International

ပါရာဂွေးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဘရာဇီးလ်အတွက် အစွမ်းကုန်တောက်ပပြခဲ့တဲ့ ကော်တင်ညို

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)အဖြစ် ပါရာဂွေးနဲ့ ယနေ့နံနက် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၄-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပါတယ်။

မတူညီတဲ့ကစားသမား ၄ ဦးက သွင်းဂိုးတွေ သွင်းယူပေးခဲ့ကြပြီး တိုက်စစ်ကစားသမားအများအပြားကလည်း တောက်ပတဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့တာကြောင့် ပါရာဂွေးအသင်းဟာ ဘယ်လိုမှ ယှဉ်မရခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ခွန်အား၊ စွမ်းရည်နဲ့ အသင်းလိုက် လုပ်ဆောင်မှုတွေ ပေါင်းစပ်ပြီး ဧည့်သည် ပါရာဂွေးအသင်းကို အနိုင်ယူခဲ့တာဖြစ်ပြီး ကမ္ဘာတလွှားက နိုင်ငံအနည်းငယ်လောက်သာ ယှဉ်ပြိုင်နိုင်မယ့် ခြေစွမ်းမျိုး ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဗင်နစ်ရှပ် ဂျူနီယာ၊ ရာဖင်ညာ၊ မားသီးယပ်စ် ကွန်ညာ၊ အန်တိုနီတို့လို ကစားသမားတွေအားလုံးဟာ ကမ္ဘာ့အဆင့် ခြေစွမ်းမျိုး ရရှိနေတာကြောင့် ဘရာဇီးလ်ပရိသတ်တွေဟာ လာမယ့် နိုဝင်ဘာလ ကာတာမှာ ယှဉ်ပြိုင်သွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘာတွေဖြစ်လာမလဲဆိုပြီး အိပ်မက်မက်နေတော့မှာဖြစ်ပါတယ်။ ပါရာဂွေးအသင်းကတော့ ဒီရလဒ်ကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်ကနေ တရားဝင် ပြုတ်သွားခဲ့ပြီဖြစ်ပေမယ့် ပြိုင်ပွဲကနေ ထွက်ရပြီဆိုတာကို သိဖို့အတွက် ဒီပွဲရဲ့ ရလဒ်တောင် မလိုအပ်ခဲ့တာဖြစ်ပါတယ်။

ပါရာဂွေးအသင်းဟာ ၇ ပွဲကစားပြီးချိန်အထိ သွင်းဂိုး သို့မဟုတ် နိုင်ပွဲ ၁ ခုမှ ရရှိခဲ့ခြင်းမရှိတာဖြစ်ပြီး တော်တော်လေး ဆိုးရွားတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ လိဒ်စ်တိုက်စစ်မှူး ရာဖင်ညာက ညာတောင်ပံမှာ ကြောက်မက်ဖွယ် ခြေစွမ်းပြသနေခဲ့ပြီး ဘယ်တောင်ပံမှာရှိနေခဲ့တဲ့ ဗင်နစ်ရှပ် ဂျူနီယာကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ဗင်နစ်ရှပ်နဲ့ ရာဖင်ညာတို့ဟာ အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့် ကွန်ညာနဲ့ ကြောက်မက်ဖွယ် ၃ ဦးအတွဲအဖြစ် ပုံဖော်နိုင်ခဲ့ပြီး အန်တိုနီ၊ ရိုဒရီဂိုတို့က ဒုတိယပိုင်းမှာ ဖိအားဆက်ပေးဖို့အတွက် လူစားဝင်ကစားခဲ့ရာမှာ ၂ ဦးစလုံး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီပွဲစဉ်က ဖိလစ်ပီ ကော်တင်ညိုရဲ့ ကွင်းလယ်မှာ ပြောင်မြောက်လှတဲ့ စွမ်းဆောင်ရည်ကို ပေါ်လွင်စေခဲ့ပြီး အက်စတန် ဗီလာကြယ်ပွင့်ဟာ ကွင်းတကွင်းလုံး ဘောလုံးလက်ခံရယူ ချိတ်ဆက်ပေးရုံတင်မကဘဲ ကိုယ်တိုင်လည်း ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ခြေစစ်ပွဲအုပ်စုအဆင့် ရပ်တည်မှုမှာ ပထမနေရာမှာ ရှုံးပွဲမရှိနဲ့ ဆက်လက် ရပ်တည်နေဆဲဖြစ်ပြီး အိမ်ကွင်းပွဲစဉ် ၇ ပွဲစလုံးကို စုစုပေါင်း ဂိုး ၁၉-၁ နဲ့ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းလူစာရင်းထဲမှာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာ မပါဝင်နိုင်ပေမယ့် တောက်ပတဲ့ စွမ်းဆောင်ရည်ကို ပြသဖို့အတွက် ရုန်းကန်ခဲ့ရခြင်းမရှိတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘရာဇီးလ္အသင္းဟာ ကမၻာ့ဖလားေျခစစ္ပြဲ(ေတာင္အေမရိကဇုန္)အျဖစ္ ပါရာေဂြးနဲ႔ ယေန႔နံနက္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ၄-၀ နဲ႔ အျပတ္အသတ္ အနိုင္ရရွိသြားခဲ့ပါတယ္။

