Analysis Article Premier League

အဆင့် ၄ ကို အာဆင်နယ်တို့ ရနိုင်တဲ့ ၃ ချက်နဲ့ မရနိုင်တဲ့ ၃ ချက်

အာဆင်နယ်တို့အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်စတစ်စနဲ့ ရလဒ်ကောင်းတွေကို ဖော်ဆောင်လာနိုင်ခဲ့ပြီး ရှိတဲ့သူနဲ့ အကောင်းဆုံး ရလဒ်တွေကို အမှားအယွင်းနည်းနည်းနဲ့ ယူဆောင်ပြနေခဲ့ချိန်မှာ အသင်းကို မောင်းနှင်နိုင်တဲ့ နည်းပြ မီခယ်လ် အာတီတာက အရေးပါနေခဲ့သလို လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ပြန်ကစားချင်နေကြတဲ့ ကစားသမားတွေရဲ့ ကြိုးစားမှုကလည်း မြင်သာထင်သာရှိခဲ့ပါတယ်။

ဒီထဲကမှ အာဆင်နယ်တို့ ဘာကြောင့် အမှတ်တွေ ယူပြီး အဆင့် ၄ အတွင်းကို ဝင်ရောက်သွားနိုင်မလဲဆိုတဲ့ အပြုသဘောဆောင် အားသာချက် ၃ ချက်နဲ့ အမှတ်တွေ လျော့ပြီး ယူရိုပါလိဂ်လောက်နဲ့ပဲ ကျေနပ်ကောင်း ကျေနပ်ရနိုင်တဲ့ အပျက်သဘောဆောင် အားနည်းချက် ၃ ချက်က ဘာတွေဖြစ်မလဲဆိုတာက တစ်ချက်လောက် လေ့လာကြည့်ကြရအောင်ပါ။

အားသာချက်(၁)။ အော်ဒီဂွါဒ်နဲ့ ပါတေးရဲ့ ကွင်းလယ်အတွဲ
ဂန်းနားတို့ရဲ့ ကွင်းလယ်ဗဟိုကို နှစ်ပိုင်းခွဲပြီး ရှုမြင်ကြည့်မယ်ဆိုရင် ဂရာနစ် ချာကာ ဦးဆောင်တဲ့ ဘယ်ခြမ်းနဲ့ မာတင် အော်ဒီဂွါဒ်နဲ့ သောမတ်စ် ပါတေးတို့ တွဲဖက်ကစားတဲ့ ညာခြမ်းနှစ်ခြမ်းကို မြင်ရပါလိမ့်မယ်။ ပါတေးရဲ့ ပုံမှန်ခြေစွမ်းနဲ့ တိုက်စစ် လိုက်ပါနိုင်စွမ်းကို မရခင်တုန်းက ဒီနေရာမှာ အားနည်းချက်တွေနဲ့ အော်ဒီဂွါဒ်တစ်ယောက်တည်း ရုန်းကန်နေခဲ့ရပြီး လက်ရှိမှာတော့ နော်ဝေသား စိတ်လွတ်လက်လွတ် တိုက်စစ်ဆင်ဖန်တီးခွင့်ရှိအောင် ဂါနာသားက ရှေ့အထိတက်ပြီး ကူညီပေးနေတာပါ။ ဒါက အာဆင်နယ်တို့ ဝုလ်ဗ်စ်ကို ချိုးဖျက်နိုင်ခဲ့တဲ့ တစ်ကြောင်းလည်းဖြစ်ပြီး နိုင်ပွဲတွေ ပိုရလာနိုင်တဲ့ အခွင့်အရေးလည်းဖြစ်နေပါတယ်။

