Match Report Premier League

အနိုင်ကျင့်ခံနေကျ လိဒ်စ်ကို ဆွမ်းကြီးဝင်လောင်းပေးပြီး အဖတ်ဆယ်တဲ့ စပါးစ်

စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ အမှတ်လှူ ရော်ဘင်ဟုဒ်ပုံစံကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့ ပြင်ဆင်လာခဲ့ပြီး ၃-၄-၃ ပုံစံနဲ့ပဲ လိဒ်စ်ကို ထိုးနှက်နိုင်ဖို့ ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာ ဟာရီ ဝင့်ခ်စ်နဲ့ ဟွိုင်ဘယာ့ဂ်တို့ကို အထိုင်ချပြီး ဒိုဟာတီ၊ ဆက်ဆီညွန်၊ ဒိုင်ယာ၊ ဒေးဗီးစ်နဲ့ ရိုမဲရိုးတို့ကို ခံစစ်မှာ စုဖွဲ့ပေးခဲ့ချိန်မှာ ဟာရီကိန်း၊ ဆွန်ဟောင်မင်နဲ့ ကူလူရှက်ဗ်စကီးတို့က တိုက်စစ်မှာ ဖြဲခြောက်လာခဲ့တာဖြစ်ပါတယ်။

လိဒ်စ်တို့ကတော့ အထောင်တိုက်စစ်မှူး မပါနိုင်ချိန်မှာ ရိုဒရီဂိုကိုပါ ထုတ်ထားခဲ့ပြီး ဒန်ဂျိမ်းစ်ကို မြားဦးမှာ တင်ထားခဲ့သလို စာရွက်ပေါ်ထက် ကွင်းထဲမှာ အပြောင်းအလဲပိုများခဲ့ပြီး ၄-၅-၁ ပုံစံနဲ့ ကစားခဲ့ချိန်မှာ ရာဖင်ညာနဲ့ ဟာရစ်ဆန်တို့က တောင်ပံမှာ နေရာယူခဲ့သလို နေရာတော်တော်များများ ကစားနိုင်တဲ့ ဒါးလက်စ်က ကွင်းလယ်ဝင်ကစားခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာကတည်းက တောက်လျှောက်ဖိကစားနေတဲ့ ဧည့်သည်တွေ အီလန်ရုတ်ဒ်မှာ လူစွာလုပ်နိုင်ခဲ့ကြပြီး အဖွင့်ဂိုးကို စတင်ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ လိဒ်စ်တို့ရဲ့ Pressing ကို ဖောက်ထွက်ခဲ့တဲ့ ဟာရီ ဝင့်ခ်စ်က ဘယ်ခြမ်းကို ထိုးပေးခဲ့ရာမှာ ဆက်ဆီညွန်က အနိမ့်ဘော ဂိုးရှေ့ကို ဖြတ်ပို့ခဲ့တာကို ညာနောက်ခံလူ ဒိုဟာတီက ဂိုးသမား မေလီယာနဲ့အတွေ့မှာ အပြင်းပိတ်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။

မြောက်လန်ဒန် ဒါဘီပြိုင်ဘက် အာဆင်နယ်ပရိသတ်ပါလို့ ဝန်ခံထားခဲ့ဖူးပြီး ဝုလ်ဗ်စ်ကနေ အသင်းပြောင်းရွှေ့လာစဉ်မှာ တွစ်တာက ပို့စ်တွေကို ဖျက်ခဲ့ရတဲ့ နောက်ခံလူ ဒိုဟာတီကတော့ စပါးစ်ပရိသတ်တွေ အမျက်ပြေစရာအဖြစ် သူ့ရဲ့ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပြီး အိုင်ယာလန်သားအနေနဲ့ ဒီနေ့မှာ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာတော့ စပါးစ်တို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ကစားရလွယ်ကူနေတဲ့ ဘီယယ်လ်ဆာရဲ့ ဗျူဟာကို ထပ်မံချိုးဖျက်နိုင်ခဲ့သလို ကူလူရှက်ဗ်စကီးက ဒိုဟာတီ ပေးတဲ့ ဘောလုံးကို လိဒ်စ်နောက်ခံလူတွေကြားက တောင့်ခံရယူပြီး ဘယ်ခြေနဲ့ အနီးတိုင်ခြေကို အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ တစ်ချိန်က ချီးကျူးခံခဲ့ရတဲ့ ဂိုးသမား မေလီယေးရဲ့ ပုံစံက ဆိုးရွားနေခဲ့လို့ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ လိဒ်စ်တို့ ပြန်လည်ထိုးဖောက်လာခဲ့ပြီး ကွင်းလယ်လူ ရော်ဘင် ကို့ချ် ပေးလိုက်တဲ့ ဘောလုံးကို ရာဖင်ညာက ပြန်ချပေးရာမှာ ကို့ချ်ကပဲ ကန်သွင်းခဲ့ပေမယ့် ဘောလုံးက တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရသလို ဒီဂိုးမှာ ဂိုးသမား လိုရစ် ကာကွယ်နိုင်မယ့် အနေအထားမှာ လုံးဝရှိမနေခဲ့တာကြောင့် အိမ်ရှင်တွေ နစ်နာခဲ့ရပါတယ်။

