Match Report Premier League

နိုင်ပွဲလို နိုင်ပွဲရပြီး ပေါ့ဆတဲ့ နယူးကာဆယ်လ်ကို ပညာပေးတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ လူစာရင်းကို ဒီနေ့မှာ ၄-၃-၃ ပုံစံ ကစားလာခဲ့ပြီး ခံစစ်မှာ ချာလိုဘာ၊ ခရစ္စတင်ဆန်၊ ရူဒီဂါနဲ့ မာလန်းဆားရ်တို့ တိုက်စစ်သိပ်မလိုက်ဘဲ ကစားခဲ့ကြသလို ကွင်းလယ်မှာတော့ ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ကို မေဆန်မောင့်နဲ့ တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ ဇီးယက်ရှ်၊ ဟာဗတ်ဇ်နဲ့ တီမို ဗာနာတို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

နယူးကာဆယ်လ်ကတော့ ချဲလ်ဆီးကို ခံစစ်ကစားဖို့ပဲ တွေးလာခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ စန်မက်ဇီမန်နဲ့ ဖရေဆာတို့ကို အရန်ခုံမှာသာ ထားခဲ့သလို တိုက်စစ်မှာ ခရစ္စဝုဒ် တစ်ယောက်တည်းကို အထောင်ထားခဲ့ပြီး ကွင်းလယ်မှာ မာဖီ၊ လောင်းစတပ်ဖ်၊ အယ်လ်မီရွန်နဲ့ ဘရူနို ဂီမာရိုင်းစ်တို့ ကစားခဲ့ချိန်မှာ ခံစစ်မှာတော့ တားဂက်၊ ဒန်ဘန်း၊ ရှား၊ လာဆယ်လက်စ်နဲ့ မန်ကီးယိုတို့ ငါးဦးနဲ့ ၅-၄-၁ ပုံစံ ကစားလာခဲ့တာပါ။

ဒီနေ့ပွဲကိုတော့ ပရိသတ် ၄၀၀၂၆ ဦး လာရောက်ကြည့်ရှုခဲ့ကြပြီး ကွင်းဝင်ဆံ့တဲ့ ပမာဏရဲ့ ၉၅.၆ ရာခိုင်နှုန်းအထိ ရှိခဲ့တာကြောင့် ပရိသတ်တွေကို ပိတ်ပင်မှုက အကျိုးမသက်ရောက်သေးတာကို တွေ့ခဲ့ရသလို လာမယ့်ပွဲ ဘရန့်ဖို့ဒ်နဲ့အတွက်ကိုတော့ လက်မှတ်မရနိုင်တော့ဘူးလို့ စတမ်းဖို့ဒ်ဘရစ်ချ် ကွင်းအပြင်မှာ ကြေငြာထားခဲ့ပါတယ်။

ချဲလ်ဆီးတို့ ဖိကစားပေမယ့် အလုပ်ဖြစ်မှုနည်းခဲ့သလို နယူးကာဆယ်လ်ဘက်ကလည်း ရိုးရိုးသားသား မကစားဘဲ ပြိုင်ဘက်အသင်းအပေါ် သိပ်မလေးစားတဲ့ ပုံစံမျိုးနဲ့ လှုပ်ရှားနေခဲ့လို့ သူတို့တွေအတွက် တိုက်စစ်ဆင်နိုင်ခွင့်က လျော့ကျခဲ့ရပြီး မေဆန်မောင့်နဲ့ တီမို ဗာနာတို့ရဲ့ ကန်ချက်တွေက စိတ်ပျက်စရာပဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာ ခေါင်းတိုက်ရာမှာ လက်မြှောက်ပြီး ဝင်တဲ့ ဟာဗတ်ဇ် အဝါကတ်ပြခံခဲ့ရတာကလွဲလို့ တစ်ချိန်လုံးမှာ ထူးထူးခြားခြား ပြောစရာမရှိခဲ့ဘဲ ဒီအဖြစ်ကိုတော့ VAR က