UCL&UEL

ချန်ပီယံလိဂ် နောက်ဆုံး ၄ သင်းက ဘယ်အသင်းတွေလဲဆိုတာ ဟောကိန်းထုတ်လိုက်တဲ့ စူပါကွန်ပျူတာ

ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအသင်းက မန်ချက်စတာစီးတီးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ယူခဲ့ပြီးနောက် စူပါကွန်ပျူတာက ၂ သင်းစလုံးကို ယခုရာသီ ဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့အခွင့်အရေး ၂၀ ရာခိုင်နှုန်းထက်ပိုမို ပေးခဲ့ပါတယ်။

ဗိုလ်လုပွဲကျင်းပမယ့်နေရာက ယူကရိန်းနဲ့ ရုရှားအရေးကြောင့် မရေရာမသေချာဖြစ်နေချိန်မှာ ယူအီးအက်ဖ်အေအနေနဲ့ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုကြောင့် စိန့် ပီတာစ်ဘာ့ဂ်မှာ ကျင်းပမယ့် ဗိုလ်လုပွဲကို ပယ်ဖျက်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပြီး နောက်ထပ် အင်္ဂလိပ်အသင်းအချင်းချင်း ဗိုလ်လုပွဲမှာ တွေ့ဆုံနိုင်တဲ့အလားအလာကလည်း ဖြစ်နိုင်ခြေရှိနေဆဲဖြစ်ပါတယ်။

ချဲလ်ဆီး၊ မန်စီးတီး၊ လီဗာပူးလ်တို့အားလုံးဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကို ဦးဆောင်သူအဖြစ် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကလည်း အက်သလက်တီကို မက်ဒရစ်အိမ်ကွင်းမှာ သရေကစားနိုင်ခဲ့တာကြောင့် နောက်တဆင့်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီက တေ့လွဲ လွဲခဲ့ပြီးနောက် ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့အတွက် အကောင်းဆုံးအခွင့်အရေး ပိုင်ဆိုင်ထားတာဖြစ်ပေမယ့် ကိန်းဂဏန်းတွေက အင်္ဂလိပ်အသင်းတွေအားလုံး ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်တွေအထိ တက်ရောက်နိုင်မယ်လို့ ဖော်ပြနေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေး ၉၉ ရာခိုင်နှုန်းအထိ ပိုရှိနေတယ်လို့ FiveThirtyEight က ပုံစံထုတ်ထားတဲ့ မော်ဒယ်လ်အရ သိရပြီး ၁၆ သင်းရှုံးထွက် ပထမအကျော့မှာ စပို့တင်းလစ္စဘွန်းကို ၅-၀ နဲ့ အနိုင်ရရှိထားခဲ့တာကြောင့် ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့လည်း ၆၉ ရာခိုင်နှုန်းနဲ့ အကောင်းဆုံးအခွင့်အရေးရှိနေပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ ၂၆ ရာခိုင်နှုန်းသာ အခွင့်အရေးရှိတယ်ဆိုပေမယ့် အခြားအသင်းတွေအားလုံးထက်တော့ ပိုမို မြင့်မားတဲ့ ရာခိုင်နှုန်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ မန်စီးတီးပြီးရင် ချန်ပီယံဖြစ်နိုင်ခြေ နောက်ထပ်အများဆုံးအသင်းအဖြစ် ၂၁ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပြီး ၂၀၂၀ ချန်ပီယံဘိုင်ယန်မြူးနစ်ကတော့ ၁၈ ရာခိုင်နှုန်းနဲ့ တတိယနေရာက လိုက်နေတာဖြစ်ပါတယ်။

အကြီးမားဆုံး အံ့အားသင့်စရာကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ရာခိုင်နှုန်းဟာ တော်တော်လေး နည်းပါးနေတာဖြစ်ပြီး ဟဲဗီးဝိတ်အသင်း ၂ သင်းရဲ့ ဗိုလ်စွဲနိုင်တဲ့ ရာခိုင်နှုန်းဟာ ၃ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းသာ အသီးသီး ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီရာခိုင်နှုန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ရင်တော့ မြင့်မားနေဆဲဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်ကို ကျော်ဖြတ်ပြီး နောက်တဆင့် တက်ရောက်နိုင်ဖို့ ရေပန်းစားနေတယ်ဆိုပေမယ့်လည်း ဗိုလ်စွဲနိုင်ဖို့ ၁ ရာခိုင်နှုန်းသာ ရှိနေတာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ အိုင်းယက်စ်တို့ ၂ သင်းစလုံးကတော့ ဗိုလ်စွဲနိုင်ဖို့ ၁၀ ရာခိုင်နှုန်းအထိ အခွင့်အရေးရှိတယ်လို့ FiveThirtyEight ရဲ့ အကောင်းမြင်ခြင်းကို ခံထားရပြီး မန်စီးတီး၊ လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးနဲ့ လီလ်တို့ရဲ့ အခွင့်အရေးတွေ အားလုံး ပေါင်းလိုက်မယ်ဆိုရင် ၈၅ ရာခိုင်နှုန်းအထိရှိပြီး အဲဒါက ဗိုလ်လုပွဲမှာ အောင်မြင်မှုရနိုင်တဲ့ အသင်း ၅ သင်းမှာ ၄ သင်းက ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

