Premier League

အာဆင်နယ် ချန်ပီယံလိဂ်ဝင်ခွင့်မရအောင် ကစားဖို့ အသင်းသားတွေကို စိန်ခေါ်လိုက်တဲ့ ရန်းနစ်ခ်

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်အတွက်တော့ ထိပ်ဆုံး ၄ နေရာပြိုင်ပွဲမှာ အာဆင်နယ်ကို အနိုင်ယူဖို့ တာဝန်က ရိုးရှင်းနေပုံရပါတယ်။

ပြီးခဲ့တဲ့အပတ်က မန်ချက်စတာဒါဘီမှာ ၄-၁ နဲ့ ရှုံးနိမ့်ခဲ့မှုနဲ့ အာဆင်နယ်ရဲ့ ဝက်ဖို့ဒ်ကို အနိုင်ရမှုကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာတော့ ၃ ပွဲကစားဖို့ ကျန်နေသေးချိန်မှာ မန်ချက်စတာယူနိုက်တက်ထက် ၁ မှတ်အသာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာမှာ ရပ်တည်နေတာကြောင့် ထိပ်ဆုံး ၄ နေရာပြိုင်ပွဲကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

အဲဒါကြောင့် မီဒီယာတွေက မြောက်လန်ဒန်ကလပ်အသင်းဟာ လက်ရှိမှာ ထိပ်ဆုံး ၄ နေရာပြိုင်ပွဲအတွက် မန်ချက်စတာယူနိုက်တက်၊ ဝက်စ်ဟမ်းနဲ့ စပါးစ်တို့ထက်ပိုပြီး အနိုင်ရဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ ပြောဆိုမှုတွေ ရှိလာစေခဲ့တာဖြစ်ပါတယ်။ ရန်းနစ်ခ်က လက်ရှိအချိန်မှာ ထိပ်ဆုံး ၄ နေရာပြိုင်ပွဲက အာဆင်နယ်ရဲ့လက်ထဲမှာ ရှိတယ်လို့ ဝန်ခံခဲ့ပေမယ့်လည်း ၎င်းရဲ့အသင်းကို အခုကနေ ရာသီကုန်အထိ အမ်းမရိတ်စ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ပြန်လည်မြင်တွေ့ရမှာကို ရပ်တန့်ဖို့အတွက် ပြီးပြည့်စုံအောင် လုပ်ကြဖို့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ထိပ်ဆုံး ၄ နေရာအတွက် ရေပန်းအစားဆုံးဖြစ်နေပြီလားလို့ မေးမြန်းခဲ့တဲ့အချိန်မှာ ရန်းနစ်ခ်က “ဟုတ်ပါတယ်။ ကျွန်တော်တို့အသင်းတင်မဟုတ်ဘဲ အခြား အသင်း ၂ သင်း ဒါမှမဟုတ် ၃ သင်းအတွက်တော့ တူနေတယ်ဆိုတာ မှန်ပါတယ်။ သူတို့တွေက အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ အနေအထားမှာ ရှိနေပုံရပေမယ့် ၁၀ ပွဲ ကစားဖို့ ကျန်နေပါသေးတယ်။ ကျွန်တော်တို့ရဲ့ ပွဲစဉ်တွေကို ကျွန်တော်တို့ ဂရုစိုက်ပြီး နောက်ထပ် အမှတ်တွေ မလျော့ကျဖို့ လုပ်ရမယ်ဆိုတာ ကျွန်တော်တို့ အပြည့်အဝ သတိပြုမိပါတယ်”

ရန်းနစ်ခ်က မန်ချက်စတာယူနိုက်တက်အသင်းသားတွေကို လက်ကျန် ပရီးမီးယားလိဂ် ၁၀ ပွဲစလုံးမှာ အနိုင်ကစားဖို့အတွက် စိန်ခေါ်မှုက တကယ်ဖြစ်လာခဲ့မယ်ဆိုရင် ၎င်းတို့အနေနဲ့ ၇၇ မှတ်နဲ့ ရာသီပြီးဆုံးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီရမှတ်က အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာတိုက်ပွဲမှာ အနိုင်ရဖို့အတွက် မလုံလောက်တာဖြစ်ကောင်းဖြစ်နိုင်ပြီး ဘာကြောင့်လဲဆိုရင် လာမယ့်လမှာ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ အမ်းမရိတ်စ်မှာ တွေ့ဆုံရမှာကြောင့် ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက အနိုင်ရရှိသွားခဲ့ပြီး အိမ်ရှင် အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင်မှ မြောက်လန်ဒန်ကလပ်အသင်းဟာ ရမှတ် ၇၉ မှတ်အထိ ရရှိနိုင်သေးတာကြောင့် ဖြစ်ပြီး အဲဒါကြောင့် ရန်းနစ်ခ်ရဲ့ မန်ချက်စတာယူနိုက်တက်အတွက် ပြီးပြည့်စုံမှု ရှာပုံတော်ခရီးဟာ ယနေ့ စပါးစ်နဲ့ပွဲစဉ်မှာ စတင်မှာဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ပွဲစဉ်ဟာ အာဆင်နယ်အတွက် ထိပ်ဆုံး ၄ နေရာပြိုင်ပွဲမှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ မန်စီးတီးနဲ့ပွဲမှာ မပါဝင်ခဲ့တဲ့ ရော်နယ်လ်ဒိုကို လူစာရင်းထဲမှာ ပြန်လည်ခေါ်ယူထားတာကြောင့် အားတက်စရာဖြစ်ခဲ့ပါတယ်။

