Premier League Transfer News

အာဆင်နယ်တို့ ဒဏ်ရာတွေနဲ့ အသင်းကို ရည်မှန်းချက် မပျောက်ဖို့ ဘာဆက်လုပ်ရမလဲ

အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ နောက်ခံလူ ကီရန် တီယာနီ မပါဝင်နိုင်မှုနဲ့အတူ အသင်းက စုတ်ပြတ်ပျက်စီးနေခဲ့ပြီး နည်းပြ မီခယ်လ် အာတီတာအနေနဲ့ စကော့တလန်သားကို ပါနိုင်နိုးနိုးနဲ့ စောင့်ပြီး အသင်းလူစာရင်းကို ကစားကွက်ကို မှန်ကန်အောင် မလုပ်နိုင်ခဲ့တာကြောင့် ဆိုးဆိုးရွားရွား ရှုံးပွဲတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

သူတို့ ပေးလိုက်ရတဲ့ သုံးဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်က ဒီရာသီမှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကိုတောင် အိမ်ကွင်းမှာ ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့ ရှုံးခဲ့ချိန်မှာ ဆဲလ်ဟာ့စ်ပါ့ခ်မှာ လက်နက်ချခဲ့ရတာကတော့ ဂုဏ်သိက္ခာထိခိုက်စရာ ကိစ္စလည်းဖြစ်နေပြီး ထပ်တိုးလာခဲ့တဲ့ သောမတ်စ် ပါတေးနဲ့ တီယာနီတို့ရဲ့ ဒဏ်ရာတွေအပြီးမှာ အသင်းရဲ့ ရည်မှန်းချက် မပျောက်ဖို့ ဘယ်လို တုံ့ပြန်သွားမလဲ စဉ်းစားစရာပါ။

ပုံမှန်အတိုင်းကတော့ အရန်လူကို လူစားသွင်းခိုင်းဖို့ပါပဲ။ ဒါပေမယ့် တီယာနီနေရာဝင်တဲ့ နူနို တာဗာရက်စ်က နည်းပြ အာတီတာအတွက်တော့ ၄၅ မိနစ် စိတ်ရှည်ချင်စရာကောင်းတဲ့ ကစားသမားမျိုး မဟုတ်ဘဲ ခေါ်ပြီးမှ လွှင့်ပစ်ရမလိုဖြစ်နေခဲ့တာရယ် ပါတေးနေရာမှာ ဘယ်သူဝင်ဝင် သူ့လို ကြံ့ခိုင်မှု၊ ဖျက်အား၊ ကစားအားနဲ့ မကစားနိုင်တာတွေရယ်က အသင်းကို ဒီတိုင်း ကလေးအထာသွားလုပ်လို့ မ‌ရတော့တာပါ။

အာတီတာအနေနဲ့ အာဆင်နယ်ကို ကိုင်တွယ်တာ နှစ်နှစ်ကျော်လို့ သုံးနှစ်ထဲကို ရောက်လာခဲ့ပြီဖြစ်လို့ ဆင်ခြေတွေက သိပ်လက်ခံနိုင်စရာ မရှိတော့ချိန်မှာ တီယာနီ ရာသီကုန်အထိ လစ်သွားဖို့ များနေသလို တာကဲဟီရို တိုမီယာစုပါ အလွယ်နဲ့ ပြန်မလာနိုင်သေးတာကြောင့် သူရောက်စက သုံးစွဲခဲ့တဲ့ 3 Back ကစားကွက်ကို ပြန်ပြောင်းရဖို့ပဲ များနေပါတယ်။

