Premier League Ukraine-Russian War

စစ်ဖြစ်အပြီး ပရီးမီးယားလိဂ်ပထမဆုံးဂိုးသွင်းတဲ့ ယူကရိန်းသား ယာမိုလန်ကိုရဲ့ မျက်ရည်

ပြီးခဲ့တဲ့ အက်စ်တန်ဗီလာအသင်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ရဲ့ တနင်္ဂနွေနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူကရိန်းလက်ရွေးစင် တိုက်စစ်မှူး အန်ဒရီ ယာမိုလန်ကို ပါဝင်ကစားခဲ့ပြီး အသင်းအတွက် အဖွင့်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ချိန်မှာ ကစားသမားအနေနဲ့ မျက်ရည်မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားခံစားခဲ့ရတာကို တွေ့မြင်ခဲ့ရပါတယ်။

ယာမိုလန်ကိုဟာ သူ့ရဲ့ မိခင်နိုင်ငံကို ရုရှားတို့ရဲ့ ကျူးကျော်ဝင်ရောက်မှုအပြီးမှာ စိတ်ဖိစီးမှုတွေကြောင့် တစ်လလောက် ဘောလုံးမကစားနိုင်ဘဲ ဝက်စ်ဟမ်းအသင်းဘက်က ဆေးခွင့်ပေးထားခဲ့ရသူလည်းဖြစ်ပြီး ပွဲချိန် ၅၂ မိနစ်မှာကျမှ တိုက်စစ်အပြောင်းအလဲလုပ်ဖို့အတွက် ဒဏ်ရာရသွားခဲ့တဲ့ မီခေးလ် အန်တိုနီယိုရဲ့ နေရာမှာ နည်းပြ ဒေးဗစ် မွိုက်စ်က ထည့်သွင်းခြင်းခံခဲ့ရတာပါ။

ကွင်းထဲရောက်ပြီး ၁၈ မိနစ်အကြာမှာတော့ အသက် ၃၁ နှစ်အရွယ် လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူးအနေနဲ့ အသင်းဖော်တောင်ပံကစားသမား ဆာအိဒ် ဘင်ရာမာရဲ့ ပေးပို့မှုကနေ လျှပ်တစ်ပြက် ကန်သွင်းမှုက ဗီလာခံစစ်နဲ့ ဂိုးသမား မာတီနက်ဇ်ကို အနိုင်ယူနိုင်ခဲ့ပြီး ယူကရိန်းအလံနဲ့ အားပေးနေတဲ့ ဝက်စ်ဟမ်း ပရိသတ်တွေရှေ့မှာ အောင်ပွဲခံရင်း မျက်ရည်ကျခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဟာ ပရီးမီးယားလိဂ်မှာ ယူကရိန်းသားတွေ ဂိုးမသွင်းနိုင်ဘဲ တစ်နှစ်ခွဲကျော် ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်လိုက်တဲ့ ဂိုးလည်းဖြစ်ပြီး သူတို့တွေရဲ့ နောက်ဆုံး သွင်းဂိုးကိုတော့ ယာမိုလန်ကိုကပဲ တိုက်တိုက်ဆိုင်ဆိုင် အက်စ်တန်ဗီလာအသင်းနဲ့ ၂၀၂၀ ဇူလိုင်လက ပွဲစဉ်မှာ ဒီနေ့ပွဲလိုပဲ လန်ဒန်စတေဒီယမ် အိမ်ကွင်းမှာ အရန်ခုံကနေ ထလာပြီး သွင်းယူနိုင်ခဲ့တာလည်းဖြစ်နေတာပါ။

