Premier League

အသင်းကို စောင့်ရှောက်ခွင့်ကို လွှဲပြောင်းခဲ့တဲ့ အေဘရာမိုဗစ်ချ်နဲ့ နောက်ဆုံးရ ရုရှားသတင်းများ

-ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ဟာ စနေနေ့ညမှာ ချဲလ်ဆီးအသင်းကို ထိန်းကျောင်းခွင့်နဲ့ စောင့်ရှောက်ခွင့်ကို အသင်းရဲ့ပရဟိတဖောင်ဒေရှင်း အကျိုးဆောင်တွေဆီ လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာပြီး ဘောလုံးလောကကို တုန်လှုပ်ချောက်ချားသွားစေခဲ့ပါတယ်။ ရုရှားလူမျိုး ဘီလျံနာဟာ ယူကေအစိုးရဆီကနေ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံရနိုင်တဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ ချဲလ်ဆီးအသင်းကို ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားရဲ့အခြေအနေနဲ့ ဒီထက်ပိုပြီး ဆက်နွယ်နေမှာကို ကာကွယ်တဲ့အနေနဲ့ အံ့အားသင့်ဖွယ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

-ဆွီဒင် ဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ play-offs ပွဲစဉ်ဖြစ်တဲ့ ရုရှားနဲ့ ကစားရမယ့်ပွဲစဉ်ကို ကစားဖို့ ငြင်းပယ်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပြီး ပိုလန်ဘောလုံးအဖွဲ့ချုပ်နဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့ပါတယ်။ ပိုလန်ဘောလုံးအဖွဲ့ချုပ်ဟာ အစောပိုင်းမှာ အဲဒီရပ်တည်ချက်ကို ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ပြီး ရှင်းလင်းခဲ့တာဖြစ်ပြီး ချက်အသင်းကလည်း ပွဲကို ရွှေ့ဆိုင်းဖို့ သို့မဟုတ် မတူညီတဲ့ နေရာမှာ ပြောင်းလဲကျင်းပဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆွီဒင်ကတော့ ရုရှားနဲ့ပွဲကို နေရာအသစ်မှာ ကျင်းပမယ်ဆိုရင်တောင်မှ ကစားဖို့ ငြင်းပယ်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပြီး ဖီဖာကို အရေးယူမှုတွေပြုလုပ်ဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

-ယူကရိန်းလက်ရွေးစင်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ အိုလက်ဇန်းဒါး ဇင်ချန်ကိုနဲ့ ဗီတာလီ မိုင်ခိုလန်ခိုတို့ဟာ စနေနေ့ညနေက ကစားခဲ့တဲ့ပွဲစဉ်မတိုင်မီ ၎င်းတို့ရဲ့ အမိမြေ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွက် အချင်းချင်း ပွေ့ဖက်ပြီး နှစ်သိမ့်ခဲ့ကြပါတယ်။ မန်စီးတီးကစားသမား ဇင်ချန်ကိုနဲ့ အဲဗာတန်ကစားသမား မိုင်ခိုလန်ခိုတို့ဟာ ကွင်းလယ်ဘီးကုပ်စက်ဝိုင်းမှာ သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ်မှာ တွေ့ဆုံခဲ့ကြပြီး ဝမ်းနည်းကြေကွဲစွာနဲ့ ပွေ့ဖက်ရင်း ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခံနေရတဲ့ အမိနိုင်ငံအတွက် ဆုတောင်းခဲ့ကြပါတယ်။