အားသာချက်(၂)။ အာတီတာရဲ့ စိတ်ဓာတ်ပိုင်း
နည်းပြ မီခယ်လ် အာတီတာရဲ့ စိတ်ဓာတ်ပိုင်းကို လှုံ့ဆော်တိုက်တွန်းပေးနိုင်မှုတွေက အသင်းအတွက် ကြီးမားတဲ့ အားသာချက်တစ်ချက်ပါ။ အမ်းမရိတ်မှာ အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ဖူးတဲ့ ဘတ်စ်ကေးသားဟာ အသင်းသားတွေအကြောင်း ကောင်းကောင်းသိသူဖြစ်ပြီး မလှုပ်မယှက်နဲ့ ရုပ်ပျက်တဲ့သူတွေ၊ ပြောမကောင်းဆိုမကောင်းတဲ့သူတွေကို ရှင်းထုတ်ခဲ့အပြီးမှာ သူပြောတိုင်းရ သူမြှောက်ပေးတိုင်းကမယ့်သူတွေနဲ့ တစ်ဖက်တစ်လမ်းက ပိုမိုအလုပ်ဖြစ်လာခဲ့ပြီး ချန်ပီယံလိဂ်ကစားနိုင်တဲ့ အသင်းတစ်သင်းဖြစ်ကြောင်း စွမ်းဆောင်ပြပါဆိုတာမျိုးနဲ့ သူ့မှာ စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာတွေ ရှိနေခဲ့ပါတယ်။

အားသာချက်(၃)။ ခေါင်းဆောင်နိုင်သူ ပေါများလာခြင်း
အာဆင်နယ်ဟာ အရင်ကလို ဟေးလားဝါးလား အသင်းခေါင်းဆောင်၊ ကမူးရှူးထိုး ကပ္ပတိန်တွေနဲ့ အသင်းမျိုး မဟုတ်တော့ဘဲ စိတ်ဓာတ်ပိုင်း ပြင်းထန်ပြီး ဇွဲမလျှော့သလို နေရာအလိုက် အသင်းကို မောင်းနှင်နိုင်စွမ်းရှိသူတွေ ပေါများလာခဲ့တာပါ။ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ကီရန် တီယာနီ၊ ဘန်ဝှိုက်၊ ကွင်းလယ်မှာ ချာကာ၊ ပါတေးနဲ့ အော်ဒီဂွါဒ်၊ တိုက်စစ်က လာကာဇက်တို့ဟာ နိုင်လိုစိတ်မြင့်မားပြီး ကိုယ်တိုင်ရုန်းပြနိုင်သူတွေအဖြစ် ရှိနေခဲ့သလို ဒါက လိုအပ်တဲ့ သုံးမှတ်တွေကို ရယူနိုင်ဖို့ အားသာချက်တစ်ရပ်လည်းဖြစ်နေပါတယ်။
———-

အားနည်းချက်(၁)။ တိုက်စစ်တောင်ပံတွေရဲ့ ခံစစ်လိုက်ပါမှု
ဂန်းနားတွေရဲ့ အားနည်းချက်တွေကို နောက်ပိုင်းပွဲတွေမှာ တွေ့မြင်နေရတာက ခံစစ်ကစားရချိန်တွေမှာ နောက်ခံအစွန်လူတွေကို တောင်ပံ တိုက်စစ်ကစားသမားတွေက လိုက်ပါကူညီမှုပိုင်း အတိုင်အဖောက် သိပ်မညီတာဖြစ်ပါတယ်။ စမစ်ရိုး၊ ဆာကာ၊ မာတီနယ်လီတို့ရဲ့ ပေးဆပ်ကစားလိုစိတ်ကို သံသယရှိစရာမလိုပေမယ့် သူတို့တွေရဲ့ ခံစစ်က နေရာယူပုံတွေက အားနည်းနေခဲ့ပြီး တကယ်တမ်းမှာ အစွန်လူနဲ့ ဗဟိုခံစစ်သမားကြားထဲက Half Space ရှေ့မှာ နေရာယူရမယ့်အစား မလိုအပ်ဘဲ တောင်ပံတစ်လျှောက် ဘေးစည်းနားပဲ ရှိနေပြီး နေရာလွတ်တွေ များကုန်တတ်သလို တောင်ပံကို အာရုံစိုက်လွန်းတာကြောင့် အလယ်ပိုင်းမှာ အားနည်းနေတတ်တာဖြစ်ပါတယ်။

