Premier League

လက်စွမ်း တဖန်ပြန်ပြမှုနဲ့အတူ မယ်စကြာဝဋ္ဌာသရဖူပိုင်ရှင်ကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ ကီပါ

ချဲလ်ဆီးအသင်းဂိုးသမား ကီပါဟာ စပိန်မယ်စကြာဝဋ္ဌာဟောင်း အန်ဒရေးယား မာတီနက်ဇ်နဲ့ ချစ်သူတွေဖြစ်နေကြပြီဖြစ်တယ်လို့ လူသိရှင်ကြား ကြေညာမောင်းခတ်ခဲ့ပါတယ်။

ချဲလ်ဆီးဂိုးသမားဟာ ဆွဲဆောင်မှု အားကောင်းလှတဲ့ စပိန်မော်ဒယ်နဲ့ အချစ်ဇာတ်လမ်းကို အင်စတာဂရမ်မှာ ၎င်းတို့ ၂ ဦး ပင်လယ်ကြီးကို နောက်ခံထားပြီး ပွေ့ဖက်ထားတဲ့ပုံကို တင်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ ၂၀၂၀ စပိန် မယ်စကြာဝဋ္ဌာသရဖူဆုရှင် အန်ဒရေးယားကို အပြုံးနဲ့ ပွေ့ဖက်ထားခဲ့တာဖြစ်ပြီး စပိန်မော်ဒယ်ဟာ စပိန်ယူ-၁၅ ဘတ်စ်ကတ်ဘောအသင်းကို ကိုယ်စားပြုကစားပေးခဲ့ဖူးတဲ့ အားကစားသမားဟောင်းလည်း ဖြစ်ပါတယ်။

ကီပါဟာ ၎င်းရဲ့ အင်စတာဂရမ်ပရိသတ် ၁.၈ သန်း သိရှိအောင် ဓာတ်ပုံကို တင်ခဲ့တာဖြစ်ပြီး ၂ ဦးစလုံးရဲ့ ပရိသတ်တွေနဲ့ ဘောလုံးသမား မိတ်ဆွေအပေါင်းအသင်းတွေက ချစ်စရာကောင်းတဲ့စုံတွဲကို ဂုဏ်ပြုစကား ဝိုင်းဝန်း ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းဖော် မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒဟေးယားက ကီပါရဲ့ ပို့စ်ကို အသည်းပုံ ရုပ်ပုံလေးတင်ပြီး တုံ့ပြန်ခဲ့သလို ချဲလ်ဆီးအသင်းဖော် ခိုင် ဟာဗတ်ဇ်ကလည်း “Oh Kepinho,” ဆိုတဲ့စာသားကို အသည်းပုံကို မြှားစိုက်နေတဲ့ရုပ်ပုံနဲ့အတူ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ဂျော်ဂျင်ညိုကလည်း “Kepinhaaa papi.”လို့ ရေးသားခဲ့ပြီး စပိန်အသင်းဖော်တွေဖြစ်တဲ့ မားကို့စ် အလွန်ဆို၊ ဆာဂျီယို ရက်ဂီလွန်တို့ကလည်း အံ့အားသင့်တဲ့မျက်နှာပုံနဲ့ အသည်းပုံ ရုပ်ပုံလေးတွေကို မှတ်ချက်ပေးခဲ့ကြပါတယ်။ ချဲလ်ဆီးဂိုးသမား ကီပါဟာ အန်ဒရေးယား ပီးရက်ဇ်နဲ့ နောက်ဆုံးတွဲခဲ့တာ လူသိများခဲ့ပြီး အက်သလက်တစ် ဘီလ်ဘာအိုကြယ်ပွင့်ဟောင်း လက်စွမ်းကျဆင်းနေတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ လမ်းခွဲခဲ့ကြတယ်လို့ သတင်းတွေ အရ သိရပါတယ်။

