Match Report Premier League

သရေပဲကန်စားနေကျ ဘန်လေကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်ခဲ့တဲ့ မန်ယူနိုက်တက်

၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တစ်ဖက်အသင်းက ခံစစ်ထိုင်ကစားလာမယ့် ပွဲမျိုးမှာ ကွင်းလယ်အဖျက်ကို အာရုံသိပ်စိုက်စရာ မလိုတဲ့အတွက် ဒဏ်ရာက ပြန်လာတဲ့ ပေါ့ဘာနဲ့ မက်တော်မီနေးကို ဘရူနို ဖာနန်ဒက်စ်နောက်က ကွင်းလယ်မှာ အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ ကစားခဲ့ချိန်မှာ ခံစစ်မှာတော့ မက်ဂွိုင်းယား၊ ဗာရွန်းတို့နဲ့ လူပြန်စုံလာခဲ့တာဖြစ်ပါတယ်။

ဘန်လေကတော့ သူတို့ရဲ့ ကစားနေကျ ၄-၄-၂ Flat ပုံစံကိုပဲ ဆက်သုံးခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်မှာ ကစားနေကျ ဘန်မီး၊ တာကော့ဗ်စကီး၊ ဘရောင်းဟေးလ်၊ ဝက်စ်ဝုဒ်တို့နဲ့ပဲ အထိုင်ချလာခဲ့သလို တောင်ပံတွေမှာတော့ မက်နီးလ်နဲ့ ကော်နေးတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ကစားသမားသစ် ဗက်ဟော့စ်နဲ့ ဂျေး ရိုဒရီရက်ဇ်တို့ကို တင်ကစားခဲ့တာပါ။

ယူနိုက်တက်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲစကတည်းက ဖိကစားနိုင်ခဲ့ပေမယ့် ထုံးစံအတိုင်း ခံစစ်ထိုင်ကစားနေခဲ့တဲ့ အိမ်ရှင်နောက်တန်းကို ရော်နယ်လ်ဒို မပါချိန်မှာ ကျော်ဖို့ ခက်ခဲနေခဲ့သလို ရက်ရှ်ဖို့ဒ်ကတော့ အဝေးကနေ ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာတော့ ဖရီးကစ်ကနေ နောက်ခံလူ ဗာရွန်းက ခေါင်းတိုက်ဂိုးသွင်းခဲ့တာက လူကျွံနေတဲ့ မက်ဂွိုင်းယားက Foul ဖြစ်ပြီး ကစားကွက်မှာ ပါဝင်ပတ်သက်မှု ရှိတယ်လို့ ဆုံးဖြတ်ခံခဲ့ရတာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ မန်ယူနိုက်တက်တို့ အဖွင့်ဂိုး ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းမှာ ဘောလုံးပြန်ရလာခဲ့တဲ့ ရက်ရှ်ဖို့ဒ်က နောက်က လိုကလာတဲ့ လုခ်ရှောရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးအပြီးမှာ ဘယ်နောက်ခံလူရဲ့ အနိမ့်ဘော Cut Back လုပ်ပေးမှုကို ကွင်းလယ်လူ ပေါ့ဘာက တိကျတဲ့ ကန်ချက်နဲ့ ပိတ်သွင်းပြီး ရယူနိုင်ခဲ့တာပါ။

