Match Report Premier League

ဒိုင်ကူအချိန်ဆွဲပြီး လက်ဆောင်ဂိုးနဲ့ အဲဗာတန်ကို ရုပ်ပျက်ဆင်းပျက်အနိုင်ရတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ခြေချော်မှုတွေနဲ့အတူ လီဗာပူးလ်အသင်းရဲ့ အမီလိုက်လာတဲ့ ဘေးကနေ ပြေးဖို့ ပြင်နေခဲ့ရပြီး ဝေါ်လ်ကာ မပါနိုင်ချိန်မှ စတုန်းစ်ကို ညာဘက်ပို့ပြီး ဒီယက်စ်၊ လာပေါ့တ်၊ ကန်ဆယ်လိုတိုနဲ့ ခံစစ်ကို ပြင်ဆင်ခဲ့သလို ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနားတို့ ကစားခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်နဲ့ စတာလင်တို့ ၄-၃-၃ ပုံစံနဲ့ ကစားခဲ့ကြတာဖြစ်ပါတယ်။

လမ်းပတ်ရဲ့ အိမ်ရှင် အဲဗာတန်တို့ကတော့ ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး ခံစစ်မှာ ကိုးလ်မန်း၊ ဟိုလ်ဂိတ်၊ မိုက်ကယ်ကီးန်၊ ကင်နီတို့ ကစားခဲ့ကြသလို အသစ်ခေါ်ယူထားတဲ့ မစ်ကိုလင်ကို,ကိုတော့ မထည့်ရဲသေးဘဲ လူခံတွေနဲ့ပဲ အလုပ်လုပ်ခဲ့တာဖြစ်ပြီး ကွင်းလယ်မှာတော့ ဒူကူရေး၊ အယ်လန်တို့ အထိုင်ကစားခဲ့ကြချိန်မှာ တိုက်စစ်ပိုင်းမှာတော့ ဗန်ဒဘိခ်၊ အီဝိုဘီ၊ ဂေါ်ဒန်နဲ့ ရစ်ချာလစ်ဆန်တို့ ကစားလာခဲ့ကြတာပါ။

တန်းဆင်းဇုန်နဲ့ နီးကပ်နေပြီး နယူးကာဆယ်လ်တို့ရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရလို့ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်တို့အနေနဲ့ အိမ်ကွင်းမှာ တတ်နိုင်သလောက် အမှတ်ခွဲယူနိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ကွင်းလယ်ချင်း ကွာဟမှုအပြင် ကစားသမားအဟောင်းနဲ့ အသစ်ကြား အတွဲအဖက် မမိသေးမှုက သိသာနေခဲ့သလို တိုက်စစ်ပိုင်းမှာ ဖန်တီးမှုကင်းမဲ့တဲ့ ဗန်ဒဘိခ်နဲ့ ကျန်သူတွေရဲ့ အချိတ်အဆက်တွေကလည်း အားရစရာ မရှိခဲ့တာလည်းဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့ မန်စီးတီးတို့ကတော့ တိုက်စစ်မှူးမပါဘဲ ခေါင်းမာမာနဲ့ ရှေ့ဆက်နေချိန်မှာ တကယ်တမ်း တိုးဝင်ထိုးဖောက်ရမယ့် အချိန်တွေမှာ လိုအပ်ချက်တွေ ရှိခဲ့ပြီး ဧရိယာထဲက အဆုံးသတ်မယ့်သူ ရှားပါးနေခဲ့သလို တကယ်တမ်း ခံစစ်ကောင်းပြီး တန်ပြန်တိုက်စစ် မြန်တဲ့ အသင်းတွေနဲ့ တွေ့ရင် ကျရှုံးနိုင်မှုကို မြင်တွေ့နေခဲ့ရတာပါ။