လိဒ်စ်တို့ရဲ့ နောက်တန်းကတော့ ညံ့တယ်ညံ့တယ် ပြောနေရတာတောင် အပ်ကြောင်းထပ်နေပြီဖြစ်လို့ အားနာစရာဖြစ်လာခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာတော့ ကွင်းလယ်ကနေ ဟွိုင်ဘယာ့ဂ် တင်ပေးလိုက်တာကို ဟာရီကိန်းက ပေါ့လျော့တဲ့ နောက်ခံလူ စထရိုက်ခ်နောက်ကနေ ပြေးထွက်ပြီး ဘယ်ခြေနဲ့ အနိမ့်ဘောကန်သွင်းယူခဲ့ရာမှာ ဂိုးသမား ထောင့်ပိတ်ထားတဲ့ကြားထဲက အဝေးတိုင်ခြေကို ဝင်သွားခဲ့လို့ စပါးစ်တို့ တတိယဂိုး ရရှိခဲ့တာပါ။

ပထမပိုင်းမှာ လိဒ်စ်တို့ ချေပဂိုးရဖို့ တင်ကစားခဲ့တာက ဂိုးပေါက်နဲ့ ရန်ဖြစ်ထားသလိုပဲ အလွဲလွဲအချော်ချော်ပဲဖြစ်နေခဲ့သလို စပါးစ်တို့ဘက်က ဆက်ဆီညွန်ရဲ့ ထောင့်ကျဉ်းကန်ချက်ကိုတော့ ဂိုးသမား မေလီယေး ကာကွယ်သွားနိုင်ခဲ့လို့ နှစ်ဖက်စလုံး ဂိုးရဖို့ မဖြစ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာ ဧည့်သည်တွေပဲ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲက အနည်းငယ် အေးသွားခဲ့သလို တစ်သင်းနဲ့တစ်သင်း အမှားကို ချောင်းကစားနေခဲ့ကြပြီး စပါးစ်ဘက်က ပိုပြီး ထိရောက်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပေမယ့် ဆွန်ဟောင်မင်နဲ့ ဆက်ဆီညွန်တို့ လွဲချော်ခဲ့သလို ပွဲချိန် ၆၁ မိနစ်မှာလည်း အခွင့်အရေးကောင်းကို ဒိုဟာတီ အထိန်းအသိမ်း မကောင်းလို့ အသုံးမချနိုင်ခဲ့သလို ထွက်လာတဲ့ ဘောလုံးကို ကိုရီးယားသားက ပိတ်ရာမှာလည်း ဂိုးသမားဆီပဲ ရောက်သွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ကူလူရှက်ဗ်စကီးရဲ့ အပိုင်အခွင့်အရေးနှစ်ကြိမ်ကို လိဒ်စ်ဂိုးသမားနဲ့ နောက်တန်းတွေ ပိတ်ဆို့သွားခဲ့သလို ပွဲချိန် ၇၅ မိနစ်မှာတော့ ဂိုးသမား လိုရစ် မလိုအပ်ဘဲ ရှေ့ထွက်ပြီး အမှားလုပ်ရာကနေ ပြန်ရသွားခဲ့တဲ့ အိမ်ရှင်ကွင်းလယ်လူ ဒါးလက်စ်က လွတ်လွတ်ကျွတ်ကျွတ် ဘောလုံးရသွားခဲ့ပေမယ့် တုံ့ဆိုင်းနေခဲ့သလို ပေးမလို ကန်မလိုနဲ့ နောက်ဆုံးမှာ စပါးစ်နောက်ခံလူတွေ ရောက်လာမှ ကန်မိပြီး အပိုင်တစ်ဂိုး နစ်နာခဲ့ရပြန်ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ စပါးစ်တို့ စတုတ္ထအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ကွင်းလယ်မှာ လိဒ်စ်တို့ ဘောလုံးပျက်ရာကနေ ဟာရီကိန်းပြန်ရသွားခဲ့ပြီး