Premier League

ထိပ်ဆုံး ၄ နေရာအတွက် မန်ယူနိုက်တက်ကို အလဲထိုးနိုင်မယ့် အာဆင်နယ်ရဲ့လျှို့ဝှက်လက်နက်

အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ထိပ်ဆုံး ၄ နေရာပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူနိုင်မယ့် လျှို့ဝှက်လက်နက်ပိုင်ဆိုင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါး၊ ဝက်စ်ဟမ်း ယူနိုက်တက်၊ ဝုလ်ဗ်စ်တို့အားလုံးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် အခွင့်အရေးကိုယ်စီ ရှိနေကြတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၃ ပွဲလျော့နေတဲ့ အာဆင်နယ်ရဲ့အထက် ၂ မှတ်အကွာ လက်ရှိ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ပွဲကစားပုံ အားလုံးခြုံပြောရရင် တိုးတက်မှုတွေ ရှိလာတယ်ဆိုတာ ငြင်းလို့မရပေမယ့်လည်း ပြီးခဲ့တဲ့ အပတ်တွေမှာ မန်ချက်စတာယူနိုက်တက်ရဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းကို ဆက်လက် မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဝက်ဖို့ဒ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာဆိုလည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ အခွင့်အရေးအများအပြားကို လွဲချော်ခဲ့ပြီး အဲဒါက အသင်းအဖွဲ့စိတ်ဓာတ်ကင်းမဲ့မှုကြောင့် ဖြစ်နိုင်တယ်လို့ ကမ်းဘဲက ပြောကြားခဲ့ပါတယ်။

“မန်ယူနိုက်တက်ဟာ တိုက်စစ်မှူးတွေအားလုံး စည်းလုံးညီညွတ်နေတဲ့ပုံမပေါ်တဲ့ အသင်းဆိုတာ ကျိန်းသေတယ်။ အသင်းထဲမှာ အကွဲအပြဲအချို့ ရှိနေခဲ့ပါတယ်။ သူတို့တွေ အနိုင်ရသင့်တဲ့ပွဲတွေမှာ ရမှတ်တွေ လျော့ကျနေခဲ့တယ်။ ဝက်ဖို့ဒ်ပွဲက အဲဒီလိုဖြစ်နေတယ်ဆိုတာကို ပြသခဲ့တဲ့ ပြီးပြည့်စုံတဲ့ နမူနာဖြစ်ခဲ့ပါတယ်။ အာဆင်နယ်မှာ အစဉ်အလာက ကြီးထွားလာနေတယ်။ အာတီတာနဲ့ အီဒူးတို့က အသင်းရဲ့အစဉ်အလာအပေါ်မှာ လုပ်စရာတွေ အများကြီး ရှိခဲ့တယ်”

“သူတို့တွေ ပေကပ်ကပ်လုပ်နေတဲ့ ကစားသမားတွေကို ရောင်းထုတ်ပစ်ခဲ့တယ်။ အဝတ်လဲခန်းထဲမှာ တစုတစည်းတည်းဖြစ်နေတာကို ခင်ဗျား မြင်နိုင်ပါတယ်။ သူတို့တွေက ရှေ့ကို ထွက်လာနေကြပါတယ်။ ဒီအစဉ်အလာက အသင်းက ပရိသတ်တွေနဲ့ အများကြီးပိုပြီး ချိတ်ဆက်ပေးပါတယ်”

အာဆင်နယ်အသင်းရဲ့ စည်းလုံးမှုက မန်ချက်စတာယူနိုက်တက်နဲ့ ထိပ်ဆုံး ၄ နေရာအတွက် ယှဉ်ပြိုင်တဲ့နေရာမှာ လျှို့ဝှက်လက်နက်ဖြစ်ကြောင်း သက်သေပြနိုင်လိမ့်မယ်လို့ ကမ်းဘဲလ် အခိုင်အမာ ပြောကြားခဲ့ပါတယ်။ “စည်းလုံးညီညွတ်မှုက ထိပ်ဆုံး ၄ နေရာအတွက် ပြိုင်ပွဲမှာ အာဆင်နယ်ရဲ့ လျှို့ဝှက်လက်နက်ဖြစ်လိမ့်မယ်။ အသင်းမှာ အစဉ်အလာကလည်း ရှိနေပါတယ်။ သူတို့တွေ အနိုင်ရတဲ့အခါ အတူတူအောင်ပွဲခံကြပြီး ရှုံးတဲ့အခါ သူတို့တွေ ပရိသတ်တွေဆီသွားပြီး သူတို့ရဲ့ အသိအမှတ်ပြုချီးကျူးမှုကို ပြသကြပါတယ်”

