Premier League

တရုတ်နဲ့ရုရှားပေါင်းစည်းပြီး ဗြိတိန်နဲ့ပရီးမီးယားလိဂ်ကို တုံ့ပြန်ဖို့ ကြိုးစားတာလား

ရုရှားနိုင်ငံနဲ့ ပတ်သက်သမျှကို ပိတ်ဆို့ဖို့ ဘောလုံး၊ ဖော်မြူလာဝမ်းအပါအဝင် အားကစားလောကရဲ့ နေရာဒေသ အတော်များများမှာ ဗြိတိန် နိုင်ငံရဲ့ လုပ်ဆောင်နေမှုအပေါ် ဒီနေ့မှာတော့ တရုတ်နိုင်ငံက တုံ့ပြန်ဖို့ ကြိုးစားလာခဲ့ပြီး သူတို့ရဲ့ ကာလကြာရှည် မဟာမိတ်ဘက်ကနေ ရပ်တည်မှု ပြသနိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်အနေနဲ့ ရုရှားနဲ့ ချုပ်ဆိုထားတဲ့ ရုပ်သံထုတ်လွှင့်ခွင့်တွေကို လာမယ့် စနေ၊ တနင်္ဂနွေကစပြီး ရပ်တန့်ဖို့ ကြိုးစားနေခဲ့ပြီး ပွဲတွင်း ထုတ်လွှင့်မှုတွေမှာလည်း စစ်ကို ရပ်တန့်ဖို့နဲ့ ယူကရိန်းကို ထောက်ခံအားပေးတဲ့ စာသားတွေ၊ အားပေးကြေငြာမှုတွေ ထည့်သွင်းဖို့ လုပ်ဆောင်နေခဲ့ချိန်မှာ တင်းမာမှုတွေတော့ ရှိနေခဲ့တာပါ။

ဒီလိုအပြစ်ပေး အရေးယူတဲ့အနေနဲ့ ခွဲခြားဆက်ဆံလာတဲ့ အချိန်အခါမှာ တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ မူလက ရယူထားတဲ့ ပရီးမီးယားလိဂ် ထုတ်လွှင့်ခွင့်တွေထဲမှာ ယူကရိန်းကို သိပ်ပြီး ထောက်ခံအားပေးတာမျိုး လုပ်ပြနေရင် ဆက်လက်ပြသတော့မှာ မဟုတ်ဘူးလို့ လေသံပစ်လာခဲ့ပြီး ခြိမ်းခြောက်မှု စတင်လာခဲ့တယ်လို့ ဘီဘီစီက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ပရီးမီးယားလိဂ်အပေါ် မျက်စိ စပါးမွေးစူးနေတဲ့အထဲမှာ ယူကရိန်းအလံတွေကို ပရိသတ်တွေနဲ့ ကစားသမားတွေက ကွင်းထဲ ယူဆောင်ခင်းကျင်းလာခြင်း၊ အသင်းကပ္ပတိန်တွေရဲ့ လက်ပတ်တွေကို ယူကရိန်းအလံ အဝါရောင်နဲ့ အပြာရောင်ခြယ်ဖို့ စီစဉ်ထားခြင်းနဲ့ ဘောလုံးကွင်းတွေထဲက ရုပ်သံမျက်နှာပြင်တွေပေါ်မှာ Football Stands Together စာတန်းကို အလံနဲ့အတူ ဖော်ပြခြင်းတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ အနောက်အုပ်စုတွေကို ဆန့်ကျင်နေခဲ့တဲ့ အဓိက အင်အားစုတွေဖြစ်ကြတဲ့ ရုရှားနဲ့ တရုတ်တို့ဟာ ဒီလိုအချိန်မှာ ပူးပေါင်းလိုက်တဲ့ သဘောမျိုးကို ထုတ်ဖော်ပြသခဲ့တာဖြစ်သလို တရုတ်ဘက်က ဘောလုံးပွဲတွေကို မပြသတော့ဘူးဆိုတဲ့ အပေါ် ပရီးမီးယားလိဂ်ဘက်ကတော့ တရားဝင် တုံ့ပြန်မှတ်ချက်ပေးဖို့တော့ ငြင်းဆန်ထားခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ နိုင်ငံပိုင် မီဒီယာတွေအနေနဲ့ အနောက်နိုင်ငံတွေဘက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးသဘောဆောင်တဲ့ လှုပ်ရှားမှုတွေတိုင်းမှာ ကတုံးကတိုက်လုပ်တတ်တဲ့ အစဉ်အလာလည်း ရှိခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်က ဝီဂါမူဆလင်တွေကို ထိန်းချုပ်မှုအပေါ် ဝေဖန်ခဲ့တဲ့ မီဆွတ် အိုဇေးလ်ကြောင့် သူ့ရဲ့ အာဆင်နယ်အသင်းနဲ့ မန်စီးတီးတို့ ကစားမယ့်ပွဲစဉ်ကို မထုတ်လွှင့်ဘဲ အဲ့ဒီတုန်းကလည်း ဖိအားပေးခဲ့ဖူးတာပါ။

