Analysis Premier League

သောမတ်စ် ပေးတဲ့ ပါတီနဲ့ အာဆင်နယ် 2-0 လက်စတာ ပွဲအပြီး ပြောစရာ 7 ချက်

သောမတ်စ် ပေးတဲ့ ပါတီမှာ ဂန်းနားတွေ ပျော်မြူး
တစ်နေ့ထက်တစ်နေ့ အသင်းနဲ့ အသားကျလာပြီး ကစားပုံကောင်းလာခဲ့တဲ့ သောမတ်စ် ပါတေးရဲ့ နောက်ထပ် ပွဲကောင်းတစ်ပွဲမှာ သူ့ရဲ့ အားထုတ်မှုနှစ်ခုကနေ အသင်းအတွက် နိုင်ပွဲကို သေချာစေခဲ့တာပါ။ ပထမဂိုးကို ပွဲချိန် ၁၁ မိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ပွဲချိန် ၁၉ မိနစ်မှာတော့ သူ့ရဲ့ ကံမလိုက်သေးတဲ့ ကန်ချက်က ဘားထိပ်ကိုပဲ မှန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းတိုက်ဖို့ဆိုရင် ဘာဆိုလားဖြစ်နေတဲ့ ဂါနာသားအနေနဲ့ ပွဲချိန် ၅၄ မိနစ်မှာ ခေါင်းတိုက်ဖို့ ထပ်မံကြိုးစားခဲ့ရာမှာ လက်စတာနောက်ခံလူ ဆိုယွန်ကျူရဲ့ လက်နဲ့ ထိခဲ့တာက သူ့ရဲ့ ပင်နယ်တီ ဖန်တီးမှုဖြစ်ခဲ့ပြီး ဒါကို အသင်း ကပ္ပတိန် လာကာဇက်က အမှားအယွင်းမရှိ အနိုင်သေချာစေခဲ့တာလို့ ဆိုရပါလိမ့်မယ်။

လက်စတာနဲ့ဆို ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိတယ်လေ
လက်စတာနဲ့ဆိုရင် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်တစ်ယောက် အမြဲလိုလို ယုံကြည်မှု မြင့်မားနေပြီး သူ့ရဲ့ ပြိုင်ဘက် ဂျေမီ ဗာဒီ မပါဝင်ခဲ့တာက သူ့ကို ဖိအားတွေလည်း လျော့ပါးစေပါတယ်။ ဒါပေမယ့် ဗာဒီပြီးရင် သူ့ကို ဒုက္ခပေးနေကျ ဟာဗီဘန်းစ်ရဲ့ ထိုးဖောက်မှုတွေနဲ့တော့ နပမ်းလုံးခဲ့ရပြီး ဘယ်ခြမ်းက ကန်သွင်းမှုကို တစ်ကြိမ် ပိတ်ဆို့ခဲ့ရသလို ဧရိယာထဲက ခေါင်းတိုက်ချက်ကိုလည်း မယုံနိုင်လောက်အောင် ပိတ်ဆို့သွားခဲ့တာပါ။ ဒီအတွက် ပွဲအပြီးမှာ ပြိုင်ဘက်နည်းပြ ဘရန်ဒန် ရော့ဂျားစ်ကတောင် မနေနိုင်ဘဲ ထုတ်ဖော်ချီးကျူးခဲ့ရသလို ရုပ်သံပြကွက်တွေမှာတော့ ဘန်းစ်ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးပြီထင်နေပြီးမှ အံ့ဩစိတ်ပျက်ခဲ့ရတဲ့ ရော့ဂျားစ်ကို တွေ့နိုင်ကြမှာဖြစ်ပါတယ်။