-ပိုလန်လက်ရွေးစင်ဂိုးသမား ဆက်ဇ်နီက ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားကို ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က အရေးယူဖို့အတွက် တောင်းဆိုခဲ့ပြီး ယူကရိန်းနိုင်ငံသူ ဇနီးကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်ဂိုးသမားဟောင်းဟာ လာမယ့်လ ရုရှားနဲ့ကစားရမယ့် ကမ္ဘာ့ဖလား play-off ပွဲစဉ်ကို သပိတ်မှောက်ဖို့ ပိုလန်အသင်းက ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း စိတ်မကောင်းဖွယ် ထုတ်ပြန်ကြေညာချက်ကို အင်စတာဂရမ်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့် ဇနီးက ယူကရိန်းနိုင်ငံမှာ မွေးဖွားခဲ့တဲ့သူပါ။ ကျွန်တော့်သားရဲ့ သွေးကြောထဲမှာလည်း ယူကရိန်းသွေးတွေက လှည့်ပတ်စီးဆင်းနေပြီး ကျွန်တော်တို့ မိသားစုထဲက အချို့ဟာ ယူကရိန်းမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော့်ရဲ့ အလုပ်သမားတွေ အများအပြားဟာလည်း ယူကရိန်းနိုင်ငံသားတွေဖြစ်ပြီး သူတို့တွေက အရမ်းကောင်းတဲ့လူတွေပါ။ သူတို့နိုင်ငံအတွက် သူ့တို့မျက်နှာပေါ်မှာ ကြောက်ရွံ့မှုတွေ ခံစားနေရတာကို မြင်ရတာ ကျွန်တော့်ကို ဘယ်လိုမှ မတ်မတ်မရပ်နိုင်အောင်နဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်နေလို့မရနိုင်ဘူးဆိုတာကို သိသွားစေခဲ့ပါတယ်။ ယူကရိန်းကို ပူတင်ကျူးကျော်ဖို့ ဆုံးဖြတ်ခဲ့တဲ့အခိုက်အတန့်ဟာ ယူကရိန်းမှာတင် စစ်ဖြစ်နေတာမဟုတ်ဘဲ ဥရောပက ရပ်တည်နေတဲ့ တန်ဖိုးအပေါ်မှာပဲ စစ်ကြေညာလိုက်တာပါပဲ။ လွတ်လပ်မှု၊ လွတ်လပ်ရေး။ ဒါပေမယ့် အားလုံးထဲမှာပိုပြီးအရေးကြီးတာက ငြိမ်းချမ်းရေးပါ”

“မတ်လ ၂၄ ရက်နေ့မှာ ရုရှားနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် play-off ကစားဖို့ စီစဉ်ထားပါတယ်။ ကျွန်တော် ဒီစာကို ရေးနေတဲ့အချိန်မှာ ကျွန်တော့်နှလုံးသား ကွဲကြေနေပေမယ့် ကျွန်တော့်ရဲ့ အသိစိတ်က ဒီပွဲကို ကစားဖို့ ခွင့်မပြုနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ နိုင်ငံကို ကိုယ်စားပြုကစားခွင့်ရတာ ကစားသမားဘဝမှာ အရမ်းကို ကြီးမားတဲ့ဂုဏ်ယူစရာဖြစ်ပေမယ့် အဲဒါက ရွေးချယ်မှုတော့ ဖြစ်နေပါသေးတယ်။ ကျွန်တော် ရုရှားကို ကိုယ်စားပြုဖို့ ရွေးချယ်ထားတဲ့ ဘယ်ကစားသမားနဲ့မှ ကစားသွားမှာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ကျွန်တော် ကွင်းထဲမှာ ရပ်နေဖို့ကို ငြင်းဆိုပါတယ်။ ကျွန်တော့်နိုင်ငံရဲ့ အရောင်ကို ဝတ်ဆင်ပြီး ရုရှားနိုင်ငံတော်သီချင်းကို နားထောင်ဖို့ကို ငြင်းဆိုပါတယ်။ ရုရှားအစိုးရရဲ့လုပ်ရပ်တွေကို တရားဝင်ဖြစ်စေတဲ့ အားကစားပွဲတွေမှာ ပါဝင်ကစားပေးဖို့ ငြင်းဆိုပါတယ်။ ကျွန်တော့်တစ်ယောက်တည်းရဲ့ လုပ်ရပ်က သာမညောင်ညလောက်ပဲ ရှိမယ်ဆိုတာ သိပေမယ့် ကျွန်တော် ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ကို ရုရှားဘောလုံးအဖွဲ့ချုပ်ကို သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံတဲ့အနေနဲ့ အရေးယူဖို့ တောင်းဆိုပါတယ်”လို့ ရေးသားခဲ့ပါတယ်။

-Sky Sports သတင်းတင်ဆက်သူ ဟေလေ မက်ကွင်းဟာ စနေနေ့ညက အားကစားသတင်းတွေကို တင်ဆက်ချိန်မှာ ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်ပြီး ယူကရိန်းနိုင်ငံသားတွေနဲ့အတူ ရပ်တည်နေကြောင်း ပြသတဲ့အနေနဲ့ ယူကရိန်းနိုင်ငံတော်အလံရဲ့ အရောင်ဖြစ်တဲ့ အပြာနဲ့ အဝါရောင် ဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။

