Analysis La Liga

MSN အလွန် ဖယ်ရန်၊ အူဘာ၊ အဒါမာတို့နဲ့ ဘာစီလိုနာတိုက်စစ် ဘယ်လိုအသွင်ပြောင်းမလဲ

ဘာစီလိုနာအသင်းရဲ့ အကောင်းဆုံးအချိန်တွေထဲမှာ တိုက်စစ်နဲ့ ပတ်သက်လို့ မှတ်ကျောက်တင်ခံနိုင်ခဲ့တဲ့ အချိန်တွေက သုံးချိန်ရှိခဲ့ပါတယ်။ အီတူး-ရော်နယ်လ်ဒင်ညို-မက်ဆီတို့အဖွဲ့၊ ဒေးဗစ် ဗီလာ-မက်ဆီ-ပက်ဒရိုတို့အဖွဲ့နဲ့ နောက်ဆုံး လူသိများတဲ့ မက်ဆီ-ဆွာရက်ဇ်-နေမာတို့ရဲ့ MSN အဖွဲ့ ဆိုပြီးတော့ သုံးခေတ် ခွဲခြားနိုင်ပြီး လက်ရှိမှာ ပီအက်စ်ဂျီကို ပြောင်းသွားတဲ့ မက်ဆီကတော့ ဒိုင်ခံပါဝင်ခဲ့တာပါ။

ပီအက်စ်ဂျီကနေ ပေါင် ၁၉၈ သန်း (ယူရို ၂၂၂ သန်း)ဆိုတဲ့ စာချုပ်လျော်ကြေးပေးပြီး ဘရာဇီးလ်သား နေမာကို ဖဲ့ထုတ်သွားခဲ့ချိန်မှာ နူးကမ့်ရဲ့ တိုက်စစ်က မက်ဆီနဲ့ လူးဝစ် ဆွာရက်ဇ်တို့ တောင့်ခံခဲ့ကြရပြီး အူစမွန် ဒမ်ဘီလီနဲ့ ဖလိပီ ကော်တင်ညိုတို့ကို ပြန်အစားထိုးခဲ့ပေမယ့် နည်းစနစ်ပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်းတွေက MSN ကို မမီခဲ့သလို အသင်းရဲ့ မူမမှန်တဲ့ အုပ်ချုပ်ရေးပိုင်းနဲ့အတူ တဖြည်းဖြည်း ချိနဲ့လာခဲ့ပါတယ်။

နည်းပြတွေလည်း အဆက်ဆက် မကြာခဏပြောင်းလဲနေခဲ့ပြီး ဂွါဒီယိုလာနောက်ပိုင်းမှာ ဗီလာနိုဗာ၊ မာတီနို၊ လူးဝစ် အန်ရီကေ၊ ဗယ်လ်ဗာဒီ၊ ကီကေး ဆီတီယင်၊ ရော်နယ်လ် ကိုးမန်းတို့ ဝင်ခဲ့ကြသလို လက်ရှိမှာတော့ နောက်ဆုံးအချိန်မှာ ဘာစီလိုနာအကြောင်း ကောင်းကောင်းနားလည်တဲ့ ကိုယ့်လူနဲ့ကိုယ်သွားမှ ရတော့မယ်လို့ သဘောပေါက်ခဲ့ကြတာကြောင့် ကပ္ပတိန်ဟောင်း ဇာဗီဆီ အသင်းကို ထိုးအပ်ခဲ့ကြတာပါ။