အဲဒီအပြင် ယခုရာသီအစောပိုင်းတုန်းက စပါးစ်နဲ့ တွေ့ဆုံခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကာဗာနီလည်း ပွဲထွက်လူစာရင်းအတွက် ရွေးချယ်လို့ရနိုင်တဲ့အခြေအနေမှာရှိနေတာဖြစ်ပြီး နည်းပြ ရန်းနစ်ခ်က “ခရစ္စတီယာနိုက မနေ့က လေ့ကျင့်ရေးပြန်ဆင်းခဲ့တယ်။ သူ လေ့ကျင့်ရေးတစ်ချိန်လုံးကို လေ့ကျင့်ခဲ့ပြီး ဒီနေ့မှာလည်း သူ လေ့ကျင့်ရေးဆင်းမယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ သူ ကျန်တဲ့ သူတွေအားလုံးလိုပဲ ကောင်းကောင်း လေ့ကျင့်ခဲ့တယ်။ အဲဒီတော့ သူ မနက်ဖြန်ပွဲစဉ်အတွက် ပါဝင်ကစားပေးနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အရေးကြီးတာက သူနဲ့ ကာဗာနီတို့ ၂ ဦးစလုံး လေ့ကျင့်ရေးပြန်ဆင်းနိုင်ခဲ့ပြီး ပွဲအတွက် ပါဝင်ကစားပေးနိုင်တဲ့အခြေအနေမှာ ရှိနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ ယာယီနည္းၿပ ရာ့လ္ဖ္ ရန္းနစ္ခ္အတြက္ေတာ့ ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲမွာ အာဆင္နယ္ကို အနိုင္ယူဖို႔ တာဝန္က ရိုးရွင္းေနပုံရပါတယ္။

ၿပီးခဲ့တဲ့အပတ္က မန္ခ်က္စတာဒါဘီမွာ ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့မႈနဲ႔ အာဆင္နယ္ရဲ့ ဝက္ဖို႔ဒ္ကို အနိုင္ရမႈေၾကာင့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ပိုင္းမွာ အေျပာင္းအလဲေတြ ျဖစ္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ လက္ရွိမွာေတာ့ ၃ ပြဲကစားဖို႔ က်န္ေနေသးခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္ထက္ ၁ မွတ္အသာနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာမွာ ရပ္တည္ေနတာေၾကာင့္ ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲကို ထိန္းခ်ဳပ္ထားနိုင္ၿပီျဖစ္ပါတယ္။

အဲဒါေၾကာင့္ မီဒီယာေတြက ေျမာက္လန္ဒန္ကလပ္အသင္းဟာ လက္ရွိမွာ ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲအတြက္ မန္ခ်က္စတာယူနိုက္တက္၊ ဝက္စ္ဟမ္းနဲ႔ စပါးစ္တို႔ထက္ပိုၿပီး အနိုင္ရဖို႔ ေရပန္းအစားဆုံးျဖစ္ေနတယ္လို႔ ေျပာဆိုမႈေတြ ရွိလာေစခဲ့တာျဖစ္ပါတယ္။ ရန္းနစ္ခ္က လက္ရွိအခ်ိန္မွာ ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲက အာဆင္နယ္ရဲ့လက္ထဲမွာ ရွိတယ္လို႔ ဝန္ခံခဲ့ေပမယ့္လည္း ၎ရဲ့အသင္းကို အခုကေန ရာသီကုန္အထိ အမ္းမရိတ္စ္မွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြ ျပန္လည္ျမင္ေတြ႕ရမွာကို ရပ္တန႔္ဖို႔အတြက္ ၿပီးျပည့္စုံေအာင္ လုပ္ၾကဖို႔ စိန္ေခၚခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းက ထိပ္ဆုံး ၄ ေနရာအတြက္ ေရပန္းအစားဆုံးျဖစ္ေနၿပီလားလို႔ ေမးျမန္းခဲ့တဲ့အခ်ိန္မွာ ရန္းနစ္ခ္က “ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔အသင္းတင္မဟုတ္ဘဲ အျခား အသင္း ၂ သင္း ဒါမွမဟုတ္ ၃ သင္းအတြက္ေတာ့ တူေနတယ္ဆိုတာ မွန္ပါတယ္။ သူတို႔ေတြက အေကာင္းဆုံးျဖစ္နိုင္ေျခရွိတဲ့ အေနအထားမွာ ရွိေနပုံရေပမယ့္ ၁၀ ပြဲ ကစားဖို႔ က်န္ေနပါေသးတယ္။ ကၽြန္ေတာ္တို႔ရဲ့ ပြဲစဥ္ေတြကို ကၽြန္ေတာ္တို႔ ဂ႐ုစိုက္ၿပီး ေနာက္ထပ္ အမွတ္ေတြ မေလ်ာ့က်ဖို႔ လုပ္ရမယ္ဆိုတာ ကၽြန္ေတာ္တို႔ အျပည့္အဝ သတိျပဳမိပါတယ္”

