမ်းမှာ နေရာတစ်နေရာအခိုင်အမာရရှိခဲ့သူစြဖ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ နယူးကာဆယ်လ် ခံစစ်ကို ပုံမှန် ခြိမ်းခြောက်မှု၊ ကွင်းလယ်နဲ့ ခံစစ်မျဉ်းကြား နေရာလွတ်ရှာဖွေမှု၊ တီမို ဗာနာ၊ ဟာဗတ်ဇ်၊ ဇီယက်ရှ်တို့နဲ့ ချိတ်ဆက်ကစားနိုင်ခဲ့မှုကြောင့် တူဟယ်ရဲ့ အပြောင်းအလဲဟာ အလွန်ထူးခြားတဲ့ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

ဆင်ဆာဖြတ်ခံခဲ့ရတဲ့ ချဲလ်ဆီးအသင်းဝတ်စုံပေါ်က စပွန်ဆာ
ချဲလ်ဆီးအသင်းဟာ စပွန်ဆာ ၃ ခုစလုံးက ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီဖြစ်ပေမယ့်လည်း ၎င်းတို့ရဲ့ စပွန်ဆာအမှတ်တံဆိပ်ကို ထည့်သွင်း ဖော်ပြခဲ့ပြီး Sky Sports က အဲဒီစပွန်ဆာအမှတ်တံဆိပ်ကို တိုက်ရိုက်ထုတ်လွှင့်ရာမှာ ဖြတ်တောက်ခဲ့ပါတယ်။ Three၊ ဟွန်ဒိုင်း၊ ဇက်ပ်တို့အားလုံးဟာ ယူကေအစိုးရက ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းနဲ့ သဘောတူညီမှုတွေအားလုံးကို ယာယီဆိုင်းငံ့ထားဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီ စပွန်ဆာ အမှတ်တံဆိပ် ၃ ခုစလုံးကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ နယူးကာဆယ်လ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း မြင်တွေ့ရဆဲဖြစ်ပေမယ့်လည်း Sky Sport က ချဲလ်ဆီးရဲ့ ပွဲထွက်လူစာရင်းပြသချိန်မှာ စပွန်ဆာအမှတ်တံဆိပ်တွေကို ဆင်ဆာဖြတ်ထားခဲ့တာဖြစ်ပါတယ်။

အသင်းကိုသာ ပိတ်ဆို့လို့ရနိုင်ပေမယ့် အနိုင်လိုချင်တဲ့စိတ်ဓာတ်ကို ပိတ်ဆို့မရဘူးဆိုတာပြသခဲ့တဲ့ ချဲလ်ဆီး
ယူကေ အစိုးရက ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားနိုင်ငံသား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ကျွဲကူးရေပါဆိုသလို ချဲလ်ဆီးရဲ့ အနာဂတ်ဟာလည်း ချက်ချင်း မရေရာမှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့က ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ အခြေအနေတွေ မပြေမလည်မချင်း ချဲလ်ဆီးအသင်းအနေနဲ့ တင်းကြပ်တဲ့ ဘဏ္ဍာရေး အခြေအနေတွေအောက်မှာ လည်ပတ်သွားရမှာဖြစ်ပြီး ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာလည်း မရှင်းလင်းသေးတာဖြစ်ပါတယ်။ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေချိန်မှာ နည်းပြ တူဟယ်နဲ့ ကစားသမားတွေဟာ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ဖို့ ကြိုးစားခဲ့ကြပြီး ကြာသပတေးနေ့က နော်ဝစ်ချ်ကို ၃-၁ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို တနင်္ဂနွေနေ့ညနေက နယူးကာဆယ်လ်နဲ့ပွဲစဉ်မှာလည်း ၁-၀ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပြခဲ့ပြီးနောက် အသင်းကိုသာ ပိတ်ဆို့လို့ရနိုင်မယ်၊ အနိုင်လိုချင်တဲ့စိတ်ဓာတ်ကိုတော့ ပိတ်ဆို့လို့မရနိုင်ဘူးဆိုတာ သက်သေပြသနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စတမ္းဖို႔ဒ္ ဘရစ္ခ်္က ပတ္ဝန္းက်င္
ေအဘရာမိုဗစ္ခ်္ကို ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးပရိသတ္ေတြဟာ အသင္းအေရာင္းဆိုင္က ပစၥည္းမ်ား၊ လည္ပတ္ ပုဝါမ်ား သို႔မဟုတ္ ပြဲေန႔ အစီအစဥ္ေတြကို ဝယ္ယူလို႔ မရႏိုင္ေတာ့ဘူးဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။ ပိတ္ခ်ထားတဲ့ ခ်ဲလ္ဆီးရဲ႕ ႀကီးမားတဲ့စတိုးဆိုင္ႀကီးနဲ႔ ‘ငါတို႔ကလပ္ကို လႊတ္ထားေပးပါ”ဆိုတဲ့ သတင္းစကားမ်ိဳး နံရံေပၚေဆးမႈတ္ထားတဲ့ပုံရိပ္ေတြဟာ သက္ေတာင့္သက္သာမရွိတဲ့ ပတ္ဝန္းက်င္တစ္ခုကို ျဖစ္လာေစခဲ့ပါတယ္။ စတမ္းဖို႔ဒ္ ဘရစ္ခ်္ ကြင္းထဲမွာ တစ္ရာသီလက္မွတ္ကိုင္ေဆာင္ထားတဲ့ ပရိသတ္ေတြကို ‘မိုက္ခ္ အက္ရွ္ေလ မင္းတို႔အတြက္ လာမယ္’လို႔ ေႂကြးေၾကာ္ခဲ့တဲ့ နယူးကာဆယ္လ္ ပရိသတ္ေတြဆီကေန ဆူညံသံေတြသာ ကြင္းထဲမွာ ဖုံးလႊမ္းေနခဲ့တာျဖစ္ပါတယ္။