ဇာဗီလက်ထက်မှာတော့ တိုက်စစ်ကို ပြန်လည်တည်ဆောက်ခဲ့ရာမှာ သူမကြိုက်ဘူးလို့ ချောင်ထိုးထားတဲ့ လုခ် ဒီယုံးကိုပါ နေရာပေးနေခဲ့ရပြီး ဒမ်ဘီလီကတော့ ချောင်ထိုးခံခဲ့ရသလို အထောင်မှာလည်း မမ်းဖစ္စ ဒီပိုင်းကို ဦးစားပေးသုံးစွဲခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေ တက်နေတဲ့ ဘရိတ်သ်ဝိတ်၊ ဆာဂျီယို အဂွေရိုနဲ့ အန်ဆူ ဖာတီတို့ကြောင့် နာလန်ထူဖို့က ခက်ခဲနေခဲ့တာကြောင့် ဇန်နဝါရီမှာ ပရီးမီးယားလိဂ်ကနေ ဖယ်ရန် တောရက်စ်၊ အဒါမာ ထရာအိုရေးနဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းတို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်းကတော့ ဇာဗီ လိုချင်တာ မဟုတ်ဘဲ အသင်းဥက္ကဌ ယိုအန်း လာပေါ်တာရဲ့ စိတ်ကြိုက်ခေါ်ယူမှုဖြစ်ခဲ့ပြီး တိုက်စစ်ပိုင်းအတွက် ခြေစွမ်းရော အတွေ့အကြုံကိုပါ ပေါင်းထည့်ပေးခဲ့တာဖြစ်သလို အသင်းခေါင်းဆောင်ဟောင်းတစ်ဖြစ်လဲ နည်းပြလေးအနေနဲ့ မကြိုက်လဲ သုံးစွဲတတ်ရင် အကျိုးဖြစ်ထွန်းလာဖို့ ရှိနေသလို လက်ရှိအင်အားအရ မြန်နှုန်းမြင့်တိုက်စစ်ကိုလည်း ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိဘာစီလိုနာရှေ့တန်းမှာ တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ဘေးဖယ်လိုက်ရင် တောင်ပံရော အထောင်မှာပါ ကစားနိုင်တဲ့ အူဘာမီယန်း၊ ဒီပိုင်းနဲ့ ဖယ်ရန် တောရက်စ်တို့ ရှိနေကြတာကြောင့် ဇာဗီအနေနဲ့ ဒီရာသီမှာ အသင်းကို အဖတ်ဆယ်ဖို့နဲ့ ဂုဏ်သိက္ခာဆည်တဲ့အနေနဲ့ ယူရိုပါလိဂ်ကို ရယူဖို့ အခွင့်အရေးကောင်းတွေ ရှိနေတာလည်းဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ မီဒီယာတွေကတော့ ဘာစီလိုနာတိုက်စစ်မှာ ဖယ်ရန် တောရက်စ်၊ အူဘာမီယန်းနဲ့ ဒီပိုင်းတို့ ကစားမယ့် Ferran-Auba-Memphis (FAM) တိုက်စစ်ဖြစ်လာမလား၊ ဖယ်ရန် တောရက်စ်၊ အူဘာမီယန်းနဲ့ ထရာအိုရေးတို့ရဲ့ Ferran-Auba-Traore (FAT) တိုက်စစ်ဖြစ်လာမလားကတော့ စိတ်အားထက်သန်စွာ ခန့်မှန်းနေကြတာပါ။

ကျောနံပါတ် ၂၅ ကို ရရှိသွားတဲ့ အူဘာမီယန်းကတော့ အာဆင်နယ်မှာလိုပဲ ဘယ်ခြမ်းမှာ ကစားတာလည်းဖြစ်နိုင်ပြီး အသက်အရွယ်အရ အကြီးဆုံးဖြစ်နေလို့ အထောင်မှာလည်း နေရာယူသွားနိုင်သလို ကျောနံပါတ် ၁၉ ဖယ်ရန် တောရက်စ်ကတော့ ညာခြမ်းမှာလည်း ကစားရနိုင်ပြီး ဒီပိုင်းကတော့ သူတောင်းဆိုထားသလို အထောင်တိုက်စစ်မှာ ကစားဖို့ အခွင့်အရေးလည်း ရှိလာနိုင်ပါတယ်။