အဲဗာတန်ကတော့ မန်စီးတီးကို တုံ့ပြန်ပုံက မှားယွင်းနေခဲ့ပြီး ခံစစ်ကို နောက်ဆုံးနေရာအထိ Low Block ထိုင်ကစားခဲ့သလို ရှေ့တက်ပြီး Higher Defensive Line ကို သုံးရမယ့်အစား ကြောက်ရွံ့လွန်းနေခဲ့ချိန်မှာ ရစ်ချာလစ်ဆန်၊ ဂေါ်ဒန်၊ အီဝိုဘီတို့ဆီ ဘောလုံးရောက်ဖို့ ခရီးရှည်ကြီးကို နှင်နေရပြီး အဝေးဘော ပေးပို့မှု ကောင်းမွန်သူတွေ မပါဝင်တာနဲ့ ညာသန် ကင်နီကို ဘယ်နောက်ခံမှာ သုံးနေတာတွေက ကိုယ့်အသင်းကိုယ် ဖျက်နေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို အဲဗာတန်ဘက်က ကဲလ်ဗတ်-လူဝင် မပါနိုင်ချိန်မှာ ရစ်ချာလစ်ဆန် တစ်ယောက်တည်း ရှေ့မှာ ရုန်းနေခဲ့ရပြီး မန်စီးတီးရဲ့ ဝါရင့်တိုက်စစ်သမား စတာလင်ကတော့ မာဆေးဆိုက်ဒါဘီပြိုင်ဘက်ဟောင်းဆီမှာ လူပျောက်တိုင်ခဲ့သင့်နေချိန်မှာ အားမလို အားမရစရာပုံစံတွေနဲ့ ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာ မန်စီးတီးတို့ ပိုဖိလာခဲ့ပြီး အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်ကတော့ သူ့ရှေ့မှာ ထရိန်နင်က ဖရီးကစ်လေ့ကျင့်တဲ့ အရုပ်တွေ ထောင်ထားတာမှ ပိုအားကိုးရမယ့် ပုံစံနဲ့ ခံစစ်မပိုင်တဲ့ လမ်းပတ်ရဲ့ ဖရိုဖရဲနောက်တန်းကြားမှာ မပဋာ မြေလူးနေခဲ့ရသလို ကြိုးစားအားထုတ် ကာကွယ်မှုတွေကတော့ ချီးကျူးစရာဖြစ်ခဲ့ပြီး အင်္ဂလန်ဂိုးသမားနေရာအတွက် ထိုက်တန်ဆဲဖြစ်ကြောင်း မန်စီးတီးရှေ့မှာ အစမ်းသပ်ခံနိုင်ခဲ့တာဖြစ်ပါတယ်။

ပစ်ခ်ဖို့ဒ်ကို ဒုက္ခပေးနေခဲ့တဲ့ အဲဗာတန်နောက်တန်းရဲ့ အကြီးမားဆုံးအားနည်းချက်ကတော့ ဧရိယာထဲ ဝင်လာတဲ့ ဘောလုံးတွေကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းထုတ်နိုင်ခြင်းမရှိတာဖြစ်ပြီး မိုက်ကယ်ကီးန်နဲ့ ဟိုလ်ဂိတ်အတွဲက လိုအပ်ချက် များပြားသလို ဂေါ့ဖရီလို လျင်မြန်တဲ့သူနဲ့ ယယ်ရီ မီနာလို ဝါရင့်ပြီး အမြင့်ဘောကောင်းသူတွေ မပါချိန်မှာ ကိုယ့်တပ်ကိုယ်ပြန်နင်းနေခဲ့တာပါ။