ပြဲတက္ေရာက္ၾကည့္ရႈသူအမ်ားစုဟာ ေမွ်ာ္မွန္ထားသေလာက္ မဆိုး႐ြားခဲ့တာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ သက္ေတာင့္သက္သာမရွိတဲ့ ေနာက္ခံနဲ႔ ၿပိဳင္ပြဲရဲ႕ အေငြ႕အသက္ဟာ လ်စ္လ်ဴရႈဖို႔ အရမ္းခက္ခဲခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္ကစားပုံဟာ ထုံးစံအတိုင္း အခ်ိတ္အဆက္မိမႈ၊ လ်င္ျမန္မႈနဲ႔ အေရးတႀကီးျဖစ္မႈတို႔မပါဝင္တာေၾကာင့္ ကြင္းအတြင္း အေျခအေနဟာ ကစားသမားေတြအေပၚမွာ လႊမ္းမိုးမႈ ရွိခဲ့ပုံေပၚပါတယ္။ ဒုတိယပိုင္းမွာ ခ်ဲလ္ဆီးရဲ႕ စြမ္းေဆာင္ရည္က တိုးတက္မႈေတြ ရွိခဲ့ေပမယ့္ ကြင္းပတ္ဝန္းက်င္က အေငြ႕အသက္ေတြဟာ ၿငိမ္သက္ၿပီး သက္ေတာင့္သက္သာမရွိခဲ့တာျဖစ္ပါတယ္။

ခံစစ္ ၄ ဦးကစားကြက္ ျပန္သုံးခဲ့တဲ့ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးနည္းျပအျဖစ္ ေသာမတ္စ္ တူဟယ္ရဲ႕ ပထမဆုံးႀကီးမားတဲ့ အေျပာင္းအလဲဟာ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလတုန္းက ပထမဆုံး ကိုင္တြယ္ခဲ့တဲ့ ဝုလ္ဗ္စ္နဲ႔ပြဲမွာ အသင္းရဲ႕ ပုံစံကို ျပန္လည္ျပင္ဆင္ၿပီး ၃-၄-၃ ကစားကြက္ကို ျပန္လည္အသုံးျပဳခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ခ်ဲလ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္၊ ကလပ္ကမာၻ႔ဖလား၊ ယူအီးအက္ဖ္ေအ စူပါဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရာသီကုန္အထိ နားရမယ့္ ေခ်းဝဲလ္နဲ႔ ေနာက္ထပ္တစ္ႀကိမ္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တဲ့ ရီးစ္ ဂ်ိမ္းစ္တို႔ေၾကာင့္ ခ်ဲလ္ဆီးအသင္ဟာ ေနာက္ခံေတာင္ပံကစားသမား ၂ ဦးမပါဝင္တဲ့အတြက္ ေတာင္ပံဧရိယာေတြကေန ထိုးေဖာက္ဖို႔အတြက္ မၾကာခဏ ႐ုန္းကန္ေနခဲ့ရပါတယ္။ တူဟယ္ရဲ႕ ခံစစ္ ၄ ဦး ကစားကြက္ကို ျပန္လည္အသုံးျပဳဖို႔ ဆုံးျဖတ္ခ်က္ဟာ ဂ်ိမ္းစ္နဲ႔ ေခ်းဝဲလ္တို႔လို တိုက္စစ္စြမ္းရည္မ်ိဳး မပိုင္ဆိုင္ထားတဲ့ မာလန္း ဆားနဲ႔ ခ်ာလိုဘက္တို႔ရဲ႕ အားသာခ်က္ေတြေၾကာင့္ ျဖစ္ပါတယ္။ ခ်ာလိုဘက္ဟာ အခါအားေလ်ာ္စြာ တိုက္စစ္ကို လိုက္ပါေပမယ့္ အဲဒါက ဇီယက္ရွ္ကို ၎ရဲ႕ အားသန္တဲ့ ဘယ္ေျခနဲ႔ အတြင္းဘက္ကို ခ်ိဳးဝင္ဖို႔ ေနရာလြတ္သာ ရရွိေစခဲ့တာျဖစ္ပါတယ္။

