Premier League

ဝင်ဘလေက သည်းထိတ်ရင်ဖိုညတည ဖြစ်ခဲ့တဲ့ ချဲလ်ဆီး 10-11 လီဗာပူးလ်တို့ပွဲက ထုတ်နုတ်ပြောစရာ ၇ ချက်

ဝင်ဘလေက သည်းထိတ်ရင်ဖိုည

ပုံမှန်ပွဲချိန်နဲ့ အချိန်ပိုတို့မှာ ဂိုးတွေ မရှိခဲ့တာကလွဲရင် ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ဟာ နောက်ထပ်တစ်ကြိမ် ထိပ်တန်းအဆင့် ခြေစွမ်းကို ပြသခြဲ့့တာစြဖ်ပြီး ဇန်နဝါရီလတုန်းက စတမ်းဖို့ဒ် ဘရစ်ချ်မှာ တွေ့ခဲ့တုန်းကအတိုင်း ပြင်းထန်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီအသင်း ၂ သင်းဟာ ဟိုဆေး မော်ရင်ညိုနဲ့ ဘင်နီတက်ဇ်တို့ လက်ထက်တုန်းက ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး တူဟယ်နဲ့ ကလော့ပ်တို့လက်ထက်မှာလည်း တူညီတဲ့ အရှိန်အဟုန်အတိုင်း ဆက်လက်ရှိနေတာဖြစ်ပါတယ်။ အခွင့်အရေးတွေ၊ ဆိုးရွားတဲ့ လွဲချော်မှုတွေ၊ အလွန်ကောင်းမွန်တဲ့ကာကွယ်မှုတွေမြင်တွေ့ခဲ့ရပြီး ပွဲချိန်အတွင်း သွင်းဂိုးတွေ မရှိပေမယ့်လည်း ဂန္တဝင်အဆင့် ဗိုလ်လုပွဲ ဖြစ်ခဲ့ပါတယ်။

သေးသေးတင်မခံတဲ့ VAR

လီဗာပူးလ်ဟာ ၆၇ မိနစ်မှာ မာတစ်ပ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီလို့ အများစုက ထင်မြင်ခဲ့ကြပြီး အစပိုင်းမှာ ဒီဂိုးနဲ့ပတ်သက်ပြီး ဘာမှ မှားယွင်းနေတာမရှိတဲ့ပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနီးကပ်သေချာကြည့်မယ်ဆိုရင် ဗန်ဒိုက်ရဲ့ လူကျွံနေတဲ့အနေအထားကို သေချာမြင်တွေ့ရမှာဖြစ်ပြီး ဒီလူကျွံဘောကို မဖြစ်စလောက် အနေအထားနဲ့ လူကျွံဘောသတ်မှတ်ခဲ့တဲ့ VAR ရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ သတ်မှတ်ရမှာဖြစ်ပေမယ့် အဲဒီလူကျွံဘော သတ်မှတ်တာက လူကာကူးရဲ့ ခွင့်ပြုခြင်းမခံရတဲ့ သွင်းဂိုးမှာလည်း မှန်ကန်ခဲ့တာဖြစ်ပါတယ်။

အလယ်မှာ ရောက်နေတဲ့ မာနေးနဲ့ ထူးခြားဆန်းကြယ်တဲ့ မန်ဒီ

မကြာသေးခင်က ဒဏ်ရာရထားခဲ့တဲ့ ဂျိုတာနဲ့ ဖာမီနိုတို့ဟာ လီဗာပူးလ်ရဲ့ တိုက်စစ်မှာ ဟိုဒီရွေ့လျားသွားလာနေခဲ့ကြတာကို မြင်တွေ့ခဲ့ရတာနဲ့အတူ မာနေးဟာ တိုက်စစ် ၃ ဦးထဲမှာ အလယ်ကနေ အများအားဖြင့် အသုံးပြုခြင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်က နောဝစ်ချ်၊ လိဒ်စ်တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ပင်နယ်တီဧရိယာထဲသွင်းဂိုး သွင်းယူခဲ့တဲ့ နေရာဖြစ်ပေမယ့် ၎င်းရဲ့ ဆီနီဂေါလက်ရွေးစင်အသင်းဖော် ဂိုးသမား မန်ဒီရဲ့ အံ့အားသင့်ဖွယ် ကာကွယ်ခြင်းခံခဲ့ရပြီး ပထမပိုင်းမှာ နောက်ထပ် သွင်းဂိုး ၁ ဂိုးလည်း ရခဲ့ရမှာဖြစ်ပါတယ်။

မာနေးအနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့သင့်ပေမယ့်လည်း မန်ဒီက နာဘီ ကီးတားရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို ကာကွယ်ပြီးနောက် သိပ်မကြာခင်မှာပဲ လက်ကို တဆုံးဆန့်ထုတ်ကာကွယ်ခဲ့တာက လုံးဝကို ကမ္ဘာ့အဆင့်ဖြစ်ပြီး လီဗာပူးလ်ကြယ်ပွင့်ကို မယုံနိုင်ဖြစ်စေခဲ့ပါတယ်။ လီဗာပူးလ်ရဲ့တိုက်စစ်ဟာ ဆင့်ကဲတိုးတက်လာတဲ့ပုံစံအရ မာနေးကို တိုက်စစ်ဗဟိုနေရာမှာ ပိုမို အသုံးချလာတာကို မြင်ရတာက အံ့အာသင့်စရာတော့မဟုတ်ဘဲ ဆီနီဂေါတိုက်စစ်မှူးကလည်း ၎င်းအနေနဲ့ ဒီလို အခွင့်အရေးတွေကို အရယူရမယ်ဆိုတာကို သိနေမှာဖြစ်ပါတယ်။ မာနေးဟာ ဒီလို ဂိုးသမားကောင်းမျိုးနဲ့ ရင်ဆိုင်ရတာမျိုး ရှားပါးပြီး ချဲလ်ဆီးအတွက်တော့ မန်ဒီကို လူစားလဲခဲ့တာကတော့ နောင်တရစရာပါပဲ။

တောက်ပလွန်းတဲ့ အခွင့်အရေးကို လွဲချော်ခဲ့တဲ့ မေဆန် မောင့်

ချဲလ်ဆီးဟာ ပထမပိုင်းကို အထင်ကြီးဖွယ်စတင်နိုင်ခဲ့သလို အဆုံးသတ်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ထိပ်တန်းပုံစံနဲ့ စတင်နိုင်ခဲ့ပါတယ်။ အဲဒီ ၂ ချိန်စလုံးမှာ မေဆန် မောင့်က ချဲလ်ဆီးအသင်းကို ဦးဆောင်ဂိုးမရယူပေးနိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ အင်္ဂလန်ကြယ်ပွင့်က ရှင်းရှင်းလင်းလင်းကန်ခွင့်ရခဲ့ပေမယ့် ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းအစမှာလည်း လွယ်လွယ်နဲ့ ဂိုးသွင်းယူနိုင်မယ့်ပုံပေါ်နေတဲ့အချိန်မှာ တိုင်ထိသွားခဲ့တာဖြစ်ပါတယ်။ ကွင်းဘေးစညး်က တူဟယ်ဟာ မြက်ခင်းပြင်ကို ဒေါသတကြီး ကန်ထုတ်ခဲ့ပေမယ့်လည်း အဲဒါက ၎င်းတို့ရဲ့နောက်ဆုံး ကြီးမားတဲ့ အခွင့်အရေးတွေတော့ မဟုတ်ခဲ့တာဖြစ်ပါတယ်။

