Match Report Premier League

လက်စတာကို အထာကျကျ အနိုင်ကစားပြီး အဆင့် ၄ ကို ပြန်သိမ်းတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပြီးခဲ့တဲ့ ပွဲကနဲ့ တစ်ထပ်တည်းတူတဲ့ လူစာရင်းနဲ့ပဲ ပွဲထွက်ခဲ့သလို ခံစစ်မှာ ရမ်းစ်ဒေးလ်၊ ဆီးဒရစ်၊ ဘန်ဝှိုက်၊ ဂါဘရီယယ်လ်နဲ့ တီယာနီ၊ ကွင်းလယ်မှာ ချာကာ၊ ပါတေးနဲ့ အော်ဒီဂွါဒ်၊ တိုက်စစ်မှာ လာကာဇက်၊ မာတီနယ်လီနဲ့ ဆာကာတို့ပဲ ကစားခဲ့ကြပြီး တည်ငြိမ်တဲ့ ပုံစံကို ပြသနိုင်ခဲ့ပါတယ်။

လက်စတာကတော့ တိုက်စစ်ပိုင်းမှာ အကြီးအကျယ် မတည်မငြိမ်ဖြစ်နေတဲ့ အသင်းဖြစ်ပြီး နန်းကျသွားတဲ့ အယိုဇေ ပီရက်ဇ်၊ လွတ်ခ်မန်းတို့ကို အရန်ခုံမှာပဲ မြင်ခဲ့ရသလို အန်ဒီဒီနဲ့ တီးလီးမန်းစ်တို့ကိုပါ ထိုင်ခိုင်းထားပြီး ဂျူးစ်ဘာရီဟောလ်နဲ့ နမ်ပလီ မန်ဒီတို့ကို မက်ဒီဆန်နဲ့ တွဲပေးခဲ့တာက သိပ်ပြီး အသားမသေခဲ့သလို တိုက်စစ်မှာတော့ အော်လ်ဘရိုက်တန်၊ ဟာဗီ ဘန်းစ်နဲ့ အီဟန်နာချိုတို့ပဲ ကစားခဲ့ကြတာပါ။

အိမ်ရှင်တွေအနေနဲ့ ဘယ်ခြမ်းကတော့ ထုံးစံအတိုင်း ချိန်ခွင်လျှာညီမျှမှု Balance ကို တီယာနီ၊ ချာကာနဲ့ မာတီနယ်လီတို့ကြား ရှာဖွေနေရဆဲဖြစ်ပေမယ့် ညာခြမ်းကတော့ လုံးဝကို အဆင့်မြင့်တန်းကို ရောက်နေခဲ့ချိန်မှာ လက်စတာတို့ရဲ့ ခံစစ်ကသာ ခပ်ကြမ်းကြမ်း မကစားခဲ့ရင် သူတို့တွေ ဂိုးပြတ်သွင်းယူနိုင်ဖို့တောင် ရှိခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ အာဆင်နယ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ပြီး ညာခြမ်းကနေ မာတီနယ်လီ ကန်တင်ပေးတာကို ပါတေးက သူ့ကို ကပ်ထားတဲ့ လက်စတာနောက်ခံလူတွေကို မသိမသာ ခွာထွက်ပြီး လုခ် သောမတ်စ်ရဲ့ ခေါင်းပေါ်က ကျော်ကျလာတဲ့ ဘောလုံးကို အနီးတိုင်ဘက်ကို ခေါင်းတိုက်နိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာ ညာခြမ်းကနေ အာဆင်နယ်တို့ ထိုးဖောက်လာတာကို လက်စတာတို့ အသည်းအသန်ပုံစံနဲ့ ကာကွယ်ခဲ့ရပြီး ချာကာက သူကန်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်ပြန်ချပေးရာမှာ အဖွင့်ဂိုးရှင် ပါတေးက ညာဘက်အပေါ်ထောင့်ကို ကန်သွင်းဖို့ ကြိုးစားတာက ကံမလိုက်ဘဲ ဘားစွန်းနဲ့ပဲ ထိခဲ့ရသလို သူ့အတွက်တော့ ခြေနဲ့ ကန်ပြီး ဂိုးသွင်းပြဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ခဲ့တာပါ။