ခြောက်ပွဲဆက် ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့တဲ့ လာကာဇက်
အာဆင်နယ်အသင်းရဲ့ လက်ရှိကပ္ပတိန် လာကာဇက်ကတော့ အသင်းရဲ့ တိုက်စစ်မှာ Deep Lying Forward အဖြစ် ကွင်းလယ်အထိ ဆင်းတွဲပြီး ကစားနေပေမယ့် သူ့ရဲ့ အနစ်နာခံရမှုတွေကြောင့် ဂိုးရှေ့မှာ အဆုံးသတ်ဖို့တော့ အခွင့်အရေးနည်းခဲ့ပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက်မှာ တစ်ဂိုးမှ မရခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အသက် ၃၀ အရွယ် ပြင်သစ်သားကြီးအနေနဲ့ အသင်းကို အနိုင်ရစေဖို့ သေချာစေမယ့် ဂိုးကို ပင်နယ်တီကနေ တစ်ဖက် ဂိုးသမား ကက်စပါ ရှမိုက်ကယ်ကို လှည့်စားကန်သွင်းယူနိုင်ခဲ့ပြီး ဒီရာသီ ၄ ဂိုးမြောက် သွင်းဂိုးနဲ့အတူ အသင်းအတွက် အဆင့် ၄ ကို သေချာစေခဲ့တာပါ။

ကွင်းလယ်မှာ ပြိုင်ဘက်ကင်း အော်ဒီဂွါဒ်
မာတင် အော်ဒီဂွါဒ်ကို လူတွေက ကွင်းလယ်ဖန်တီးရှင်တစ်ဦးထက် ကွင်းလယ်ဗိုလ်ချုပ်၊ အသင်းခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ်ပါ ရှုမြင်ခဲ့ကြပြီး ဒီနေ့ပွဲမှာလည်း ညာခြမ်းနဲ့ အလယ်မှာ နေရာစုံနီးပါးရှိနေတဲ့ နော်ဝေသားဟာ အာဆင်နယ်အတွက် ပထမပိုင်းတစ်ပိုင်းတည်းမှာတင် အခွင့်အရေး ၅ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပြီး အသင်းဖော်တွေ အသုံးချဖို့ ပျက်ကွက်ခဲ့လို့သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း အသင်းကို ထိန်းချုပ်မောင်းနှင်သွားခဲ့ပြီး လုပ်အားနှုန်းကောင်းကောင်းနဲ့ မိနစ် ၉၀ စလုံး လိုအပ်တဲ့ နေရာတိုင်းကို ကူညီကစားပေးခဲ့သလို ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။

ပေါ့လျော့နေတဲ့ မာတီနယ်လီ
အာဖရိကကို အသင်းသားအချို့ သွားနေကြပြီး အူဘာမီယန်းနဲ့ အာတီတာတို့ ပြဿနာတက်နေခဲ့ကြချိန်မှာ ဘယ်တောင်ပံကို အပိုင်နီးပါး သိမ်းထားနိုင်ခဲ့တဲ့ မာတီနယ်လီအနေနဲ့ အဲ့ဒီတုန်းကလည်း ပေါ့လျော့တဲ့ ကစားပုံကို ပြသခဲ့သလို ဒီနေ့ပွဲမှာလည်း စမစ်ရိုး မပါနိုင်သေးတာကြောင့် သူ့ရဲ့ ကစားဟန်က ရပါတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေပြီး အသင်းရဲ့ တွဲလုံးတွေနဲ့ မကိုက်ညီတဲ့ ကစားဟန်၊ ညံ့ဖျင်းတဲ့ အဆုံးသတ်နဲ့အတူ ဘယ်ခြမ်းမှာ ဖြုန်းတီးနေခဲ့တာပါ။ ပါတေးရဲ့ အဖွင့်ဂိုးကို ထောင့်ကန်ဘောကနေ ကန်ပို့ခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည်တွက်ချက်မှုမှာတော့ အသင်းရဲ့ ထိပ်ဆုံး ၅ ဦးထဲတောင် ပါမလာခဲ့ဘဲ ဖြစ်နေလို့ စမစ်ရိုးသာ ကြံ့ခိုင်မှု ပြည့်ဝလာခဲ့ရင် အရန်ခုံထိုင်ရဖို့ နီးစပ်နေပြီလို့ပဲ ဆိုရတော့မှာဖြစ်ပါတယ်။