-မန်ချက်စတာယူနိုက်တက်နဲ့ ဝက်ဖို့ဒ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စနေနေ့ညနေပွဲစဉ်မစတင်မီ ၂ ဖက်ကစားသမားတွေဟာ မန်ချက်စတာယူနိုက်တက်ယာယီနည်းပြ ရန်းနစ်ခ်ရဲ့ ဦးဆောင်မှုနဲ့အတူ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်းကို ဘာသာစကား ၆ မျိုးနဲ့ ရေးသားထားပြီး အလယ်မှာ ငြိမ်းချမ်းရေးသင်္ကေတပါဝင်တဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

-မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြဖို့ အင်စတာဂရမ်ပေါ်က ၎င်းရဲ့ပရိသတ် ၄၀၇ သန်းကို တောင်းဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ကလေးငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ကမ္ဘာမှာ ငြိမ်းချမ်းရေးရဖို့အတွက် ဆုတောင်းပေးပါတယ်”လို့ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ရိုမန္ ေအဘရာမိုဗစ္ခ်္ဟာ စေနေန႔ညမွာ ခ်ဲလ္ဆီးအသင္းကို ထိန္းေက်ာင္းခြင့္နဲ႔ ေစာင့္ေရွာက္ခြင့္ကို အသင္းရဲ့ပရဟိတေဖာင္ေဒရွင္း အက်ိဳးေဆာင္ေတြဆီ လႊဲေျပာင္းေပးလိုက္ေၾကာင္း ေၾကညာၿပီး ေဘာလုံးေလာကကို တုန္လႈပ္ေခ်ာက္ခ်ားသြားေစခဲ့ပါတယ္။ ႐ုရွားလူမ်ိဳး ဘီလ်ံနာဟာ ယူေကအစိုးရဆီကေန ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ခံရနိုင္တဲ့ စိုးရိမ္မႈေတြ ရွိေနခ်ိန္မွာ ခ်ဲလ္ဆီးအသင္းကို ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ေနတဲ့ ႐ုရွားရဲ့အေျခအေနနဲ႔ ဒီထက္ပိုၿပီး ဆက္ႏြယ္ေနမွာကို ကာကြယ္တဲ့အေနနဲ႔ အံ့အားသင့္ဖြယ္ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

-ဆြီဒင္ ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ လာမယ့္ ကမၻာ့ဖလား ေျခစစ္ပြဲ play-offs ပြဲစဥ္ျဖစ္တဲ့ ႐ုရွားနဲ႔ ကစားရမယ့္ပြဲစဥ္ကို ကစားဖို႔ ျငင္းပယ္သြားမွာျဖစ္တယ္လို႔ ေၾကညာခဲ့ၿပီး ပိုလန္ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔အတူ ရပ္တည္ေၾကာင္း ျပသခဲ့ပါတယ္။ ပိုလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ အေစာပိုင္းမွာ အဲဒီရပ္တည္ခ်က္ကို ထုတ္ျပန္ေၾကညာခ်က္ ထုတ္ျပန္ၿပီး ရွင္းလင္းခဲ့တာျဖစ္ၿပီး ခ်က္အသင္းကလည္း ပြဲကို ေရႊ႕ဆိုင္းဖို႔ သို႔မဟုတ္ မတူညီတဲ့ ေနရာမွာ ေျပာင္းလဲက်င္းပဖို႔အတြက္ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆြီဒင္ကေတာ့ ႐ုရွားနဲ႔ပြဲကို ေနရာအသစ္မွာ က်င္းပမယ္ဆိုရင္ေတာင္မွ ကစားဖို႔ ျငင္းပယ္သြားမွာျဖစ္တယ္လို႔ ေၾကညာခဲ့ၿပီး ဖီဖာကို အေရးယူမႈေတြျပဳလုပ္ဖို႔ ေတာင္းဆိုေနတာျဖစ္ပါတယ္။

-ယူကရိန္းလက္ေရြးစင္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ အိုလက္ဇန္းဒါး ဇင္ခ်န္ကိုနဲ႔ ဗီတာလီ မိုင္ခိုလန္ခိုတို႔ဟာ စေနေန႔ညေနက ကစားခဲ့တဲ့ပြဲစဥ္မတိုင္မီ ၎တို႔ရဲ့ အမိေၿမ ယူကရိန္းမွာ ျဖစ္ပြားေနတဲ့ ပဋိပကၡေတြအတြက္ အခ်င္းခ်င္း ေပြ႕ဖက္ၿပီး ႏွစ္သိမ့္ခဲ့ၾကပါတယ္။ မန္စီးတီးကစားသမား ဇင္ခ်န္ကိုနဲ႔ အဲဗာတန္ကစားသမား မိုင္ခိုလန္ခိုတို႔ဟာ ကြင္းလယ္ဘီးကုပ္စက္ဝိုင္းမွာ ေသြးပူေလ့က်င့္ခန္းလုပ္ေနစဥ္မွာ ေတြ႕ဆုံခဲ့ၾကၿပီး ဝမ္းနည္းေၾကကြဲစြာနဲ႔ ေပြ႕ဖက္ရင္း ႐ုရွားရဲ့ က်ဴးေက်ာ္တိုက္ခိုက္မႈကို ခံေနရတဲ့ အမိနိုင္ငံအတြက္ ဆုေတာင္းခဲ့ၾကပါတယ္။