လွ်ပ္တျပက္ျမင္ခဲ့ရတဲ့ ဆာရီေဘာ
၂၀၁၇ ခုႏွစ္မွာ ေနာက္ဆုံးပရီးမီးယားလိဂ္ဖလားနဲ႔ ၎ရဲ႕ ယူ႐ိုပါလိဂ္ေအာင္ပြဲ ရရွိၿပီးေနာက္ပိုင္း ခ်ဲလ္ဆီးအသင္းရဲ႕ အျမင့္မားဆုံးအဆင့္ဟာ အဆင့္ ၃ ေနရာမွာ ၿပီးဆုံးႏိုင္ခဲ့တာျဖစ္ၿပီး ပရိသတ္အမ်ားစုဟာ အလြန္အမင္းပ်င္းရိဖြယ္ေကာင္းတဲ့ ကစားပုံဆိုတာထက္ ဆာရီေဘာ ကစားဟန္လို႔ ေခၚဆိုခဲ့ၾကပါတယ္။ ဂ်ဴဗင္တပ္နည္းျပေဟာင္းရဲ႕လက္ထက္မွာ အကြဲလြဲဆုံးအခ်က္ေတြထဲက တစ္ခုဟာ ကြန္ေတကို တိုက္စစ္ပိုမိုလိုက္ပါတဲ့ ကြင္းလယ္တိုက္စစ္ကစားသမားအျဖစ္ တစိုက္မတ္မတ္ အသုံးျပဳခဲ့ျခင္းျဖစ္ပါတယ္။

စိတ္ဝင္စားစရာေကာင္းတာက တူဟယ္က ဆာရီေဘာ ကစားပုံစာအုပ္ထဲက စာမ်က္ႏွာတစ္ခုကို ရယူၿပီး ကြန္ေတကို ကြင္းလယ္ညာျခမ္းမွာ အသုံးျပဳခဲ့တာျဖစ္ပါတယ္။ ကြန္ေတဟာ ခံစစ္ရဲ႕ အေရွ႕ အႏၲရာယ္ရွိတဲ့ေနရာမွာ လွည့္ပတ္ကစားတာ အေကာင္းဆုံးလို႔ အမ်ားစုက ယုံၾကည္ထားၿပီး ျပင္သစ္ကြင္းလယ္ကစားသမားအေနနဲ႔ ၿပိဳင္ဘက္ ခံစစ္ေနရာအထိ လြတ္လြတ္လပ္လပ္နဲ႔ ေဘာလုံးကို ရရွိဖို႔အတြက္ ႀကိဳးပမ္းခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။ ကြန္ေတဟာ သာမန္အားျဖင့္ ေဂ်ာ္ဂ်င္ညိဳ သို႔မဟုတ္ ကိုဗာခ်စ္တို႔နဲ႔အတူ ကြင္းလယ္မွာ တြဲကစားေလ့ရွိေပမယ့္ တူဟယ္ရဲ႕ ဆုံးျဖတ္ခ်က္က ျပင္သစ္ကြင္းလယ္ကစားသမားကို ေရွ႕ပိုတက္ကစားေစခဲ့တာက စိတ္ဝင္စားစရာအခ်က္တစ္ခ်က္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