“ဒီလိုဟာတွေက အရေးကြီးပါတယ်။ ဒီမတိုင်ခင်တုန်းက အချို့ကစားသမားတွေက အဝတ်လဲခန်းထဲပဲ ဝင်သွားခဲ့ကြတယ်။ သူတို့တွေမှာ ဒီခံစားချက်မျိုး မရှိခဲ့ကြဘူး။ အခုအသင်းမှာ အဲဒီခံစားချက်ရှိနေပြီဖြစ်ပြီး အဲဒါက အရေးပါပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အရည်အသွေးမြင့်ကစားသမားတွေ အများအပြားရှိပေမယ့်လည်း ယခုရာသီမှာ အသင်းအဖွဲ့အဖြစ် ကစားပြနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးသွင်းစွမ်းရည်ဟာ မှေးမှိန်နေခဲ့ကြပြီး ရော်နယ်လ်ဒိုကို ကြည့်လိုက်ရင် ပြီးခဲ့တဲ့ပွဲစဉ်အများအပြားမှာ အထီးကျန်နေတဲ့ပုံစံ ပေါက်နေခဲ့တာဖြစ်ပါတယ်။

ဟာရီ မက်ဂွိုင်းယားရဲ့ ခေါင်းဆောင်မှုအရည်အချင်းနဲ့ ခံစစ်ပိုင်း လုပ်ဆောင်နိုင်စွမ်းကလည်း တိုက်စစ်မှူးတွေလိုပဲ မေးခွန်းထုတ်စရာဖြစ်နေခဲ့တာဖြစ်ပြီး အဝတ်လဲခန်းအတွင်းမှာလည်း မငြိမ်မသက်မှုတွေ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ကစားသမားအချို့ဟာ ရာ့လ်ဖ် ရန်းနစ်ခ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်မှုကို စိတ်ပျက်နေကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အဲဒီသတင်းတွေသာ အမှန်ဆိုရင် ထိပ်ဆုံး ၄ နေရာအတွက် ပြိုင်ပွဲမှာ ကြီးမားတဲ့ အချက်တစ်ခုဖြစ်လာမှာဖြစ်ပြီး ဒီတိုင်းသာ ဆက်ဖြစ်နေရင် အာဆင်နယ်နဲ့ စပါးစ်တို့က အခွင့်အရေးပိုသာသွားနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္က အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲမွာ မန္ခ်က္စတာယူနိုက္တက္ကို အနိုင္ယူနိုင္မယ့္ လၽွို႔ဝွက္လက္နက္ပိုင္ဆိုင္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္၊ မန္ခ်က္စတာယူနိုက္တက္၊ ေတာ့တင္ဟမ္ေဟာ့စပါး၊ ဝက္စ္ဟမ္း ယူနိုက္တက္၊ ဝုလ္ဗ္စ္တို႔အားလုံးဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိဖို႔အတြက္ အခြင့္အေရးကိုယ္စီ ရွိေနၾကတာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၃ ပြဲေလ်ာ့ေနတဲ့ အာဆင္နယ္ရဲ့အထက္ ၂ မွတ္အကြာ လက္ရွိ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ပြဲကစားပုံ အားလုံးျခဳံေျပာရရင္ တိုးတက္မႈေတြ ရွိလာတယ္ဆိုတာ ျငင္းလို႔မရေပမယ့္လည္း ၿပီးခဲ့တဲ့ အပတ္ေတြမွာ မန္ခ်က္စတာယူနိုက္တက္ရဲ့ မတည္ၿငိမ္တဲ့ ေျခစြမ္းကို ဆက္လက္ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အပတ္က ဝက္ဖို႔ဒ္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္မွာဆိုလည္း မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အခြင့္အေရးအမ်ားအျပားကို လြဲေခ်ာ္ခဲ့ၿပီး အဲဒါက အသင္းအဖြဲ႕စိတ္ဓာတ္ကင္းမဲ့မႈေၾကာင့္ ျဖစ္နိုင္တယ္လို႔ ကမ္းဘဲက ေျပာၾကားခဲ့ပါတယ္။

“မန္ယူနိုက္တက္ဟာ တိုက္စစ္မႉးေတြအားလုံး စည္းလုံးညီညြတ္ေနတဲ့ပုံမေပၚတဲ့ အသင္းဆိုတာ က်ိန္းေသတယ္။ အသင္းထဲမွာ အကြဲအျပဲအခ်ိဳ႕ ရွိေနခဲ့ပါတယ္။ သူတို႔ေတြ အနိုင္ရသင့္တဲ့ပြဲေတြမွာ ရမွတ္ေတြ ေလ်ာ့က်ေနခဲ့တယ္။ ဝက္ဖို႔ဒ္ပြဲက အဲဒီလိုျဖစ္ေနတယ္ဆိုတာကို ျပသခဲ့တဲ့ ၿပီးျပည့္စုံတဲ့ နမူနာျဖစ္ခဲ့ပါတယ္။ အာဆင္နယ္မွာ အစဥ္အလာက ႀကီးထြားလာေနတယ္။ အာတီတာနဲ႔ အီဒူးတို႔က အသင္းရဲ့အစဥ္အလာအေပၚမွာ လုပ္စရာေတြ အမ်ားႀကီး ရွိခဲ့တယ္”