အားနည်းချက်(၂)။ ပါတေးမရှိရင် ခက်နိုင်ခြေ
အာဆင်နယ်ကွင်းလယ်မှာ သောမတ်စ် ပါတေးကို အနားပေးဖို့ မဖြစ်နိုင်ပါဘူး။ အိန်းစလီ မိတ်လန်းနိုင်းလ်စ် ရှိတုန်းက ပရီးမီးယားလိဂ် အတွေ့အကြုံများတဲ့ ကစားသမားတစ်ဦးဖြစ်လို့ ဂါနာသားလောက် မကောင်းတောင် တူတူတန်တန်လောက်တော့ ကစားပေးနိုင်ခဲ့သေးတာပါ။ ဒါပေမယ့် တိုက်စစ်ရော ခံစစ်ရော ကစားရမယ့် နေရာမှာ အသင်းလတ်ချင်း ကစားရင်တောင် မယှဉ်နိုင်သေးသလို နော့တင်ဟမ် ဖောရက်စ်ကို ရှုံးခဲ့တုန်းက စိတ်ပျက်စရာပုံစံကို ပြသခဲ့တဲ့ ဆမ်ဘီ လိုကွန်ဂါကို နည်းပြ အာတီတာကိုယ်တိုင်က မယုံနိုင်တော့ဘဲဖြစ်နေတာကြောင့် ပါတေးကို ပွဲတိုင်းသုံးစွဲနေခဲ့ရပြီး ဒဏ်ရာနဲ့ ပွဲပယ်တွေသာ ရောက်ရှိလာခဲ့ရင် သူတို့တွေ အခက်ကြုံရနိုင်ပါတယ်။

အားနည်းချက်(၃)။ ချာကာရဲ့ နှေးကွေးမှု
အာဆင်နယ်ကွင်းလယ်ညာခြမ်းက သူတို့အတွက် အားသာချက်ဆိုရင် ချာကာရဲ့ ဘယ်ခြမ်း နှေးကွေးမှုက အားနည်းချက်ဖြစ်နေခဲ့ပါတယ်။ တိုက်စစ်အားသန်သူတွေဖြစ်ကြတဲ့ မာတီနယ်လီ၊ စမစ်ရိုးနဲ့ တီယာနီတို့သာ တစ်ဖက်ကို ကျွံသွားပြီး အချိန်မီ ပြန်မလာနိုင်ဘူးဆိုရင် ဆွစ်ဇာလန်သားကြီးဟာ တစ်ဖက်အသင်းတွေရဲ့ ထိုးနှက်ချင်စရာဖြစ်နေခဲ့ပြီး လျင်မြန်တဲ့ တိုက်စစ်သမားတိုင်းက သူ့ကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်တာပါ။ ညာတောင်ပံရဲ့ ကောင်တာတွေနဲ့ တိုက်စစ်တွေ အားကောင်းတဲ့ အသင်းမျိုးနဲ့ဆိုရင် ချာကာကို ကူညီပေးဖို့ လိုပြီး တီယာနီသာ မပါးနပ်ခဲ့ရင် ဘယ်ခြမ်းက ဂန်းနားတွေကို ဒုက္ခရောက်စေနိုင်တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္တို႔အေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္မွာ တစ္စတစ္စနဲ႔ ရလဒ္ေကာင္းေတြကို ေဖာ္ေဆာင္လာႏိုင္ခဲ့ၿပီး ရွိတဲ့သူနဲ႔ အေကာင္းဆုံး ရလဒ္ေတြကို အမွားအယြင္းနည္းနည္းနဲ႔ ယူေဆာင္ျပေနခဲ့ခ်ိန္မွာ အသင္းကို ေမာင္းႏွင္ႏိုင္တဲ့ နည္းျပ မီခယ္လ္ အာတီတာက အေရးပါေနခဲ့သလို လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ ျပန္ကစားခ်င္ေနၾကတဲ့ ကစားသမားေတြရဲ႕ ႀကိဳးစားမႈကလည္း ျမင္သာထင္သာရွိခဲ့ပါတယ္။

