Match Report Premier League

ကော်တင်ညို အစွမ်းကုန်တောက်ပခဲ့ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ ပွဲကြမ်းခဲ့တဲ့ ဗီလာနဲ့ လိဒ်စ်ပွဲစဉ်

အက်စတန် ဗီလာနဲ့ လိဒ်စ်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲစဉ်ဟာ ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့်အဝ ပေးစွမ်းနိုင်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး တစ်ဖက် ၃ ဂိုးစီ သရေရလဒ်နဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတဲ့ ဖိလစ်ပီ ကော်တင်ညိုရဲ့ မှော်ဆန်တဲ့အခိုက်အတန့်တွေကို မြင်တွေ့ခဲ့ရပြီး အက်စတန် ဗီလာ ငယ်မွေးခြံပေါက် ဂျေကော့ဘ် ရမ်းဆေးရဲ့ စိတ်လှုပ်ရှားဖွယ်သွင်းဂိုးတွေ၊ မာဆယ်လို ဘီအယ်လ်ဆာရဲ့လိဒ်စ်ဆီက ကြောက်မက်ဖွယ် တိုက်စစ်ကစားပုံတွေနဲ့ မြိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန်နှောင်းပိုင်းမှာ အက်စတန် ဗီလာနောက်ခံလူ ခွန်ဆာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဂိုးသမားက ဘောလုံးကို ချပေးဖို့ ကြိုးပမ်းနေချိန်မှာ မက်စ်လီယာကို တံတောင်နဲ့ ပိတ်ဆို့ခဲ့တဲ့အတွက် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

အက်စတန် ဗီလာနည်းပြ စတီဗင် ဂျရတ်က ဂျေကော့ဘ် ရမ်းဆေးရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးခဲ့ပြီး ကြယ်ပွင့်ကစားသမားဟာ အင်္ဂလန်ရဲ့ ဂုဏ်ယူစရာဖြစ်လာလိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ “သူက ကြောက်မက်ဖွယ်ကစားသမားဖြစ်လာပါလိမ့်မယ်။ တစ်နိုင်ငံလုံးက စောင့်ကြည့်ရတဲ့အချိန် ရောက်လာဖို့ သိပ်မကြာလောက်တော့ပါဘူး။ အင်္ဂလန်ကစားသမားတွေရဲ့ အဆင့်အတန်းကို ကျွန်တော် သိပြီး အဲဒါက အနှေးနဲ့အမြန်ဖြစ်လာတော့မယ်ဆိုတာကိုလည်း ကျွန်တော် သိတယ်။ ဒါပေမယ့် လက်တွေ့ပဲ ဆန်ကြရအောင်။ ဒီည ကော်တင်ညိုအဟောင်းကိုလည်း ပြန်မြင်ခဲ့ရပါတယ်။ ခင်ဗျား အဲဒါကို စောင့်ကြည့်ရတာ မနှစ်သက်ဘူးဆိုရင် ဘောလုံးပွဲတွေ ကြည့်တာကို ရပ်လိုက်သင့်ပါတယ်”

“သူ လုပ်ခဲ့တဲ့ အရာအချို့က လုံးဝကို လှပပါတယ်။ ခံစစ်ပိုင်းမှာ ကျွန်တော်တို့ တိုးတက်အောင်လုပ်ရမယ်ဆိုပေမယ့် အဲဒါက အံ့အားသင့်စရာပွဲစဉ်ပါ။ ကျွန်တော့်အတွက်ချည်းပဲ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ အက်စတန် ဗီလာရဲ့ ကြောက်မက်ဖွယ် တိုက်စစ်အတွဲဖြစ်တဲ့ ကော်တင်ညိုနဲ့ ရမ်းဆေးတို့ ၂ ဦးပေါင်း ၃ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပြီး လိဒ်စ်အတွက် ဒန်နီရယ် ဂျိမ်းစ်က အစောပိုင်း ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ပထမပိုင်း ၁၄ မိနစ်မှာကတည်းက ဗီလာက ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