ကန်တင်ပေးလိုက်တာကို ဆွန်ဟောင်မင်က နောက်ခံလူ အေးလင်းနဲ့ စထရိုက်ခ်တို့ကြားက ပြေးထွက်ပြီး ဂိုးသမား မေလီယေးနဲ့ အတွေ့မှာ ဘယ်ဘက်ကို ကန်မလိုနဲ့ ညာဘက်ကို ကန်သွင်းပြီး လှည့်စားမှု အောင်မြင်နိုင်ခဲ့လို့ အယ်လန်ရုတ်ဒ်မှာ ဂိုးပြတ်သွားခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ စပါးစ်တို့ လေးဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ပြီး အရေးပါတဲ့ အနိုင်သုံးမှတ်ကို ရယူသွားနိုင်ခဲ့သလို ဖိအားတွေ ရောက်ရှိနေတဲ့ နည်းပြ ကွန်တီအတွက် သက်သာရာရစေနိုင်ခဲ့ချိန်မှာ ၂၅ ပွဲကစား ရမှတ် ၄၂ မှတ်နဲ့ ရှေ့က အသင်းတွေ အမှားလုပ်ရင် အဆင့် ၄ ကို မျှော်လင့်နိုင်သေးတဲ့ အနေအထားကို ရောက်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ အမွတ္လႉ ေရာ္ဘင္ဟုဒ္ပုံစံကေန ျပန္လည္႐ုန္းထြက္ႏိုင္ဖို႔ ျပင္ဆင္လာခဲ့ၿပီး ၃-၄-၃ ပုံစံနဲ႔ပဲ လိဒ္စ္ကို ထိုးႏွက္ႏိုင္ဖို႔ ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာ ဟာရီ ဝင့္ခ္စ္နဲ႔ ဟြိဳင္ဘယာ့ဂ္တို႔ကို အထိုင္ခ်ၿပီး ဒိုဟာတီ၊ ဆက္ဆီၫြန္၊ ဒိုင္ယာ၊ ေဒးဗီးစ္နဲ႔ ႐ိုမဲ႐ိုးတို႔ကို ခံစစ္မွာ စုဖြဲ႕ေပးခဲ့ခ်ိန္မွာ ဟာရီကိန္း၊ ဆြန္ေဟာင္မင္နဲ႔ ကူလူရွက္ဗ္စကီးတို႔က တိုက္စစ္မွာ ၿဖဲေျခာက္လာခဲ့တာျဖစ္ပါတယ္။

လိဒ္စ္တို႔ကေတာ့ အေထာင္တိုက္စစ္မႉး မပါႏိုင္ခ်ိန္မွာ ႐ိုဒရီဂိုကိုပါ ထုတ္ထားခဲ့ၿပီး ဒန္ဂ်ိမ္းစ္ကို ျမားဦးမွာ တင္ထားခဲ့သလို စာ႐ြက္ေပၚထက္ ကြင္းထဲမွာ အေျပာင္းအလဲပိုမ်ားခဲ့ၿပီး ၄-၅-၁ ပုံစံနဲ႔ ကစားခဲ့ခ်ိန္မွာ ရာဖင္ညာနဲ႔ ဟာရစ္ဆန္တို႔က ေတာင္ပံမွာ ေနရာယူခဲ့သလို ေနရာေတာ္ေတာ္မ်ားမ်ား ကစားႏိုင္တဲ့ ဒါးလက္စ္က ကြင္းလယ္ဝင္ကစားခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာကတည္းက ေတာက္ေလွ်ာက္ဖိကစားေနတဲ့ ဧည့္သည္ေတြ အီလန္႐ုတ္ဒ္မွာ လူစြာလုပ္ႏိုင္ခဲ့ၾကၿပီး အဖြင့္ဂိုးကို စတင္ရယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ လိဒ္စ္တို႔ရဲ႕ Pressing ကို ေဖာက္ထြက္ခဲ့တဲ့ ဟာရီ ဝင့္ခ္စ္က ဘယ္ျခမ္းကို ထိုးေပးခဲ့ရာမွာ ဆက္ဆီၫြန္က အနိမ့္ေဘာ ဂိုးေရွ႕ကို ျဖတ္ပို႔ခဲ့တာကို ညာေနာက္ခံလူ ဒိုဟာတီက ဂိုးသမား ေမလီယာနဲ႔အေတြ႕မွာ အျပင္းပိတ္သြင္းရယူသြားခဲ့တာျဖစ္ပါတယ္။