ဇာဗီအနေနဲ့ ဝုလ်ဗ်စ်နည်းပြ ဘရူနို လာဂျီလို အဒါမာ ထရာအိုရေးကို သူမကစားတတ်တဲ့ ဘယ်တောင်ပံကို ရိုက်သွင်းဖို့တော့ လုပ်မလာနိုင်ဘဲ အားသန်ရာ ညာခြမ်းကိုပဲ သုံးစွဲဖို့ များနေသလို သူ့ကို ပွဲထုတ်ခဲ့ရင်တော့ ဖယ်ရန် တောရက်စ်က ဘယ်ခြမ်း ထွက်ကစားပြီး ကျန်တဲ့ နှစ်ယောက်က အထောင်မှာ ဝင်ကစားတဲ့ ပုံစံလည်းဖြစ်လာနိုင်ပါတယ်။

ဘာစီလိုနာရဲ့ တိုက်စစ်မှာ FAM ဆိုတာက A က အဒါမာလည်းဖြစ်နိုင်သေးပြီး အခြေအနေ အချိန်အခါအရ AAM လည်း ဖြစ်သွားနိုင်သေးလို့ ဘယ်စာလုံးတွေကိုပဲ တွဲစပ်တွဲစပ် လာလီဂါမှာ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ကို ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ချက်နဲ့အတူ စိတ်လှုပ်ရှားစရာဖြစ်လာခဲ့ပြီး နည်းပြ ဇာဗီတစ်ယောက် စနစ်တကျ ကိုင်တွယ်လမ်းညွှန်နိုင်ရင် “လိမ္မာရင် မင့်ဖို့ချည်းပဲ”လို့ ပြောရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းရဲ႕ အေကာင္းဆုံးအခ်ိန္ေတြထဲမွာ တိုက္စစ္နဲ႔ ပတ္သက္လို႔ မွတ္ေက်ာက္တင္ခံႏိုင္ခဲ့တဲ့ အခ်ိန္ေတြက သုံးခ်ိန္ရွိခဲ့ပါတယ္။ အီတူး-ေရာ္နယ္လ္ဒင္ညိဳ-မက္ဆီတို႔အဖြဲ႕၊ ေဒးဗစ္ ဗီလာ-မက္ဆီ-ပက္ဒ႐ိုတို႔အဖြဲ႕နဲ႔ ေနာက္ဆုံး လူသိမ်ားတဲ့ မက္ဆီ-ဆြာရက္ဇ္-ေနမာတို႔ရဲ႕ MSN အဖြဲ႕ ဆိုၿပီးေတာ့ သုံးေခတ္ ခြဲျခားႏိုင္ၿပီး လက္ရွိမွာ ပီအက္စ္ဂ်ီကို ေျပာင္းသြားတဲ့ မက္ဆီကေတာ့ ဒိုင္ခံပါဝင္ခဲ့တာပါ။

ပီအက္စ္ဂ်ီကေန ေပါင္ ၁၉၈ သန္း (ယူ႐ို ၂၂၂ သန္း)ဆိုတဲ့ စာခ်ဳပ္ေလ်ာ္ေၾကးေပးၿပီး ဘရာဇီးလ္သား ေနမာကို ဖဲ့ထုတ္သြားခဲ့ခ်ိန္မွာ ႏူးကမ့္ရဲ႕ တိုက္စစ္က မက္ဆီနဲ႔ လူးဝစ္ ဆြာရက္ဇ္တို႔ ေတာင့္ခံခဲ့ၾကရၿပီး အူစမြန္ ဒမ္ဘီလီနဲ႔ ဖလိပီ ေကာ္တင္ညိဳတို႔ကို ျပန္အစားထိုးခဲ့ေပမယ့္ နည္းစနစ္ပိုင္းနဲ႔ ႀကံ့ခိုင္မႈပိုင္းေတြက MSN ကို မမီခဲ့သလို အသင္းရဲ႕ မူမမွန္တဲ့ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔အတူ တျဖည္းျဖည္း ခ်ိနဲ႔လာခဲ့ပါတယ္။

