Premier League

မက်ဒေါ်နယ် အလုပ်သမားတွေဆီကနေ တောင်းစားခဲ့ရတဲ့အကြောင်း ပြောပြခဲ့တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ငယ်စဉ်က ဆင်းရဲချို့တဲ့လွန်းတဲ့ဘဝမှာ နေထိုင်ခဲ့ရသူဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီနိုင်ငံ၊ မဒေရာကျွန်းက ၎င်းတို့ရဲ့ သေးငယ်လှတဲ့ မိသားစုအိမ်လေးမှာ မွေးချင်းတွေနဲ့ အိပ်ခန်းအတူတူ မျှဝေနေထိုင်ခဲ့ရပြီး အကြိမ်ပေါင်းများစွာ ဆာလောင်ငတ်မွတ်ခြင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာဖြစ်ပါတယ်။ စပို့တင်း လစ္စဘွန်းအသင်းကို ပြောင်းရွှေ့ခွင့် ရရှိခဲ့ခြင်းက ရော်နယ်လ်ဒိုရဲ့ ထိပ်ဆုံးကို ရောက်ရှိနိုင်မယ့် လမ်းကြောင်းအစဖြစ်ခဲ့ပေမယ့် အဲဒီအချိန်အထိ ဇိမ်ခံပစ္စည်းများများစားစား ဝယ်ယူဖို့တောင် မတတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့သားဖြစ်သူ ခရစ္စတီယာနို ဂျူနီယာဟာ ဖခင်ဖြစ်သူ လူငယ်ကစားသမားဘဝတုန်းက နေထိုင်ခဲ့တဲ့ အိမ်ကို မြင်တွေ့ရတဲ့အချိန်မှာ အံ့အားသင့် တုန်လှုပ်ခဲ့ရပါတယ်။ “ကျွန်တော့်သားက ကျွန်တော့်ကို လှည့်ကြည့်ပြီး ‘အဖေ ဒီမှာ တကယ်ပဲ နေခဲ့တာလား’လို့ ပြောခဲ့ပါတယ်။ သူတို့တွေက ဒီကမ္ဘာကြီးမှာ အရာအားလုံးက လွယ်ကူနေတယ်လို့ ထင်နေတာပါ။ သူတို့တွေက လိုချင်တာအားလုံး သူတို့ရှေ့ ဒီတိုင်း ကျလာမယ်လို့ ထင်နေတာပါ”

ရော်နယ်လ်ဒိုဟာ ၂၀၁၉ ခုနှစ်တုန်းက ပီယာစ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်အတွင်းမှာ ၎င်းရဲ့ ကလေးဘဝနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ၎င်းနေထိုင်ရာ ဒေသတွင်း မက်ဒေါ်နယ်စားသောက်ဆိုင်ကို ဘာဂါသွားတောင်းစားခဲ့ရတဲ့အကြောင်း ပြောကြားခဲ့တဲ့အချိန်မှာ ထိတ်လန့်စရာအကောင်းဆုံး ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်လာခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အဲဒီအချိန်တုန်းက မိသားစုနဲ့ အဝေး လစ္စဘွန်းမှာ နေထိုင်နေခဲ့တာဖြစ်ပြီး အဲဒီအချိန်ဟာ ၎င်းရဲ့ဘဝမှာ အရမ်းခက်ခဲတဲ့ အချိန်ကာလဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်တာာဗျူးမှာ ရော်နယ်လ်ဒိုက ၎င်းကို ဘာဂါလက်ကျန်တွေကို ကျွေးမွေးခဲ့တဲ့ အက်ဒ်နာလို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးအပါအဝင် အခြား အမျိုးသမီး ၂ ဦးကိုလည်း ရှာဖွေပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ညဘက်ကြီး ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်ပေါ့။ ကျွန်တော်တို့ နည်းနည်းလေး ဗိုက်ဆာနေပါတယ်။ ကျွန်တော်တို့ နေခဲ့တဲ့ကွင်းရဲ့ ရှေ့မှာ မက်ဒေါ်နယ်ဆိုင်ရှိတယ်။ ကျွန်တော်တို့ အဲဒီကို အနောက်တံခါးကနေ သွားပြီး တံခါးခေါက်ပြီး ‘ဒီမှာဗျ၊ ဘာဂါလေးများ ကျန်သေးလားမသိဘူး’လို့ သွားတောင်းနေကျပါ။ အက်ဒ်နာနဲ့ နောက်ထပ် ကောင်မလေး ၂ ယောက် သူတို့က မယုံနိုင်စရာပါပဲ။ ကျွန်တော် ဒီကောင်မလေးတွေကို နောက်ထပ်ဘယ်တော့မှ မတွေ့ရတော့ပါဘူး”

