Premier League

အြန္နရီရဲ႕ အာဆင္နယ္နဲ႔ ဖန္တီးမွဳမွတ္တမ္းကို မန္စီးတီးနဲ႔ ဒီဘ႐ိုင္းနား ေက်ာ္ျဖတ္ႏုိင္မွာလား

ျပင္သစ္တိုက္စစ္မွဴးေဟာင္းႀကီး သီယာရီ အြန္နရီရဲ႕ ပရီးမီးယားလိဂ္တစ္ရာသီမွာ ဖန္တီးမွဳအမ်ားဆုံးအျဖစ္ ၁၇ ႏွစ္ၾကာ တည္တံ့ေနခဲ့တဲ့ မွတ္တမ္းကို ကမာၻ႕အေကာင္းဆုံးကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ကီဗင္ ဒီဘ႐ိုင္းနားတစ္ေယာက္ ခ်ဳိးဖ်က္ႏုိင္မလားဆုိတာကေတာ့ အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီး ပရိသတ္ေတြၾကားက အေမးပုစာၦနဲ႔ ၿပဳိင္ဆုိင္မွဳတစ္ခုလို ျဖစ္ေနခဲ့ပါတယ္။

ဂိုးသြင္းစက္ မဟုတ္ဘဲ ဂိုးဖန္တီးစက္လို႔ ခ်ီးက်ဴးခံထားခဲ့ရတဲ့ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူဟာ သူ႕ရဲ႕ ႏုိင္ငံအသင္းက လက္ေထာက္နည္းျပအျဖစ္ ေဆာင္ရြက္ခဲ့တဲ့ အြန္နရီကို စိန္ေခၚထားခဲ့ဖူးၿပီး ေနာက္ပုိင္းႏွစ္ေတြမွာ ၁၈ ႀကိမ္အထိ စာရင္းေပါက္ခဲ့ဖူးေပမယ့္ လုိက္မမီခဲ့ေသးဘဲ အနီးစပ္ဆုံး အေနအထားနဲ႔ပဲ ေက်နပ္ခဲ့ရတာလည္းျဖစ္ပါတယ္။

အြန္နရီကေတာ့ ဒီဘ႐ိုင္းနားအေနနဲ႔ သူ႕ကို စိန္ေခၚမယ္ဆုိရင္ ဖန္တီးမွဳမွတ္တမ္းတစ္ခုတည္းကို စိန္မေခၚဘဲ ဂိုးသြင္းမွတ္တမ္းကိုပါ ထည့္ၿပီး စိန္ေခၚသင့္တယ္လို႔ တုံ႔ျပန္က်ီစယ္ထားခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီေတြမွာ လုပ္မျပႏုိင္ခဲ့ေသးတဲ့ မန္စီးတီးကြင္းလယ္လူအေနနဲ႔ ဒီရာသီမွာေတာ့ လက္က်န္ ၄ ပြဲ က်န္ရွိေနခ်ိန္မွာ ၁၈ ႀကိမ္အထိ ဖန္တီးၿပီးျဖစ္လို႔ အာဆင္နယ္အသင္းရဲ႕ စံခ်ိန္ကိုပါ ႐ိုက္ခ်ဳိးႏုိင္မလား ေစာင့္ၾကည့္ရဖို႔ ရွိေနတာပါ။

ပရီးမီးယားလိဂ္ရဲ႕ ဖန္တီးမွဳမွတ္တမ္းမွာ ထိပ္ဆုံးက ေနရာယူထားသူႏွစ္ဦးကေတာ့ အာဆင္နယ္ကစားသမားႏွစ္ဦးျဖစ္တဲ့ အြန္နရီနဲ႔ မီဆြတ္ အုိေဇးလ္တုိ႔ ျဖစ္ၾကၿပီး အႀကိမ္ ၂၀ နဲ႔ ၁၉ ႀကိမ္ အသီးသီး ဖန္တီးထားၾကသလို ၁၈ ႀကိမ္အထိ ဖန္တီးႏုိင္ခဲ့သူစာရင္းမွာေတာ့ ဒီဘ႐ိုင္းနားနဲ႔အတူ ခ်ဲလ္ဆီးနဲ႔ ရရွိခဲ့တဲ့ ဖာဘရီဂက္စ္နဲ႔ လက္ရွိနည္းျပ ဖရန္႔ လမ္းပတ္တုိ႔က မွတ္တမ္းဝင္ထားခဲ့တာလည္းျဖစ္ပါတယ္။

ဒီရာသီမွာ ၁၈ ႀကိမ္ ဖန္တီးေပးခဲ့တဲ့ ဒီဘ႐ိုင္းနားအေနနဲ႔ သူ႕ရဲ႕ ၂၀၁၆-၁၇ ရာသီမွာ ရရွိၿပီးျဖစ္တဲ့ စံခ်ိန္ေဟာင္းကို လုိက္မီခဲ့ၿပီျဖစ္ၿပီး လက္က်န္ ပြဲစဥ္ေတြကေတာ့ ဘ႐ိုက္တန္၊ ဘုန္းေမာက္၊ ဝတ္ဖို႔ဒ္၊ ေနာ့ဝစ္ခ်္တုိ႔လို အသင္းငယ္ေတြနဲ႔ ေတြ႕ဆုံေနလို႔ အြန္နရီရဲ႕ စံခ်ိန္ကို လိုက္မီႏုိင္႐ုံမက ခ်ဳိးဖ်က္ဖို႔ပါ အခြင့္အလမ္းရွိေနၿပီး ခ်န္ပီယံအေျဖထြက္ၿပီးျဖစ္တဲ့ ပရီးမီးယားလိဂ္ကို အားေပးသူ ပရိသတ္ေတြအတြက္ ေနာက္ထပ္ ေစာင့္ၾကည့္စရာတစ္ခုအျဖစ္ ေဖာ္ျပေပးလုိက္ပါတယ္။