ပွဲချိန် မိနစ် ၂၀ မှာ ဆာကာရဲ့ ပင်နယ်တီဖြစ်နိုင်တဲ့ အခွင့်အရေးက ဘောလုံးထွက်ပြီးမှ ခြေထောက်ကို ဆိုယွန်ကျူးက ငြိခဲ့တာဆိုပြီး ဒိုင်လူကြီး အန်ထော်နီ တေလာက ငြင်းပယ်သွားခဲ့သလို ဒီကနေ ထွက်လာတာကို တစ်ချိန်လုံးဖြုန်းနေပြီး ဘယ်ခြမ်းမှာ အဆင်မပြေဘဲဖြစ်နေတဲ့ မာတီနယ်လီ ကန်သွင်းချက်က ပျော့လွန်းခဲ့လို့ ရှမိုက်ကယ် အေးအေးဆေးဆေးပဲ ဖမ်းယူနိုင်ခဲ့ပါတယ်။

မာတီနယ်လီကတော့ Pressing တွေမှာ မပြတ်သားသလို အသင်းဖော်တွေနဲ့ နားလည်မှု နည်းနေပြီး တစ်ပုံစံတည်း သွားနေခဲ့သလို အပြန်အလှန် နေရာယူ Opening ဖွင့်ပေးရမယ့် အနေအထားတွေမှာ ဉာဏ်မပါဘဲ ကစားနေခဲ့တာကြောင့် အာဆင်နယ်ဘယ်ခြမ်းက အလုပ်မဖြစ်ခဲ့တာဖြစ်ပြီး ပွဲချိန် ၂၅ မိနစ်မှာ သူကန်တာ ညံ့လို့ ပြန်ထွက်လာတဲ့ ဘောလုံးမျိုးကိုတောင် အမြန်ပြေးလိုက်ပြီး အသင်းဖော်တွေဆီ ပြန်ပေးဖို့ ဆန္ဒမရှိခဲ့တာကို တွေ့ခဲ့ရတာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ အော်လ်ဘရိုက်တန် ကန်တင်ပေးတာကို ဟာဗီဘန်းစ်က လွတ်လွတ်ကျွတ်ကျွတ် အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် လက်စတာနဲ့ဆို သွေးကြွနေတတ်တဲ့ ရမ်းစ်ဒေးလ်က လက်စွမ်းပြကာကွယ်သွားခဲ့သလို ဧည့်သည်နည်းပြ ရော့ဂျားစ်ကတော့ သေချာပေါက် တစ်ဂိုးရပြီလို့ အောင်ပွဲခံဖို့ လုပ်ပြီးမှ အံ့ဩစိတ်ပျက်တဲ့ အမူအရာကို ပြသခဲ့တာကိုလည်း မြင်ခဲ့ရပါသေးတယ်။

အာတီတာရဲ့ ခံစစ်ကို တည်ဆောက်ပုံ၊ တစ်ဖက်တိုက်စစ်ကို Tempo ချပြီးမှ ထိန်းချုပ်ပုံနဲ့ တိုက်စစ်ဆင်ဖို့အတွက် စိတ်ရှည်တဲ့ ကစားပုံကို သွားတာတွေက ဂွါဒီယိုလာနဲ့ မန်ချက်စတာစီးတီးတို့ရဲ့ အိုင်ဒီယာတွေနဲ့လည်း မနီးရိုးစွဲ တူနေခဲ့တာကို တွေ့ရပြီး အရင်က လက်စတာရဲ့ ဝုန်းဒိုင်းကျဲ ကစားပုံမှာ ပျာယာခတ်တဲ့ ပုံစံမျိုးကို ဖျောက်ဖျက်နိုင်ခဲ့သလို အသင်းကြီးတစ်သင်းရဲ့ ကိုယ်ပိုင်ဟန်ကို စတင်ပုံဖော်နိုင်ခဲ့တာကိုလည်း ချီးကျူးရမှာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ အာဆင်နယ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ ပွဲအစတွေမှာ အားကောင်းတတ်တဲ့ ဂန်းနားတွေ ဆက်တိုက် ဖိကစားနေခဲ့သလို ပွဲချိန် ၄၇ မိနစ်မှာ ဘန်ဝှိုက်က အခွင့်အရေးကို လွဲချော်ခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ဆာကာရဲ့ မြေထောက်ကန်ချက်က အနည်းငယ် ပျော့ခဲ့လို့ ရှမိုက်ကယ် ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ ဘယ်ခြမ်းက ရတဲ့ ဖရီးကစ်ကို အော်ဒီဂွါဒ် ကန်တင်ပေးရာမှာ လာကာဇက်ရဲ့ ခေါင်းတိုက်ချက် ပြန်ထွက်လာတာကို ဘန်ဝှိုက်က ကန်သွင်းခဲ့ပေမယ့် ရှမိုက်ကယ် အနီးကပ် ကာကွယ်နိုင်ခဲ့ချိန်မှာ ပြန်ထွက်လာတဲ့ ဘောလုံးကို ပါတေးက ခေါင်းတိုက်သွင်းရာမှာတော့ သူ့ရဲ့ ဒုတိယဂိုးဖြစ်သွားနိုင်တဲ့ အချိန်မှာ ဆိုယွန်ကျူး လက်နဲ့ ပုတ်ခဲ့လို့ အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပါတယ်။