အမှုဆောင်ချုပ် ရစ်ချတ် မာစတာစ်နဲ့ ပရီးမီးယားလိဂ်ဘက်ကတော့ ငွေကြေးခိုင်မာတောင့်တင်းပြီး အောင်မြင်တဲ့ ပြိုင်ပွဲနဲ့ ရုပ်သံဝင်ငွေတွေကို ရှာဖွေထားနိုင်ချိန်မှာ ရုရှားဘက်က ရုပ်သံထုတ်လွှင့်ခွင့်တွေကို ပယ်ဖျက်ဖို့နဲ့ တရုတ်ဘက်က မလွှင့်တော့ဘူးဆိုပြီး ခြိမ်းခြောက်မှုတွေကို လက်ခံဖို့ကတော့ အခက်အခဲ များများစားစား မရှိနိုင်ဘူးလို့လည်း ခန့်မှန်းရပြီး စစ်ပွဲအတွင်းမှာ မီဒီယာတိုက်ပွဲလည်း ပါဝင်လာခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ုရွားႏိုင္ငံနဲ႔ ပတ္သက္သမွ်ကို ပိတ္ဆို႔ဖို႔ ေဘာလုံး၊ ေဖာ္ျမဴလာဝမ္းအပါအဝင္ အားကစားေလာကရဲ႕ ေနရာေဒသ အေတာ္မ်ားမ်ားမွာ ၿဗိတိန္ ႏိုင္ငံရဲ႕ လုပ္ေဆာင္ေနမႈအေပၚ ဒီေန႔မွာေတာ့ တ႐ုတ္ႏိုင္ငံက တုံ႔ျပန္ဖို႔ ႀကိဳးစားလာခဲ့ၿပီး သူတို႔ရဲ႕ ကာလၾကာရွည္ မဟာမိတ္ဘက္ကေန ရပ္တည္မႈ ျပသႏိုင္ဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ပရီးမီးယားလိဂ္အေနနဲ႔ ႐ုရွားနဲ႔ ခ်ဳပ္ဆိုထားတဲ့ ႐ုပ္သံထုတ္လႊင့္ခြင့္ေတြကို လာမယ့္ စေန၊ တနဂၤေႏြကစၿပီး ရပ္တန႔္ဖို႔ ႀကိဳးစားေနခဲ့ၿပီး ပြဲတြင္း ထုတ္လႊင့္မႈေတြမွာလည္း စစ္ကို ရပ္တန႔္ဖို႔နဲ႔ ယူကရိန္းကို ေထာက္ခံအားေပးတဲ့ စာသားေတြ၊ အားေပးေၾကျငာမႈေတြ ထည့္သြင္းဖို႔ လုပ္ေဆာင္ေနခဲ့ခ်ိန္မွာ တင္းမာမႈေတြေတာ့ ရွိေနခဲ့တာပါ။