ပွဲချိန် ၂၂ မိနစ်မှာ ယူနိုက်တက်တို့ ဂိုးထပ်သွင်းနိုင်ခဲ့ပေမယ့် ဘောလုံးလုယူရာမှာ ပေါ့ဘာ ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ပယ်ဖျက်ခံခဲ့ရတာကြောင့် နစ်နာခဲ့ရပြီး တိုက်စစ်ဆင်မှုတွေကို အိမ်ရှင်တို့ အသည်းအသန် ကာကွယ်နေခဲ့ရပေမယ့် တစ်ဂိုးထက်တော့ ပိုမရဘဲ တစ်ဂိုး-ဂိုးမရှိနဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ ဘန်လေတို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ကွင်းလယ်ကနေ အပေးအယူလုပ်လာခဲ့တဲ့ ဘောလုံးကို တိုက်စစ်မှူး ဗက်ဟော့စ်က နောက်ခံလူနှစ်ယောက်ကြားကနေ ရယူပြီး ခင်းပေးခဲ့ရာမှာ ဂျေး ရိုဒရီရက်ဇ်က လိုက်လံရယူပြီး ဂိုးသမား ဒဟေးယားနဲ့ တစ်ဦးချင်း အတွေ့မှာ ကန်သွင်းယူနိုင်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ နည်းပြ ရန်းနစ်ခ်အနေနဲ့ မက်တော်မီနေး၊ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်တို့အစား လင်ဂတ်၊ ရော်နယ်လ်ဒိုနဲ့ အီလန်ဂါတို့ကို လူစားလဲကစားခဲ့ပြီး ဒါက ပရိသတ်တွေအတွက်တော့ အားရစရာ သိပ်မရှိသေးတဲ့ အပြောင်းအလဲပဲဖြစ်ခဲ့သလို နောက်ဆုံးအချိန်မှာ အီလန်ဂါလို လူငယ်ကို အားကိုးနေရတာကတော့ မေးခွန်းထုတ်စရာလည်းဖြစ်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ယူနိုက်တက်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ရော်နယ်လ်ဒိုအပါအဝင် ကစားသမားတွေအနေနဲ့ အနိုင်ဂိုးကိုတော့ ပြန်လည်ရှာဖွေနိုင်ခြင်း မရှိတော့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုမှာ နစ်နာခဲ့ရပြီး ပွဲချိန်အပြည့်မှာတော့ တစ်ဂိုးစီသရေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒီနေ့ပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ၂၃ ပွဲကစား ၃၉ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်ခဲ့ပြီး အဆင့် ၄ နေရာကိုတော့ နိုင်ပွဲရတဲ့ ဝက်စ်ဟမ်းကို လွှဲပေးလိုက်ရချိန်မှာ တော့တင်ဟမ်ဟော့စပါးစ်၊ အာဆင်နယ်တို့နဲ့ ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၄-၂-၃-၁ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ တစ္ဖက္အသင္းက ခံစစ္ထိုင္ကစားလာမယ့္ ပြဲမ်ိဳးမွာ ကြင္းလယ္အဖ်က္ကို အာ႐ုံသိပ္စိုက္စရာ မလိုတဲ့အတြက္ ဒဏ္ရာက ျပန္လာတဲ့ ေပါ့ဘာနဲ႔ မက္ေတာ္မီေနးကို ဘ႐ူႏို ဖာနန္ဒက္စ္ေနာက္က ကြင္းလယ္မွာ အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဆန္ခ်ိဳတို႔ ကစားခဲ့ခ်ိန္မွာ ခံစစ္မွာေတာ့ မက္ဂြိဳင္းယား၊ ဗာ႐ြန္းတို႔နဲ႔ လူျပန္စုံလာခဲ့တာျဖစ္ပါတယ္။

ဘန္ေလကေတာ့ သူတို႔ရဲ႕ ကစားေနက် ၄-၄-၂ Flat ပုံစံကိုပဲ ဆက္သုံးခဲ့ၿပီး ကြင္းလယ္နဲ႔ ခံစစ္မွာ ကစားေနက် ဘန္မီး၊ တာေကာ့ဗ္စကီး၊ ဘေရာင္းေဟးလ္၊ ဝက္စ္ဝုဒ္တို႔နဲ႔ပဲ အထိုင္ခ်လာခဲ့သလို ေတာင္ပံေတြမွာေတာ့ မက္နီးလ္နဲ႔ ေကာ္ေနးတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ကစားသမားသစ္ ဗက္ေဟာ့စ္နဲ႔ ေဂ်း ႐ိုဒရီရက္ဇ္တို႔ကို တင္ကစားခဲ့တာပါ။