VAR နဲ့ ၄-၅ မိနစ်လောက်ကြာအောင် ပြန်လည်သုံးသပ်ခဲ့ရအပြီးမှာတော့ ဒိုင်လူကြီး တေလာက ကွင်းဘေး မော်နီတာက ပြန်ကြည့်ပြီး ပင်နယ်တီအဖြစ် အတည်ပြုပေးခဲ့ရတာကို လာကာဇက်က ပွဲချိန် ၅၉ မိနစ်အရောက်မှာ လက်စတာဂိုးသမား ရှမိုက်ကယ်ကို လှည့်စားကန်သွင်းပြီး ဒုတိယ ဦးဆောင်ဂိုးကို အိမ်ရှင်တွေအတွက် ရယူပေးနိုင်ခဲ့တာပါ။

ဒီဂိုးမှာ လာကာဇက် ဘောလုံးကို မထိခင် အာဆင်နယ်ကစားသမားတွေ ပင်နယ်တီဧရိယာထဲ ဝင်လာတယ်လို့ လက်စတာအသင်းခေါင်းဆောင် ဂိုးသမား ရှမိုက်ကယ်က ဒေါသတကြီးနဲ့ စောဒကတက်ခဲ့ပေမယ့် ဥပဒေအရ စည်းထဲ ကစားသမားတွေ ဝင်ရောက်မှုဟာ ဂိုးကန်သွင်းမှုနဲ့ နောက်ထပ် ဂိုးမဝင်လို့ ပိတ်သွင်းမှုတွေကိုသာ သက်ရောက်တဲ့အတွက် ရယ်စရာကိစ္စကို ဒိုင်လူကြီးက ပယ်ချသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လက်စတာတို့ဘက်က မန်ဒီ၊ ပါရဲရားနဲ့ အီဟန်နာချိုတို့အစား အန်ဒီဒီ၊ ဂျပ်စတင်နဲ့ ဒါကာတို့ကို လူစားလဲသွားခဲ့ပြီး အာဆင်နယ်တို့ကတော့ ခံစစ်ပြောင်းကစားခဲ့သလို ဘောလုံးကိုင်ခွင့်ပါ တစ်ဖက်ကို ပေးထားခဲ့ပြီး ဗျူဟာကျကျ ကစားနိုင်ဖို့ပဲ အာရုံစိုက်ထားခဲ့ပြီး မာတီနယ်လီ၊ ဆာကာနဲ့ လာကာဇက်တို့နေရာမှာ စမစ်ရိုး၊ ပေပေနဲ့ နကီးတီးယားတို့ကို ထည့်ပြီး ကစားအားနဲ့ ဖျက်အားကို ထိန်းသိမ်းသွားခဲ့တာပါ။

နာကျင်အချိန်ပို ၅ မိနစ်အပြီး ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို ၂၆ ပွဲကစား ၅၁ မှတ်နဲ့ မန်ချက်စတာယူနိုက်တက်ကို စနေနေ့အတွက် ခဏငှားထားတဲ့ အဆင့် ၄ ကို ပြန်တောင်းနိုင်ခဲ့ကြပြီး လက်စတာတို့ကတော့ ၂၆ ပွဲမှာ ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ၿပီးခဲ့တဲ့ ပြဲကနဲ႔ တစ္ထပ္တည္းတူတဲ့ လူစာရင္းနဲ႔ပဲ ပြဲထြက္ခဲ့သလို ခံစစ္မွာ ရမ္းစ္ေဒးလ္၊ ဆီးဒရစ္၊ ဘန္ဝႈိက္၊ ဂါဘရီယယ္လ္နဲ႔ တီယာနီ၊ ကြင္းလယ္မွာ ခ်ာကာ၊ ပါေတးနဲ႔ ေအာ္ဒီဂြါဒ္၊ တိုက္စစ္မွာ လာကာဇက္၊ မာတီနယ္လီနဲ႔ ဆာကာတို႔ပဲ ကစားခဲ့ၾကၿပီး တည္ၿငိမ္တဲ့ ပုံစံကို ျပသႏိုင္ခဲ့ပါတယ္။