ဒီထဲကမွ အာဆင္နယ္တို႔ ဘာေၾကာင့္ အမွတ္ေတြ ယူၿပီး အဆင့္ ၄ အတြင္းကို ဝင္ေရာက္သြားႏိုင္မလဲဆိုတဲ့ အျပဳသေဘာေဆာင္ အားသာခ်က္ ၃ ခ်က္နဲ႔ အမွတ္ေတြ ေလ်ာ့ၿပီး ယူ႐ိုပါလိဂ္ေလာက္နဲ႔ပဲ ေက်နပ္ေကာင္း ေက်နပ္ရႏိုင္တဲ့ အပ်က္သေဘာေဆာင္ အားနည္းခ်က္ ၃ ခ်က္က ဘာေတြျဖစ္မလဲဆိုတာက တစ္ခ်က္ေလာက္ ေလ့လာၾကည့္ၾကရေအာင္ပါ။

အားသာခ်က္(၁)။ ေအာ္ဒီဂြါဒ္နဲ႔ ပါေတးရဲ႕ ကြင္းလယ္အတြဲ
ဂန္းနားတို႔ရဲ႕ ကြင္းလယ္ဗဟိုကို ႏွစ္ပိုင္းခြဲၿပီး ရႈျမင္ၾကည့္မယ္ဆိုရင္ ဂရာနစ္ ခ်ာကာ ဦးေဆာင္တဲ့ ဘယ္ျခမ္းနဲ႔ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ေသာမတ္စ္ ပါေတးတို႔ တြဲဖက္ကစားတဲ့ ညာျခမ္းႏွစ္ျခမ္းကို ျမင္ရပါလိမ့္မယ္။ ပါေတးရဲ႕ ပုံမွန္ေျခစြမ္းနဲ႔ တိုက္စစ္ လိုက္ပါႏိုင္စြမ္းကို မရခင္တုန္းက ဒီေနရာမွာ အားနည္းခ်က္ေတြနဲ႔ ေအာ္ဒီဂြါဒ္တစ္ေယာက္တည္း ႐ုန္းကန္ေနခဲ့ရၿပီး လက္ရွိမွာေတာ့ ေနာ္ေဝသား စိတ္လြတ္လက္လြတ္ တိုက္စစ္ဆင္ဖန္တီးခြင့္ရွိေအာင္ ဂါနာသားက ေရွ႕အထိတက္ၿပီး ကူညီေပးေနတာပါ။ ဒါက အာဆင္နယ္တို႔ ဝုလ္ဗ္စ္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ တစ္ေၾကာင္းလည္းျဖစ္ၿပီး ႏိုင္ပြဲေတြ ပိုရလာႏိုင္တဲ့ အခြင့္အေရးလည္းျဖစ္ေနပါတယ္။