ပွဲအပြီးမှာတော့ ယာမိုလန်ကိုက ယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဆိုးတွေကြောင့် ခုလိုမျိုး စိတ်ထိခိုက် လှုပ်ရှားမိရကြောင်းနဲ့ ဒါ့အပြင် ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေကို ဆုတောင်းပေးနေရင်း ထောက်ခံအားပေးမှု ပြသခဲ့ကြတဲ့ ပရိသတ်တွေက သူ့ရဲ့ မျက်ရည်ကို ဆည်ကျိုးသလို ဖြစ်ခဲ့စေတာလို့ ဝန်ခံသွားခဲ့ပါတယ်။

“သိပ်ကို ထိခိုက်ခံစားရတဲ့ အချိန်ပါ။ ကျွန်တော့်အတွက်တော့ လက်ရှိအချိန်က သိပ်ခက်ခဲပြီး ယူကရိန်းဘောလုံးလောကနဲ့ နိုင်ငံကို ဖျက်ဆီးပြီး နေ့တိုင်းမှာ ရုရှားစစ်တပ်တွေက ပြည်သူတွေကို သတ်ဖြတ်နေတဲ့အကြောင်း တွေးလိုက်ရင် ဝမ်းနည်းလွန်းလို့ ဖြေမဆည်နိုင်အောင်ပါပဲ”လို့ ယာမိုလန်ကိုက ပြောပါတယ်။

“ရိုးရိုးသားသား ပြောရရင် ကျွန်တော် အားပေးသူတွေကို ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။ ကျွန်တော့်ကို အမြဲတမ်း အားပေးခဲ့ကြတဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော်နဲ့ ယူကရိန်းနိုင်ငံကို အားပေးထောက်ခံကြတဲ့ ဝက်စ်ဟမ်းပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးသော ဗြိတိန်လူထုရဲ့ အားပေးမှုနဲ့ စာနာမှုကိုလည်း ခံစားမိပါတယ်။”လို့ ယူကရိန်းတိုက်စစ်မှူးက ဆိုခဲ့တာပါ။

သွင်းဂိုးအတွက်တော့ “ကျွန်တော့်ကို ဆာအိဒ်က ဘောလုံးပေးလိုက်တဲ့အချိန်မှာ ငါ့အနေနဲ့ မြန်မြန်လှုပ်ရှားနိုင်မှ တော်ကာကျမယ်၊ အချိန်မရဘူးလို့ စဉ်းစားလိုက်ပြီး ကံကောင်းချင်တော့ ကျွန်တော်အနေနဲ့ လုံလောက်တဲ့ မြန်မြန်ဆန်ဆန် ကန်ချက်ကို လုပ်နိုင်ခဲ့တာပါ။ ပရိသတ်တွေ၊ အသင်းဖော်တွေနဲ့ နည်းပြရဲ့ အားပေးမှုတွေအတွက် ကျွန်တော် ကြိုးစားပေးဆပ်ခဲ့ပါတယ်”လို့ ယာမိုလန်ကိုက ပြောသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ်ကတော့ ယာမိုလန်ကိုအနေနဲ့ အားလုံးရဲ့ အားပေးကူညီမှုတွေအတွက် ကျေးဇူးတင်နေတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပြီး သူ့ရဲ့ မိသားစုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေအတွက်လည်း ပိုလန်သား အသင်းဖော် ဂိုးသမား ဝူးကတ်ရှ် ဖာဘီယန်စကီးက နယ်ခြားကနေ အိမ်နီးချင်း ပိုလန်နိုင်ငံအတွင်း ခိုလှုံရာမှာ အဆင်ပြေစေဖို့ ကူညီပေးနေတယ်လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ အက္စ္တန္ဗီလာအသင္းနဲ႔ ဝက္စ္ဟမ္းယူႏိုက္တက္အသင္းတို႔ရဲ႕ တနဂၤေႏြေန႔ည ပရီးမီးယားလိဂ္ပြဲစဥ္မွာ ယူကရိန္းလက္ေ႐ြးစင္ တိုက္စစ္မႉး အန္ဒရီ ယာမိုလန္ကို ပါဝင္ကစားခဲ့ၿပီး အသင္းအတြက္ အဖြင့္အႏိုင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ခ်ိန္မွာ ကစားသမားအေနနဲ႔ မ်က္ရည္မထိန္းႏိုင္ဘဲ စိတ္လႈပ္ရွားခံစားခဲ့ရတာကို ေတြ႕ျမင္ခဲ့ရပါတယ္။