မျက်ရည်တွေ တွင်တွင်ကျနေခဲ့တဲ့ သီယေဂို

သီယေဂို အယ်လ်ကန်တာရာဟာ ပွဲစခါနီးအချိန်အထိ ကွင်းလယ်မှာ ဖာဘင်ညို၊ ဟန်ဒါဆန်တို့နဲ့အတူ လူစာရင်းမှာ ပါဝင်နေခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာတွေကြောင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာကြောင့် အရန်ခုံတန်းမှာ ငိုကြွေးနေခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ အဓိကဆုဖလားဗိုလ်လုပွဲမှာ ပွဲထွက်စတင်ခွင့် မရခဲ့တာကြောင့် ဝမ်းနည်းကြေကွဲနေတဲ့ သီယေဂိုကို အယ်လစ်ဆန်က နှစ်သိမ့်ပေးနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

တိုက်စစ်မှာ အဓိကကျခဲ့တဲ့ ခိုင် ဟာဗတ်ဇ်

မျှော်လင့်ထားတဲ့အတိုင်း တိုက်စစ်မှာ လူကာကူးကို ကျော်ပြီး ပွဲထွက်စတင်လာခဲ့တဲ့ ဟာဇတ်ဇ်ရဲ့ လှည့်ဖျားမှုနဲ့ ရွေ့လျားမှုတွေဟာ အဖွင့်ပွဲကစားချိန်တွေမှာ အဓိကသော့ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ လေဗာကူဆင်ကြယ်ပွင့်ဟောင်းဟာ ပွဲအစကတည်းက တူဟယ် လုပ်ချင်တဲ့အရာကို ကောင်းကောင်းလုပ်ပြနိုင်ခဲ့ပြီး အစောပိုင်းပွဲကစားချိန်တွေမှာ ချဲလ်ဆီးရဲ့အထင်ကြီးဖွယ် လုပ်အားနှုန်းဟာ ဟာဗတ်ဇ်ရဲ့ မေဆန် မောင့်၊ ပူလီရှစ်တို့နဲ့အတူ တွဲဖက်ကစားခြင်းကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ခိုင် ဟာဗတ်ဇ်ကို တမင်လွှတ်ပေးထားပြီး ထောင်ချောက်ဆင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂျာမန်တောင်ပံကြယ်ပွင့်ဟာ လူကျွံထောင်ချောက်ကို ရှောင်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။

ကံကောင်းလို့ အနီကတ်မထိခဲ့တဲ့ ကီးတား

နာဘီ ကီးတားဟာ ဒဏ်ရာရရှိနေတဲ့ သီယေဂို အယ်လ်ကန်တာရာရဲ့ နေရာမှာ ပွဲထွက်ပါဝင်လာခဲ့သူဖြစ်ပြီး ပုံမှန်ပွဲကစားတဲ့ ခြေစွမ်းရဖို့ အချိန်ယူနေခဲ့ရပေမယ့် ပွဲချိန်တစ်နာရီအကြာမှာတော့ ကွင်းထဲက ထွက်သွားရနိုင်တဲ့အနေအထားမျိုးရှိခဲ့တာဖြစ်ပါတယ်။ ကီးတားဟာ ချာလိုဘက်နဲ့ ဘောလုံး ယှဉ်လုရာမှာ ချဲလ်ဆီးကစားသမားရဲ့ ဒူးကို ခြေထောက်နဲ့ ကန်မိခဲ့တာဖြစ်ပေမယ့်လည်း VAR ကလည်း ပြန်လည်စစ်ဆေးခဲ့ခြင်းမရှိသလို ဒိုင်လူကြီးကလည်း မတော်တဆအဖြစ်သာ သဘောထားခဲ့တာကြောင့် အပြစ်ပေးခံရခြင်းမရှိဘဲ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝင္ဘေလက သည္းထိတ္ရင္ဖိုည