အဝါကတ်ထက် ပိုပြီး ပြသသင့်ကြောင်း ကန့်ကွက်တာမျိုးလည်း မရှိခဲ့တာကြောင့် လူတစ်ယောက် အသာလိုချင်တဲ့ နယူးကာဆယ်လ်ပရိသတ်တွေ စိတ်ပျက်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာ ဖရီးကစ်ကနေ ပြန်ထွက်လာတာကို ပါရာဂွေးသား အယ်လ်မီရွန်ရဲ့ ဧရိယာထိပ်ကနေ Volley ကန်ချက်က ကောင်းပေမယ့် ဂိုးသမား မန်ဒီ သတိကြီးကြီးနဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်တွေ သက်သာခဲ့ရပြီး ပထမပိုင်းမှာ ချဲလ်ဆီးနဲ့ နယူးကာဆယ်လ်တို့ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ဘရူနို ဂီမာရိုင်းစ်တို့ ထောင့်ဖြတ်ကန်ချက်နဲ့ ခြိမ်းခြောက်မှုက တိုင်ဘေးကနေပဲ ကျေနပ်ခဲ့ရသလို ဘယ်တောင်ပံကနေ တိုက်စစ်ဆင်လာတဲ့ မာဖီရဲ့ အင်္ကျီကို သေသေချာချာ မိမိရရ ဆုပ်ဆွဲပြီး ဘောလုံးဖျက်နေတဲ့ ချာလိုဘာရဲ့ ပင်နယ်တီဧရိယာထဲက ဖျက်ထုတ်မှုကိုတော့ ဒိုင်လူကြီး ဒေးဗစ် ကူးထ်က မယုံနိုင်လောက်အောင် မျက်ကွယ်ပြုသွားခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ တစ်ယောက်တည်း လွတ်ထွက်လာတဲ့ တီမို ဗာနာကို ဂိုးသမား ဒူဘရက်ဗ်ကာက ခြေချိတ်မိခဲ့ပေမယ့် လူကျွံနေခဲ့လို့ ငှက်ကျားတွေ ပင်နယ်တီ မပေးခဲ့ရဘဲ သက်သာခဲ့ရအပြီး ချဲလ်ဆီးဘက်က ဗာနာအစား လူကာကူ၊ မေဆန်မောင့်အစား ကိုဗာချစ်နဲ့ မာလန်းဆားရ်အစား ပူလီရှစ်ချ်တို့ကို ထည့်သွင်းခဲ့ပြီး နယူးကာဆယ်လ်ဘက်ကတော့ အယ်လ်မီရွန်အစား စန်မက်ဇီမန် ဝင်လာခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာ ဇီးယက်ရှ်ရဲ့ ညာတောင်ပံက ဖြတ်တင်ဘောကို ဟာဗတ်ဇ် အနီးကပ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမားတည့်တည့်ပဲ ရောက်သွားခဲ့ပြီး ပွဲချိန် ၈၆ မိနစ်မှာတော့ တားဂက်ရဲ့ ဖရီးကစ်ကို နောက်ခံလူ ရှား ခေါင်းတိုက်ခွင့်ရခဲ့တာကိုလည်း ဂိုးသမား မန်ဒီက နေရာယူမှန်မှန်နဲ့ ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ကွင်းလယ်က ဂျော်ဂျင်ညိုရဲ့ အဝေးဘော ပေးပို့မှုကို ဟာဗတ်ဇ်က ပထမပိုင်းတုန်းက သူတံတောင်စာကျွေးထားတဲ့ နောက်ခံလူ ဒန်ဘန်းကို ခွာထွက်ပြီး ဂိုးသမား ဒူဘရက်ဗ်ကာနဲ့ အတွေ့မှာ တိကျလွန်းတဲ့ အထိန်းအသိမ်းနဲ့ အနီးကပ်ကန်သွင်းပြီး အဆုံးသတ်နိုင်ခဲ့လို့ အိမ်ရှင်ပရိသတ်တွေ ဝမ်းသာနိုင်ခဲ့ကြပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာတော့ နယူးကာဆယ်လ်တို့ဘက်က မာဖီနဲ့ မန်ကီးယိုတို့ နေရာတွေမှာ ဒွိုက်ဂိုင်းလ်နဲ့ ဖရေဆာတို့ကို ထည့်ကစားပြီး တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် လေးလေးစားစား မကစားသလို အာရုံစူးစိုက်မှု မရှိဘဲ ပလာတာများနေခဲ့တဲ့ စန်မက်ဇီမန်နဲ့ ရှေ့တန်းတွေကြောင့် နည်းပြ အက်ဒီဟောင်းအနေနဲ့ အခြေအနေကို ပြောင်းလဲနိုင်ခြင်းမရှိဘဲ စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်မြှောက်ခဲ့ကြရတာပါ။

ပွဲပြီးဆုံးချိန်မှာတော့ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ကြပြီး အာဆင်နယ်နဲ့ နောက်က အသင်းတွေ လိုက်လာနေတဲ့ အနေအထားကို အမှားမခံဘဲ အဆင့် ၃ ကို ဆက်လက်ထိန်းသိမ်းဖို့ ခိုင်မြဲစေနိုင်ခဲ့သလို အသင်းမှာ ကြုံတွေ့နေရတဲ့ ပိတ်ပင်တားဆီးမှုတွေနဲ့ အခက်အခဲတွေကို မရှိသလိုပဲ သဘောထားပြီး တုံ့ပြန်နိုင်ခဲ့ကြကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ လူစာရင္းကို ဒီေန႔မွာ ၄-၃-၃ ပုံစံ ကစားလာခဲ့ၿပီး ခံစစ္မွာ ခ်ာလိုဘာ၊ ခရစၥတင္ဆန္၊ ႐ူဒီဂါနဲ႔ မာလန္းဆားရ္တို႔ တိုက္စစ္သိပ္မလိုက္ဘဲ ကစားခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ကို ေမဆန္ေမာင့္နဲ႔ တြဲေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဇီးယက္ရွ္၊ ဟာဗတ္ဇ္နဲ႔ တီမို ဗာနာတို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

နယူးကာဆယ္လ္ကေတာ့ ခ်ဲလ္ဆီးကို ခံစစ္ကစားဖို႔ပဲ ေတြးလာခဲ့ၿပီး အသင္းရဲ႕ တိုက္စစ္မွာ ေျခစြမ္းျပေနတဲ့ စန္မက္ဇီမန္နဲ႔ ဖေရဆာတို႔ကို အရန္ခုံမွာသာ ထားခဲ့သလို တိုက္စစ္မွာ ခရစၥဝုဒ္ တစ္ေယာက္တည္းကို အေထာင္ထားခဲ့ၿပီး ကြင္းလယ္မွာ မာဖီ၊ ေလာင္းစတပ္ဖ္၊ အယ္လ္မီ႐ြန္နဲ႔ ဘ႐ူႏို ဂီမာ႐ိုင္းစ္တို႔ ကစားခဲ့ခ်ိန္မွာ ခံစစ္မွာေတာ့ တားဂက္၊ ဒန္ဘန္း၊ ရွား၊ လာဆယ္လက္စ္နဲ႔ မန္ကီးယိုတို႔ ငါးဦးနဲ႔ ၅-၄-၁ ပုံစံ ကစားလာခဲ့တာပါ။