အားသာခ်က္(၂)။ အာတီတာရဲ႕ စိတ္ဓာတ္ပိုင္း
နည္းျပ မီခယ္လ္ အာတီတာရဲ႕ စိတ္ဓာတ္ပိုင္းကို လႈံ႕ေဆာ္တိုက္တြန္းေပးႏိုင္မႈေတြက အသင္းအတြက္ ႀကီးမားတဲ့ အားသာခ်က္တစ္ခ်က္ပါ။ အမ္းမရိတ္မွာ အသင္းေခါင္းေဆာင္အျဖစ္ ေဆာင္႐ြက္ဖူးတဲ့ ဘတ္စ္ေကးသားဟာ အသင္းသားေတြအေၾကာင္း ေကာင္းေကာင္းသိသူျဖစ္ၿပီး မလႈပ္မယွက္နဲ႔ ႐ုပ္ပ်က္တဲ့သူေတြ၊ ေျပာမေကာင္းဆိုမေကာင္းတဲ့သူေတြကို ရွင္းထုတ္ခဲ့အၿပီးမွာ သူေျပာတိုင္းရ သူေျမႇာက္ေပးတိုင္းကမယ့္သူေတြနဲ႔ တစ္ဖက္တစ္လမ္းက ပိုမိုအလုပ္ျဖစ္လာခဲ့ၿပီး ခ်န္ပီယံလိဂ္ကစားႏိုင္တဲ့ အသင္းတစ္သင္းျဖစ္ေၾကာင္း စြမ္းေဆာင္ျပပါဆိုတာမ်ိဳးနဲ႔ သူ႔မွာ စိတ္ဓာတ္စစ္ဆင္ေရးဗ်ဴဟာေတြ ရွိေနခဲ့ပါတယ္။

အားသာခ်က္(၃)။ ေခါင္းေဆာင္ႏိုင္သူ ေပါမ်ားလာျခင္း
အာဆင္နယ္ဟာ အရင္ကလို ေဟးလားဝါးလား အသင္းေခါင္းေဆာင္၊ ကမူးရႉးထိုး ကပၸတိန္ေတြနဲ႔ အသင္းမ်ိဳး မဟုတ္ေတာ့ဘဲ စိတ္ဓာတ္ပိုင္း ျပင္းထန္ၿပီး ဇြဲမေလွ်ာ့သလို ေနရာအလိုက္ အသင္းကို ေမာင္းႏွင္ႏိုင္စြမ္းရွိသူေတြ ေပါမ်ားလာခဲ့တာပါ။ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ကီရန္ တီယာနီ၊ ဘန္ဝႈိက္၊ ကြင္းလယ္မွာ ခ်ာကာ၊ ပါေတးနဲ႔ ေအာ္ဒီဂြါဒ္၊ တိုက္စစ္က လာကာဇက္တို႔ဟာ ႏိုင္လိုစိတ္ျမင့္မားၿပီး ကိုယ္တိုင္႐ုန္းျပႏိုင္သူေတြအျဖစ္ ရွိေနခဲ့သလို ဒါက လိုအပ္တဲ့ သုံးမွတ္ေတြကို ရယူႏိုင္ဖို႔ အားသာခ်က္တစ္ရပ္လည္းျဖစ္ေနပါတယ္။
———-

အားနည္းခ်က္(၁)။ တိုက္စစ္ေတာင္ပံေတြရဲ႕ ခံစစ္လိုက္ပါမႈ
ဂန္းနားေတြရဲ႕ အားနည္းခ်က္ေတြကို ေနာက္ပိုင္းပြဲေတြမွာ ေတြ႕ျမင္ေနရတာက ခံစစ္ကစားရခ်ိန္ေတြမွာ ေနာက္ခံအစြန္လူေတြကို ေတာင္ပံ တိုက္စစ္ကစားသမားေတြက လိုက္ပါကူညီမႈပိုင္း အတိုင္အေဖာက္ သိပ္မညီတာျဖစ္ပါတယ္။ စမစ္႐ိုး၊ ဆာကာ၊ မာတီနယ္လီတို႔ရဲ႕ ေပးဆပ္ကစားလိုစိတ္ကို သံသယရွိစရာမလိုေပမယ့္ သူတို႔ေတြရဲ႕ ခံစစ္က ေနရာယူပုံေတြက အားနည္းေနခဲ့ၿပီး တကယ္တမ္းမွာ အစြန္လူနဲ႔ ဗဟိုခံစစ္သမားၾကားထဲက Half Space ေရွ႕မွာ ေနရာယူရမယ့္အစား မလိုအပ္ဘဲ ေတာင္ပံတစ္ေလွ်ာက္ ေဘးစည္းနားပဲ ရွိေနၿပီး ေနရာလြတ္ေတြ မ်ားကုန္တတ္သလို ေတာင္ပံကို အာ႐ုံစိုက္လြန္းတာေၾကာင့္ အလယ္ပိုင္းမွာ အားနည္းေနတတ္တာျဖစ္ပါတယ္။