ေျမာက္လန္ဒန္ ဒါဘီၿပိဳင္ဘက္ အာဆင္နယ္ပရိသတ္ပါလို႔ ဝန္ခံထားခဲ့ဖူးၿပီး ဝုလ္ဗ္စ္ကေန အသင္းေျပာင္းေ႐ႊ႕လာစဥ္မွာ တြစ္တာက ပို႔စ္ေတြကို ဖ်က္ခဲ့ရတဲ့ ေနာက္ခံလူ ဒိုဟာတီကေတာ့ စပါးစ္ပရိသတ္ေတြ အမ်က္ေျပစရာအျဖစ္ သူ႔ရဲ႕ အသင္းအတြက္ ပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ၿပီး အိုင္ယာလန္သားအေနနဲ႔ ဒီေန႔မွာ ေတာ္ေတာ္ေလး ေျခစြမ္းျပႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ စပါးစ္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ကစားရလြယ္ကူေနတဲ့ ဘီယယ္လ္ဆာရဲ႕ ဗ်ဴဟာကို ထပ္မံခ်ိဳးဖ်က္ႏိုင္ခဲ့သလို ကူလူရွက္ဗ္စကီးက ဒိုဟာတီ ေပးတဲ့ ေဘာလုံးကို လိဒ္စ္ေနာက္ခံလူေတြၾကားက ေတာင့္ခံရယူၿပီး ဘယ္ေျခနဲ႔ အနီးတိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ တစ္ခ်ိန္က ခ်ီးက်ဴးခံခဲ့ရတဲ့ ဂိုးသမား ေမလီေယးရဲ႕ ပုံစံက ဆိုး႐ြားေနခဲ့လို႔ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ လိဒ္စ္တို႔ ျပန္လည္ထိုးေဖာက္လာခဲ့ၿပီး ကြင္းလယ္လူ ေရာ္ဘင္ ကို႔ခ်္ ေပးလိုက္တဲ့ ေဘာလုံးကို ရာဖင္ညာက ျပန္ခ်ေပးရာမွာ ကို႔ခ်္ကပဲ ကန္သြင္းခဲ့ေပမယ့္ ေဘာလုံးက တိုင္ထိထြက္ခဲ့လို႔ နစ္နာခဲ့ရသလို ဒီဂိုးမွာ ဂိုးသမား လိုရစ္ ကာကြယ္ႏိုင္မယ့္ အေနအထားမွာ လုံးဝရွိမေနခဲ့တာေၾကာင့္ အိမ္ရွင္ေတြ နစ္နာခဲ့ရပါတယ္။

လိဒ္စ္တို႔ရဲ႕ ေနာက္တန္းကေတာ့ ညံ့တယ္ညံ့တယ္ ေျပာေနရတာေတာင္ အပ္ေၾကာင္းထပ္ေနၿပီျဖစ္လို႔ အားနာစရာျဖစ္လာခဲ့ၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ကြင္းလယ္ကေန ဟြိဳင္ဘယာ့ဂ္ တင္ေပးလိုက္တာကို ဟာရီကိန္းက ေပါ့ေလ်ာ့တဲ့ ေနာက္ခံလူ စထ႐ိုက္ခ္ေနာက္ကေန ေျပးထြက္ၿပီး ဘယ္ေျခနဲ႔ အနိမ့္ေဘာကန္သြင္းယူခဲ့ရာမွာ ဂိုးသမား ေထာင့္ပိတ္ထားတဲ့ၾကားထဲက အေဝးတိုင္ေျခကို ဝင္သြားခဲ့လို႔ စပါးစ္တို႔ တတိယဂိုး ရရွိခဲ့တာပါ။