-ပိုလန္လက္ေရြးစင္ဂိုးသမား ဆက္ဇ္နီက ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႐ုရွားကို ဖီဖာနဲ႔ ယူအီးအက္ဖ္ေအတို႔က အေရးယူဖို႔အတြက္ ေတာင္းဆိုခဲ့ၿပီး ယူကရိန္းနိုင္ငံသူ ဇနီးကို ပိုင္ဆိုင္ထားတဲ့ အာဆင္နယ္ဂိုးသမားေဟာင္းဟာ လာမယ့္လ ႐ုရွားနဲ႔ကစားရမယ့္ ကမၻာ့ဖလား play-off ပြဲစဥ္ကို သပိတ္ေမွာက္ဖို႔ ပိုလန္အသင္းက ဆုံးျဖတ္ခဲ့ၿပီးေနာက္ပိုင္း စိတ္မေကာင္းဖြယ္ ထုတ္ျပန္ေၾကညာခ်က္ကို အင္စတာဂရမ္မွာ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ့္ ဇနီးက ယူကရိန္းနိုင္ငံမွာ ေမြးဖြားခဲ့တဲ့သူပါ။ ကၽြန္ေတာ့္သားရဲ့ ေသြးေၾကာထဲမွာလည္း ယူကရိန္းေသြးေတြက လွည့္ပတ္စီးဆင္းေနၿပီး ကၽြန္ေတာ္တို႔ မိသားစုထဲက အခ်ိဳ႕ဟာ ယူကရိန္းမွာပဲ ရွိေနပါေသးတယ္။ ကၽြန္ေတာ့္ရဲ့ အလုပ္သမားေတြ အမ်ားအျပားဟာလည္း ယူကရိန္းနိုင္ငံသားေတြျဖစ္ၿပီး သူတို႔ေတြက အရမ္းေကာင္းတဲ့လူေတြပါ။ သူတို႔နိုင္ငံအတြက္ သူ႔တို႔မ်က္ႏွာေပၚမွာ ေၾကာက္ရြံ့မႈေတြ ခံစားေနရတာကို ျမင္ရတာ ကၽြန္ေတာ့္ကို ဘယ္လိုမွ မတ္မတ္မရပ္နိုင္ေအာင္နဲ႔ ဘာမွမျဖစ္သလို ဟန္ေဆာင္ေနလို႔မရနိုင္ဘူးဆိုတာကို သိသြားေစခဲ့ပါတယ္။ ယူကရိန္းကို ပူတင္က်ဴးေက်ာ္ဖို႔ ဆုံးျဖတ္ခဲ့တဲ့အခိုက္အတန႔္ဟာ ယူကရိန္းမွာတင္ စစ္ျဖစ္ေနတာမဟုတ္ဘဲ ဥေရာပက ရပ္တည္ေနတဲ့ တန္ဖိုးအေပၚမွာပဲ စစ္ေၾကညာလိုက္တာပါပဲ။ လြတ္လပ္မႈ၊ လြတ္လပ္ေရး။ ဒါေပမယ့္ အားလုံးထဲမွာပိုၿပီးအေရးႀကီးတာက ၿငိမ္းခ်မ္းေရးပါ”