အနီကတ္ျဖစ္ႏိုင္ခဲ့တဲ့ ဟာဗတ္ဇ္ရဲ႕ ျပစ္ဒဏ္က်ဴးလြန္မႈ
ခိုင္ ဟာဗတ္ဇ္က ဒန္ ဘန္းရဲ႕ မ်က္ႏွာကို တံေတာင္နဲ႔ တြတ္ခဲ့ၿပီးေနာက္ ေတာ္ေတာ္ေလးၿငိမ္သက္တိတ္ဆိတ္ေနတဲ့ ပထမပိုင္းဟာ ေပါက္ကြဲလုနီးပါးျဖစ္ခဲ့ပါတယ္။ ဂ်ာမန္ၾကယ္ပြင့္ရဲ႕ လက္ေမာင္းဟာ ဘ႐ိုက္တန္ေနာက္ခံလူေဟာင္းနဲ႔ ထိေတြ႕ခဲ့တဲ့အခ်ိန္မွာ အလြန္အမင္း အျမင့္ေရာက္ေနခဲ့တာျဖစ္ပါတယ္။ VAR က ဟာဗတ္ဇ္ရဲ႕ တံေတာင္နဲ႔ တြတ္ခဲ့တဲ့ျဖစ္ရပ္ဟာ အနီကတ္ျပႏိုင္တဲ့ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာလားဆိုတာကို သိရဖို႔ စစ္ေဆးခဲ့တဲ့အခ်ိန္မွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္တစ္ခုလုံး အပ္က်သံၾကားရေအာင္ တိတ္ဆိတ္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒိုင္လူႀကီး ေဒးဗစ္ ကုထ္တ္က ကြင္းေဘးေမာ္နီတာနဲ႔ တိုင္ပင္ၿပီး အႀကံရယူဖို႔ အႀကံျပဳျခင္းမခံခဲ့ရဘဲ ၎ရဲ႕ ကနဦး ဆုံးျဖတ္ခ်က္ျဖစ္တဲ့ အဝါကတ္ျပစ္ဒဏ္သာ အတည္ျပဳခဲ့တာျဖစ္ပါတယ္။

၅။ ကြင္းလယ္မွာ ေနာက္ပိုဆင္းကစားခဲ့ရတဲ့ ေမဆန္ ေမာင့္
ခ်ဲလ္ဆီးရဲ႕ ၄-၃-၃ ကစားကြက္ကို ျပန္ေျပာင္းသုံးခဲ့တဲ့ ရလဒ္အေနနဲ႔ ေမဆန္ ေမာင့္ဟာ ရွားရွားပါးပါး ေနရာေျပာင္းလဲကစားခဲ့ရပါတယ္။ အဂၤလန္ကြင္းလယ္ကစားသမားဟာ သာမန္အားျဖင့္ ခိုင္ ဟာဗတ္ဇ္ သို႔မဟုတ္ လူကာကူးတို႔ရဲ႕ ေနာက္မွာ ကြင္းလယ္တိုက္စစ္နဲ႔ ကြင္းလယ္ဖန္တီးရွင္အျဖစ္သာ ေနရာယူကစားေလ့ရွိတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း နယူးကာဆယ္လ္နဲ႔ပြဲမွာေတာ့ ခ်ဲလ္ဆီးအကယ္ဒမီထြက္ကစားသမားဟာ ေက်ာနံပါတ္ ၈ အျဖစ္နဲ႔ သာမန္ထက္ပိုၿပီး ေနာက္ထိဆင္းၿပီး ေဘာလုံးလက္ခံရယူခဲ့ရတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ေမဆန္ ေမာင့္ဟာ ဖရန႔္ခ္ လမ္းပတ္ ေနာက္ဆုံးတာဝန္ယူကိုင္တြယ္ခဲ့တဲ့ ရာသီအတြင္း အလြန္အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္အခ်ိဳ႕ ျပသခဲ့ၿပီးေနာက္ ကြင္းလယ္ ၃ ဦးေနရာရဲ႕ ဘယ္ဖက္ျခမ္းမွာ ေနရာတစ္ေနရာအခိုင္အမာရရွိခဲ့သူျစဖ္ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ နယူးကာဆယ္လ္ ခံစစ္ကို ပုံမွန္ ၿခိမ္းေျခာက္မႈ၊ ကြင္းလယ္နဲ႔ ခံစစ္မ်ဥ္းၾကား ေနရာလြတ္ရွာေဖြမႈ၊ တီမို ဗာနာ၊ ဟာဗတ္ဇ္၊ ဇီယက္ရွ္တို႔နဲ႔ ခ်ိတ္ဆက္ကစားႏိုင္ခဲ့မႈေၾကာင့္ တူဟယ္ရဲ႕ အေျပာင္းအလဲဟာ အလြန္ထူးျခားတဲ့ အေျပာင္းအလဲျဖစ္ခဲ့ပါတယ္။