ပထမပိုင္းမွာ လိဒ္စ္တို႔ ေခ်ပဂိုးရဖို႔ တင္ကစားခဲ့တာက ဂိုးေပါက္နဲ႔ ရန္ျဖစ္ထားသလိုပဲ အလြဲလြဲအေခ်ာ္ေခ်ာ္ပဲျဖစ္ေနခဲ့သလို စပါးစ္တို႔ဘက္က ဆက္ဆီၫြန္ရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကိုေတာ့ ဂိုးသမား ေမလီေယး ကာကြယ္သြားႏိုင္ခဲ့လို႔ ႏွစ္ဖက္စလုံး ဂိုးရဖို႔ မျဖစ္ႏိုင္ခဲ့ဘဲ ပထမပိုင္းမွာ ဧည့္သည္ေတြပဲ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ပြဲက အနည္းငယ္ ေအးသြားခဲ့သလို တစ္သင္းနဲ႔တစ္သင္း အမွားကို ေခ်ာင္းကစားေနခဲ့ၾကၿပီး စပါးစ္ဘက္က ပိုၿပီး ထိေရာက္တဲ့ ကစားပုံကို ျပသႏိုင္ခဲ့ေပမယ့္ ဆြန္ေဟာင္မင္နဲ႔ ဆက္ဆီၫြန္တို႔ လြဲေခ်ာ္ခဲ့သလို ပြဲခ်ိန္ ၆၁ မိနစ္မွာလည္း အခြင့္အေရးေကာင္းကို ဒိုဟာတီ အထိန္းအသိမ္း မေကာင္းလို႔ အသုံးမခ်ႏိုင္ခဲ့သလို ထြက္လာတဲ့ ေဘာလုံးကို ကိုရီးယားသားက ပိတ္ရာမွာလည္း ဂိုးသမားဆီပဲ ေရာက္သြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ကူလူရွက္ဗ္စကီးရဲ႕ အပိုင္အခြင့္အေရးႏွစ္ႀကိမ္ကို လိဒ္စ္ဂိုးသမားနဲ႔ ေနာက္တန္းေတြ ပိတ္ဆို႔သြားခဲ့သလို ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ဂိုးသမား လိုရစ္ မလိုအပ္ဘဲ ေရွ႕ထြက္ၿပီး အမွားလုပ္ရာကေန ျပန္ရသြားခဲ့တဲ့ အိမ္ရွင္ကြင္းလယ္လူ ဒါးလက္စ္က လြတ္လြတ္ကြၽတ္ကြၽတ္ ေဘာလုံးရသြားခဲ့ေပမယ့္ တုံ႔ဆိုင္းေနခဲ့သလို ေပးမလို ကန္မလိုနဲ႔ ေနာက္ဆုံးမွာ စပါးစ္ေနာက္ခံလူေတြ ေရာက္လာမွ ကန္မိၿပီး အပိုင္တစ္ဂိုး နစ္နာခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ စပါးစ္တို႔ စတုတၳအႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ကြင္းလယ္မွာ လိဒ္စ္တို႔ ေဘာလုံးပ်က္ရာကေန ဟာရီကိန္းျပန္ရသြားခဲ့ၿပီး ကန္တင္ေပးလိုက္တာကို ဆြန္ေဟာင္မင္က ေနာက္ခံလူ ေအးလင္းနဲ႔ စထ႐ိုက္ခ္တို႔ၾကားက ေျပးထြက္ၿပီး ဂိုးသမား ေမလီေယးနဲ႔ အေတြ႕မွာ ဘယ္ဘက္ကို ကန္မလိုနဲ႔ ညာဘက္ကို ကန္သြင္းၿပီး လွည့္စားမႈ ေအာင္ျမင္ႏိုင္ခဲ့လို႔ အယ္လန္႐ုတ္ဒ္မွာ ဂိုးျပတ္သြားခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ စပါးစ္တို႔ ေလးဂိုး-ဂိုးမရွိနဲ႔ အေဝးကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး အေရးပါတဲ့ အႏိုင္သုံးမွတ္ကို ရယူသြားႏိုင္ခဲ့သလို ဖိအားေတြ ေရာက္ရွိေနတဲ့ နည္းျပ ကြန္တီအတြက္ သက္သာရာရေစႏိုင္ခဲ့ခ်ိန္မွာ ၂၅ ပြဲကစား ရမွတ္ ၄၂ မွတ္နဲ႔ ေရွ႕က အသင္းေတြ အမွားလုပ္ရင္ အဆင့္ ၄ ကို ေမွ်ာ္လင့္ႏိုင္ေသးတဲ့ အေနအထားကို ေရာက္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.