အာဆင်နယ်နောက်တန်းမှာ တိုမီယာစုကို ဒဏ်ရာက ဖဲ့ထုတ်သွားချိန်မှာ တီယာနီ အားကိုးနဲ့ ဆီးဒရစ်ကို ထမင်းမစား ဟင်းမစားထားလို့ရခဲ့ပြီး ခံစစ်ကစားချိန်တွေမှာ Solid 3 Back စုဖွဲ့မှုကို ယူနိုင်ခဲ့သလို မာတီနယ်လီ၊ ဆာကာတို့လို မခိုမကပ်ဘဲ လုပ်အားနှုန်းကောင်းသူတွေနဲ့ အာဆင်နယ်တို့ရဲ့ နောက်တန်းက တည်ငြိမ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘင်ဝှိုက်၊ ဂါဘရီယယ်လ်တို့နဲ့အတူ လက်ရှိမှာ မရှိသုံး သုံးရမယ့် ပေါ်တူဂီနှစ်ယောက်ဖြစ်တဲ့ ဆီးဒရစ်နဲ့ တာဗာရက်စ်တို့က ခံစစ်မှာ မကူညီနိုင်ချိန်မှာ အာတီတာအတွက်တော့ အဲဗားရယ်ဒီ ရော့ဘ် ဟိုးလ်ဒင်းကသာ အဓိက အဖြေဖြစ်ပြီး ဇန်နဝါရီမှာ ကယ်လမ် ချိမ်းဘားစ်ကို ချရောင်းမိတာကိုတောင် နောင်တရနေလောက်ပြီလို့ ဆိုရမှာပါ။

လာမယ့်ပွဲတွေမှာ အာတီတာအနေနဲ့ ဘင်ဝှိုက်၊ ဂါဘရီယယ်လ်၊ ဟိုးလ်ဒင်းတို့ကို ပေါ်တူဂီနှစ်ယောက်ကို တိုက်စစ်ပိုမိုလိုက်ပါစေတဲ့ 3 Back ရှေ့က Wing Back တွေအဖြစ် အသုံးပြုလာနိုင်ပြီး ကွင်းလယ်မှာ ချာကာနဲ့ အော်ဒီဂွါဒ်တို့ တွဲကစားပြီး ရှေ့မှာတော့ လာကာဇက်၊ ဆာကာ၊ မာတီနယ်လီတို့ ကစားမယ့် 5-2-3 or 3-4-3 ပုံစံနဲ့ ခင်းကျင်းရနိုင်တယ်လို့ ထင်မြင်မိပါတယ်။

ဒီအတိုင်း ဆက်သွားချင်ရင်တော့ ပါတေးနေရာမှာ အယ်လ်နန်နီကို ကြိတ်မှိတ်လူစားထိုးနိုင်ပေမယ့် တိုမီယာစုနဲ့ တီယာနီတို့နေရာက ဘယ်သူမှ ဒေါင်ဒေါင်မြည် မဝင်နိုင်တာကြောင့် ဂျပန်သား ပြန်လာနိုင်မှ 4-3-3 ကစားကွက်ကို ပြန်သုံးဖို့ ဖြစ်လာနိုင်သလို လက်ရှိမှာတော့ အမှားမခံတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တစ်ပွဲတစ်ဂိုး မနည်းသွင်းနေရတဲ့ တိုက်စစ်ကို နောက်က Clean Sheet အားကိုးနဲ့ နိုင်ပွဲရှာဖွေဖို့က ကစားကွက်ပြောင်းမှ ဖြစ်တော့မှာပါ။

အာတီတာအနေနဲ့ တစ်ယောက်အထုတ်ခံရတဲ့ ပွဲတွေမှာတောင် ဟိုးလ်ဒင်းကို ထည့်ကစားတတ်တာကြောင့် သူ့အနေနဲ့ 3 Back ကစားဖို့ကို ဂုဏ်ငယ်တယ်လို့ ထင်ပြီး ခေါင်းမာနေမယ့်သူမျိုးတော့ မဟုတ်တာကြောင့် သုံးမှတ်ရဖို့ ရလဒ်တွေကသာ အရေးကြီးနေချိန်မှာ ပက်ထရစ် ဗီယာရာ ပေးလိုက်တဲ့ ပညာ၊ ဒဏ်ရာတွေနဲ့ လာမယ့်ပွဲတွေကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အားလုံး စိတ်ဝင်စားနေကြကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ ပဲေလ့စ္နဲ႔ပြဲမွာ ေနာက္ခံလူ ကီရန္ တီယာနီ မပါဝင္ႏိုင္မႈနဲ႔အတူ အသင္းက စုတ္ျပတ္ပ်က္စီးေနခဲ့ၿပီး နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ စေကာ့တလန္သားကို ပါႏိုင္ႏိုးႏိုးနဲ႔ ေစာင့္ၿပီး အသင္းလူစာရင္းကို ကစားကြက္ကို မွန္ကန္ေအာင္ မလုပ္ႏိုင္ခဲ့တာေၾကာင့္ ဆိုးဆိုး႐ြား႐ြား ရႈံးပြဲေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