အားနည္းခ်က္(၂)။ ပါေတးမရွိရင္ ခက္ႏိုင္ေျခ
အာဆင္နယ္ကြင္းလယ္မွာ ေသာမတ္စ္ ပါေတးကို အနားေပးဖို႔ မျဖစ္ႏိုင္ပါဘူး။ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ ရွိတုန္းက ပရီးမီးယားလိဂ္ အေတြ႕အႀကဳံမ်ားတဲ့ ကစားသမားတစ္ဦးျဖစ္လို႔ ဂါနာသားေလာက္ မေကာင္းေတာင္ တူတူတန္တန္ေလာက္ေတာ့ ကစားေပးႏိုင္ခဲ့ေသးတာပါ။ ဒါေပမယ့္ တိုက္စစ္ေရာ ခံစစ္ေရာ ကစားရမယ့္ ေနရာမွာ အသင္းလတ္ခ်င္း ကစားရင္ေတာင္ မယွဥ္ႏိုင္ေသးသလို ေနာ့တင္ဟမ္ ေဖာရက္စ္ကို ရႈံးခဲ့တုန္းက စိတ္ပ်က္စရာပုံစံကို ျပသခဲ့တဲ့ ဆမ္ဘီ လိုကြန္ဂါကို နည္းျပ အာတီတာကိုယ္တိုင္က မယုံႏိုင္ေတာ့ဘဲျဖစ္ေနတာေၾကာင့္ ပါေတးကို ပြဲတိုင္းသုံးစြဲေနခဲ့ရၿပီး ဒဏ္ရာနဲ႔ ပြဲပယ္ေတြသာ ေရာက္ရွိလာခဲ့ရင္ သူတို႔ေတြ အခက္ႀကဳံရႏိုင္ပါတယ္။

အားနည္းခ်က္(၃)။ ခ်ာကာရဲ႕ ေႏွးေကြးမႈ
အာဆင္နယ္ကြင္းလယ္ညာျခမ္းက သူတို႔အတြက္ အားသာခ်က္ဆိုရင္ ခ်ာကာရဲ႕ ဘယ္ျခမ္း ေႏွးေကြးမႈက အားနည္းခ်က္ျဖစ္ေနခဲ့ပါတယ္။ တိုက္စစ္အားသန္သူေတြျဖစ္ၾကတဲ့ မာတီနယ္လီ၊ စမစ္႐ိုးနဲ႔ တီယာနီတို႔သာ တစ္ဖက္ကို ကြၽံသြားၿပီး အခ်ိန္မီ ျပန္မလာႏိုင္ဘူးဆိုရင္ ဆြစ္ဇာလန္သားႀကီးဟာ တစ္ဖက္အသင္းေတြရဲ႕ ထိုးႏွက္ခ်င္စရာျဖစ္ေနခဲ့ၿပီး လ်င္ျမန္တဲ့ တိုက္စစ္သမားတိုင္းက သူ႔ကို အလြယ္တကူ ေက်ာ္ျဖတ္သြားႏိုင္တာပါ။ ညာေတာင္ပံရဲ႕ ေကာင္တာေတြနဲ႔ တိုက္စစ္ေတြ အားေကာင္းတဲ့ အသင္းမ်ိဳးနဲ႔ဆိုရင္ ခ်ာကာကို ကူညီေပးဖို႔ လိုၿပီး တီယာနီသာ မပါးနပ္ခဲ့ရင္ ဘယ္ျခမ္းက ဂန္းနားေတြကို ဒုကၡေရာက္ေစႏိုင္တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.