အဲဗာတန်နောက်တန်းက ရောင်းချင်းတိုင်း ရောင်းနေခဲ့ပေမယ့် မန်စီးတီးရှေ့တန်းကလည်း လွဲချင်တိုင်း လွဲနေခဲ့လို့ လမ်းပတ်ကတော့ ဗန်ဒဘိခ်နဲ့ ဂေါ်ဒန်အစား အယ်လီနဲ့ ဂရေးတို့ကို ထည့်သွင်းခဲ့ချိန်မှာ ဂွါဒီယိုလာကတော့ လူစားလဲမှ မြင်ရတော့တဲ့ စတာလင်နဲ့ ဂွန်ဒိုးဝမ်တို့နေရာမှာ ဂျေဆူးစ်နဲ့ မာရက်ဇ်တို့ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်ခဲ့ကြပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ မန်စီးတီးတို့ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ကြပြီး ဘယ်ခြမ်းက ဘာနာဒို ဆေးလ်ဗား ဖြတ်ပို့တဲ့ ဘောလုံးကို မထိတထိ ဖျက်တဲ့ ဟိုလ်ဂိတ်ကြောင့် ဂိုးရှေ့ လည်ထွက်လာတဲ့ ဘောလုံးကို မိုက်ကယ်ကီးန်က ခြေဖျားနဲ့ တို့ရုံတို့ခဲ့ပြီး ဒီဘရိုင်းနားထက်တောင် ပိုကောင်းတဲ့ ဖန်တီးမှုအဖြစ် ဖိုဒန်ရှေ့ကို ချပေးမိလျက်သား ဖြစ်သွားချိန်မှာ နာမည်ကြီးချင်တဲ့ စီးတီးလူငယ်က အနီးကပ် ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ ရစ်ချာလစ်ဆန်နဲ့ အီဒါဆန်တို့ တွေ့ပြီး မြောက်တက်သွားတဲ့ ဘောလုံးကို ဧရိယာထဲမှာ လက်နဲ့ ထိန်းတဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီရဲ့ လုပ်ရပ်က ပင်နယ်တီ ပေးဖို့ ထိုက်တန်ခဲ့ပေမယ့် VAR နဲ့ ဒိုင်လူကြီး တီယာနီတို့ကတော့ ညာတာပါတေးနဲ့ လျှော်သွားခဲ့တာကြောင့် အဲဗာတန်တို့ နစ်နာခဲ့ရသလို ဒီနောက်မှာတော့ အိမ်ရှင်ဘက်က အီဝိုဘီအစား အယ်လ်ဂါဇီ ဝင်ရောက်ကစားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေ မန်စီးတီးဘက်က အမျိုးမျိုး အချိန်ဆွဲဖို့ ကြိုးစားသွားခဲ့သလို ဂျွန်စတုန်းစ်၊ အီဒါဆန်တို့နဲ့ အဲဗာတန်ဘက်က ရှေ့တန်းတွေကြား ထိခိုက်မှုတွေဖြစ်ပွားခဲ့ကြပြီး နောက်ဆုံးမှာတော့ နာကျင်အချိန်ပို ၉ မိနစ်အပြီးမှာ လက်ရှိချန်ပီယံတွေအနေနဲ့ လီဗာပူးလ်ဆီက သေပြေးရှင်ပြေး,ပြေးဖို့ အနိုင်သုံးမှတ်ကို ရုပ်ပျက်ဆင်းပျက် ကုတ်ကတ်ရယူသွားနိုင်ခဲ့တာပါ။

ကြီးမားခက်ခဲတဲ့ တန်းဆင်းဇုန်လွတ်ရေးနဲ့ အသင်းကို ဇယားအလယ် အဆင့် ၁၀ လောက်ကို ပြန်လည်ပို့ဆောင်နိုင်ဖို့ တာဝန်နဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ လမ်းပတ်ရဲ့ အလုပ်ကတော့ ပရီးမီးယားလိဂ်ရဲ့ အဆိုးဆုံးတွေထဲမှာ ပါဝင်နေခဲ့သလို လက်ရှိအချိန်အထိလည်း အသင်းနဲ့ ကစားသမားတွေကြောင်း သိပ်မသိသေးတဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်းအနေနဲ့ အဲဗာတန်နဲ့အတူ ဒီရှုံးပွဲအပြီး တန်းဆင်းဇုန်နဲ့ တစ်မှတ်သာ ကွာတော့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေျခေခ်ာ္မႈေတြနဲ႔အတူ လီဗာပူးလ္အသင္းရဲ႕ အမီလိုက္လာတဲ့ ေဘးကေန ေျပးဖို႔ ျပင္ေနခဲ့ရၿပီး ေဝၚလ္ကာ မပါႏိုင္ခ်ိန္မွ စတုန္းစ္ကို ညာဘက္ပို႔ၿပီး ဒီယက္စ္၊ လာေပါ့တ္၊ ကန္ဆယ္လိုတိုနဲ႔ ခံစစ္ကို ျပင္ဆင္ခဲ့သလို ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္၊ ဒီဘ႐ိုင္းနားတို႔ ကစားခဲ့ၾကခ်ိန္မွာ တိုက္စစ္မွာေတာ့ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္နဲ႔ စတာလင္တို႔ ၄-၃-၃ ပုံစံနဲ႔ ကစားခဲ့ၾကတာျဖစ္ပါတယ္။