ပုံမွန္ပြဲခ်ိန္နဲ႔ အခ်ိန္ပိုတို႔မွာ ဂိုးေတြ မရွိခဲ့တာကလြဲရင္ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ဟာ ေနာက္ထပ္တစ္ႀကိမ္ ထိပ္တန္းအဆင့္ ေျခစြမ္းကို ျပသျခဲ့့တာျစဖ္ၿပီး ဇန္နဝါရီလတုန္းက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ေတြ႕ခဲ့တုန္းကအတိုင္း ျပင္းထန္တဲ့ပြဲတစ္ပြဲျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒီအသင္း ၂ သင္းဟာ ဟိုေဆး ေမာ္ရင္ညိဳနဲ႔ ဘင္နီတက္ဇ္တို႔ လက္ထက္တုန္းက ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ကစားခဲ့ရတာျဖစ္ၿပီး တူဟယ္နဲ႔ ကေလာ့ပ္တို႔လက္ထက္မွာလည္း တူညီတဲ့ အရွိန္အဟုန္အတိုင္း ဆက္လက္ရွိေနတာျဖစ္ပါတယ္။ အခြင့္အေရးေတြ၊ ဆိုးရြားတဲ့ လြဲေခ်ာ္မႈေတြ၊ အလြန္ေကာင္းမြန္တဲ့ကာကြယ္မႈေတြျမင္ေတြ႕ခဲ့ရၿပီး ပြဲခ်ိန္အတြင္း သြင္းဂိုးေတြ မရွိေပမယ့္လည္း ဂႏၲဝင္အဆင့္ ဗိုလ္လုပြဲ ျဖစ္ခဲ့ပါတယ္။

ေသးေသးတင္မခံတဲ့ VAR

လီဗာပူးလ္ဟာ ၆၇ မိနစ္မွာ မာတစ္ပ္ရဲ့ သြင္းဂိုးနဲ႔ ဦးေဆာင္နိုင္ခဲ့ၿပီလို႔ အမ်ားစုက ထင္ျမင္ခဲ့ၾကၿပီး အစပိုင္းမွာ ဒီဂိုးနဲ႔ပတ္သက္ၿပီး ဘာမွ မွားယြင္းေနတာမရွိတဲ့ပုံ ေပၚခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အနီးကပ္ေသခ်ာၾကည့္မယ္ဆိုရင္ ဗန္ဒိုက္ရဲ့ လူကၽြံေနတဲ့အေနအထားကို ေသခ်ာျမင္ေတြ႕ရမွာျဖစ္ၿပီး ဒီလူကၽြံေဘာကို မျဖစ္စေလာက္ အေနအထားနဲ႔ လူကၽြံေဘာသတ္မွတ္ခဲ့တဲ့ VAR ရဲ့ ဆိုးရြားတဲ့ ဆုံးျဖတ္ခ်က္တစ္ခုလို႔ သတ္မွတ္ရမွာျဖစ္ေပမယ့္ အဲဒီလူကၽြံေဘာ သတ္မွတ္တာက လူကာကူးရဲ့ ခြင့္ျပဳျခင္းမခံရတဲ့ သြင္းဂိုးမွာလည္း မွန္ကန္ခဲ့တာျဖစ္ပါတယ္။

အလယ္မွာ ေရာက္ေနတဲ့ မာေနးနဲ႔ ထူးျခားဆန္းၾကယ္တဲ့ မန္ဒီ

မၾကာေသးခင္က ဒဏ္ရာရထားခဲ့တဲ့ ဂ်ိဳတာနဲ႔ ဖာမီနိုတို႔ဟာ လီဗာပူးလ္ရဲ့ တိုက္စစ္မွာ ဟိုဒီေရြ႕လ်ားသြားလာေနခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရတာနဲ႔အတူ မာေနးဟာ တိုက္စစ္ ၃ ဦးထဲမွာ အလယ္ကေန အမ်ားအားျဖင့္ အသုံးျပဳျခင္းခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့အပတ္က ေနာဝစ္ခ်္၊ လိဒ္စ္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ ပင္နယ္တီဧရိယာထဲသြင္းဂိုး သြင္းယူခဲ့တဲ့ ေနရာျဖစ္ေပမယ့္ ၎ရဲ့ ဆီနီေဂါလက္ေရြးစင္အသင္းေဖာ္ ဂိုးသမား မန္ဒီရဲ့ အံ့အားသင့္ဖြယ္ ကာကြယ္ျခင္းခံခဲ့ရၿပီး ပထမပိုင္းမွာ ေနာက္ထပ္ သြင္းဂိုး ၁ ဂိုးလည္း ရခဲ့ရမွာျဖစ္ပါတယ္။