စိန့် ပီတာစ်ဘာ့ဂ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ယူကရိန်းနိုင်ငံကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် အစီအစဉ်ပြောင်းလဲလိုက်ပြီဖြစ်ပြီး ပဲရစ်မြို့မှာပဲ ကျင်းပသွားတော့မှာဖြစ်တယ်လို့ ယူအီးအက်ဖ်အေက အတည်ပြုကြေညာလိုက်ပြီဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက မေလ ၂၈ ရက်နေ့မှာ ရုရှားနိုင်ငံ၊ စိန့် ပီတာစ်ဘာ့ဂ်မြို့က Gazprom ကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ယနေ့မနက် အလုပ်အမှုဆောင်ကော်မတီဝင်တွေရဲ့ အရေးပေါ်အစည်းအဝေးအပြီးမှာ ပြင်သစ်နိုင်ငံကို ပြောင်းလဲကျင်းပသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပဲရစ်မြို့က Stade de France ကွင်းဟာ ဘာစီလိုနာအသင်းက အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်ဆုံးအကြိမ် ကျင်းပခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ယခုရာသီကုန် ဥရောပချန်ပီယံရွေးပွဲကို လက်ခံကျင်းပသွားတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ၿပီးခဲ့တဲ့ရာသီမွာ ခ်ဲလ္ဆီးအသင္းက မန္ခ်က္စတာစီးတီးကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အနိုင္ယူခဲ့ၿပီးေနာက္ စူပါကြန္ပ်ဴတာက ၂ သင္းစလုံးကို ယခုရာသီ ဗိုလ္လုပြဲကို တက္ေရာက္နိုင္တဲ့အခြင့္အေရး ၂၀ ရာခိုင္ႏႈန္းထက္ပိုမို ေပးခဲ့ပါတယ္။

ဗိုလ္လုပြဲက်င္းပမယ့္ေနရာက ယူကရိန္းနဲ႔ ႐ုရွားအေရးေၾကာင့္ မေရရာမေသခ်ာျဖစ္ေနခ်ိန္မွာ ယူအီးအက္ဖ္ေအအေနနဲ႔ ႐ုရွားရဲ့ ယူကရိန္းကို က်ဴးေက်ာ္မႈေၾကာင့္ စိန႔္ ပီတာစ္ဘာ့ဂ္မွာ က်င္းပမယ့္ ဗိုလ္လုပြဲကို ပယ္ဖ်က္လိမ့္မယ္လို႔ ေမၽွာ္မွန္းျခင္းခံထားရၿပီး ေနာက္ထပ္ အဂၤလိပ္အသင္းအခ်င္းခ်င္း ဗိုလ္လုပြဲမွာ ေတြ႕ဆုံနိုင္တဲ့အလားအလာကလည္း ျဖစ္နိုင္ေျခရွိေနဆဲျဖစ္ပါတယ္။

ခ်ဲလ္ဆီး၊ မန္စီးတီး၊ လီဗာပူးလ္တို႔အားလုံးဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ဒုတိယအေက်ာ့ပြဲစဥ္ကို ဦးေဆာင္သူအျဖစ္ ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္ကလည္း အက္သလက္တီကို မက္ဒရစ္အိမ္ကြင္းမွာ သေရကစားနိုင္ခဲ့တာေၾကာင့္ ေနာက္တဆင့္တက္ေရာက္နိုင္ဖို႔ ေမၽွာ္လင့္ခ်က္ရွိေနဆဲျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ့အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ေတ့လြဲ လြဲခဲ့ၿပီးေနာက္ ယခုရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္နိုင္ဖို႔အတြက္ အေကာင္းဆုံးအခြင့္အေရး ပိုင္ဆိုင္ထားတာျဖစ္ေပမယ့္ ကိန္းဂဏန္းေတြက အဂၤလိပ္အသင္းေတြအားလုံး ၿပိဳင္ပြဲရဲ့ေနာက္ဆုံးအဆင့္ေတြအထိ တက္ေရာက္နိုင္မယ္လို႔ ေဖာ္ျပေနတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္နိုင္ဖို႔ အခြင့္အေရး ၉၉ ရာခိုင္ႏႈန္းအထိ ပိုရွိေနတယ္လို႔ FiveThirtyEight က ပုံစံထုတ္ထားတဲ့ ေမာ္ဒယ္လ္အရ သိရၿပီး ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့မွာ စပို႔တင္းလစၥဘြန္းကို ၅-၀ နဲ႔ အနိုင္ရရွိထားခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ့အသင္းဟာ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္နိုင္ဖို႔လည္း ၆၉ ရာခိုင္ႏႈန္းနဲ႔ အေကာင္းဆုံးအခြင့္အေရးရွိေနၿပီး ဗိုလ္လုပြဲကို တက္ေရာက္နိုင္ဖို႔ ၂၆ ရာခိုင္ႏႈန္းသာ အခြင့္အေရးရွိတယ္ဆိုေပမယ့္ အျခားအသင္းေတြအားလုံးထက္ေတာ့ ပိုမို ျမင့္မားတဲ့ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းကေတာ့ မန္စီးတီးၿပီးရင္ ခ်န္ပီယံျဖစ္နိုင္ေၿခ ေနာက္ထပ္အမ်ားဆုံးအသင္းအျဖစ္ ၂၁ ရာခိုင္ႏႈန္းနဲ႔ ရပ္တည္ေနၿပီး ၂၀၂၀ ခ်န္ပီယံဘိုင္ယန္ျမဴးနစ္ကေတာ့ ၁၈ ရာခိုင္ႏႈန္းနဲ႔ တတိယေနရာက လိုက္ေနတာျဖစ္ပါတယ္။