လမ္းပတ္ရဲ႕ အိမ္ရွင္ အဲဗာတန္တို႔ကေတာ့ ၄-၂-၃-၁ ပုံစံနဲ႔ ပြဲထြက္ခဲ့ၿပီး ခံစစ္မွာ ကိုးလ္မန္း၊ ဟိုလ္ဂိတ္၊ မိုက္ကယ္ကီးန္၊ ကင္နီတို႔ ကစားခဲ့ၾကသလို အသစ္ေခၚယူထားတဲ့ မစ္ကိုလင္ကို,ကိုေတာ့ မထည့္ရဲေသးဘဲ လူခံေတြနဲ႔ပဲ အလုပ္လုပ္ခဲ့တာျဖစ္ၿပီး ကြင္းလယ္မွာေတာ့ ဒူကူေရး၊ အယ္လန္တို႔ အထိုင္ကစားခဲ့ၾကခ်ိန္မွာ တိုက္စစ္ပိုင္းမွာေတာ့ ဗန္ဒဘိခ္၊ အီဝိုဘီ၊ ေဂၚဒန္နဲ႔ ရစ္ခ်ာလစ္ဆန္တို႔ ကစားလာခဲ့ၾကတာပါ။

တန္းဆင္းဇုန္နဲ႔ နီးကပ္ေနၿပီး နယူးကာဆယ္လ္တို႔ရဲ႕ ေက်ာ္တက္ျခင္းကို ခံလိုက္ရလို႔ အဆင့္ ၁၇ ေနရာမွာ ရပ္တည္ေနတဲ့ အဲဗာတန္တို႔အေနနဲ႔ အိမ္ကြင္းမွာ တတ္ႏိုင္သေလာက္ အမွတ္ခြဲယူႏိုင္ဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ ကြင္းလယ္ခ်င္း ကြာဟမႈအျပင္ ကစားသမားအေဟာင္းနဲ႔ အသစ္ၾကား အတြဲအဖက္ မမိေသးမႈက သိသာေနခဲ့သလို တိုက္စစ္ပိုင္းမွာ ဖန္တီးမႈကင္းမဲ့တဲ့ ဗန္ဒဘိခ္နဲ႔ က်န္သူေတြရဲ႕ အခ်ိတ္အဆက္ေတြကလည္း အားရစရာ မရွိခဲ့တာလည္းျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕ မန္စီးတီးတို႔ကေတာ့ တိုက္စစ္မႉးမပါဘဲ ေခါင္းမာမာနဲ႔ ေရွ႕ဆက္ေနခ်ိန္မွာ တကယ္တမ္း တိုးဝင္ထိုးေဖာက္ရမယ့္ အခ်ိန္ေတြမွာ လိုအပ္ခ်က္ေတြ ရွိခဲ့ၿပီး ဧရိယာထဲက အဆုံးသတ္မယ့္သူ ရွားပါးေနခဲ့သလို တကယ္တမ္း ခံစစ္ေကာင္းၿပီး တန္ျပန္တိုက္စစ္ ျမန္တဲ့ အသင္းေတြနဲ႔ ေတြ႕ရင္ က်ရႈံးႏိုင္မႈကို ျမင္ေတြ႕ေနခဲ့ရတာပါ။