“ကျွန်တော် ပေါ်တူဂီမှာရှိတဲ့ လူအချို့နဲ့ ဒီကောင်မလေးတွေကို ရှာဖို့ စကားပြောခဲ့ပေမယ့် သူတို့တွေ မက်ဒေါ်နယ်ဆိုင် ပိတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီအင်တာဗျူးက သူတို့ကို ရှာတွေ့နိုင်ဖို့ အကူအညီဖြစ်မယ်ဆိုရင် ကျွန်တော် အရမ်းပျော်ရွှင်မိမှာပါ။ ကျွန်တော် သူတို့ကို တူရင် သို့မဟုတ် လစ္စဘွန်းက ကျွန်တော့်အိမ်ကို လာဖို့ ဖိတ်ချင်တယ်။ ကျွန်တော်နဲ့အတူ ညစာလာစားဖို့ ဖိတ်ခေါ်ချင်ပြီး ရိုးရိုးသားသားပြောရရင် ဒီကောင်မလေးတွေကို ကျွန်တော် ရှာတွေ့ချင်ပါတယ်။ ကျွန်တော် သူတို့ကို တစ်ခုခု ပြန်ပေးချင်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ လက်ရှိအချိန်မှာတော့ မက်ဒေါ်နယ်ဆိုင်က အလုပ်သမလေးတွေကို ရှာတွေ့သွားပြီလားဆိုတာ မသေချာပေမယ့် ပီယာစ် မော်ဂန်ကတော့ ရော်နယ်လ်ဒိုကို စားစရာတွေ ပေးခဲ့တဲ့အမျိုးသမီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်လို့ ပြောကြားထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောဆိုမှုကိုတော့ ငြင်းပယ်ထားပါတယ်။ “သူမက ရော်နယ်လ်ဒို ပြောခဲ့တဲ့ အမျိုးသမီး ၃ ဦးထဲက ၁ ဦး မဟုတ်ပါဘူး။ ရှာပုံတော် ဆက်ဖွင့်ရပါဦးမယ်”လို့ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ငယ္စဥ္က ဆင္းရဲခ်ိဳ႕တဲ့လြန္းတဲ့ဘဝမွာ ေနထိုင္ခဲ့ရသူျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီနိုင္ငံ၊ မေဒရာကၽြန္းက ၎တို႔ရဲ့ ေသးငယ္လွတဲ့ မိသားစုအိမ္ေလးမွာ ေမြးခ်င္းေတြနဲ႔ အိပ္ခန္းအတူတူ မၽွေဝေနထိုင္ခဲ့ရၿပီး အႀကိမ္ေပါင္းမ်ားစြာ ဆာေလာင္ငတ္မြတ္ျခင္းဒဏ္ကို ျပင္းျပင္းထန္ထန္ ခံစားခဲ့ရတာျဖစ္ပါတယ္။ စပို႔တင္း လစၥဘြန္းအသင္းကို ေျပာင္းေရႊ႕ခြင့္ ရရွိခဲ့ျခင္းက ေရာ္နယ္လ္ဒိုရဲ့ ထိပ္ဆုံးကို ေရာက္ရွိနိုင္မယ့္ လမ္းေၾကာင္းအစျဖစ္ခဲ့ေပမယ့္ အဲဒီအခ်ိန္အထိ ဇိမ္ခံပစၥည္းမ်ားမ်ားစားစား ဝယ္ယူဖို႔ေတာင္ မတတ္နိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ့သားျဖစ္သူ ခရစၥတီယာနို ဂ်ဴနီယာဟာ ဖခင္ျဖစ္သူ လူငယ္ကစားသမားဘဝတုန္းက ေနထိုင္ခဲ့တဲ့ အိမ္ကို ျမင္ေတြ႕ရတဲ့အခ်ိန္မွာ အံ့အားသင့္ တုန္လႈပ္ခဲ့ရပါတယ္။ “ကၽြန္ေတာ့္သားက ကၽြန္ေတာ့္ကို လွည့္ၾကည့္ၿပီး ‘အေဖ ဒီမွာ တကယ္ပဲ ေနခဲ့တာလား’လို႔ ေျပာခဲ့ပါတယ္။ သူတို႔ေတြက ဒီကမၻာႀကီးမွာ အရာအားလုံးက လြယ္ကူေနတယ္လို႔ ထင္ေနတာပါ။ သူတို႔ေတြက လိုခ်င္တာအားလုံး သူတို႔ေရွ႕ ဒီတိုင္း က်လာမယ္လို႔ ထင္ေနတာပါ”