ရန္းနစ္ခ္က မန္ခ်က္စတာယူနိုက္တက္အသင္းသားေတြကို လက္က်န္ ပရီးမီးယားလိဂ္ ၁၀ ပြဲစလုံးမွာ အနိုင္ကစားဖို႔အတြက္ စိန္ေခၚမႈက တကယ္ျဖစ္လာခဲ့မယ္ဆိုရင္ ၎တို႔အေနနဲ႔ ၇၇ မွတ္နဲ႔ ရာသီၿပီးဆုံးနိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီရမွတ္က အမွတ္ေပးဇယား ထိပ္ဆုံး ၄ ေနရာတိုက္ပြဲမွာ အနိုင္ရဖို႔အတြက္ မလုံေလာက္တာျဖစ္ေကာင္းျဖစ္နိုင္ၿပီး ဘာေၾကာင့္လဲဆိုရင္ လာမယ့္လမွာ မန္ခ်က္စတာယူနိုက္တက္နဲ႔ အာဆင္နယ္တို႔ဟာ အမ္းမရိတ္စ္မွာ ေတြ႕ဆုံရမွာေၾကာင့္ ျဖစ္ပါတယ္။

အဲဒီပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းက အနိုင္ရရွိသြားခဲ့ၿပီး အိမ္ရွင္ အာဆင္နယ္တို႔ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ေတာင္မွ ေျမာက္လန္ဒန္ကလပ္အသင္းဟာ ရမွတ္ ၇၉ မွတ္အထိ ရရွိနိုင္ေသးတာေၾကာင့္ ျဖစ္ၿပီး အဲဒါေၾကာင့္ ရန္းနစ္ခ္ရဲ့ မန္ခ်က္စတာယူနိုက္တက္အတြက္ ၿပီးျပည့္စုံမႈ ရွာပုံေတာ္ခရီးဟာ ယေန႔ စပါးစ္နဲ႔ပြဲစဥ္မွာ စတင္မွာျဖစ္ပါတယ္။

အိုးထရက္ဖို႔ဒ္မွာ ကစားမယ့္ ပြဲစဥ္ဟာ အာဆင္နယ္အတြက္ ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲမွာ ႀကီးမားတဲ့ သက္ေရာက္မႈေတြ ရွိလာမွာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္ဟာ မန္စီးတီးနဲ႔ပြဲမွာ မပါဝင္ခဲ့တဲ့ ေရာ္နယ္လ္ဒိုကို လူစာရင္းထဲမွာ ျပန္လည္ေခၚယူထားတာေၾကာင့္ အားတက္စရာျဖစ္ခဲ့ပါတယ္။

အဲဒီအျပင္ ယခုရာသီအေစာပိုင္းတုန္းက စပါးစ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူနိုင္ခဲ့တဲ့ ကာဗာနီလည္း ပြဲထြက္လူစာရင္းအတြက္ ေရြးခ်ယ္လို႔ရနိုင္တဲ့အေျခအေနမွာရွိေနတာျဖစ္ၿပီး နည္းၿပ ရန္းနစ္ခ္က “ခရစၥတီယာနိုက မေန႔က ေလ့က်င့္ေရးျပန္ဆင္းခဲ့တယ္။ သူ ေလ့က်င့္ေရးတစ္ခ်ိန္လုံးကို ေလ့က်င့္ခဲ့ၿပီး ဒီေန႔မွာလည္း သူ ေလ့က်င့္ေရးဆင္းမယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္မိပါတယ္။ သူ က်န္တဲ့ သူေတြအားလုံးလိုပဲ ေကာင္းေကာင္း ေလ့က်င့္ခဲ့တယ္။ အဲဒီေတာ့ သူ မနက္ျဖန္ပြဲစဥ္အတြက္ ပါဝင္ကစားေပးနိုင္မယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ အေရးႀကီးတာက သူနဲ႔ ကာဗာနီတို႔ ၂ ဦးစလုံး ေလ့က်င့္ေရးျပန္ဆင္းနိုင္ခဲ့ၿပီး ပြဲအတြက္ ပါဝင္ကစားေပးနိုင္တဲ့အေျခအေနမွာ ရွိေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.