ဒီလိုအျပစ္ေပး အေရးယူတဲ့အေနနဲ႔ ခြဲျခားဆက္ဆံလာတဲ့ အခ်ိန္အခါမွာ တ႐ုတ္ႏိုင္ငံအေနနဲ႔ သူတို႔ရဲ႕ မူလက ရယူထားတဲ့ ပရီးမီးယားလိဂ္ ထုတ္လႊင့္ခြင့္ေတြထဲမွာ ယူကရိန္းကို သိပ္ၿပီး ေထာက္ခံအားေပးတာမ်ိဳး လုပ္ျပေနရင္ ဆက္လက္ျပသေတာ့မွာ မဟုတ္ဘူးလို႔ ေလသံပစ္လာခဲ့ၿပီး ၿခိမ္းေျခာက္မႈ စတင္လာခဲ့တယ္လို႔ ဘီဘီစီက ေဖာ္ျပခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ပရီးမီးယားလိဂ္အေပၚ မ်က္စိ စပါးေမြးစူးေနတဲ့အထဲမွာ ယူကရိန္းအလံေတြကို ပရိသတ္ေတြနဲ႔ ကစားသမားေတြက ကြင္းထဲ ယူေဆာင္ခင္းက်င္းလာျခင္း၊ အသင္းကပၸတိန္ေတြရဲ႕ လက္ပတ္ေတြကို ယူကရိန္းအလံ အဝါေရာင္နဲ႔ အျပာေရာင္ျခယ္ဖို႔ စီစဥ္ထားျခင္းနဲ႔ ေဘာလုံးကြင္းေတြထဲက ႐ုပ္သံမ်က္ႏွာျပင္ေတြေပၚမွာ Football Stands Together စာတန္းကို အလံနဲ႔အတူ ေဖာ္ျပျခင္းေတြ ပါဝင္ေနတယ္လို႔ ဆိုပါတယ္။

အေမရိကန္နဲ႔ အေနာက္အုပ္စုေတြကို ဆန႔္က်င္ေနခဲ့တဲ့ အဓိက အင္အားစုေတြျဖစ္ၾကတဲ့ ႐ုရွားနဲ႔ တ႐ုတ္တို႔ဟာ ဒီလိုအခ်ိန္မွာ ပူးေပါင္းလိုက္တဲ့ သေဘာမ်ိဳးကို ထုတ္ေဖာ္ျပသခဲ့တာျဖစ္သလို တ႐ုတ္ဘက္က ေဘာလုံးပြဲေတြကို မျပသေတာ့ဘူးဆိုတဲ့ အေပၚ ပရီးမီးယားလိဂ္ဘက္ကေတာ့ တရားဝင္ တုံ႔ျပန္မွတ္ခ်က္ေပးဖို႔ေတာ့ ျငင္းဆန္ထားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံနဲ႔ ႏိုင္ငံပိုင္ မီဒီယာေတြအေနနဲ႔ အေနာက္ႏိုင္ငံေတြဘက္က ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးသေဘာေဆာင္တဲ့ လႈပ္ရွားမႈေတြတိုင္းမွာ ကတုံးကတိုက္လုပ္တတ္တဲ့ အစဥ္အလာလည္း ရွိခဲ့ဖူးၿပီး ၂၀၁၉ ခုႏွစ္က ဝီဂါမူဆလင္ေတြကို ထိန္းခ်ဳပ္မႈအေပၚ ေဝဖန္ခဲ့တဲ့ မီဆြတ္ အိုေဇးလ္ေၾကာင့္ သူ႔ရဲ႕ အာဆင္နယ္အသင္းနဲ႔ မန္စီးတီးတို႔ ကစားမယ့္ပြဲစဥ္ကို မထုတ္လႊင့္ဘဲ အဲ့ဒီတုန္းကလည္း ဖိအားေပးခဲ့ဖူးတာပါ။

အမႈေဆာင္ခ်ဳပ္ ရစ္ခ်တ္ မာစတာစ္နဲ႔ ပရီးမီးယားလိဂ္ဘက္ကေတာ့ ေငြေၾကးခိုင္မာေတာင့္တင္းၿပီး ေအာင္ျမင္တဲ့ ၿပိဳင္ပြဲနဲ႔ ႐ုပ္သံဝင္ေငြေတြကို ရွာေဖြထားႏိုင္ခ်ိန္မွာ ႐ုရွားဘက္က ႐ုပ္သံထုတ္လႊင့္ခြင့္ေတြကို ပယ္ဖ်က္ဖို႔နဲ႔ တ႐ုတ္ဘက္က မလႊင့္ေတာ့ဘူးဆိုၿပီး ၿခိမ္းေျခာက္မႈေတြကို လက္ခံဖို႔ကေတာ့ အခက္အခဲ မ်ားမ်ားစားစား မရွိႏိုင္ဘူးလို႔လည္း ခန႔္မွန္းရၿပီး စစ္ပြဲအတြင္းမွာ မီဒီယာတိုက္ပြဲလည္း ပါဝင္လာခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.