ဒီေန႔ပြဲကိုေတာ့ ပရိသတ္ ၄၀၀၂၆ ဦး လာေရာက္ၾကည့္ရႈခဲ့ၾကၿပီး ကြင္းဝင္ဆံ့တဲ့ ပမာဏရဲ႕ ၉၅.၆ ရာခိုင္ႏႈန္းအထိ ရွိခဲ့တာေၾကာင့္ ပရိသတ္ေတြကို ပိတ္ပင္မႈက အက်ိဳးမသက္ေရာက္ေသးတာကို ေတြ႕ခဲ့ရသလို လာမယ့္ပြဲ ဘရန႔္ဖို႔ဒ္နဲ႔အတြက္ကိုေတာ့ လက္မွတ္မရႏိုင္ေတာ့ဘူးလို႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ ကြင္းအျပင္မွာ ေၾကျငာထားခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ ဖိကစားေပမယ့္ အလုပ္ျဖစ္မႈနည္းခဲ့သလို နယူးကာဆယ္လ္ဘက္ကလည္း ႐ိုး႐ိုးသားသား မကစားဘဲ ၿပိဳင္ဘက္အသင္းအေပၚ သိပ္မေလးစားတဲ့ ပုံစံမ်ိဳးနဲ႔ လႈပ္ရွားေနခဲ့လို႔ သူတို႔ေတြအတြက္ တိုက္စစ္ဆင္ႏိုင္ခြင့္က ေလ်ာ့က်ခဲ့ရၿပီး ေမဆန္ေမာင့္နဲ႔ တီမို ဗာနာတို႔ရဲ႕ ကန္ခ်က္ေတြက စိတ္ပ်က္စရာပဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာ ေခါင္းတိုက္ရာမွာ လက္ေျမႇာက္ၿပီး ဝင္တဲ့ ဟာဗတ္ဇ္ အဝါကတ္ျပခံခဲ့ရတာကလြဲလို႔ တစ္ခ်ိန္လုံးမွာ ထူးထူးျခားျခား ေျပာစရာမရွိခဲ့ဘဲ ဒီအျဖစ္ကိုေတာ့ VAR က အဝါကတ္ထက္ ပိုၿပီး ျပသသင့္ေၾကာင္း ကန႔္ကြက္တာမ်ိဳးလည္း မရွိခဲ့တာေၾကာင့္ လူတစ္ေယာက္ အသာလိုခ်င္တဲ့ နယူးကာဆယ္လ္ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာ ဖရီးကစ္ကေန ျပန္ထြက္လာတာကို ပါရာေဂြးသား အယ္လ္မီ႐ြန္ရဲ႕ ဧရိယာထိပ္ကေန Volley ကန္ခ်က္က ေကာင္းေပမယ့္ ဂိုးသမား မန္ဒီ သတိႀကီးႀကီးနဲ႔ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ သက္သာခဲ့ရၿပီး ပထမပိုင္းမွာ ခ်ဲလ္ဆီးနဲ႔ နယူးကာဆယ္လ္တို႔ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ ဘ႐ူႏို ဂီမာ႐ိုင္းစ္တို႔ ေထာင့္ျဖတ္ကန္ခ်က္နဲ႔ ၿခိမ္းေျခာက္မႈက တိုင္ေဘးကေနပဲ ေက်နပ္ခဲ့ရသလို ဘယ္ေတာင္ပံကေန တိုက္စစ္ဆင္လာတဲ့ မာဖီရဲ႕ အက်ႌကို ေသေသခ်ာခ်ာ မိမိရရ ဆုပ္ဆြဲၿပီး ေဘာလုံးဖ်က္ေနတဲ့ ခ်ာလိုဘာရဲ႕ ပင္နယ္တီဧရိယာထဲက ဖ်က္ထုတ္မႈကိုေတာ့ ဒိုင္လူႀကီး ေဒးဗစ္ ကူးထ္က မယုံႏိုင္ေလာက္ေအာင္ မ်က္ကြယ္ျပဳသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ တစ္ေယာက္တည္း လြတ္ထြက္လာတဲ့ တီမို ဗာနာကို ဂိုးသမား ဒူဘရက္ဗ္ကာက ေျခခ်ိတ္မိခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ ငွက္က်ားေတြ ပင္နယ္တီ မေပးခဲ့ရဘဲ သက္သာခဲ့ရအၿပီး ခ်ဲလ္ဆီးဘက္က ဗာနာအစား လူကာကူ၊ ေမဆန္ေမာင့္အစား ကိုဗာခ်စ္နဲ႔ မာလန္းဆားရ္အစား ပူလီရွစ္ခ်္တို႔ကို ထည့္သြင္းခဲ့ၿပီး နယူးကာဆယ္လ္ဘက္ကေတာ့ အယ္လ္မီ႐ြန္အစား စန္မက္ဇီမန္ ဝင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာ ဇီးယက္ရွ္ရဲ႕ ညာေတာင္ပံက ျဖတ္တင္ေဘာကို ဟာဗတ္ဇ္ အနီးကပ္ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးသမားတည့္တည့္ပဲ ေရာက္သြားခဲ့ၿပီး ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ တားဂက္ရဲ႕ ဖရီးကစ္ကို ေနာက္ခံလူ ရွား ေခါင္းတိုက္ခြင့္ရခဲ့တာကိုလည္း ဂိုးသမား မန္ဒီက ေနရာယူမွန္မွန္နဲ႔ ကာကြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ကြင္းလယ္က ေဂ်ာ္ဂ်င္ညိဳရဲ႕ အေဝးေဘာ ေပးပို႔မႈကို ဟာဗတ္ဇ္က ပထမပိုင္းတုန္းက သူတံေတာင္စာေကြၽးထားတဲ့ ေနာက္ခံလူ ဒန္ဘန္းကို ခြာထြက္ၿပီး ဂိုးသမား ဒူဘရက္ဗ္ကာနဲ႔ အေတြ႕မွာ တိက်လြန္းတဲ့ အထိန္းအသိမ္းနဲ႔ အနီးကပ္ကန္သြင္းၿပီး အဆုံးသတ္ႏိုင္ခဲ့လို႔ အိမ္ရွင္ပရိသတ္ေတြ ဝမ္းသာႏိုင္ခဲ့ၾကပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာေတာ့ နယူးကာဆယ္လ္တို႔ဘက္က မာဖီနဲ႔ မန္ကီးယိုတို႔ ေနရာေတြမွာ ဒြိဳက္ဂိုင္းလ္နဲ႔ ဖေရဆာတို႔ကို ထည့္ကစားၿပီး တိုက္စစ္ဆင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေလးေလးစားစား မကစားသလို အာ႐ုံစူးစိုက္မႈ မရွိဘဲ ပလာတာမ်ားေနခဲ့တဲ့ စန္မက္ဇီမန္နဲ႔ ေရွ႕တန္းေတြေၾကာင့္ နည္းျပ အက္ဒီေဟာင္းအေနနဲ႔ အေျခအေနကို ေျပာင္းလဲႏိုင္ျခင္းမရွိဘဲ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ လက္ေျမႇာက္ခဲ့ၾကရတာပါ။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္သုံးမွတ္ကို ရယူႏိုင္ခဲ့ၾကၿပီး အာဆင္နယ္နဲ႔ ေနာက္က အသင္းေတြ လိုက္လာေနတဲ့ အေနအထားကို အမွားမခံဘဲ အဆင့္ ၃ ကို ဆက္လက္ထိန္းသိမ္းဖို႔ ခိုင္ၿမဲေစႏိုင္ခဲ့သလို အသင္းမွာ ႀကဳံေတြ႕ေနရတဲ့ ပိတ္ပင္တားဆီးမႈေတြနဲ႔ အခက္အခဲေတြကို မရွိသလိုပဲ သေဘာထားၿပီး တုံ႔ျပန္ႏိုင္ခဲ့ၾကေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.