ဆင္ဆာျဖတ္ခံခဲ့ရတဲ့ ခ်ဲလ္ဆီးအသင္းဝတ္စုံေပၚက စပြန္ဆာ
ခ်ဲလ္ဆီးအသင္းဟာ စပြန္ဆာ ၃ ခုစလုံးက ဆက္ဆံေရး ျဖတ္ေတာက္ခဲ့ၿပီျဖစ္ေပမယ့္လည္း ၎တို႔ရဲ႕ စပြန္ဆာအမွတ္တံဆိပ္ကို ထည့္သြင္း ေဖာ္ျပခဲ့ၿပီး Sky Sports က အဲဒီစပြန္ဆာအမွတ္တံဆိပ္ကို တိုက္႐ိုက္ထုတ္လႊင့္ရာမွာ ျဖတ္ေတာက္ခဲ့ပါတယ္။ Three၊ ဟြန္ဒိုင္း၊ ဇက္ပ္တို႔အားလုံးဟာ ယူေကအစိုးရက ယူကရိန္းကို ႐ုရွားရဲ႕ က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ကို ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းနဲ႔ သေဘာတူညီမႈေတြအားလုံးကို ယာယီဆိုင္းငံ့ထားဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီ စပြန္ဆာ အမွတ္တံဆိပ္ ၃ ခုစလုံးကို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ နယူးကာဆယ္လ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ျမင္ေတြ႕ရဆဲျဖစ္ေပမယ့္လည္း Sky Sport က ခ်ဲလ္ဆီးရဲ႕ ပြဲထြက္လူစာရင္းျပသခ်ိန္မွာ စပြန္ဆာအမွတ္တံဆိပ္ေတြကို ဆင္ဆာျဖတ္ထားခဲ့တာျဖစ္ပါတယ္။

အသင္းကိုသာ ပိတ္ဆို႔လို႔ရႏိုင္ေပမယ့္ အႏိုင္လိုခ်င္တဲ့စိတ္ဓာတ္ကို ပိတ္ဆို႔မရဘူးဆိုတာျပသခဲ့တဲ့ ခ်ဲလ္ဆီး
ယူေက အစိုးရက ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ႐ုရွားႏိုင္ငံသား ဘီလ်ံနာ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ကို ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ကြၽဲကူးေရပါဆိုသလို ခ်ဲလ္ဆီးရဲ႕ အနာဂတ္ဟာလည္း ခ်က္ခ်င္း မေရရာမႈေတြ ရွိလာခဲ့တာျဖစ္ပါတယ္။ ၾကာသပေတးေန႔က ယူကရိန္းမွာ ျဖစ္ပြားေနတဲ့ စစ္ပြဲကို တုံ႔ျပန္တဲ့အေနနဲ႔ အေျခအေနေတြ မေျပမလည္မခ်င္း ခ်ဲလ္ဆီးအသင္းအေနနဲ႔ တင္းၾကပ္တဲ့ ဘ႑ာေရး အေျခအေနေတြေအာက္မွာ လည္ပတ္သြားရမွာျဖစ္ၿပီး ဘယ္ေလာက္အထိ ေတာင့္ခံႏိုင္မလဲဆိုတာလည္း မရွင္းလင္းေသးတာျဖစ္ပါတယ္။ မတည္ၿငိမ္မႈေတြ ျဖစ္ေပၚေနခ်ိန္မွာ နည္းျပ တူဟယ္နဲ႔ ကစားသမားေတြဟာ ကိုယ့္အလုပ္ကိုယ္ အာ႐ုံစိုက္ဖို႔ ႀကိဳးစားခဲ့ၾကၿပီး ၾကာသပေတးေန႔က ေနာ္ဝစ္ခ်္ကို ၃-၁ နဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သလို တနဂၤေႏြေန႔ညေနက နယူးကာဆယ္လ္နဲ႔ပြဲစဥ္မွာလည္း ၁-၀ နဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ျပခဲ့ၿပီးေနာက္ အသင္းကိုသာ ပိတ္ဆို႔လို႔ရႏိုင္မယ္၊ အႏိုင္လိုခ်င္တဲ့စိတ္ဓာတ္ကိုေတာ့ ပိတ္ဆို႔လို႔မရႏိုင္ဘူးဆိုတာ သက္ေသျပသႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.