ေရာ္နယ္လ္ဒိုဟာ ၂၀၁၉ ခုႏွစ္တုန္းက ပီယာစ္ ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္အတြင္းမွာ ၎ရဲ့ ကေလးဘဝနဲ႔ပတ္သက္ၿပီး ဖြင့္ဟေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ၎ေနထိုင္ရာ ေဒသတြင္း မက္ေဒၚနယ္စားေသာက္ဆိုင္ကို ဘာဂါသြားေတာင္းစားခဲ့ရတဲ့အေၾကာင္း ေျပာၾကားခဲ့တဲ့အခ်ိန္မွာ ထိတ္လန႔္စရာအေကာင္းဆုံး ဇာတ္လမ္းေတြထဲက တစ္ခုျဖစ္လာခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ အဲဒီအခ်ိန္တုန္းက မိသားစုနဲ႔ အေဝး လစၥဘြန္းမွာ ေနထိုင္ေနခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ဟာ ၎ရဲ့ဘဝမွာ အရမ္းခက္ခဲတဲ့ အခ်ိန္ကာလျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အင္တာာဗ်ဴးမွာ ေရာ္နယ္လ္ဒိုက ၎ကို ဘာဂါလက္က်န္ေတြကို ေကၽြးေမြးခဲ့တဲ့ အက္ဒ္နာလို႔ အမည္ရတဲ့ အမ်ိဳးသမီးတစ္ဦးအပါအဝင္ အျခား အမ်ိဳးသမီး ၂ ဦးကိုလည္း ရွာေဖြေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ညဘက္ႀကီး ၁၀ နာရီခြဲ၊ ၁၁ နာရီေလာက္ေပါ့။ ကၽြန္ေတာ္တို႔ နည္းနည္းေလး ဗိုက္ဆာေနပါတယ္။ ကၽြန္ေတာ္တို႔ ေနခဲ့တဲ့ကြင္းရဲ့ ေရွ႕မွာ မက္ေဒၚနယ္ဆိုင္ရွိတယ္။ ကၽြန္ေတာ္တို႔ အဲဒီကို အေနာက္တံခါးကေန သြားၿပီး တံခါးေခါက္ၿပီး ‘ဒီမွာဗ်၊ ဘာဂါေလးမ်ား က်န္ေသးလားမသိဘူး’လို႔ သြားေတာင္းေနက်ပါ။ အက္ဒ္နာနဲ႔ ေနာက္ထပ္ ေကာင္မေလး ၂ ေယာက္ သူတို႔က မယုံနိုင္စရာပါပဲ။ ကၽြန္ေတာ္ ဒီေကာင္မေလးေတြကို ေနာက္ထပ္ဘယ္ေတာ့မွ မေတြ႕ရေတာ့ပါဘူး”

“ကၽြန္ေတာ္ ေပၚတူဂီမွာရွိတဲ့ လူအခ်ိဳ႕နဲ႔ ဒီေကာင္မေလးေတြကို ရွာဖို႔ စကားေျပာခဲ့ေပမယ့္ သူတို႔ေတြ မက္ေဒၚနယ္ဆိုင္ ပိတ္သြားခဲ့ပါတယ္။ ဒါေပမယ့္ ဒီအင္တာဗ်ဴးက သူတို႔ကို ရွာေတြ႕နိုင္ဖို႔ အကူအညီျဖစ္မယ္ဆိုရင္ ကၽြန္ေတာ္ အရမ္းေပ်ာ္ရႊင္မိမွာပါ။ ကၽြန္ေတာ္ သူတို႔ကို တူရင္ သို႔မဟုတ္ လစၥဘြန္းက ကၽြန္ေတာ့္အိမ္ကို လာဖို႔ ဖိတ္ခ်င္တယ္။ ကၽြန္ေတာ္နဲ႔အတူ ညစာလာစားဖို႔ ဖိတ္ေခၚခ်င္ၿပီး ရိုးရိုးသားသားေျပာရရင္ ဒီေကာင္မေလးေတြကို ကၽြန္ေတာ္ ရွာေတြ႕ခ်င္ပါတယ္။ ကၽြန္ေတာ္ သူတို႔ကို တစ္ခုခု ျပန္ေပးခ်င္လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ လက္ရွိအခ်ိန္မွာေတာ့ မက္ေဒၚနယ္ဆိုင္က အလုပ္သမေလးေတြကို ရွာေတြ႕သြားၿပီလားဆိုတာ မေသခ်ာေပမယ့္ ပီယာစ္ ေမာ္ဂန္ကေတာ့ ေရာ္နယ္လ္ဒိုကို စားစရာေတြ ေပးခဲ့တဲ့အမ်ိဳးသမီးေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္တယ္လို႔ ေျပာၾကားထားတဲ့ အမ်ိဳးသမီးတစ္ဦးရဲ့ ေျပာဆိုမႈကိုေတာ့ ျငင္းပယ္ထားပါတယ္။ “သူမက ေရာ္နယ္လ္ဒို ေျပာခဲ့တဲ့ အမ်ိဳးသမီး ၃ ဦးထဲက ၁ ဦး မဟုတ္ပါဘူး။ ရွာပုံေတာ္ ဆက္ဖြင့္ရပါဦးမယ္”လို႔ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.