ယာမိုလန္ကိုဟာ သူ႔ရဲ႕ မိခင္ႏိုင္ငံကို ႐ုရွားတို႔ရဲ႕ က်ဴးေက်ာ္ဝင္ေရာက္မႈအၿပီးမွာ စိတ္ဖိစီးမႈေတြေၾကာင့္ တစ္လေလာက္ ေဘာလုံးမကစားႏိုင္ဘဲ ဝက္စ္ဟမ္းအသင္းဘက္က ေဆးခြင့္ေပးထားခဲ့ရသူလည္းျဖစ္ၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာက်မွ တိုက္စစ္အေျပာင္းအလဲလုပ္ဖို႔အတြက္ ဒဏ္ရာရသြားခဲ့တဲ့ မီေခးလ္ အန္တိုနီယိုရဲ႕ ေနရာမွာ နည္းျပ ေဒးဗစ္ မြိဳက္စ္က ထည့္သြင္းျခင္းခံခဲ့ရတာပါ။

ကြင္းထဲေရာက္ၿပီး ၁၈ မိနစ္အၾကာမွာေတာ့ အသက္ ၃၁ ႏွစ္အ႐ြယ္ လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ တိုက္စစ္မႉးအေနနဲ႔ အသင္းေဖာ္ေတာင္ပံကစားသမား ဆာအိဒ္ ဘင္ရာမာရဲ႕ ေပးပို႔မႈကေန လွ်ပ္တစ္ျပက္ ကန္သြင္းမႈက ဗီလာခံစစ္နဲ႔ ဂိုးသမား မာတီနက္ဇ္ကို အႏိုင္ယူႏိုင္ခဲ့ၿပီး ယူကရိန္းအလံနဲ႔ အားေပးေနတဲ့ ဝက္စ္ဟမ္း ပရိသတ္ေတြေရွ႕မွာ ေအာင္ပြဲခံရင္း မ်က္ရည္က်ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးဟာ ပရီးမီးယားလိဂ္မွာ ယူကရိန္းသားေတြ ဂိုးမသြင္းႏိုင္ဘဲ တစ္ႏွစ္ခြဲေက်ာ္ ေပ်ာက္ဆုံးေနမႈကို ရပ္တန႔္ႏိုင္လိုက္တဲ့ ဂိုးလည္းျဖစ္ၿပီး သူတို႔ေတြရဲ႕ ေနာက္ဆုံး သြင္းဂိုးကိုေတာ့ ယာမိုလန္ကိုကပဲ တိုက္တိုက္ဆိုင္ဆိုင္ အက္စ္တန္ဗီလာအသင္းနဲ႔ ၂၀၂၀ ဇူလိုင္လက ပြဲစဥ္မွာ ဒီေန႔ပြဲလိုပဲ လန္ဒန္စေတဒီယမ္ အိမ္ကြင္းမွာ အရန္ခုံကေန ထလာၿပီး သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ေနတာပါ။

ပြဲအၿပီးမွာေတာ့ ယာမိုလန္ကိုက ယူကရိန္းမွာ ျဖစ္ေပၚေနတဲ့ အေျခအေနဆိုးေတြေၾကာင့္ ခုလိုမ်ိဳး စိတ္ထိခိုက္ လႈပ္ရွားမိရေၾကာင္းနဲ႔ ဒါ့အျပင္ ယူကရိန္းႏိုင္ငံနဲ႔ ျပည္သူေတြကို ဆုေတာင္းေပးေနရင္း ေထာက္ခံအားေပးမႈ ျပသခဲ့ၾကတဲ့ ပရိသတ္ေတြက သူ႔ရဲ႕ မ်က္ရည္ကို ဆည္က်ိဳးသလို ျဖစ္ခဲ့ေစတာလို႔ ဝန္ခံသြားခဲ့ပါတယ္။