သူတို႔ ေပးလိုက္ရတဲ့ သုံးဂိုး-ဂိုးမရွိဆိုတဲ့ ရလဒ္က ဒီရာသီမွာ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ကိုေတာင္ အိမ္ကြင္းမွာ က်ဥ္းေျမာင္းတဲ့ ရလဒ္ေတြနဲ႔ ရႈံးခဲ့ခ်ိန္မွာ ဆဲလ္ဟာ့စ္ပါ့ခ္မွာ လက္နက္ခ်ခဲ့ရတာကေတာ့ ဂုဏ္သိကၡာထိခိုက္စရာ ကိစၥလည္းျဖစ္ေနၿပီး ထပ္တိုးလာခဲ့တဲ့ ေသာမတ္စ္ ပါေတးနဲ႔ တီယာနီတို႔ရဲ႕ ဒဏ္ရာေတြအၿပီးမွာ အသင္းရဲ႕ ရည္မွန္းခ်က္ မေပ်ာက္ဖို႔ ဘယ္လို တုံ႔ျပန္သြားမလဲ စဥ္းစားစရာပါ။

ပုံမွန္အတိုင္းကေတာ့ အရန္လူကို လူစားသြင္းခိုင္းဖို႔ပါပဲ။ ဒါေပမယ့္ တီယာနီေနရာဝင္တဲ့ ႏူႏို တာဗာရက္စ္က နည္းျပ အာတီတာအတြက္ေတာ့ ၄၅ မိနစ္ စိတ္ရွည္ခ်င္စရာေကာင္းတဲ့ ကစားသမားမ်ိဳး မဟုတ္ဘဲ ေခၚၿပီးမွ လႊင့္ပစ္ရမလိုျဖစ္ေနခဲ့တာရယ္ ပါေတးေနရာမွာ ဘယ္သူဝင္ဝင္ သူ႔လို ႀကံ့ခိုင္မႈ၊ ဖ်က္အား၊ ကစားအားနဲ႔ မကစားႏိုင္တာေတြရယ္က အသင္းကို ဒီတိုင္း ကေလးအထာသြားလုပ္လို႔ မ‌ရေတာ့တာပါ။

အာတီတာအေနနဲ႔ အာဆင္နယ္ကို ကိုင္တြယ္တာ ႏွစ္ႏွစ္ေက်ာ္လို႔ သုံးႏွစ္ထဲကို ေရာက္လာခဲ့ၿပီျဖစ္လို႔ ဆင္ေျခေတြက သိပ္လက္ခံႏိုင္စရာ မရွိေတာ့ခ်ိန္မွာ တီယာနီ ရာသီကုန္အထိ လစ္သြားဖို႔ မ်ားေနသလို တာကဲဟီ႐ို တိုမီယာစုပါ အလြယ္နဲ႔ ျပန္မလာႏိုင္ေသးတာေၾကာင့္ သူေရာက္စက သုံးစြဲခဲ့တဲ့ 3 Back ကစားကြက္ကို ျပန္ေျပာင္းရဖို႔ပဲ မ်ားေနပါတယ္။