ဗျူဟာမြောက် ကစားပုံကို သင်ပေးခဲ့တဲ့ အာတီတာ
အာဆင်နယ်အသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်ချိန်မှာ စိတ်ရှည်တဲ့ ပုံစံတွေနဲ့ ထိုးဖောက်တတ်သလို မပိုင်ဆိုင်ချိန်တွေမှာလည်း လက်စတာ တိုက်စစ်ကို အကောင်းဆုံး ခုခံကာကွယ်သွားနိုင်ခဲ့ပြီး ထူးခြားထင်ရှားခဲ့တာကတော့ ကွင်းလယ်စည်းနားမှာတင် ဒိန်းဂျားတစ်ချို့ကို ဖျက်ဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်စတာတို့ သဘောကျတဲ့ High Tempo ကစားဟန်ကို တတ်နိုင်သလောက် အရှိန်လျှော့ချကစားသွားခဲ့ပြီး ဂိုးရဖို့အတွက် ဧည့်သည်တွေရဲ့ အားနည်းချက်နေရာတွေကို တိတိကျကျ ထိုးနှက်နိုင်ခဲ့သလို အဆုံးသတ်သေချာရင် လေးငါးဂိုးလောက် ရနိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာ ဂိုးပြန်ရဖို့ ကြိုးစားနေတဲ့ ဧည့်သည်တွေကို ဘောလုံးပေးကိုင်ခဲ့ရပေမယ့် Clean Sheet ရဖို့ စွမ်းဆောင်နိုင်ခဲ့ပြီး ဒါတွေ အားလုံးအတွက် အာတီတာကတော့ ချီးကျူးစရာ ဖြစ်နေခဲ့ပါတယ်။

အမ်းမရိတ်က ချန်ပီယံလိဂ်ရဲ့ ခေါ်သံ
အဝေးကွင်းတွေမှာ နိုင်သင့်နိုင်ထိုက်တဲ့ အသင်းလတ်တွေနဲ့ ပွဲတွေကို အနိုင်ကစားနိုင်ခဲ့ရင် အိမ်ကွင်း အမ်းမရိတ်က ရလဒ်ကောင်းတွေကတော့ အာဆင်နယ်တို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူပေးဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ အာဆင်နယ်နဲ့ အာတီတာတို့ရဲ့ နှစ်နှစ်ခွဲကာလ ပေါင်းစည်းမှုမှာ ရှိတဲ့ လူအင်အားနဲ့ အဆင့် ၄ ကို ရယူဖို့ ဖြစ်အောင် လုပ်နိုင်ခဲ့ကြပြီး လက်ကျန် ပရီးမီးယားလိဂ် ၁၂ ပွဲမှာ အမှားမခံသေးဘူးလို့ဆိုပေမယ့် ဒီတစ်ပတ်မှာ ရေနစ်သွားတဲ့ စပါးတွေနဲ့ သူတို့ကို အနိုင်ယူနိုင်ခဲ့ပေမယ့် ဂန်းနားတွေက သုံးပွဲနဲ့ တစ်မှတ် အသာရနေသေးတဲ့ မန်ချက်စတာယူနိုက်တက်တို့နဲ့ ပြိုင်ဆိုင်မှုမှာ ကိုယ့်ဘက်က အသာရနေခဲ့တာဖြစ်လို့ လီဗာပူးလ်၊ ချဲလ်ဆီးနဲ့ စပါးစ်တို့ပွဲတွေမှာ ရလဒ်မဆိုးခဲ့ရင် ချန်ပီယံလိဂ်ရဲ့ ခေါ်သံနောက် အလိုက်သင့် အဖြေပေးနိုင်တော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေသာမတ္စ္ ေပးတဲ့ ပါတီမွာ ဂန္းနားေတြ ေပ်ာ္ျမဴး
တစ္ေန႔ထက္တစ္ေန႔ အသင္းနဲ႔ အသားက်လာၿပီး ကစားပုံေကာင္းလာခဲ့တဲ့ ေသာမတ္စ္ ပါေတးရဲ႕ ေနာက္ထပ္ ပြဲေကာင္းတစ္ပြဲမွာ သူ႔ရဲ႕ အားထုတ္မႈႏွစ္ခုကေန အသင္းအတြက္ ႏိုင္ပြဲကို ေသခ်ာေစခဲ့တာပါ။ ပထမဂိုးကို ပြဲခ်ိန္ ၁၁ မိနစ္မွာ ေခါင္းတိုက္သြင္းယူေပးခဲ့ၿပီး ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ သူ႔ရဲ႕ ကံမလိုက္ေသးတဲ့ ကန္ခ်က္က ဘားထိပ္ကိုပဲ မွန္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ေခါင္းတိုက္ဖို႔ဆိုရင္ ဘာဆိုလားျဖစ္ေနတဲ့ ဂါနာသားအေနနဲ႔ ပြဲခ်ိန္ ၅၄ မိနစ္မွာ ေခါင္းတိုက္ဖို႔ ထပ္မံႀကိဳးစားခဲ့ရာမွာ လက္စတာေနာက္ခံလူ ဆိုယြန္က်ဴရဲ႕ လက္နဲ႔ ထိခဲ့တာက သူ႔ရဲ႕ ပင္နယ္တီ ဖန္တီးမႈျဖစ္ခဲ့ၿပီး ဒါကို အသင္း ကပၸတိန္ လာကာဇက္က အမွားအယြင္းမရွိ အႏိုင္ေသခ်ာေစခဲ့တာလို႔ ဆိုရပါလိမ့္မယ္။