“သူတို႔ေတြ ေပကပ္ကပ္လုပ္ေနတဲ့ ကစားသမားေတြကို ေရာင္းထုတ္ပစ္ခဲ့တယ္။ အဝတ္လဲခန္းထဲမွာ တစုတစည္းတည္းျဖစ္ေနတာကို ခင္ဗ်ား ျမင္နိုင္ပါတယ္။ သူတို႔ေတြက ေရွ႕ကို ထြက္လာေနၾကပါတယ္။ ဒီအစဥ္အလာက အသင္းက ပရိသတ္ေတြနဲ႔ အမ်ားႀကီးပိုၿပီး ခ်ိတ္ဆက္ေပးပါတယ္”

အာဆင္နယ္အသင္းရဲ့ စည္းလုံးမႈက မန္ခ်က္စတာယူနိုက္တက္နဲ႔ ထိပ္ဆုံး ၄ ေနရာအတြက္ ယွဥ္ၿပိဳင္တဲ့ေနရာမွာ လၽွို႔ဝွက္လက္နက္ျဖစ္ေၾကာင္း သက္ေသျပနိုင္လိမ့္မယ္လို႔ ကမ္းဘဲလ္ အခိုင္အမာ ေျပာၾကားခဲ့ပါတယ္။ “စည္းလုံးညီညြတ္မႈက ထိပ္ဆုံး ၄ ေနရာအတြက္ ၿပိဳင္ပြဲမွာ အာဆင္နယ္ရဲ့ လၽွို႔ဝွက္လက္နက္ျဖစ္လိမ့္မယ္။ အသင္းမွာ အစဥ္အလာကလည္း ရွိေနပါတယ္။ သူတို႔ေတြ အနိုင္ရတဲ့အခါ အတူတူေအာင္ပြဲခံၾကၿပီး ရႈံးတဲ့အခါ သူတို႔ေတြ ပရိသတ္ေတြဆီသြားၿပီး သူတို႔ရဲ့ အသိအမွတ္ျပဳခ်ီးက်ဴးမႈကို ျပသၾကပါတယ္”

“ဒီလိုဟာေတြက အေရးႀကီးပါတယ္။ ဒီမတိုင္ခင္တုန္းက အခ်ိဳ႕ကစားသမားေတြက အဝတ္လဲခန္းထဲပဲ ဝင္သြားခဲ့ၾကတယ္။ သူတို႔ေတြမွာ ဒီခံစားခ်က္မ်ိဳး မရွိခဲ့ၾကဘူး။ အခုအသင္းမွာ အဲဒီခံစားခ်က္ရွိေနၿပီျဖစ္ၿပီး အဲဒါက အေရးပါပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အရည္အေသြးျမင့္ကစားသမားေတြ အမ်ားအျပားရွိေပမယ့္လည္း ယခုရာသီမွာ အသင္းအဖြဲ႕အျဖစ္ ကစားျပနိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္တို႔ရဲ့ ဂိုးသြင္းစြမ္းရည္ဟာ ေမွးမွိန္ေနခဲ့ၾကၿပီး ေရာ္နယ္လ္ဒိုကို ၾကည့္လိုက္ရင္ ၿပီးခဲ့တဲ့ပြဲစဥ္အမ်ားအျပားမွာ အထီးက်န္ေနတဲ့ပုံစံ ေပါက္ေနခဲ့တာျဖစ္ပါတယ္။

ဟာရီ မက္ဂြိဳင္းယားရဲ့ ေခါင္းေဆာင္မႈအရည္အခ်င္းနဲ႔ ခံစစ္ပိုင္း လုပ္ေဆာင္နိုင္စြမ္းကလည္း တိုက္စစ္မႉးေတြလိုပဲ ေမးခြန္းထုတ္စရာျဖစ္ေနခဲ့တာျဖစ္ၿပီး အဝတ္လဲခန္းအတြင္းမွာလည္း မၿငိမ္မသက္မႈေတြ ရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ကစားသမားအခ်ိဳ႕ဟာ ရာ့လ္ဖ္ ရန္းနစ္ခ္ကို ယာယီနည္းျပအျဖစ္ ခန႔္အပ္မႈကို စိတ္ပ်က္ေနၾကတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အဲဒီသတင္းေတြသာ အမွန္ဆိုရင္ ထိပ္ဆုံး ၄ ေနရာအတြက္ ၿပိဳင္ပြဲမွာ ႀကီးမားတဲ့ အခ်က္တစ္ခုျဖစ္လာမွာျဖစ္ၿပီး ဒီတိုင္းသာ ဆက္ျဖစ္ေနရင္ အာဆင္နယ္နဲ႔ စပါးစ္တို႔က အခြင့္အေရးပိုသာသြားနိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.