လက္စတာကေတာ့ တိုက္စစ္ပိုင္းမွာ အႀကီးအက်ယ္ မတည္မၿငိမ္ျဖစ္ေနတဲ့ အသင္းျဖစ္ၿပီး နန္းက်သြားတဲ့ အယိုေဇ ပီရက္ဇ္၊ လြတ္ခ္မန္းတို႔ကို အရန္ခုံမွာပဲ ျမင္ခဲ့ရသလို အန္ဒီဒီနဲ႔ တီးလီးမန္းစ္တို႔ကိုပါ ထိုင္ခိုင္းထားၿပီး ဂ်ဴးစ္ဘာရီေဟာလ္နဲ႔ နမ္ပလီ မန္ဒီတို႔ကို မက္ဒီဆန္နဲ႔ တြဲေပးခဲ့တာက သိပ္ၿပီး အသားမေသခဲ့သလို တိုက္စစ္မွာေတာ့ ေအာ္လ္ဘ႐ိုက္တန္၊ ဟာဗီ ဘန္းစ္နဲ႔ အီဟန္နာခ်ိဳတို႔ပဲ ကစားခဲ့ၾကတာပါ။

အိမ္ရွင္ေတြအေနနဲ႔ ဘယ္ျခမ္းကေတာ့ ထုံးစံအတိုင္း ခ်ိန္ခြင္လွ်ာညီမွ်မႈ Balance ကို တီယာနီ၊ ခ်ာကာနဲ႔ မာတီနယ္လီတို႔ၾကား ရွာေဖြေနရဆဲျဖစ္ေပမယ့္ ညာျခမ္းကေတာ့ လုံးဝကို အဆင့္ျမင့္တန္းကို ေရာက္ေနခဲ့ခ်ိန္မွာ လက္စတာတို႔ရဲ႕ ခံစစ္ကသာ ခပ္ၾကမ္းၾကမ္း မကစားခဲ့ရင္ သူတို႔ေတြ ဂိုးျပတ္သြင္းယူႏိုင္ဖို႔ေတာင္ ရွိခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန အာဆင္နယ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၿပီး ညာျခမ္းကေန မာတီနယ္လီ ကန္တင္ေပးတာကို ပါေတးက သူ႔ကို ကပ္ထားတဲ့ လက္စတာေနာက္ခံလူေတြကို မသိမသာ ခြာထြက္ၿပီး လုခ္ ေသာမတ္စ္ရဲ႕ ေခါင္းေပၚက ေက်ာ္က်လာတဲ့ ေဘာလုံးကို အနီးတိုင္ဘက္ကို ေခါင္းတိုက္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာ ညာျခမ္းကေန အာဆင္နယ္တို႔ ထိုးေဖာက္လာတာကို လက္စတာတို႔ အသည္းအသန္ပုံစံနဲ႔ ကာကြယ္ခဲ့ရၿပီး ခ်ာကာက သူကန္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္ျပန္ခ်ေပးရာမွာ အဖြင့္ဂိုးရွင္ ပါေတးက ညာဘက္အေပၚေထာင့္ကို ကန္သြင္းဖို႔ ႀကိဳးစားတာက ကံမလိုက္ဘဲ ဘားစြန္းနဲ႔ပဲ ထိခဲ့ရသလို သူ႔အတြက္ေတာ့ ေျခနဲ႔ ကန္ၿပီး ဂိုးသြင္းျပဖို႔ ေစာင့္ဆိုင္းေနရဆဲျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဆာကာရဲ႕ ပင္နယ္တီျဖစ္ႏိုင္တဲ့ အခြင့္အေရးက ေဘာလုံးထြက္ၿပီးမွ ေျခေထာက္ကို ဆိုယြန္က်ဴးက ၿငိခဲ့တာဆိုၿပီး ဒိုင္လူႀကီး အန္ေထာ္နီ ေတလာက ျငင္းပယ္သြားခဲ့သလို ဒီကေန ထြက္လာတာကို တစ္ခ်ိန္လုံးျဖဳန္းေနၿပီး ဘယ္ျခမ္းမွာ အဆင္မေျပဘဲျဖစ္ေနတဲ့ မာတီနယ္လီ ကန္သြင္းခ်က္က ေပ်ာ့လြန္းခဲ့လို႔ ရွမိုက္ကယ္ ေအးေအးေဆးေဆးပဲ ဖမ္းယူႏိုင္ခဲ့ပါတယ္။