မာေနးအေနနဲ႔ ဂိုးသြင္းယူနိုင္ခဲ့သင့္ေပမယ့္လည္း မန္ဒီက နာဘီ ကီးတားရဲ့ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈကို ကာကြယ္ၿပီးေနာက္ သိပ္မၾကာခင္မွာပဲ လက္ကို တဆုံးဆန႔္ထုတ္ကာကြယ္ခဲ့တာက လုံးဝကို ကမၻာ့အဆင့္ျဖစ္ၿပီး လီဗာပူးလ္ၾကယ္ပြင့္ကို မယုံနိုင္ျဖစ္ေစခဲ့ပါတယ္။ လီဗာပူးလ္ရဲ့တိုက္စစ္ဟာ ဆင့္ကဲတိုးတက္လာတဲ့ပုံစံအရ မာေနးကို တိုက္စစ္ဗဟိုေနရာမွာ ပိုမို အသုံးခ်လာတာကို ျမင္ရတာက အံ့အာသင့္စရာေတာ့မဟုတ္ဘဲ ဆီနီေဂါတိုက္စစ္မႉးကလည္း ၎အေနနဲ႔ ဒီလို အခြင့္အေရးေတြကို အရယူရမယ္ဆိုတာကို သိေနမွာျဖစ္ပါတယ္။ မာေနးဟာ ဒီလို ဂိုးသမားေကာင္းမ်ိဳးနဲ႔ ရင္ဆိုင္ရတာမ်ိဳး ရွားပါးၿပီး ခ်ဲလ္ဆီးအတြက္ေတာ့ မန္ဒီကို လူစားလဲခဲ့တာကေတာ့ ေနာင္တရစရာပါပဲ။

ေတာက္ပလြန္းတဲ့ အခြင့္အေရးကို လြဲေခ်ာ္ခဲ့တဲ့ ေမဆန္ ေမာင့္

ခ်ဲလ္ဆီးဟာ ပထမပိုင္းကို အထင္ႀကီးဖြယ္စတင္နိုင္ခဲ့သလို အဆုံးသတ္နိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ထိပ္တန္းပုံစံနဲ႔ စတင္နိုင္ခဲ့ပါတယ္။ အဲဒီ ၂ ခ်ိန္စလုံးမွာ ေမဆန္ ေမာင့္က ခ်ဲလ္ဆီးအသင္းကို ဦးေဆာင္ဂိုးမရယူေပးနိုင္ခဲ့တာျဖစ္ၿပီး ပထမပိုင္းမွာ အဂၤလန္ၾကယ္ပြင့္က ရွင္းရွင္းလင္းလင္းကန္ခြင့္ရခဲ့ေပမယ့္ ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းအစမွာလည္း လြယ္လြယ္နဲ႔ ဂိုးသြင္းယူနိုင္မယ့္ပုံေပၚေနတဲ့အခ်ိန္မွာ တိုင္ထိသြားခဲ့တာျဖစ္ပါတယ္။ ကြင္းေဘးစညး္က တူဟယ္ဟာ ျမက္ခင္းျပင္ကို ေဒါသတႀကီး ကန္ထုတ္ခဲ့ေပမယ့္လည္း အဲဒါက ၎တို႔ရဲ့ေနာက္ဆုံး ႀကီးမားတဲ့ အခြင့္အေရးေတြေတာ့ မဟုတ္ခဲ့တာျဖစ္ပါတယ္။