လက္စတာနဲ႔ဆို ကိုယ့္ကိုယ္ကို အၿမဲယုံၾကည္မႈရွိတယ္ေလ
လက္စတာနဲ႔ဆိုရင္ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္တစ္ေယာက္ အၿမဲလိုလို ယုံၾကည္မႈ ျမင့္မားေနၿပီး သူ႔ရဲ႕ ၿပိဳင္ဘက္ ေဂ်မီ ဗာဒီ မပါဝင္ခဲ့တာက သူ႔ကို ဖိအားေတြလည္း ေလ်ာ့ပါးေစပါတယ္။ ဒါေပမယ့္ ဗာဒီၿပီးရင္ သူ႔ကို ဒုကၡေပးေနက် ဟာဗီဘန္းစ္ရဲ႕ ထိုးေဖာက္မႈေတြနဲ႔ေတာ့ နပမ္းလုံးခဲ့ရၿပီး ဘယ္ျခမ္းက ကန္သြင္းမႈကို တစ္ႀကိမ္ ပိတ္ဆို႔ခဲ့ရသလို ဧရိယာထဲက ေခါင္းတိုက္ခ်က္ကိုလည္း မယုံႏိုင္ေလာက္ေအာင္ ပိတ္ဆို႔သြားခဲ့တာပါ။ ဒီအတြက္ ပြဲအၿပီးမွာ ၿပိဳင္ဘက္နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ကေတာင္ မေနႏိုင္ဘဲ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ရသလို ႐ုပ္သံျပကြက္ေတြမွာေတာ့ ဘန္းစ္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဂိုးၿပီထင္ေနၿပီးမွ အံ့ဩစိတ္ပ်က္ခဲ့ရတဲ့ ေရာ့ဂ်ားစ္ကို ေတြ႕ႏိုင္ၾကမွာျဖစ္ပါတယ္။

ေျခာက္ပြဲဆက္ ဂိုးေပါက္ေပ်ာက္မႈကို အဆုံးသတ္ႏိုင္ခဲ့တဲ့ လာကာဇက္
အာဆင္နယ္အသင္းရဲ႕ လက္ရွိကပၸတိန္ လာကာဇက္ကေတာ့ အသင္းရဲ႕ တိုက္စစ္မွာ Deep Lying Forward အျဖစ္ ကြင္းလယ္အထိ ဆင္းတြဲၿပီး ကစားေနေပမယ့္ သူ႔ရဲ႕ အနစ္နာခံရမႈေတြေၾကာင့္ ဂိုးေရွ႕မွာ အဆုံးသတ္ဖို႔ေတာ့ အခြင့္အေရးနည္းခဲ့ၿပီး ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ၆ ပြဲဆက္တိုက္မွာ တစ္ဂိုးမွ မရခဲ့တာျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အသက္ ၃၀ အ႐ြယ္ ျပင္သစ္သားႀကီးအေနနဲ႔ အသင္းကို အႏိုင္ရေစဖို႔ ေသခ်ာေစမယ့္ ဂိုးကို ပင္နယ္တီကေန တစ္ဖက္ ဂိုးသမား ကက္စပါ ရွမိုက္ကယ္ကို လွည့္စားကန္သြင္းယူႏိုင္ခဲ့ၿပီး ဒီရာသီ ၄ ဂိုးေျမာက္ သြင္းဂိုးနဲ႔အတူ အသင္းအတြက္ အဆင့္ ၄ ကို ေသခ်ာေစခဲ့တာပါ။