မာတီနယ္လီကေတာ့ Pressing ေတြမွာ မျပတ္သားသလို အသင္းေဖာ္ေတြနဲ႔ နားလည္မႈ နည္းေနၿပီး တစ္ပုံစံတည္း သြားေနခဲ့သလို အျပန္အလွန္ ေနရာယူ Opening ဖြင့္ေပးရမယ့္ အေနအထားေတြမွာ ဉာဏ္မပါဘဲ ကစားေနခဲ့တာေၾကာင့္ အာဆင္နယ္ဘယ္ျခမ္းက အလုပ္မျဖစ္ခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ ၂၅ မိနစ္မွာ သူကန္တာ ညံ့လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးမ်ိဳးကိုေတာင္ အျမန္ေျပးလိုက္ၿပီး အသင္းေဖာ္ေတြဆီ ျပန္ေပးဖို႔ ဆႏၵမရွိခဲ့တာကို ေတြ႕ခဲ့ရတာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ေအာ္လ္ဘ႐ိုက္တန္ ကန္တင္ေပးတာကို ဟာဗီဘန္းစ္က လြတ္လြတ္ကြၽတ္ကြၽတ္ အပိုင္ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ လက္စတာနဲ႔ဆို ေသြးႂကြေနတတ္တဲ့ ရမ္းစ္ေဒးလ္က လက္စြမ္းျပကာကြယ္သြားခဲ့သလို ဧည့္သည္နည္းျပ ေရာ့ဂ်ားစ္ကေတာ့ ေသခ်ာေပါက္ တစ္ဂိုးရၿပီလို႔ ေအာင္ပြဲခံဖို႔ လုပ္ၿပီးမွ အံ့ဩစိတ္ပ်က္တဲ့ အမူအရာကို ျပသခဲ့တာကိုလည္း ျမင္ခဲ့ရပါေသးတယ္။

အာတီတာရဲ႕ ခံစစ္ကို တည္ေဆာက္ပုံ၊ တစ္ဖက္တိုက္စစ္ကို Tempo ခ်ၿပီးမွ ထိန္းခ်ဳပ္ပုံနဲ႔ တိုက္စစ္ဆင္ဖို႔အတြက္ စိတ္ရွည္တဲ့ ကစားပုံကို သြားတာေတြက ဂြါဒီယိုလာနဲ႔ မန္ခ်က္စတာစီးတီးတို႔ရဲ႕ အိုင္ဒီယာေတြနဲ႔လည္း မနီး႐ိုးစြဲ တူေနခဲ့တာကို ေတြ႕ရၿပီး အရင္က လက္စတာရဲ႕ ဝုန္းဒိုင္းက်ဲ ကစားပုံမွာ ပ်ာယာခတ္တဲ့ ပုံစံမ်ိဳးကို ေဖ်ာက္ဖ်က္ႏိုင္ခဲ့သလို အသင္းႀကီးတစ္သင္းရဲ႕ ကိုယ္ပိုင္ဟန္ကို စတင္ပုံေဖာ္ႏိုင္ခဲ့တာကိုလည္း ခ်ီးက်ဴးရမွာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ အာဆင္နယ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ ပြဲအစေတြမွာ အားေကာင္းတတ္တဲ့ ဂန္းနားေတြ ဆက္တိုက္ ဖိကစားေနခဲ့သလို ပြဲခ်ိန္ ၄၇ မိနစ္မွာ ဘန္ဝႈိက္က အခြင့္အေရးကို လြဲေခ်ာ္ခဲ့ၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဆာကာရဲ႕ ေျမေထာက္ကန္ခ်က္က အနည္းငယ္ ေပ်ာ့ခဲ့လို႔ ရွမိုက္ကယ္ ကာကြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဘယ္ျခမ္းက ရတဲ့ ဖရီးကစ္ကို ေအာ္ဒီဂြါဒ္ ကန္တင္ေပးရာမွာ လာကာဇက္ရဲ႕ ေခါင္းတိုက္ခ်က္ ျပန္ထြက္လာတာကို ဘန္ဝႈိက္က ကန္သြင္းခဲ့ေပမယ့္ ရွမိုက္ကယ္ အနီးကပ္ ကာကြယ္ႏိုင္ခဲ့ခ်ိန္မွာ ျပန္ထြက္လာတဲ့ ေဘာလုံးကို ပါေတးက ေခါင္းတိုက္သြင္းရာမွာေတာ့ သူ႔ရဲ႕ ဒုတိယဂိုးျဖစ္သြားႏိုင္တဲ့ အခ်ိန္မွာ ဆိုယြန္က်ဴး လက္နဲ႔ ပုတ္ခဲ့လို႔ အာဆင္နယ္တို႔ ပင္နယ္တီရခဲ့ပါတယ္။

