International Match Report

ဆာလားနဲ့ မာနေးတို့ ဆီမီးတက်ခဲ့ကြပြီး လီဗာပူးလ်တို့ လွမ်းနေရဆဲ အာဖရိကဖလား

မြောက်အာဖရိကဒါဘီအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ AFCON ဖလားပွဲရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အီဂျစ်နဲ့ မော်ရိုကိုတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို အစောပွဲအဖြစ် ကစားခဲ့ကြပြီး အီဂျစ်ဖက်က ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်ကြတဲ့ ဆာလားနဲ့ အယ်လ်နန်နီတို့ ဦးဆောင်လာခဲ့ကြသလို မော်ရိုကိုဘက်ကတော့ လာလီဂါကစားသမားတွေဖြစ်ကြတဲ့ ဘိုနို၊ မူနီယာ၊ အန်နက်ဆီရီတို့က ဦးဆောင်ခဲ့ကြပါတယ်။

မော်ရိုကိုရဲ့ ဘိုနို၊ ဟာကီမီ၊ မာဆီနာ၊ ဆိုက်စ်၊ ဘူဖယ်လ်၊ အမ်မရာဘတ်၊ မူနီယာ၊ အန်နက်ဆီရီတို့ရဲ့ စုဖွဲ့မှုနဲ့ နာမည်ကြီးကစားသမားတွေ ပါဝင်မှုက နည်းပြ ဗာဟစ် ဟာလီဟော့ဂျစ်အတွက် အထင်ကြီးခံရစေပြီး နည်းပြ ကားလို့စ် ကေးရော့ဇ် ကိုင်တွယ်နေခဲ့တဲ့ အီဂျစ်တို့ထက် အင်အားသာလွန်ခဲ့သလို အဖွင့်ဂိုးကိုလည်း စတင်ရှာဖွေနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၃ မိနစ်မှာတော့ ညာတောင်ပံကနေ ထိုးဖောက်လာခဲ့တဲ့ ဟာကီမီကို သူ့ရဲ့ ပထမနာမည်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ တူနေခဲ့တဲ့ အီဂျစ်နောက်ခံလူ အက်ရှ်ရက်ဖ် အဖျက်ကြမ်းတာကြောင့် ပင်နယ်တီပေးခဲ့ရပြီး VAR ပြန်ကြည့်လို့ ကြာနေတဲ့ ဒီပင်နယ်တီကိုတော့ ပွဲချိန် ၆ မိနစ်မှာ ကွင်းလယ်လူ ဘူဖယ်လ်က ဂိုးသမား ဂါဘာစကီးကို လှည့်စားပြီး ကန်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ မော်ရိုကိုတို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အီဂျစ်တို့ တိုက်စစ်မြှင့်ဖို့ အက်စ်တန်ဗီလာတောင်ပံသမား ထရေဇီဂေးကို လူစားထည့်သွင်းခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ အက်ဘ်ဒဲလ်မိုနင်မ်ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ဘိုနို ပုတ်ထုတ်ခဲ့တာက ဆာလားရှေ့ကို ကျခဲ့ရာမှာတော့ သူ့အတွက် ပိတ်သွင်းဖို့ လွယ်ကူလွန်းနေတာကြောင့် တစ်ဂိုးစီသရေဖြစ်သွားခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ အနိုင်အရှုံး မကွဲပြားခဲ့လို့ အချိန်ပို ထပ်ကစားခဲ့ရတာပါ။

အချိန်ပို ဆက်လက်ကစားရာမှာတော့ ပွဲချိန် မိနစ် ၁၀၀ မှာ တန်ပြန်တိုက်စစ်ကနေ ဆာလားက ဖောက်ထွက်သွားခဲ့ပြီး ညာခြမ်းကနေ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ မော်ရိုကို နောက်တန်းနဲ့ ဂိုးသမားတို့ ရှင်းမထုတ်နိုင်ခဲ့တာကနေ ဘယ်ခြမ်းက ပြေးဝင်လာတဲ့ ထရေဇီဂေးက ပိတ်သွင်းပြီး အီဂျစ်တို့အတွက် အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အီဂျစ်တို့တွေ ခံစစ်နဲ့ ကောင်တာကိုပဲ အားပြုသွားခဲ့ပြီး မော်ရိုကိုတို့ကတော့ လူစားထပ်လဲပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဂိုးထပ်မရခဲ့တော့တာကြောင့် ပွဲချိန်မိနစ် ၁၂၀ အပြည့်မှာ ဆာလား၊ အယ်လ်နန်နီနဲ့ ထရေဇီဂေးတို့ ပရီးမီးယားလိဂ်ဖာရိုးအဖွဲ့တွေ နောက်တစ်ဆင့်ဖြစ်တဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ကြတာပါ။

နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆီနီဂေါနဲ့ အီကွေတိုရီယယ်လ် ဂီနီတို့ရဲ့ ပွဲစဉ်မှာတော့ ဆီနီဂေါဘက်က မာနေး၊ ဂါနာ ဂေးယီ၊ မန်ဒီ၊ ဒီယယ်လို၊ ကူလီဘေလီ၊ ဘူလာယေး ဒီယားတို့နဲ့ လူစုံထုတ်ကစားခဲ့ပြီး ဒဏ်ရာက သက်သာလာခဲ့တဲ့ အစ္စမိုင်လာ ဆားရ်ကတော့ ကူယာတေး၊ ပါပီ ဆားရ်တို့နဲ့အတူ အရန်ခုံမှာ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာ ဆီနီဂေါတို့ အဖွင့်ဂိုး ရရှိခဲ့ပြီး ကွင်းလယ်က ဘောလုံးရလာတဲ့ မာနေးက အီကွေတိုရီယယ်လ် ဂီနီခံစစ်ကြားကနေ ထိုးပေးတာကို အထောင်တိုက်စစ်မှူး ဒီယေးဒယူးက ဘယ်ခြေနဲ့ အချိန်မဆိုင်းဘဲ ပြေးဝင်ကန်သွင်းနိုင်ခဲ့တာကြောင့် ဆီနီဂေါတို့ စတင်ဦးဆောင်ခဲ့ပြီး ပထမပိုင်းက တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အီကွေတိုရီယယ်လ် ဂီနီတို့ ပြန်လာနိုင်ခဲ့ကြပြီး ဆီနီဂေါနောက်တန်းက အသင်းခေါင်းဆောင် ကူလီဘေလီရဲ့ ပေါ့လျော့တဲ့ ကစားပုံကြောင့် ကွင်းလယ်လူ ပါဘလို ဂါနေးက ထိုးပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး ယန်းနစ် ဘိုင်လာက အဝေးတိုင်ထောင့်ကို မြေလှိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား မန်ဒီ မမီလိုက်ဘဲ ဂိုးပြန်ပေးခဲ့ရပါတယ်။

ဒါပေမယ့် ကစားသမားချင်း အရည်အသွေး ကွာခြားမှုက စကားပြောခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာ လူစားဝင်လာခဲ့တဲ့ ကူယာတေးက ကွင်းထဲကို ရောက်အပြီး ၃ မိနစ်အကြာမှာပဲ အီကွေတိုရီယယ်လ် ဂီနီနောက်တန်းချင်း ခေါင်းလုတိုက်ပြီး ကျလာတဲ့ ဘောလုံးကို ဂိုးသမားရှေ့က ကြားဖြတ်ပြီး ကန်သွင်းနိုင်ခဲ့လို့ ဆီနီဂေါတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဂိုးပေးရပြီးကတည်းက တိုက်စစ်မြှင့်ဖို့ လူစားဝင်ကစားနေခဲ့တဲ့ အစ္စမိုင်လာ ဆားရ်က တန်ပြန်တိုက်စစ်ကနေ အလျင်အမြန် ကန်ပို့ပေးတဲ့ ဖရီးကစ်ကနေ ရသွားတဲ့ ဘယ်နောက်ခံလူ ဆစ္စက ချိုးပေးခဲ့တာကို ဧရိယာထဲကနေ အနီးကပ် ပိတ်သွင်းပြီး ဆီနီဂေါတို့အတွက် အနိုင်သေချာစေတဲ့ ဂိုးကို ရယူပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲအပြီးမှာတော့ ဆီနီဂေါတို့ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံခဲ့ကြပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ကြရမှာတော့ ဘာကီနာဖာဆိုအသင်းနဲ့ ကစားရဖို့ ဖြစ်လာခဲ့ပြီး တစ်ဖက်ပွဲစဉ်မှာတော့ အိမ်ရှင် ကင်းမရွန်းတို့နဲ့ အီဂျစ်တို့ ကစားရတော့မှာဖြစ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ ယှဉ်ပြိုင်သွားကြမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေျမာက္အာဖရိကဒါဘီအျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ AFCON ဖလားပြဲရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ့ အီဂ်စ္နဲ႔ ေမာ္႐ိုကိုတို႔ရဲ႕ ဆီမီးဖိုင္နယ္ပြဲစဥ္ကို အေစာပြဲအျဖစ္ ကစားခဲ့ၾကၿပီး အီဂ်စ္ဖက္က ပရီးမီးယားလိဂ္ကစားသမားေတြျဖစ္ၾကတဲ့ ဆာလားနဲ႔ အယ္လ္နန္နီတို႔ ဦးေဆာင္လာခဲ့ၾကသလို ေမာ္႐ိုကိုဘက္ကေတာ့ လာလီဂါကစားသမားေတြျဖစ္ၾကတဲ့ ဘိုႏို၊ မူနီယာ၊ အန္နက္ဆီရီတို႔က ဦးေဆာင္ခဲ့ၾကပါတယ္။