ကြင္းလယ္မွာ ၿပိဳင္ဘက္ကင္း ေအာ္ဒီဂြါဒ္
မာတင္ ေအာ္ဒီဂြါဒ္ကို လူေတြက ကြင္းလယ္ဖန္တီးရွင္တစ္ဦးထက္ ကြင္းလယ္ဗိုလ္ခ်ဳပ္၊ အသင္းေခါင္းေဆာင္ေကာင္းတစ္ေယာက္အျဖစ္ပါ ရႈျမင္ခဲ့ၾကၿပီး ဒီေန႔ပြဲမွာလည္း ညာျခမ္းနဲ႔ အလယ္မွာ ေနရာစုံနီးပါးရွိေနတဲ့ ေနာ္ေဝသားဟာ အာဆင္နယ္အတြက္ ပထမပိုင္းတစ္ပိုင္းတည္းမွာတင္ အခြင့္အေရး ၅ ႀကိမ္အထိ ဖန္တီးေပးႏိုင္ခဲ့ၿပီး အသင္းေဖာ္ေတြ အသုံးခ်ဖို႔ ပ်က္ကြက္ခဲ့လို႔သာ ဂိုးမရခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာလည္း အသင္းကို ထိန္းခ်ဳပ္ေမာင္းႏွင္သြားခဲ့ၿပီး လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ မိနစ္ ၉၀ စလုံး လိုအပ္တဲ့ ေနရာတိုင္းကို ကူညီကစားေပးခဲ့သလို ဒီေန႔ပြဲရဲ႕ အေကာင္းဆုံး ကစားသမားတစ္ေယာက္လည္းျဖစ္ခဲ့ပါတယ္။

ေပါ့ေလ်ာ့ေနတဲ့ မာတီနယ္လီ
အာဖရိကကို အသင္းသားအခ်ိဳ႕ သြားေနၾကၿပီး အူဘာမီယန္းနဲ႔ အာတီတာတို႔ ျပႆနာတက္ေနခဲ့ၾကခ်ိန္မွာ ဘယ္ေတာင္ပံကို အပိုင္နီးပါး သိမ္းထားႏိုင္ခဲ့တဲ့ မာတီနယ္လီအေနနဲ႔ အဲ့ဒီတုန္းကလည္း ေပါ့ေလ်ာ့တဲ့ ကစားပုံကို ျပသခဲ့သလို ဒီေန႔ပြဲမွာလည္း စမစ္႐ိုး မပါႏိုင္ေသးတာေၾကာင့္ သူ႔ရဲ႕ ကစားဟန္က ရပါတယ္ဆိုတဲ့ ပုံစံမ်ိဳးျဖစ္ေနၿပီး အသင္းရဲ႕ တြဲလုံးေတြနဲ႔ မကိုက္ညီတဲ့ ကစားဟန္၊ ညံ့ဖ်င္းတဲ့ အဆုံးသတ္နဲ႔အတူ ဘယ္ျခမ္းမွာ ျဖဳန္းတီးေနခဲ့တာပါ။ ပါေတးရဲ႕ အဖြင့္ဂိုးကို ေထာင့္ကန္ေဘာကေန ကန္ပို႔ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ စြမ္းေဆာင္ရည္တြက္ခ်က္မႈမွာေတာ့ အသင္းရဲ႕ ထိပ္ဆုံး ၅ ဦးထဲေတာင္ ပါမလာခဲ့ဘဲ ျဖစ္ေနလို႔ စမစ္႐ိုးသာ ႀကံ့ခိုင္မႈ ျပည့္ဝလာခဲ့ရင္ အရန္ခုံထိုင္ရဖို႔ နီးစပ္ေနၿပီလို႔ပဲ ဆိုရေတာ့မွာျဖစ္ပါတယ္။