မိနစ် ၃၀ မှာ ကော်တင်ညိုက မတ်တီ ကက်ရှ်ရဲ့ ပေးပို့မှုကနေတဆင့် အက်စတန် ဗီလာအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့ပြီး နောက်ထပ် ၈ မိနစ်အကြာမှာ ရမ်းဆေးက ကော်တင်ညိုရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း မပြီးဆုံးခင် ၂ မိနစ်အလိုမှာ ရမ်းဆေးကပဲ ကော်တင်ညိုရဲ့ ဖန်တီးမှုကနေတဆင့် တတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး ပထမပိုင်းပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပိုမှာ ဒန်နီရယ် ဂျိမ်းစ်ကပဲ ပင်နယ်တီဧရိယာထဲမှာ တိုင်ရုန်း မင်းစ်နဲ့ ဘူအန်ဒီယာတို့ ရှုပ်ယှက်ခတ်နေတဲ့ကြားကနေ ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အက်စတန် ဗီလာရော လိဒ်စ်ယူနိုက်တက်ဟာ အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ဇန်နဝါရီ ၂၂ ရက်နေ့ကစပြီး ပွဲမကစားခဲ့ရတာဖြစ်တဲ့အတွက် ၂ သင်းစလုံးက လျင်လျင်မြန်မြန် ပြန်လည် ကစားချင်ခဲ့ကြတာဖြစ်ပါတယ်။ မက်စ်လီယာက ပွဲစစချင်း ၂ မိနစ်မှာ ဒေါက်ဂလပ် လူးဝစ်ဇ်ရဲ့ထောင့်ကန်ဘောကတဆင့် တိုင်ရုန်း မင်းစ်ရဲ့ အပိုင်ခေါင်းတိုက်ချက်ကို ကာကွယ်နိုင်ခဲ့ပြီး လိဒ်စ်ယူနိုက်တက်ဟာ ၁၀ မိနစ်မှ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီဧရိယာအပြင်ဘက်က တိုင်ရုန်း မင်းစ်ဆီကနေ ရိုဒရီဂိုက ဘောလုံးကို လုယူပြီး ဒန်နီရယ် ဂျိမ်းစ်ကို ခင်းပေးခဲ့ပြီးနောက် ဝေးလ်ကြယ်ပွင့်ဟာ ထောင့်ကျဉ်းထဲ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ၆၃ မိနစ်မှာ ဒီယေဂို ယော်ရန်တေးက ထောင့်ကန်ဘောကနေတဆင့် ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို စထရာကစ် ခေါင်းတိုက်ရာကနေ ကျလာတဲ့ဘောလုံးကို ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူပြီး တစ်ဖက် ၃ ဂိုးစီ ညီမျှစေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အက္စတန္ ဗီလာနဲ႔ လိဒ္စ္ယူနိုက္တက္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဗုဒၶဟူးေန႔ညပြဲစဥ္ဟာ ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈ အျပည့္အဝ ေပးစြမ္းနိုင္တဲ့ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ၿပီး တစ္ဖက္ ၃ ဂိုးစီ သေရရလဒ္နဲ႔ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းကေန ရာသီကုန္အထိ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕လာတဲ့ ဖိလစ္ပီ ေကာ္တင္ညိဳရဲ့ ေမွာ္ဆန္တဲ့အခိုက္အတန႔္ေတြကို ျမင္ေတြ႕ခဲ့ရၿပီး အက္စတန္ ဗီလာ ငယ္ေမြးၿခံေပါက္ ေဂ်ေကာ့ဘ္ ရမ္းေဆးရဲ့ စိတ္လႈပ္ရွားဖြယ္သြင္းဂိုးေတြ၊ မာဆယ္လို ဘီအယ္လ္ဆာရဲ့လိဒ္စ္ဆီက ေၾကာက္မက္ဖြယ္ တိုက္စစ္ကစားပုံေတြနဲ႔ ၿမိဳင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းပြဲကစားခ်ိန္ေႏွာင္းပိုင္းမွာ အက္စတန္ ဗီလာေနာက္ခံလူ ခြန္ဆာ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး ဂိုးသမားက ေဘာလုံးကို ခ်ေပးဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ မက္စ္လီယာကို တံေတာင္နဲ႔ ပိတ္ဆို႔ခဲ့တဲ့အတြက္ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

အက္စတန္ ဗီလာနည္းၿပ စတီဗင္ ဂ်ရတ္က ေဂ်ေကာ့ဘ္ ရမ္းေဆးရဲ့ စြမ္းေဆာင္ရည္ကို အထင္ႀကီးခဲ့ၿပီး ၾကယ္ပြင့္ကစားသမားဟာ အဂၤလန္ရဲ့ ဂုဏ္ယူစရာျဖစ္လာလိမ့္မယ္လို႔ ေထာက္ခံေျပာၾကားခဲ့ပါတယ္။ “သူက ေၾကာက္မက္ဖြယ္ကစားသမားျဖစ္လာပါလိမ့္မယ္။ တစ္နိုင္ငံလုံးက ေစာင့္ၾကည့္ရတဲ့အခ်ိန္ ေရာက္လာဖို႔ သိပ္မၾကာေလာက္ေတာ့ပါဘူး။ အဂၤလန္ကစားသမားေတြရဲ့ အဆင့္အတန္းကို ကၽြန္ေတာ္ သိၿပီး အဲဒါက အေႏွးနဲ႔အျမန္ျဖစ္လာေတာ့မယ္ဆိုတာကိုလည္း ကၽြန္ေတာ္ သိတယ္။ ဒါေပမယ့္ လက္ေတြ႕ပဲ ဆန္ၾကရေအာင္။ ဒီည ေကာ္တင္ညိဳအေဟာင္းကိုလည္း ျပန္ျမင္ခဲ့ရပါတယ္။ ခင္ဗ်ား အဲဒါကို ေစာင့္ၾကည့္ရတာ မႏွစ္သက္ဘူးဆိုရင္ ေဘာလုံးပြဲေတြ ၾကည့္တာကို ရပ္လိုက္သင့္ပါတယ္”