နည္းျပေတြလည္း အဆက္ဆက္ မၾကာခဏေျပာင္းလဲေနခဲ့ၿပီး ဂြါဒီယိုလာေနာက္ပိုင္းမွာ ဗီလာႏိုဗာ၊ မာတီႏို၊ လူးဝစ္ အန္ရီေက၊ ဗယ္လ္ဗာဒီ၊ ကီေကး ဆီတီယင္၊ ေရာ္နယ္လ္ ကိုးမန္းတို႔ ဝင္ခဲ့ၾကသလို လက္ရွိမွာေတာ့ ေနာက္ဆုံးအခ်ိန္မွာ ဘာစီလိုနာအေၾကာင္း ေကာင္းေကာင္းနားလည္တဲ့ ကိုယ့္လူနဲ႔ကိုယ္သြားမွ ရေတာ့မယ္လို႔ သေဘာေပါက္ခဲ့ၾကတာေၾကာင့္ ကပၸတိန္ေဟာင္း ဇာဗီဆီ အသင္းကို ထိုးအပ္ခဲ့ၾကတာပါ။

ဇာဗီလက္ထက္မွာေတာ့ တိုက္စစ္ကို ျပန္လည္တည္ေဆာက္ခဲ့ရာမွာ သူမႀကိဳက္ဘူးလို႔ ေခ်ာင္ထိုးထားတဲ့ လုခ္ ဒီယုံးကိုပါ ေနရာေပးေနခဲ့ရၿပီး ဒမ္ဘီလီကေတာ့ ေခ်ာင္ထိုးခံခဲ့ရသလို အေထာင္မွာလည္း မမ္းဖစၥ ဒီပိုင္းကို ဦးစားေပးသုံးစြဲခဲ့ေပမယ့္ ဒဏ္ရာျပႆနာေတြ တက္ေနတဲ့ ဘရိတ္သ္ဝိတ္၊ ဆာဂ်ီယို အေဂြ႐ိုနဲ႔ အန္ဆူ ဖာတီတို႔ေၾကာင့္ နာလန္ထူဖို႔က ခက္ခဲေနခဲ့တာေၾကာင့္ ဇန္နဝါရီမွာ ပရီးမီးယားလိဂ္ကေန ဖယ္ရန္ ေတာရက္စ္၊ အဒါမာ ထရာအိုေရးနဲ႔ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔ကို ေခၚယူခဲ့တာျဖစ္ပါတယ္။

အူဘာမီယန္းကေတာ့ ဇာဗီ လိုခ်င္တာ မဟုတ္ဘဲ အသင္းဥကၠဌ ယိုအန္း လာေပၚတာရဲ႕ စိတ္ႀကိဳက္ေခၚယူမႈျဖစ္ခဲ့ၿပီး တိုက္စစ္ပိုင္းအတြက္ ေျခစြမ္းေရာ အေတြ႕အႀကဳံကိုပါ ေပါင္းထည့္ေပးခဲ့တာျဖစ္သလို အသင္းေခါင္းေဆာင္ေဟာင္းတစ္ျဖစ္လဲ နည္းျပေလးအေနနဲ႔ မႀကိဳက္လဲ သုံးစြဲတတ္ရင္ အက်ိဳးျဖစ္ထြန္းလာဖို႔ ရွိေနသလို လက္ရွိအင္အားအရ ျမန္ႏႈန္းျမင့္တိုက္စစ္ကိုလည္း ေဖာ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

လက္ရွိဘာစီလိုနာေရွ႕တန္းမွာ ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ေဘးဖယ္လိုက္ရင္ ေတာင္ပံေရာ အေထာင္မွာပါ ကစားႏိုင္တဲ့ အူဘာမီယန္း၊ ဒီပိုင္းနဲ႔ ဖယ္ရန္ ေတာရက္စ္တို႔ ရွိေနၾကတာေၾကာင့္ ဇာဗီအေနနဲ႔ ဒီရာသီမွာ အသင္းကို အဖတ္ဆယ္ဖို႔နဲ႔ ဂုဏ္သိကၡာဆည္တဲ့အေနနဲ႔ ယူ႐ိုပါလိဂ္ကို ရယူဖို႔ အခြင့္အေရးေကာင္းေတြ ရွိေနတာလည္းျဖစ္ပါတယ္။