အႀကီးမားဆုံး အံ့အားသင့္စရာကေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ရဲ့ ရာခိုင္ႏႈန္းဟာ ေတာ္ေတာ္ေလး နည္းပါးေနတာျဖစ္ၿပီး ဟဲဗီးဝိတ္အသင္း ၂ သင္းရဲ့ ဗိုလ္စြဲနိုင္တဲ့ ရာခိုင္ႏႈန္းဟာ ၃ ရာခိုင္ႏႈန္းနဲ႔ ၄ ရာခိုင္ႏႈန္းသာ အသီးသီး ရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီရာခိုင္ႏႈန္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ယွဥ္ရင္ေတာ့ ျမင့္မားေနဆဲျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္ကို ေက်ာ္ျဖတ္ၿပီး ေနာက္တဆင့္ တက္ေရာက္နိုင္ဖို႔ ေရပန္းစားေနတယ္ဆိုေပမယ့္လည္း ဗိုလ္စြဲနိုင္ဖို႔ ၁ ရာခိုင္ႏႈန္းသာ ရွိေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ အိုင္းယက္စ္တို႔ ၂ သင္းစလုံးကေတာ့ ဗိုလ္စြဲနိုင္ဖို႔ ၁၀ ရာခိုင္ႏႈန္းအထိ အခြင့္အေရးရွိတယ္လို႔ FiveThirtyEight ရဲ့ အေကာင္းျမင္ျခင္းကို ခံထားရၿပီး မန္စီးတီး၊ လီဗာပူးလ္၊ ဘိုင္ယန္ျမဴးနစ္၊ ခ်ဲလ္ဆီးနဲ႔ လီလ္တို႔ရဲ့ အခြင့္အေရးေတြ အားလုံး ေပါင္းလိုက္မယ္ဆိုရင္ ၈၅ ရာခိုင္ႏႈန္းအထိရွိၿပီး အဲဒါက ဗိုလ္လုပြဲမွာ ေအာင္ျမင္မႈရနိုင္တဲ့ အသင္း ၅ သင္းမွာ ၄ သင္းက ပိုမိုေကာင္းမြန္တဲ့ အခြင့္အေရးရွိတယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

စိန႔္ ပီတာစ္ဘာ့ဂ္မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ယူကရိန္းနိုင္ငံကို ႐ုရွားရဲ့ က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ အစီအစဥ္ေျပာင္းလဲလိုက္ၿပီျဖစ္ၿပီး ပဲရစ္ၿမိဳ႕မွာပဲ က်င္းပသြားေတာ့မွာျဖစ္တယ္လို႔ ယူအီးအက္ဖ္ေအက အတည္ျပဳေၾကညာလိုက္ၿပီျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအက ေမလ ၂၈ ရက္ေန႔မွာ ႐ုရွားနိုင္ငံ၊ စိန႔္ ပီတာစ္ဘာ့ဂ္ၿမိဳ႕က Gazprom ကြင္းမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ယေန႔မနက္ အလုပ္အမႈေဆာင္ေကာ္မတီဝင္ေတြရဲ့ အေရးေပၚအစည္းအေဝးအၿပီးမွာ ျပင္သစ္နိုင္ငံကို ေျပာင္းလဲက်င္းပသြားဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ပဲရစ္ၿမိဳ႕က Stade de France ကြင္းဟာ ဘာစီလိုနာအသင္းက အာဆင္နယ္ကို အနိုင္ယူခဲ့တဲ့ လြန္ခဲ့တဲ့ ၁၆ ႏွစ္တုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ေနာက္ဆုံးအႀကိမ္ က်င္းပခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ယခုရာသီကုန္ ဥေရာပခ်န္ပီယံေရြးပြဲကို လက္ခံက်င္းပသြားေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.