အဲဗာတန္ကေတာ့ မန္စီးတီးကို တုံ႔ျပန္ပုံက မွားယြင္းေနခဲ့ၿပီး ခံစစ္ကို ေနာက္ဆုံးေနရာအထိ Low Block ထိုင္ကစားခဲ့သလို ေရွ႕တက္ၿပီး Higher Defensive Line ကို သုံးရမယ့္အစား ေၾကာက္႐ြံ႕လြန္းေနခဲ့ခ်ိန္မွာ ရစ္ခ်ာလစ္ဆန္၊ ေဂၚဒန္၊ အီဝိုဘီတို႔ဆီ ေဘာလုံးေရာက္ဖို႔ ခရီးရွည္ႀကီးကို ႏွင္ေနရၿပီး အေဝးေဘာ ေပးပို႔မႈ ေကာင္းမြန္သူေတြ မပါဝင္တာနဲ႔ ညာသန္ ကင္နီကို ဘယ္ေနာက္ခံမွာ သုံးေနတာေတြက ကိုယ့္အသင္းကိုယ္ ဖ်က္ေနခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ႏွစ္သင္းစလုံး အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို အဲဗာတန္ဘက္က ကဲလ္ဗတ္-လူဝင္ မပါႏိုင္ခ်ိန္မွာ ရစ္ခ်ာလစ္ဆန္ တစ္ေယာက္တည္း ေရွ႕မွာ ႐ုန္းေနခဲ့ရၿပီး မန္စီးတီးရဲ႕ ဝါရင့္တိုက္စစ္သမား စတာလင္ကေတာ့ မာေဆးဆိုက္ဒါဘီၿပိဳင္ဘက္ေဟာင္းဆီမွာ လူေပ်ာက္တိုင္ခဲ့သင့္ေနခ်ိန္မွာ အားမလို အားမရစရာပုံစံေတြနဲ႔ ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာ မန္စီးတီးတို႔ ပိုဖိလာခဲ့ၿပီး အဲဗာတန္ဂိုးသမား ပစ္ခ္ဖို႔ဒ္ကေတာ့ သူ႔ေရွ႕မွာ ထရိန္နင္က ဖရီးကစ္ေလ့က်င့္တဲ့ အ႐ုပ္ေတြ ေထာင္ထားတာမွ ပိုအားကိုးရမယ့္ ပုံစံနဲ႔ ခံစစ္မပိုင္တဲ့ လမ္းပတ္ရဲ႕ ဖ႐ိုဖရဲေနာက္တန္းၾကားမွာ မပဋာ ေျမလူးေနခဲ့ရသလို ႀကိဳးစားအားထုတ္ ကာကြယ္မႈေတြကေတာ့ ခ်ီးက်ဴးစရာျဖစ္ခဲ့ၿပီး အဂၤလန္ဂိုးသမားေနရာအတြက္ ထိုက္တန္ဆဲျဖစ္ေၾကာင္း မန္စီးတီးေရွ႕မွာ အစမ္းသပ္ခံႏိုင္ခဲ့တာျဖစ္ပါတယ္။

ပစ္ခ္ဖို႔ဒ္ကို ဒုကၡေပးေနခဲ့တဲ့ အဲဗာတန္ေနာက္တန္းရဲ႕ အႀကီးမားဆုံးအားနည္းခ်က္ကေတာ့ ဧရိယာထဲ ဝင္လာတဲ့ ေဘာလုံးေတြကို တစ္ခ်က္တည္းနဲ႔ အျပတ္ရွင္းထုတ္ႏိုင္ျခင္းမရွိတာျဖစ္ၿပီး မိုက္ကယ္ကီးန္နဲ႔ ဟိုလ္ဂိတ္အတြဲက လိုအပ္ခ်က္ မ်ားျပားသလို ေဂါ့ဖရီလို လ်င္ျမန္တဲ့သူနဲ႔ ယယ္ရီ မီနာလို ဝါရင့္ၿပီး အျမင့္ေဘာေကာင္းသူေတြ မပါခ်ိန္မွာ ကိုယ့္တပ္ကိုယ္ျပန္နင္းေနခဲ့တာပါ။