ေမာ္႐ိုကိုရဲ႕ ဘိုႏို၊ ဟာကီမီ၊ မာဆီနာ၊ ဆိုက္စ္၊ ဘူဖယ္လ္၊ အမ္မရာဘတ္၊ မူနီယာ၊ အန္နက္ဆီရီတို႔ရဲ႕ စုဖြဲ႕မႈနဲ႔ နာမည္ႀကီးကစားသမားေတြ ပါဝင္မႈက နည္းျပ ဗာဟစ္ ဟာလီေဟာ့ဂ်စ္အတြက္ အထင္ႀကီးခံရေစၿပီး နည္းျပ ကားလို႔စ္ ေကးေရာ့ဇ္ ကိုင္တြယ္ေနခဲ့တဲ့ အီဂ်စ္တို႔ထက္ အင္အားသာလြန္ခဲ့သလို အဖြင့္ဂိုးကိုလည္း စတင္ရွာေဖြႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာေတာ့ ညာေတာင္ပံကေန ထိုးေဖာက္လာခဲ့တဲ့ ဟာကီမီကို သူ႔ရဲ႕ ပထမနာမည္နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ပဲ တူေနခဲ့တဲ့ အီဂ်စ္ေနာက္ခံလူ အက္ရွ္ရက္ဖ္ အဖ်က္ၾကမ္းတာေၾကာင့္ ပင္နယ္တီေပးခဲ့ရၿပီး VAR ျပန္ၾကည့္လို႔ ၾကာေနတဲ့ ဒီပင္နယ္တီကိုေတာ့ ပြဲခ်ိန္ ၆ မိနစ္မွာ ကြင္းလယ္လူ ဘူဖယ္လ္က ဂိုးသမား ဂါဘာစကီးကို လွည့္စားၿပီး ကန္သြင္းယူႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ေမာ္႐ိုကိုတို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ အီဂ်စ္တို႔ တိုက္စစ္ျမႇင့္ဖို႔ အက္စ္တန္ဗီလာေတာင္ပံသမား ထေရဇီေဂးကို လူစားထည့္သြင္းခဲ့ၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန အက္ဘ္ဒဲလ္မိုနင္မ္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဂိုးသမား ဘိုႏို ပုတ္ထုတ္ခဲ့တာက ဆာလားေရွ႕ကို က်ခဲ့ရာမွာေတာ့ သူ႔အတြက္ ပိတ္သြင္းဖို႔ လြယ္ကူလြန္းေနတာေၾကာင့္ တစ္ဂိုးစီသေရျဖစ္သြားခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ အႏိုင္အရႈံး မကြဲျပားခဲ့လို႔ အခ်ိန္ပို ထပ္ကစားခဲ့ရတာပါ။

အခ်ိန္ပို ဆက္လက္ကစားရာမွာေတာ့ ပြဲခ်ိန္ မိနစ္ ၁၀၀ မွာ တန္ျပန္တိုက္စစ္ကေန ဆာလားက ေဖာက္ထြက္သြားခဲ့ၿပီး ညာျခမ္းကေန ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ ေမာ္႐ိုကို ေနာက္တန္းနဲ႔ ဂိုးသမားတို႔ ရွင္းမထုတ္ႏိုင္ခဲ့တာကေန ဘယ္ျခမ္းက ေျပးဝင္လာတဲ့ ထေရဇီေဂးက ပိတ္သြင္းၿပီး အီဂ်စ္တို႔အတြက္ အႏိုင္ဂိုးကို ရယူေပးခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အီဂ်စ္တို႔ေတြ ခံစစ္နဲ႔ ေကာင္တာကိုပဲ အားျပဳသြားခဲ့ၿပီး ေမာ္႐ိုကိုတို႔ကေတာ့ လူစားထပ္လဲၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ဂိုးထပ္မရခဲ့ေတာ့တာေၾကာင့္ ပြဲခ်ိန္မိနစ္ ၁၂၀ အျပည့္မွာ ဆာလား၊ အယ္လ္နန္နီနဲ႔ ထေရဇီေဂးတို႔ ပရီးမီးယားလိဂ္ဖာ႐ိုးအဖြဲ႕ေတြ ေနာက္တစ္ဆင့္ျဖစ္တဲ့ ဆီမီးဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့ၾကတာပါ။