REF: DAILY MAIL & SQUAWKA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြင်သစ်တိုက်စစ်မှူးဟောင်းကြီး သီယာရီ အွန်နရီရဲ့ ပရီးမီးယားလိဂ်တစ်ရာသီမှာ ဖန်တီးမှုအများဆုံးအဖြစ် ၁၇ နှစ်ကြာ တည်တံ့နေခဲ့တဲ့ မှတ်တမ်းကို ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ကီဗင် ဒီဘရိုင်းနားတစ်ယောက် ချိုးဖျက်နိုင်မလားဆိုတာကတော့ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီး ပရိသတ်တွေကြားက အမေးပုစ္ဆာနဲ့ ပြိုင်ဆိုင်မှုတစ်ခုလို ဖြစ်နေခဲ့ပါတယ်။

ဂိုးသွင်းစက် မဟုတ်ဘဲ ဂိုးဖန်တီးစက်လို့ ချီးကျူးခံထားခဲ့ရတဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်လူဟာ သူ့ရဲ့ နိုင်ငံအသင်းက လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ အွန်နရီကို စိန်ခေါ်ထားခဲ့ဖူးပြီး နောက်ပိုင်းနှစ်တွေမှာ ၁၈ ကြိမ်အထိ စာရင်းပေါက်ခဲ့ဖူးပေမယ့် လိုက်မမီခဲ့သေးဘဲ အနီးစပ်ဆုံး အနေအထားနဲ့ပဲ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

အွန်နရီကတော့ ဒီဘရိုင်းနားအနေနဲ့ သူ့ကို စိန်ခေါ်မယ်ဆိုရင် ဖန်တီးမှုမှတ်တမ်းတစ်ခုတည်းကို စိန်မခေါ်ဘဲ ဂိုးသွင်းမှတ်တမ်းကိုပါ ထည့်ပြီး စိန်ခေါ်သင့်တယ်လို့ တုံ့ပြန်ကျီစယ်ထားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီတွေမှာ လုပ်မပြနိုင်ခဲ့သေးတဲ့ မန်စီးတီးကွင်းလယ်လူအနေနဲ့ ဒီရာသီမှာတော့ လက်ကျန် ၄ ပွဲ ကျန်ရှိနေချိန်မှာ ၁၈ ကြိမ်အထိ ဖန်တီးပြီးဖြစ်လို့ အာဆင်နယ်အသင်းရဲ့ စံချိန်ကိုပါ ရိုက်ချိုးနိုင်မလား စောင့်ကြည့်ရဖို့ ရှိနေတာပါ။

ပရီးမီးယားလိဂ်ရဲ့ ဖန်တီးမှုမှတ်တမ်းမှာ ထိပ်ဆုံးက နေရာယူထားသူနှစ်ဦးကတော့ အာဆင်နယ်ကစားသမားနှစ်ဦးဖြစ်တဲ့ အွန်နရီနဲ့ မီဆွတ် အိုဇေးလ်တို့ ဖြစ်ကြပြီး အကြိမ် ၂၀ နဲ့ ၁၉ ကြိမ် အသီးသီး ဖန်တီးထားကြသလို ၁၈ ကြိမ်အထိ ဖန်တီးနိုင်ခဲ့သူစာရင်းမှာတော့ ဒီဘရိုင်းနားနဲ့အတူ ချဲလ်ဆီးနဲ့ ရရှိခဲ့တဲ့ ဖာဘရီဂက်စ်နဲ့ လက်ရှိနည်းပြ ဖရန့် လမ်းပတ်တို့က မှတ်တမ်းဝင်ထားခဲ့တာလည်းဖြစ်ပါတယ်။

ဒီရာသီမှာ ၁၈ ကြိမ် ဖန်တီးပေးခဲ့တဲ့ ဒီဘရိုင်းနားအနေနဲ့ သူ့ရဲ့ ၂၀၁၆-၁၇ ရာသီမှာ ရရှိပြီးဖြစ်တဲ့ စံချိန်ဟောင်းကို လိုက်မီခဲ့ပြီဖြစ်ပြီး လက်ကျန် ပွဲစဉ်တွေကတော့ ဘရိုက်တန်၊ ဘုန်းမောက်၊ ဝတ်ဖို့ဒ်၊ နော့ဝစ်ချ်တို့လို အသင်းငယ်တွေနဲ့ တွေ့ဆုံနေလို့ အွန်နရီရဲ့ စံချိန်ကို လိုက်မီနိုင်ရုံမက ချိုးဖျက်ဖို့ပါ အခွင့်အလမ်းရှိနေပြီး ချန်ပီယံအဖြေထွက်ပြီးဖြစ်တဲ့ ပရီးမီးယားလိဂ်ကို အားပေးသူ ပရိသတ်တွေအတွက် နောက်ထပ် စောင့်ကြည့်စရာတစ်ခုအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

REF: DAILY MAIL & SQUAWKA
PHOTOS CREDIT TO OWNERS
SPORTS A2Z.