ပရိသတ္ေတြနဲ႔ မီဒီယာေတြကေတာ့ ဘာစီလိုနာတိုက္စစ္မွာ ဖယ္ရန္ ေတာရက္စ္၊ အူဘာမီယန္းနဲ႔ ဒီပိုင္းတို႔ ကစားမယ့္ Ferran-Auba-Memphis (FAM) တိုက္စစ္ျဖစ္လာမလား၊ ဖယ္ရန္ ေတာရက္စ္၊ အူဘာမီယန္းနဲ႔ ထရာအိုေရးတို႔ရဲ႕ Ferran-Auba-Traore (FAT) တိုက္စစ္ျဖစ္လာမလားကေတာ့ စိတ္အားထက္သန္စြာ ခန႔္မွန္းေနၾကတာပါ။

ေက်ာနံပါတ္ ၂၅ ကို ရရွိသြားတဲ့ အူဘာမီယန္းကေတာ့ အာဆင္နယ္မွာလိုပဲ ဘယ္ျခမ္းမွာ ကစားတာလည္းျဖစ္ႏိုင္ၿပီး အသက္အ႐ြယ္အရ အႀကီးဆုံးျဖစ္ေနလို႔ အေထာင္မွာလည္း ေနရာယူသြားႏိုင္သလို ေက်ာနံပါတ္ ၁၉ ဖယ္ရန္ ေတာရက္စ္ကေတာ့ ညာျခမ္းမွာလည္း ကစားရႏိုင္ၿပီး ဒီပိုင္းကေတာ့ သူေတာင္းဆိုထားသလို အေထာင္တိုက္စစ္မွာ ကစားဖို႔ အခြင့္အေရးလည္း ရွိလာႏိုင္ပါတယ္။

ဇာဗီအေနနဲ႔ ဝုလ္ဗ္စ္နည္းျပ ဘ႐ူႏို လာဂ်ီလို အဒါမာ ထရာအိုေရးကို သူမကစားတတ္တဲ့ ဘယ္ေတာင္ပံကို ႐ိုက္သြင္းဖို႔ေတာ့ လုပ္မလာႏိုင္ဘဲ အားသန္ရာ ညာျခမ္းကိုပဲ သုံးစြဲဖို႔ မ်ားေနသလို သူ႔ကို ပြဲထုတ္ခဲ့ရင္ေတာ့ ဖယ္ရန္ ေတာရက္စ္က ဘယ္ျခမ္း ထြက္ကစားၿပီး က်န္တဲ့ ႏွစ္ေယာက္က အေထာင္မွာ ဝင္ကစားတဲ့ ပုံစံလည္းျဖစ္လာႏိုင္ပါတယ္။

ဘာစီလိုနာရဲ႕ တိုက္စစ္မွာ FAM ဆိုတာက A က အဒါမာလည္းျဖစ္ႏိုင္ေသးၿပီး အေျခအေန အခ်ိန္အခါအရ AAM လည္း ျဖစ္သြားႏိုင္ေသးလို႔ ဘယ္စာလုံးေတြကိုပဲ တြဲစပ္တြဲစပ္ လာလီဂါမွာ ရီးရဲလ္မက္ဒရစ္ရဲ႕ တိုက္စစ္ကို ယွဥ္ၿပိဳင္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔အတူ စိတ္လႈပ္ရွားစရာျဖစ္လာခဲ့ၿပီး နည္းျပ ဇာဗီတစ္ေယာက္ စနစ္တက် ကိုင္တြယ္လမ္းၫႊန္ႏိုင္ရင္ “လိမၼာရင္ မင့္ဖို႔ခ်ည္းပဲ”လို႔ ေျပာရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.