မ်က္ရည္ေတြ တြင္တြင္က်ေနခဲ့တဲ့ သီေယဂို

သီေယဂို အယ္လ္ကန္တာရာဟာ ပြဲစခါနီးအခ်ိန္အထိ ကြင္းလယ္မွာ ဖာဘင္ညိဳ၊ ဟန္ဒါဆန္တို႔နဲ႔အတူ လူစာရင္းမွာ ပါဝင္ေနခဲ့ေပမယ့္လည္း ဒဏ္ရာျပႆနာေတြေၾကာင့္ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာေၾကာင့္ အရန္ခုံတန္းမွာ ငိုေႂကြးေနခဲ့ပါတယ္။ လီဗာပူးလ္ရဲ့ အဓိကဆုဖလားဗိုလ္လုပြဲမွာ ပြဲထြက္စတင္ခြင့္ မရခဲ့တာေၾကာင့္ ဝမ္းနည္းေၾကကြဲေနတဲ့ သီေယဂိုကို အယ္လစ္ဆန္က ႏွစ္သိမ့္ေပးေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

တိုက္စစ္မွာ အဓိကက်ခဲ့တဲ့ ခိုင္ ဟာဗတ္ဇ္

ေမၽွာ္လင့္ထားတဲ့အတိုင္း တိုက္စစ္မွာ လူကာကူးကို ေက်ာ္ၿပီး ပြဲထြက္စတင္လာခဲ့တဲ့ ဟာဇတ္ဇ္ရဲ့ လွည့္ဖ်ားမႈနဲ႔ ေရြ႕လ်ားမႈေတြဟာ အဖြင့္ပြဲကစားခ်ိန္ေတြမွာ အဓိကေသာ့ခ်က္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ေလဗာကူဆင္ၾကယ္ပြင့္ေဟာင္းဟာ ပြဲအစကတည္းက တူဟယ္ လုပ္ခ်င္တဲ့အရာကို ေကာင္းေကာင္းလုပ္ျပနိုင္ခဲ့ၿပီး အေစာပိုင္းပြဲကစားခ်ိန္ေတြမွာ ခ်ဲလ္ဆီးရဲ့အထင္ႀကီးဖြယ္ လုပ္အားႏႈန္းဟာ ဟာဗတ္ဇ္ရဲ့ ေမဆန္ ေမာင့္၊ ပူလီရွစ္တို႔နဲ႔အတူ တြဲဖက္ကစားျခင္းကေန ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ခိုင္ ဟာဗတ္ဇ္ကို တမင္လႊတ္ေပးထားၿပီး ေထာင္ေခ်ာက္ဆင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဂ်ာမန္ေတာင္ပံၾကယ္ပြင့္ဟာ လူကၽြံေထာင္ေခ်ာက္ကို ေရွာင္ရွားနိုင္ခဲ့တာျဖစ္ပါတယ္။

ကံေကာင္းလို႔ အနီကတ္မထိခဲ့တဲ့ ကီးတား

နာဘီ ကီးတားဟာ ဒဏ္ရာရရွိေနတဲ့ သီေယဂို အယ္လ္ကန္တာရာရဲ့ ေနရာမွာ ပြဲထြက္ပါဝင္လာခဲ့သူျဖစ္ၿပီး ပုံမွန္ပြဲကစားတဲ့ ေျခစြမ္းရဖို႔ အခ်ိန္ယူေနခဲ့ရေပမယ့္ ပြဲခ်ိန္တစ္နာရီအၾကာမွာေတာ့ ကြင္းထဲက ထြက္သြားရနိုင္တဲ့အေနအထားမ်ိဳးရွိခဲ့တာျဖစ္ပါတယ္။ ကီးတားဟာ ခ်ာလိုဘက္နဲ႔ ေဘာလုံး ယွဥ္လုရာမွာ ခ်ဲလ္ဆီးကစားသမားရဲ့ ဒူးကို ေျခေထာက္နဲ႔ ကန္မိခဲ့တာျဖစ္ေပမယ့္လည္း VAR ကလည္း ျပန္လည္စစ္ေဆးခဲ့ျခင္းမရွိသလို ဒိုင္လူႀကီးကလည္း မေတာ္တဆအျဖစ္သာ သေဘာထားခဲ့တာေၾကာင့္ အျပစ္ေပးခံရျခင္းမရွိဘဲ လြတ္ေျမာက္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.