အာဆင္နယ္ေနာက္တန္းမွာ တိုမီယာစုကို ဒဏ္ရာက ဖဲ့ထုတ္သြားခ်ိန္မွာ တီယာနီ အားကိုးနဲ႔ ဆီးဒရစ္ကို ထမင္းမစား ဟင္းမစားထားလို႔ရခဲ့ၿပီး ခံစစ္ကစားခ်ိန္ေတြမွာ Solid 3 Back စုဖြဲ႕မႈကို ယူႏိုင္ခဲ့သလို မာတီနယ္လီ၊ ဆာကာတို႔လို မခိုမကပ္ဘဲ လုပ္အားႏႈန္းေကာင္းသူေတြနဲ႔ အာဆင္နယ္တို႔ရဲ႕ ေနာက္တန္းက တည္ၿငိမ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဘင္ဝႈိက္၊ ဂါဘရီယယ္လ္တို႔နဲ႔အတူ လက္ရွိမွာ မရွိသုံး သုံးရမယ့္ ေပၚတူဂီႏွစ္ေယာက္ျဖစ္တဲ့ ဆီးဒရစ္နဲ႔ တာဗာရက္စ္တို႔က ခံစစ္မွာ မကူညီႏိုင္ခ်ိန္မွာ အာတီတာအတြက္ေတာ့ အဲဗားရယ္ဒီ ေရာ့ဘ္ ဟိုးလ္ဒင္းကသာ အဓိက အေျဖျဖစ္ၿပီး ဇန္နဝါရီမွာ ကယ္လမ္ ခ်ိမ္းဘားစ္ကို ခ်ေရာင္းမိတာကိုေတာင္ ေနာင္တရေနေလာက္ၿပီလို႔ ဆိုရမွာပါ။

လာမယ့္ပြဲေတြမွာ အာတီတာအေနနဲ႔ ဘင္ဝႈိက္၊ ဂါဘရီယယ္လ္၊ ဟိုးလ္ဒင္းတို႔ကို ေပၚတူဂီႏွစ္ေယာက္ကို တိုက္စစ္ပိုမိုလိုက္ပါေစတဲ့ 3 Back ေရွ႕က Wing Back ေတြအျဖစ္ အသုံးျပဳလာႏိုင္ၿပီး ကြင္းလယ္မွာ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ တြဲကစားၿပီး ေရွ႕မွာေတာ့ လာကာဇက္၊ ဆာကာ၊ မာတီနယ္လီတို႔ ကစားမယ့္ 5-2-3 or 3-4-3 ပုံစံနဲ႔ ခင္းက်င္းရႏိုင္တယ္လို႔ ထင္ျမင္မိပါတယ္။

ဒီအတိုင္း ဆက္သြားခ်င္ရင္ေတာ့ ပါေတးေနရာမွာ အယ္လ္နန္နီကို ႀကိတ္မွိတ္လူစားထိုးႏိုင္ေပမယ့္ တိုမီယာစုနဲ႔ တီယာနီတို႔ေနရာက ဘယ္သူမွ ေဒါင္ေဒါင္ျမည္ မဝင္ႏိုင္တာေၾကာင့္ ဂ်ပန္သား ျပန္လာႏိုင္မွ 4-3-3 ကစားကြက္ကို ျပန္သုံးဖို႔ ျဖစ္လာႏိုင္သလို လက္ရွိမွာေတာ့ အမွားမခံတဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ တစ္ပြဲတစ္ဂိုး မနည္းသြင္းေနရတဲ့ တိုက္စစ္ကို ေနာက္က Clean Sheet အားကိုးနဲ႔ ႏိုင္ပြဲရွာေဖြဖို႔က ကစားကြက္ေျပာင္းမွ ျဖစ္ေတာ့မွာပါ။

အာတီတာအေနနဲ႔ တစ္ေယာက္အထုတ္ခံရတဲ့ ပြဲေတြမွာေတာင္ ဟိုးလ္ဒင္းကို ထည့္ကစားတတ္တာေၾကာင့္ သူ႔အေနနဲ႔ 3 Back ကစားဖို႔ကို ဂုဏ္ငယ္တယ္လို႔ ထင္ၿပီး ေခါင္းမာေနမယ့္သူမ်ိဳးေတာ့ မဟုတ္တာေၾကာင့္ သုံးမွတ္ရဖို႔ ရလဒ္ေတြကသာ အေရးႀကီးေနခ်ိန္မွာ ပက္ထရစ္ ဗီယာရာ ေပးလိုက္တဲ့ ပညာ၊ ဒဏ္ရာေတြနဲ႔ လာမယ့္ပြဲေတြကို ဘယ္လိုေရွ႕ဆက္မလဲဆိုတာ အားလုံး စိတ္ဝင္စားေနၾကေၾကာင္း သုံးသပ္ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.