VAR နဲ႔ ၄-၅ မိနစ္ေလာက္ၾကာေအာင္ ျပန္လည္သုံးသပ္ခဲ့ရအၿပီးမွာေတာ့ ဒိုင္လူႀကီး ေတလာက ကြင္းေဘး ေမာ္နီတာက ျပန္ၾကည့္ၿပီး ပင္နယ္တီအျဖစ္ အတည္ျပဳေပးခဲ့ရတာကို လာကာဇက္က ပြဲခ်ိန္ ၅၉ မိနစ္အေရာက္မွာ လက္စတာဂိုးသမား ရွမိုက္ကယ္ကို လွည့္စားကန္သြင္းၿပီး ဒုတိယ ဦးေဆာင္ဂိုးကို အိမ္ရွင္ေတြအတြက္ ရယူေပးႏိုင္ခဲ့တာပါ။

ဒီဂိုးမွာ လာကာဇက္ ေဘာလုံးကို မထိခင္ အာဆင္နယ္ကစားသမားေတြ ပင္နယ္တီဧရိယာထဲ ဝင္လာတယ္လို႔ လက္စတာအသင္းေခါင္းေဆာင္ ဂိုးသမား ရွမိုက္ကယ္က ေဒါသတႀကီးနဲ႔ ေစာဒကတက္ခဲ့ေပမယ့္ ဥပေဒအရ စည္းထဲ ကစားသမားေတြ ဝင္ေရာက္မႈဟာ ဂိုးကန္သြင္းမႈနဲ႔ ေနာက္ထပ္ ဂိုးမဝင္လို႔ ပိတ္သြင္းမႈေတြကိုသာ သက္ေရာက္တဲ့အတြက္ ရယ္စရာကိစၥကို ဒိုင္လူႀကီးက ပယ္ခ်သြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လက္စတာတို႔ဘက္က မန္ဒီ၊ ပါရဲရားနဲ႔ အီဟန္နာခ်ိဳတို႔အစား အန္ဒီဒီ၊ ဂ်ပ္စတင္နဲ႔ ဒါကာတို႔ကို လူစားလဲသြားခဲ့ၿပီး အာဆင္နယ္တို႔ကေတာ့ ခံစစ္ေျပာင္းကစားခဲ့သလို ေဘာလုံးကိုင္ခြင့္ပါ တစ္ဖက္ကို ေပးထားခဲ့ၿပီး ဗ်ဴဟာက်က် ကစားႏိုင္ဖို႔ပဲ အာ႐ုံစိုက္ထားခဲ့ၿပီး မာတီနယ္လီ၊ ဆာကာနဲ႔ လာကာဇက္တို႔ေနရာမွာ စမစ္႐ိုး၊ ေပေပနဲ႔ နကီးတီးယားတို႔ကို ထည့္ၿပီး ကစားအားနဲ႔ ဖ်က္အားကို ထိန္းသိမ္းသြားခဲ့တာပါ။

နာက်င္အခ်ိန္ပို ၅ မိနစ္အၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ၂၆ ပြဲကစား ၅၁ မွတ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို စေနေန႔အတြက္ ခဏငွားထားတဲ့ အဆင့္ ၄ ကို ျပန္ေတာင္းႏိုင္ခဲ့ၾကၿပီး လက္စတာတို႔ကေတာ့ ၂၆ ပြဲမွာ ရမွတ္ ၃၃ မွတ္နဲ႔ အဆင့္ ၁၂ ေနရာမွာ ရပ္တည္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.