အဲဗာတန္ေနာက္တန္းက ေရာင္းခ်င္းတိုင္း ေရာင္းေနခဲ့ေပမယ့္ မန္စီးတီးေရွ႕တန္းကလည္း လြဲခ်င္တိုင္း လြဲေနခဲ့လို႔ လမ္းပတ္ကေတာ့ ဗန္ဒဘိခ္နဲ႔ ေဂၚဒန္အစား အယ္လီနဲ႔ ဂေရးတို႔ကို ထည့္သြင္းခဲ့ခ်ိန္မွာ ဂြါဒီယိုလာကေတာ့ လူစားလဲမွ ျမင္ရေတာ့တဲ့ စတာလင္နဲ႔ ဂြန္ဒိုးဝမ္တို႔ေနရာမွာ ေဂ်ဆူးစ္နဲ႔ မာရက္ဇ္တို႔ကို ထည့္သြင္းၿပီး အေျပာင္းအလဲလုပ္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းက ဘာနာဒို ေဆးလ္ဗား ျဖတ္ပို႔တဲ့ ေဘာလုံးကို မထိတထိ ဖ်က္တဲ့ ဟိုလ္ဂိတ္ေၾကာင့္ ဂိုးေရွ႕ လည္ထြက္လာတဲ့ ေဘာလုံးကို မိုက္ကယ္ကီးန္က ေျခဖ်ားနဲ႔ တို႔႐ုံတို႔ခဲ့ၿပီး ဒီဘ႐ိုင္းနားထက္ေတာင္ ပိုေကာင္းတဲ့ ဖန္တီးမႈအျဖစ္ ဖိုဒန္ေရွ႕ကို ခ်ေပးမိလ်က္သား ျဖစ္သြားခ်ိန္မွာ နာမည္ႀကီးခ်င္တဲ့ စီးတီးလူငယ္က အနီးကပ္ ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ရစ္ခ်ာလစ္ဆန္နဲ႔ အီဒါဆန္တို႔ ေတြ႕ၿပီး ေျမာက္တက္သြားတဲ့ ေဘာလုံးကို ဧရိယာထဲမွာ လက္နဲ႔ ထိန္းတဲ့ မန္စီးတီးကြင္းလယ္လူ ႐ိုဒရီရဲ႕ လုပ္ရပ္က ပင္နယ္တီ ေပးဖို႔ ထိုက္တန္ခဲ့ေပမယ့္ VAR နဲ႔ ဒိုင္လူႀကီး တီယာနီတို႔ကေတာ့ ညာတာပါေတးနဲ႔ ေလွ်ာ္သြားခဲ့တာေၾကာင့္ အဲဗာတန္တို႔ နစ္နာခဲ့ရသလို ဒီေနာက္မွာေတာ့ အိမ္ရွင္ဘက္က အီဝိုဘီအစား အယ္လ္ဂါဇီ ဝင္ေရာက္ကစားခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြ မန္စီးတီးဘက္က အမ်ိဳးမ်ိဳး အခ်ိန္ဆြဲဖို႔ ႀကိဳးစားသြားခဲ့သလို ဂြၽန္စတုန္းစ္၊ အီဒါဆန္တို႔နဲ႔ အဲဗာတန္ဘက္က ေရွ႕တန္းေတြၾကား ထိခိုက္မႈေတြျဖစ္ပြားခဲ့ၾကၿပီး ေနာက္ဆုံးမွာေတာ့ နာက်င္အခ်ိန္ပို ၉ မိနစ္အၿပီးမွာ လက္ရွိခ်န္ပီယံေတြအေနနဲ႔ လီဗာပူးလ္ဆီက ေသေျပးရွင္ေျပး,ေျပးဖို႔ အႏိုင္သုံးမွတ္ကို ႐ုပ္ပ်က္ဆင္းပ်က္ ကုတ္ကတ္ရယူသြားႏိုင္ခဲ့တာပါ။

ႀကီးမားခက္ခဲတဲ့ တန္းဆင္းဇုန္လြတ္ေရးနဲ႔ အသင္းကို ဇယားအလယ္ အဆင့္ ၁၀ ေလာက္ကို ျပန္လည္ပို႔ေဆာင္ႏိုင္ဖို႔ တာဝန္နဲ႔ နည္းျပသစ္ျဖစ္လာခဲ့တဲ့ လမ္းပတ္ရဲ႕ အလုပ္ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ အဆိုးဆုံးေတြထဲမွာ ပါဝင္ေနခဲ့သလို လက္ရွိအခ်ိန္အထိလည္း အသင္းနဲ႔ ကစားသမားေတြေၾကာင္း သိပ္မသိေသးတဲ့ ခ်ဲလ္ဆီးကြင္းလယ္လူေဟာင္းအေနနဲ႔ အဲဗာတန္နဲ႔အတူ ဒီရႈံးပြဲအၿပီး တန္းဆင္းဇုန္နဲ႔ တစ္မွတ္သာ ကြာေတာ့တဲ့ အေနအထားကို ေရာက္ရွိသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.