“သိပ္ကို ထိခိုက္ခံစားရတဲ့ အခ်ိန္ပါ။ ကြၽန္ေတာ့္အတြက္ေတာ့ လက္ရွိအခ်ိန္က သိပ္ခက္ခဲၿပီး ယူကရိန္းေဘာလုံးေလာကနဲ႔ ႏိုင္ငံကို ဖ်က္ဆီးၿပီး ေန႔တိုင္းမွာ ႐ုရွားစစ္တပ္ေတြက ျပည္သူေတြကို သတ္ျဖတ္ေနတဲ့အေၾကာင္း ေတြးလိုက္ရင္ ဝမ္းနည္းလြန္းလို႔ ေျဖမဆည္ႏိုင္ေအာင္ပါပဲ”လို႔ ယာမိုလန္ကိုက ေျပာပါတယ္။

“႐ိုး႐ိုးသားသား ေျပာရရင္ ကြၽန္ေတာ္ အားေပးသူေတြကို ဘာျပန္ေျပာရမွန္းေတာင္ မသိေတာ့ပါဘူး။ ကြၽန္ေတာ့္ကို အၿမဲတမ္း အားေပးခဲ့ၾကတဲ့ အသင္းေဖာ္ေတြကို ေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္။ ကြၽန္ေတာ္နဲ႔ ယူကရိန္းႏိုင္ငံကို အားေပးေထာက္ခံၾကတဲ့ ဝက္စ္ဟမ္းပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ အားလုံးေသာ ၿဗိတိန္လူထုရဲ႕ အားေပးမႈနဲ႔ စာနာမႈကိုလည္း ခံစားမိပါတယ္။”လို႔ ယူကရိန္းတိုက္စစ္မႉးက ဆိုခဲ့တာပါ။

သြင္းဂိုးအတြက္ေတာ့ “ကြၽန္ေတာ့္ကို ဆာအိဒ္က ေဘာလုံးေပးလိုက္တဲ့အခ်ိန္မွာ ငါ့အေနနဲ႔ ျမန္ျမန္လႈပ္ရွားႏိုင္မွ ေတာ္ကာက်မယ္၊ အခ်ိန္မရဘူးလို႔ စဥ္းစားလိုက္ၿပီး ကံေကာင္းခ်င္ေတာ့ ကြၽန္ေတာ္အေနနဲ႔ လုံေလာက္တဲ့ ျမန္ျမန္ဆန္ဆန္ ကန္ခ်က္ကို လုပ္ႏိုင္ခဲ့တာပါ။ ပရိသတ္ေတြ၊ အသင္းေဖာ္ေတြနဲ႔ နည္းျပရဲ႕ အားေပးမႈေတြအတြက္ ကြၽန္ေတာ္ ႀကိဳးစားေပးဆပ္ခဲ့ပါတယ္”လို႔ ယာမိုလန္ကိုက ေျပာသြားခဲ့ပါတယ္။

ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြိဳက္စ္ကေတာ့ ယာမိုလန္ကိုအေနနဲ႔ အားလုံးရဲ႕ အားေပးကူညီမႈေတြအတြက္ ေက်းဇူးတင္ေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ၿပီး သူ႔ရဲ႕ မိသားစုနဲ႔ ပတ္သက္တဲ့ စိုးရိမ္မႈေတြအတြက္လည္း ပိုလန္သား အသင္းေဖာ္ ဂိုးသမား ဝူးကတ္ရွ္ ဖာဘီယန္စကီးက နယ္ျခားကေန အိမ္နီးခ်င္း ပိုလန္ႏိုင္ငံအတြင္း ခိုလႈံရာမွာ အဆင္ေျပေစဖို႔ ကူညီေပးေနတယ္လို႔ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.