Ligue1 Match Report

နာကျင်အချိန်ပိုမှာ အမ်ဘာပေ ကယ်တင်ပေးလို့ အနိုင် ၃ မှတ်ရခဲ့တဲ့ ပီအက်စ်ဂျီ

ခီလီယန် အမ်ဘာပေရဲ့ နာကျင်အချိန်ပို ၃ မိနစ်ထဲမှာ သွင်းယူပေးခဲ့တဲ့ နောက်ကျအနိုင်ဂိုးကြောင့် ပီအက်စ်ဂျီအသင်းဟာ ရင်းနေးနဲ့ပွဲစဉ်မှာ ထိုက်တန်တဲ့ အနိုင် ၃ မှတ်ကို ရရှိခဲ့ပါတယ်။

အင်္ဂါနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဆိုးရွားတဲ့ ရှေ့ပြေးနိမိတ်အဖြစ် ပီအက်စ်ဂျီအသင်းဟာ ပွဲချိန်အများစုမှာ အင်အားနည်းပါးနေခဲ့ပြီး အမ်ဘာပေရဲ့ နာကျင်အချိန်ပိုမတိုင်ခင် ဂိုးကန်သွင်းမှု ၂ ကြိမ်က ဂိုးရရှိဖို့ နီးစပ်ခဲ့တာကြောင့် ရင်းနေးအနေနဲ့ သရေ ၁ မှတ်အတွက် မထိုက်တန်ခဲ့ဘူးလို့ ငြင်းဖို့ ခက်ပါတယ်။ ပထမပိုင်း မပြီးဆုံးခင် ၅ မိနစ်အလိုမှာ အမ်ဘာပေက ဘယ်တောင်ကနေ ချိုးဝင်ပြီး ကန်သွင်းခဲ့တဲ့ဘောလုံးဟာ အိုမာရီနဲ့ထိ လမ်းကြောင်းပြောင်းပြီး တိုင်ထိထွက်ခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက် ဒုတိယပိုင်း မိနစ် ၂၀ လောက်မှာ လီယွန်နယ် မက်ဆီရဲ့ ပေးပို့မှုကို ရယူပြီးနောက် ဂိုးသမား အလမ်ဒါကို လှည့်ပြီး ဂိုးကန်သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံဘောဖြစ်နေခဲ့တဲ့အတွက် သွင်းဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ အကြိမ်ပေါင်းများစွာ လုပ်ခဲ့တဲ့အတိုင်းပဲ နောက်ဆုံးမှာတော့ နောက်ကျအနိုင်ဂိုးကို ရှာတွေ့ခဲ့ပြီး မက်ဆီက ပင်နယ်တီဧရိယာဘယ်ဖက်အစွန်မှာရှိနေတဲ့ အမ်ဘာပေကို ဘောလုံးပေးပို့ခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးက အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ပီအက်စ်ဂျီအသင်းရဲ့လိဂန်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၆ မှတ်အထိ ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပြီး ကျန်ပွဲစဉ်တွေအားလုံးဟာ ဒီစနေ၊ တနင်္ဂနွေမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ဒီအတိုင်းသာ ကစားမယ်ဆိုရင် ၃ ဂိုးပြတ်လောက်နဲ့ အနိုင်ယူခံရနိုင်ပြီး ကွင်းလယ်နဲ့ တိုက်စစ်ကြားမှာရော လီယွန်နယ် မက်ဆီနဲ့ အမ်ဘာပေတို့ကြားမှာပါ ပွဲကစားချိန်တော်တော်များများ အချိန်အဆက်မရှိခဲ့ကြတာဖြစ်ပါတယ်။

စိတ်ပူစရာအကောင်းဆုံးအရာကတော့ ရင်းနေးကို ဘောလုံးပေးလိုက်ရပြီး ကစားသမားအများအပြားရဲ့ တိုက်စစ်ဆင်ခံရနိုင်ချိန်မှာ ခံစစ်က ပွင့်နေခဲ့တာဖြစ်ပါတယ်။ လိဂန်းအမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေတဲ့ ရင်းနေးက အခွင့်ကောင်း မယူနိုင်ခဲ့ပေမယ့် ဗင်နစ်ရှပ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ကတော့ ပျော်ပျော်ကြီးကို အခွင့်ကောင်း ယူသွားမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းလိုမျိုး ပြည်တွင်းပြိုင်ပွဲကနေ ချန်ပီယံလိဂ်ကို ယှဉ်ပြိုင်ရာမှာ ခြေစွမ်းအဆင့်အတန်းတိုးတက်အောင် လုပ်ဖို့ လိုအပ်တယ်လို့ ခံစားရတဲ့ ထိပ်တန်းအသင်း တစ်သင်းမှ မရှိတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ အပြောင်းအလဲတွေ ပြုလုပ်ပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်သွားနိုင်ကောင်း ယှဉ်ပြိုင်သွားနိုင်ပေမယ့် အခွင့်အရေးကတော့ ရှိမှာမဟုတ်လောက်ဘူးလို့ ဖော်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခီလီယန် အမ်ဘာပေရဲ့ နာကျင်အချိန်ပို ၃ မိနစ်ထဲမှာ သွင်းယူပေးခဲ့တဲ့ နောက်ကျအနိုင်ဂိုးကြောင့် ပီအက်စ်ဂျီအသင်းဟာ ရင်းနေးနဲ့ပွဲစဉ်မှာ ထိုက်တန်တဲ့ အနိုင် ၃ မှတ်ကို ရရှိခဲ့ပါတယ်။







REF: INTERNET SOURCES
SPORTS A2Z.