မတူညီတဲ့ကစားသမား ၄ ဦးက သြင္းဂိုးေတြ သြင္းယူေပးခဲ့ၾကၿပီး တိုက္စစ္ကစားသမားအမ်ားအျပားကလည္း ေတာက္ပတဲ့ စြမ္းေဆာင္ရည္ျပသနိုင္ခဲ့တာေၾကာင့္ ပါရာေဂြးအသင္းဟာ ဘယ္လိုမွ ယွဥ္မရခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းဟာ ခြန္အား၊ စြမ္းရည္နဲ႔ အသင္းလိုက္ လုပ္ေဆာင္မႈေတြ ေပါင္းစပ္ၿပီး ဧည့္သည္ ပါရာေဂြးအသင္းကို အနိုင္ယူခဲ့တာျဖစ္ၿပီး ကမၻာတလႊားက နိုင္ငံအနည္းငယ္ေလာက္သာ ယွဥ္ၿပိဳင္နိုင္မယ့္ ေျခစြမ္းမ်ိဳး ျပသနိုင္ခဲ့တာျဖစ္ပါတယ္။

ဗင္နစ္ရွပ္ ဂ်ဴနီယာ၊ ရာဖင္ညာ၊ မားသီးယပ္စ္ ကြန္ညာ၊ အန္တိုနီတို႔လို ကစားသမားေတြအားလုံးဟာ ကမၻာ့အဆင့္ ေျခစြမ္းမ်ိဳး ရရွိေနတာေၾကာင့္ ဘရာဇီးလ္ပရိသတ္ေတြဟာ လာမယ့္ နိုဝင္ဘာလ ကာတာမွာ ယွဥ္ၿပိဳင္သြားမယ့္ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဘာေတြျဖစ္လာမလဲဆိုၿပီး အိပ္မက္မက္ေနေတာ့မွာျဖစ္ပါတယ္။ ပါရာေဂြးအသင္းကေတာ့ ဒီရလဒ္ေၾကာင့္ ကမၻာ့ဖလားေျခစစ္ပြဲအဆင့္ကေန တရားဝင္ ျပဳတ္သြားခဲ့ၿပီျဖစ္ေပမယ့္ ၿပိဳင္ပြဲကေန ထြက္ရၿပီဆိုတာကို သိဖို႔အတြက္ ဒီပြဲရဲ့ ရလဒ္ေတာင္ မလိုအပ္ခဲ့တာျဖစ္ပါတယ္။

ပါရာေဂြးအသင္းဟာ ၇ ပြဲကစားၿပီးခ်ိန္အထိ သြင္းဂိုး သို႔မဟုတ္ နိုင္ပြဲ ၁ ခုမွ ရရွိခဲ့ျခင္းမရွိတာျဖစ္ၿပီး ေတာ္ေတာ္ေလး ဆိုးရြားတဲ့ ကမၻာ့ဖလား ေျခစစ္ပြဲကို ရင္ဆိုင္ခဲ့ရတာလည္း ျဖစ္ပါတယ္။ လိဒ္စ္တိုက္စစ္မႉး ရာဖင္ညာက ညာေတာင္ပံမွာ ေၾကာက္မက္ဖြယ္ ေျခစြမ္းျပသေနခဲ့ၿပီး ဘယ္ေတာင္ပံမွာရွိေနခဲ့တဲ့ ဗင္နစ္ရွပ္ ဂ်ဴနီယာကိုလည္း ထိန္းခ်ဳပ္နိုင္ျခင္း မရွိခဲ့တာျဖစ္ပါတယ္။

ဗင္နစ္ရွပ္နဲ႔ ရာဖင္ညာတို႔ဟာ အက္သလက္တီကို မက္ဒရစ္ၾကယ္ပြင့္ ကြန္ညာနဲ႔ ေၾကာက္မက္ဖြယ္ ၃ ဦးအတြဲအျဖစ္ ပုံေဖာ္နိုင္ခဲ့ၿပီး အန္တိုနီ၊ ရိုဒရီဂိုတို႔က ဒုတိယပိုင္းမွာ ဖိအားဆက္ေပးဖို႔အတြက္ လူစားဝင္ကစားခဲ့ရာမွာ ၂ ဦးစလုံး ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီပြဲစဥ္က ဖိလစ္ပီ ေကာ္တင္ညိဳရဲ့ ကြင္းလယ္မွာ ေျပာင္ေျမာက္လွတဲ့ စြမ္းေဆာင္ရည္ကို ေပၚလြင္ေစခဲ့ၿပီး အက္စတန္ ဗီလာၾကယ္ပြင့္ဟာ ကြင္းတကြင္းလုံး ေဘာလုံးလက္ခံရယူ ခ်ိတ္ဆက္ေပး႐ုံတင္မကဘဲ ကိုယ္တိုင္လည္း ဂိုးသြင္းယူေပးနိုင္ခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ ေျခစစ္ပြဲအုပ္စုအဆင့္ ရပ္တည္မႈမွာ ပထမေနရာမွာ ရႈံးပြဲမရွိနဲ႔ ဆက္လက္ ရပ္တည္ေနဆဲျဖစ္ၿပီး အိမ္ကြင္းပြဲစဥ္ ၇ ပြဲစလုံးကို စုစုေပါင္း ဂိုး ၁၉-၁ နဲ႔ အနိုင္ရရွိထားခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းလူစာရင္းထဲမွာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ေနမာ မပါဝင္နိုင္ေပမယ့္ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ကို ျပသဖို႔အတြက္ ႐ုန္းကန္ခဲ့ရျခင္းမရွိတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.