“သူ လုပ္ခဲ့တဲ့ အရာအခ်ိဳ႕က လုံးဝကို လွပပါတယ္။ ခံစစ္ပိုင္းမွာ ကၽြန္ေတာ္တို႔ တိုးတက္ေအာင္လုပ္ရမယ္ဆိုေပမယ့္ အဲဒါက အံ့အားသင့္စရာပြဲစဥ္ပါ။ ကၽြန္ေတာ့္အတြက္ခ်ည္းပဲ မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ အက္စတန္ ဗီလာရဲ့ ေၾကာက္မက္ဖြယ္ တိုက္စစ္အတြဲျဖစ္တဲ့ ေကာ္တင္ညိဳနဲ႔ ရမ္းေဆးတို႔ ၂ ဦးေပါင္း ၃ ဂိုးအထိ သြင္းယူေပးခဲ့တာျဖစ္ၿပီး လိဒ္စ္အတြက္ ဒန္နီရယ္ ဂ်ိမ္းစ္က အေစာပိုင္း ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ ပထမပိုင္း ၁၄ မိနစ္မွာကတည္းက ဗီလာက ထိန္းခ်ဳပ္ထားနိုင္ခဲ့တာျဖစ္ပါတယ္။

မိနစ္ ၃၀ မွာ ေကာ္တင္ညိဳက မတ္တီ ကက္ရွ္ရဲ့ ေပးပို႔မႈကေနတဆင့္ အက္စတန္ ဗီလာအသင္းအတြက္ ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးသြားခဲ့ၿပီး ေနာက္ထပ္ ၈ မိနစ္အၾကာမွာ ရမ္းေဆးက ေကာ္တင္ညိဳရဲ့ ဖန္တီးေပးပို႔မႈကေနတဆင့္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း မၿပီးဆုံးခင္ ၂ မိနစ္အလိုမွာ ရမ္းေဆးကပဲ ေကာ္တင္ညိဳရဲ့ ဖန္တီးမႈကေနတဆင့္ တတိယေျမာက္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူေပးခဲ့ၿပီး ပထမပိုင္းပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပိုမွာ ဒန္နီရယ္ ဂ်ိမ္းစ္ကပဲ ပင္နယ္တီဧရိယာထဲမွာ တိုင္႐ုန္း မင္းစ္နဲ႔ ဘူအန္ဒီယာတို႔ ရႈပ္ယွက္ခတ္ေနတဲ့ၾကားကေန ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အက္စတန္ ဗီလာေရာ လိဒ္စ္ယူနိုက္တက္ဟာ အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီးေနာက္ ဇန္နဝါရီ ၂၂ ရက္ေန႔ကစၿပီး ပြဲမကစားခဲ့ရတာျဖစ္တဲ့အတြက္ ၂ သင္းစလုံးက လ်င္လ်င္ျမန္ျမန္ ျပန္လည္ ကစားခ်င္ခဲ့ၾကတာျဖစ္ပါတယ္။ မက္စ္လီယာက ပြဲစစခ်င္း ၂ မိနစ္မွာ ေဒါက္ဂလပ္ လူးဝစ္ဇ္ရဲ့ေထာင့္ကန္ေဘာကတဆင့္ တိုင္႐ုန္း မင္းစ္ရဲ့ အပိုင္ေခါင္းတိုက္ခ်က္ကို ကာကြယ္နိုင္ခဲ့ၿပီး လိဒ္စ္ယူနိုက္တက္ဟာ ၁၀ မိနစ္မွ ဦးေဆာင္ဂိုးကို သြင္းယူသြားနိုင္ခဲ့တာျဖစ္ပါတယ္။

ပင္နယ္တီဧရိယာအျပင္ဘက္က တိုင္႐ုန္း မင္းစ္ဆီကေန ရိုဒရီဂိုက ေဘာလုံးကို လုယူၿပီး ဒန္နီရယ္ ဂ်ိမ္းစ္ကို ခင္းေပးခဲ့ၿပီးေနာက္ ေဝးလ္ၾကယ္ပြင့္ဟာ ေထာင့္က်ဥ္းထဲ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္း ၆၃ မိနစ္မွာ ဒီေယဂို ေယာ္ရန္ေတးက ေထာင့္ကန္ေဘာကေနတဆင့္ ျဖတ္တင္ေပးလိုက္တဲ့ေဘာလုံးကို စထရာကစ္ ေခါင္းတိုက္ရာကေန က်လာတဲ့ေဘာလုံးကို ဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူၿပီး တစ္ဖက္ ၃ ဂိုးစီ ညီမၽွေစမယ့္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.