“မတ္လ ၂၄ ရက္ေန႔မွာ ႐ုရွားနဲ႔ ၂၀၂၂ ကမၻာ့ဖလားဝင္ခြင့္အတြက္ play-off ကစားဖို႔ စီစဥ္ထားပါတယ္။ ကၽြန္ေတာ္ ဒီစာကို ေရးေနတဲ့အခ်ိန္မွာ ကၽြန္ေတာ့္ႏွလုံးသား ကြဲေၾကေနေပမယ့္ ကၽြန္ေတာ့္ရဲ့ အသိစိတ္က ဒီပြဲကို ကစားဖို႔ ခြင့္မျပဳနိုင္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ့ နိုင္ငံကို ကိုယ္စားျပဳကစားခြင့္ရတာ ကစားသမားဘဝမွာ အရမ္းကို ႀကီးမားတဲ့ဂုဏ္ယူစရာျဖစ္ေပမယ့္ အဲဒါက ေရြးခ်ယ္မႈေတာ့ ျဖစ္ေနပါေသးတယ္။ ကၽြန္ေတာ္ ႐ုရွားကို ကိုယ္စားျပဳဖို႔ ေရြးခ်ယ္ထားတဲ့ ဘယ္ကစားသမားနဲ႔မွ ကစားသြားမွာမဟုတ္ဘူးလို႔ ျငင္းဆိုပါတယ္။ ကၽြန္ေတာ္ ကြင္းထဲမွာ ရပ္ေနဖို႔ကို ျငင္းဆိုပါတယ္။ ကၽြန္ေတာ့္နိုင္ငံရဲ့ အေရာင္ကို ဝတ္ဆင္ၿပီး ႐ုရွားနိုင္ငံေတာ္သီခ်င္းကို နားေထာင္ဖို႔ကို ျငင္းဆိုပါတယ္။ ႐ုရွားအစိုးရရဲ့လုပ္ရပ္ေတြကို တရားဝင္ျဖစ္ေစတဲ့ အားကစားပြဲေတြမွာ ပါဝင္ကစားေပးဖို႔ ျငင္းဆိုပါတယ္။ ကၽြန္ေတာ့္တစ္ေယာက္တည္းရဲ့ လုပ္ရပ္က သာမေညာင္ညေလာက္ပဲ ရွိမယ္ဆိုတာ သိေပမယ့္ ကၽြန္ေတာ္ ဖီဖာနဲ႔ ယူအီးအက္ဖ္ေအတို႔ကို ႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္ကို သူတို႔ရဲ့ လုပ္ရပ္ေတြအတြက္ တာဝန္ခံတဲ့အေနနဲ႔ အေရးယူဖို႔ ေတာင္းဆိုပါတယ္”လို႔ ေရးသားခဲ့ပါတယ္။

-Sky Sports သတင္းတင္ဆက္သူ ေဟေလ မက္ကြင္းဟာ စေနေန႔ညက အားကစားသတင္းေတြကို တင္ဆက္ခ်ိန္မွာ ယူကရိန္းနိုင္ငံအေပၚ ႐ုရွားရဲ့ က်ဴးေက်ာ္တိုက္ခိုက္မႈကို ဆန႔္က်င္ၿပီး ယူကရိန္းနိုင္ငံသားေတြနဲ႔အတူ ရပ္တည္ေနေၾကာင္း ျပသတဲ့အေနနဲ႔ ယူကရိန္းနိုင္ငံေတာ္အလံရဲ့ အေရာင္ျဖစ္တဲ့ အျပာနဲ႔ အဝါေရာင္ ဝတ္စုံကို ဝတ္ဆင္ခဲ့ပါတယ္။

-မန္ခ်က္စတာယူနိုက္တက္နဲ႔ ဝက္ဖို႔ဒ္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ စေနေန႔ညေနပြဲစဥ္မစတင္မီ ၂ ဖက္ကစားသမားေတြဟာ မန္ခ်က္စတာယူနိုက္တက္ယာယီနည္းၿပ ရန္းနစ္ခ္ရဲ့ ဦးေဆာင္မႈနဲ႔အတူ ႐ုရွားရဲ့ ယူကရိန္းအေပၚ က်ဴးေက်ာ္တိုက္ခိုက္မႈကို ဆန႔္က်င္ေၾကာင္းကို ဘာသာစကား ၆ မ်ိဳးနဲ႔ ေရးသားထားၿပီး အလယ္မွာ ၿငိမ္းခ်မ္းေရးသေကၤတပါဝင္တဲ့ ဆိုင္းဘုတ္ကို ကိုင္ေဆာင္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

-မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္စစ္ ဆင္ႏႊဲခဲ့ၿပီးေနာက္ပိုင္း ၿငိမ္းခ်မ္းေရးအတြက္ ပူးေပါင္းပါဝင္ၾကဖို႔ အင္စတာဂရမ္ေပၚက ၎ရဲ့ပရိသတ္ ၄၀၇ သန္းကို ေတာင္းဆိုခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔ရဲ့ ကေလးငယ္ေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ ကမၻာႀကီးကို ဖန္တီးဖို႔ လိုပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ကမၻာမွာ ၿငိမ္းခ်မ္းေရးရဖို႔အတြက္ ဆုေတာင္းေပးပါတယ္”လို႔ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.