ေနာက္ထပ္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဆီနီေဂါနဲ႔ အီေကြတိုရီယယ္လ္ ဂီနီတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ဆီနီေဂါဘက္က မာေနး၊ ဂါနာ ေဂးယီ၊ မန္ဒီ၊ ဒီယယ္လို၊ ကူလီေဘလီ၊ ဘူလာေယး ဒီယားတို႔နဲ႔ လူစုံထုတ္ကစားခဲ့ၿပီး ဒဏ္ရာက သက္သာလာခဲ့တဲ့ အစၥမိုင္လာ ဆားရ္ကေတာ့ ကူယာေတး၊ ပါပီ ဆားရ္တို႔နဲ႔အတူ အရန္ခုံမွာ ပြဲထြက္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာ ဆီနီေဂါတို႔ အဖြင့္ဂိုး ရရွိခဲ့ၿပီး ကြင္းလယ္က ေဘာလုံးရလာတဲ့ မာေနးက အီေကြတိုရီယယ္လ္ ဂီနီခံစစ္ၾကားကေန ထိုးေပးတာကို အေထာင္တိုက္စစ္မႉး ဒီေယးဒယူးက ဘယ္ေျခနဲ႔ အခ်ိန္မဆိုင္းဘဲ ေျပးဝင္ကန္သြင္းႏိုင္ခဲ့တာေၾကာင့္ ဆီနီေဂါတို႔ စတင္ဦးေဆာင္ခဲ့ၿပီး ပထမပိုင္းက တစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ အီေကြတိုရီယယ္လ္ ဂီနီတို႔ ျပန္လာႏိုင္ခဲ့ၾကၿပီး ဆီနီေဂါေနာက္တန္းက အသင္းေခါင္းေဆာင္ ကူလီေဘလီရဲ႕ ေပါ့ေလ်ာ့တဲ့ ကစားပုံေၾကာင့္ ကြင္းလယ္လူ ပါဘလို ဂါေနးက ထိုးေပးလိုက္တဲ့ ေဘာလုံးကို တိုက္စစ္မႉး ယန္းနစ္ ဘိုင္လာက အေဝးတိုင္ေထာင့္ကို ေျမလွိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား မန္ဒီ မမီလိုက္ဘဲ ဂိုးျပန္ေပးခဲ့ရပါတယ္။

ဒါေပမယ့္ ကစားသမားခ်င္း အရည္အေသြး ကြာျခားမႈက စကားေျပာခဲ့ၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာ လူစားဝင္လာခဲ့တဲ့ ကူယာေတးက ကြင္းထဲကို ေရာက္အၿပီး ၃ မိနစ္အၾကာမွာပဲ အီေကြတိုရီယယ္လ္ ဂီနီေနာက္တန္းခ်င္း ေခါင္းလုတိုက္ၿပီး က်လာတဲ့ ေဘာလုံးကို ဂိုးသမားေရွ႕က ၾကားျဖတ္ၿပီး ကန္သြင္းႏိုင္ခဲ့လို႔ ဆီနီေဂါတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ဂိုးေပးရၿပီးကတည္းက တိုက္စစ္ျမႇင့္ဖို႔ လူစားဝင္ကစားေနခဲ့တဲ့ အစၥမိုင္လာ ဆားရ္က တန္ျပန္တိုက္စစ္ကေန အလ်င္အျမန္ ကန္ပို႔ေပးတဲ့ ဖရီးကစ္ကေန ရသြားတဲ့ ဘယ္ေနာက္ခံလူ ဆစၥက ခ်ိဳးေပးခဲ့တာကို ဧရိယာထဲကေန အနီးကပ္ ပိတ္သြင္းၿပီး ဆီနီေဂါတို႔အတြက္ အႏိုင္ေသခ်ာေစတဲ့ ဂိုးကို ရယူေပးခဲ့တာျဖစ္ပါတယ္။

ဒီပြဲအၿပီးမွာေတာ့ ဆီနီေဂါတို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံခဲ့ၾကၿပီး ဆီမီးဖိုင္နယ္ကို တက္ေရာက္ခဲ့ၾကရမွာေတာ့ ဘာကီနာဖာဆိုအသင္းနဲ႔ ကစားရဖို႔ ျဖစ္လာခဲ့ၿပီး တစ္ဖက္ပြဲစဥ္မွာေတာ့ အိမ္ရွင္ ကင္းမ႐ြန္းတို႔နဲ႔ အီဂ်စ္တို႔ ကစားရေတာ့မွာျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၃ ရက္ေန႔နဲ႔ ၄ ရက္ေန႔ေတြမွာ ယွဥ္ၿပိဳင္သြားၾကမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.