ဗ်ဴဟာေျမာက္ ကစားပုံကို သင္ေပးခဲ့တဲ့ အာတီတာ
အာဆင္နယ္အသင္းအေနနဲ႔ ေဘာလုံးပိုင္ဆိုင္ခ်ိန္မွာ စိတ္ရွည္တဲ့ ပုံစံေတြနဲ႔ ထိုးေဖာက္တတ္သလို မပိုင္ဆိုင္ခ်ိန္ေတြမွာလည္း လက္စတာ တိုက္စစ္ကို အေကာင္းဆုံး ခုခံကာကြယ္သြားႏိုင္ခဲ့ၿပီး ထူးျခားထင္ရွားခဲ့တာကေတာ့ ကြင္းလယ္စည္းနားမွာတင္ ဒိန္းဂ်ားတစ္ခ်ိဳ႕ကို ဖ်က္ဆီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လက္စတာတို႔ သေဘာက်တဲ့ High Tempo ကစားဟန္ကို တတ္ႏိုင္သေလာက္ အရွိန္ေလွ်ာ့ခ်ကစားသြားခဲ့ၿပီး ဂိုးရဖို႔အတြက္ ဧည့္သည္ေတြရဲ႕ အားနည္းခ်က္ေနရာေတြကို တိတိက်က် ထိုးႏွက္ႏိုင္ခဲ့သလို အဆုံးသတ္ေသခ်ာရင္ ေလးငါးဂိုးေလာက္ ရႏိုင္ခဲ့တာပါ။ ဒုတိယပိုင္းမွာ ဂိုးျပန္ရဖို႔ ႀကိဳးစားေနတဲ့ ဧည့္သည္ေတြကို ေဘာလုံးေပးကိုင္ခဲ့ရေပမယ့္ Clean Sheet ရဖို႔ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ဒါေတြ အားလုံးအတြက္ အာတီတာကေတာ့ ခ်ီးက်ဴးစရာ ျဖစ္ေနခဲ့ပါတယ္။

အမ္းမရိတ္က ခ်န္ပီယံလိဂ္ရဲ႕ ေခၚသံ
အေဝးကြင္းေတြမွာ ႏိုင္သင့္ႏိုင္ထိုက္တဲ့ အသင္းလတ္ေတြနဲ႔ ပြဲေတြကို အႏိုင္ကစားႏိုင္ခဲ့ရင္ အိမ္ကြင္း အမ္းမရိတ္က ရလဒ္ေကာင္းေတြကေတာ့ အာဆင္နယ္တို႔အတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရယူေပးဖို႔ အဆင္သင့္ျဖစ္ေနခဲ့ပါၿပီ။ အာဆင္နယ္နဲ႔ အာတီတာတို႔ရဲ႕ ႏွစ္ႏွစ္ခြဲကာလ ေပါင္းစည္းမႈမွာ ရွိတဲ့ လူအင္အားနဲ႔ အဆင့္ ၄ ကို ရယူဖို႔ ျဖစ္ေအာင္ လုပ္ႏိုင္ခဲ့ၾကၿပီး လက္က်န္ ပရီးမီးယားလိဂ္ ၁၂ ပြဲမွာ အမွားမခံေသးဘူးလို႔ဆိုေပမယ့္ ဒီတစ္ပတ္မွာ ေရနစ္သြားတဲ့ စပါးေတြနဲ႔ သူတို႔ကို အႏိုင္ယူႏိုင္ခဲ့ေပမယ့္ ဂန္းနားေတြက သုံးပြဲနဲ႔ တစ္မွတ္ အသာရေနေသးတဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔ ၿပိဳင္ဆိုင္မႈမွာ ကိုယ့္ဘက္က အသာရေနခဲ့တာျဖစ္လို႔ လီဗာပူးလ္၊ ခ်ဲလ္ဆီးနဲ႔ စပါးစ္တို႔ပြဲေတြမွာ ရလဒ္မဆိုးခဲ့ရင္ ခ်န္ပီယံလိဂ္ရဲ႕ ေခၚသံေနာက္ အလိုက္သင့္ အေျဖေပးႏိုင္ေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.