ယူႏိုက္တက္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ပြဲစကတည္းက ဖိကစားႏိုင္ခဲ့ေပမယ့္ ထုံးစံအတိုင္း ခံစစ္ထိုင္ကစားေနခဲ့တဲ့ အိမ္ရွင္ေနာက္တန္းကို ေရာ္နယ္လ္ဒို မပါခ်ိန္မွာ ေက်ာ္ဖို႔ ခက္ခဲေနခဲ့သလို ရက္ရွ္ဖို႔ဒ္ကေတာ့ အေဝးကေန ၿခိမ္းေျခာက္ဖို႔ ႀကိဳးစားခဲ့ၿပီး ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ဖရီးကစ္ကေန ေနာက္ခံလူ ဗာ႐ြန္းက ေခါင္းတိုက္ဂိုးသြင္းခဲ့တာက လူကြၽံေနတဲ့ မက္ဂြိဳင္းယားက Foul ျဖစ္ၿပီး ကစားကြက္မွာ ပါဝင္ပတ္သက္မႈ ရွိတယ္လို႔ ဆုံးျဖတ္ခံခဲ့ရတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ မန္ယူႏိုက္တက္တို႔ အဖြင့္ဂိုး ရရွိခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းမွာ ေဘာလုံးျပန္ရလာခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က ေနာက္က လိုကလာတဲ့ လုခ္ေရွာရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးအၿပီးမွာ ဘယ္ေနာက္ခံလူရဲ႕ အနိမ့္ေဘာ Cut Back လုပ္ေပးမႈကို ကြင္းလယ္လူ ေပါ့ဘာက တိက်တဲ့ ကန္ခ်က္နဲ႔ ပိတ္သြင္းၿပီး ရယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၂ မိနစ္မွာ ယူႏိုက္တက္တို႔ ဂိုးထပ္သြင္းႏိုင္ခဲ့ေပမယ့္ ေဘာလုံးလုယူရာမွာ ေပါ့ဘာ ျပစ္ဒဏ္က်ဴးလြန္ခဲ့လို႔ ပယ္ဖ်က္ခံခဲ့ရတာေၾကာင့္ နစ္နာခဲ့ရၿပီး တိုက္စစ္ဆင္မႈေတြကို အိမ္ရွင္တို႔ အသည္းအသန္ ကာကြယ္ေနခဲ့ရေပမယ့္ တစ္ဂိုးထက္ေတာ့ ပိုမရဘဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ပထမပိုင္း ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ဘန္ေလတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ကြင္းလယ္ကေန အေပးအယူလုပ္လာခဲ့တဲ့ ေဘာလုံးကို တိုက္စစ္မႉး ဗက္ေဟာ့စ္က ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ရယူၿပီး ခင္းေပးခဲ့ရာမွာ ေဂ်း ႐ိုဒရီရက္ဇ္က လိုက္လံရယူၿပီး ဂိုးသမား ဒေဟးယားနဲ႔ တစ္ဦးခ်င္း အေတြ႕မွာ ကန္သြင္းယူႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ နည္းျပ ရန္းနစ္ခ္အေနနဲ႔ မက္ေတာ္မီေနး၊ ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္တို႔အစား လင္ဂတ္၊ ေရာ္နယ္လ္ဒိုနဲ႔ အီလန္ဂါတို႔ကို လူစားလဲကစားခဲ့ၿပီး ဒါက ပရိသတ္ေတြအတြက္ေတာ့ အားရစရာ သိပ္မရွိေသးတဲ့ အေျပာင္းအလဲပဲျဖစ္ခဲ့သလို ေနာက္ဆုံးအခ်ိန္မွာ အီလန္ဂါလို လူငယ္ကို အားကိုးေနရတာကေတာ့ ေမးခြန္းထုတ္စရာလည္းျဖစ္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ယူႏိုက္တက္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားႏိုင္ခဲ့ေပမယ့္ ေရာ္နယ္လ္ဒိုအပါအဝင္ ကစားသမားေတြအေနနဲ႔ အႏိုင္ဂိုးကိုေတာ့ ျပန္လည္ရွာေဖြႏိုင္ျခင္း မရွိေတာ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ၿပိဳင္ဆိုင္မႈမွာ နစ္နာခဲ့ရၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ တစ္ဂိုးစီသေရနဲ႔ပဲ ၿပီးဆုံးခဲ့ပါတယ္။

ဒီေန႔ပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ၂၃ ပြဲကစား ၃၉ မွတ္နဲ႔ အဆင့္ ၅ မွာ ရပ္တည္ခဲ့ၿပီး အဆင့္ ၄ ေနရာကိုေတာ့ ႏိုင္ပြဲရတဲ့ ဝက္စ္ဟမ္းကို လႊဲေပးလိုက္ရခ်ိန္မွာ ေတာ့တင္ဟမ္ေဟာ့စပါးစ္၊ အာဆင္နယ္တို႔နဲ႔ ၿပိဳင္ဆိုင္မႈက ပိုမိုျပင္းထန္လာခဲ့သလို ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲက စိတ္လႈပ္ရွားစရာျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.