ကီပါဟာ ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအသင်းအတွက် ဖလားပွဲစဉ်တွေသာ ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲသာ အကန့်အသတ်နဲ့ ပါဝင်ကစားခဲ့ရတာဖြစ်ပေမယ့်လည်း နံပါတ် ၁ ဂိုးသမားနေရာကို ရယူသွားတဲ့ ဂိုးသမား မန်ဒီတစ်ယောက် အာဖရိကဖလားပွဲသွားရောက် ကစားခဲ့တဲ့အချိန်မှာ ချဲလ်ဆီးအသင်း ဂိုးပေါက်ကို တဖန်ပြန်တာဝန်ယူခွင့်ရပြီး နောက်ဆုံးကစားခဲ့တဲ့ စပါးစ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲအထိ ပေးဂိုးမရှိ ကလင်းရှစ်ရယူနိုင်ခဲ့ကာ ယခင်လက်စွမ်းမျိုး ပြန်လည်ပြခဲ့နိုင်တာဟာ အချစ်သစ် စပိန်မယ်စကြာဝဋ္ဌာရဲ့ စွမ်းအားတွေကြောင့်လားလို့ ထင်မြင်ယူဆရပါကြောင်း တင်ဆက်ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဂိုးသမား ကီပါဟာ စပိန္မယ္စၾကာဝ႒ာေဟာင္း အန္ဒေရးယား မာတီနက္ဇ္နဲ႔ ခ်စ္သူေတြျဖစ္ေနၾကၿပီျဖစ္တယ္လို႔ လူသိရွင္ၾကား ေၾကညာေမာင္းခတ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဂိုးသမားဟာ ဆြဲေဆာင္မႈ အားေကာင္းလွတဲ့ စပိန္ေမာ္ဒယ္နဲ႔ အခ်စ္ဇာတ္လမ္းကို အင္စတာဂရမ္မွာ ၎တို႔ ၂ ဦး ပင္လယ္ႀကီးကို ေနာက္ခံထားၿပီး ေပြ႕ဖက္ထားတဲ့ပုံကို တင္ၿပီး အတည္ျပဳခဲ့တာျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ ဂိုးသမားဟာ ၂၀၂၀ စပိန္ မယ္စၾကာဝ႒ာသရဖူဆုရွင္ အန္ဒေရးယားကို အၿပဳံးနဲ႔ ေပြ႕ဖက္ထားခဲ့တာျဖစ္ၿပီး စပိန္ေမာ္ဒယ္ဟာ စပိန္ယူ-၁၅ ဘတ္စ္ကတ္ေဘာအသင္းကို ကိုယ္စားျပဳကစားေပးခဲ့ဖူးတဲ့ အားကစားသမားေဟာင္းလည္း ျဖစ္ပါတယ္။

ကီပါဟာ ၎ရဲ႕ အင္စတာဂရမ္ပရိသတ္ ၁.၈ သန္း သိရွိေအာင္ ဓာတ္ပုံကို တင္ခဲ့တာျဖစ္ၿပီး ၂ ဦးစလုံးရဲ႕ ပရိသတ္ေတြနဲ႔ ေဘာလုံးသမား မိတ္ေဆြအေပါင္းအသင္းေတြက ခ်စ္စရာေကာင္းတဲ့စုံတြဲကို ဂုဏ္ျပဳစကား ဝိုင္းဝန္း ေျပာၾကားခဲ့ၾကတာျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္အသင္းေဖာ္ မန္ခ်က္စတာယူႏိုက္တက္ ဂိုးသမား ေဒးဗစ္ ဒေဟးယားက ကီပါရဲ႕ ပို႔စ္ကို အသည္းပုံ ႐ုပ္ပုံေလးတင္ၿပီး တုံ႔ျပန္ခဲ့သလို ခ်ဲလ္ဆီးအသင္းေဖာ္ ခိုင္ ဟာဗတ္ဇ္ကလည္း “Oh Kepinho,” ဆိုတဲ့စာသားကို အသည္းပုံကို ျမႇားစိုက္ေနတဲ့႐ုပ္ပုံနဲ႔အတူ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ညိဳကလည္း “Kepinhaaa papi.”လို႔ ေရးသားခဲ့ၿပီး စပိန္အသင္းေဖာ္ေတြျဖစ္တဲ့ မားကို႔စ္ အလြန္ဆို၊ ဆာဂ်ီယို ရက္ဂီလြန္တို႔ကလည္း အံ့အားသင့္တဲ့မ်က္ႏွာပုံနဲ႔ အသည္းပုံ ႐ုပ္ပုံေလးေတြကို မွတ္ခ်က္ေပးခဲ့ၾကပါတယ္။ ခ်ဲလ္ဆီးဂိုးသမား ကီပါဟာ အန္ဒေရးယား ပီးရက္ဇ္နဲ႔ ေနာက္ဆုံးတြဲခဲ့တာ လူသိမ်ားခဲ့ၿပီး အက္သလက္တစ္ ဘီလ္ဘာအိုၾကယ္ပြင့္ေဟာင္း လက္စြမ္းက်ဆင္းေနတဲ့အခ်ိန္နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ လမ္းခြဲခဲ့ၾကတယ္လို႔ သတင္းေတြ အရ သိရပါတယ္။

ကီပါဟာ ၿပီးခဲ့တဲ့ရာသီမွာ ခ်ဲလ္ဆီးအသင္းအတြက္ ဖလားပြဲစဥ္ေတြသာ ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ ၇ ပြဲသာ အကန႔္အသတ္နဲ႔ ပါဝင္ကစားခဲ့ရတာျဖစ္ေပမယ့္လည္း နံပါတ္ ၁ ဂိုးသမားေနရာကို ရယူသြားတဲ့ ဂိုးသမား မန္ဒီတစ္ေယာက္ အာဖရိကဖလားပြဲသြားေရာက္ ကစားခဲ့တဲ့အခ်ိန္မွာ ခ်ဲလ္ဆီးအသင္း ဂိုးေပါက္ကို တဖန္ျပန္တာဝန္ယူခြင့္ရၿပီး ေနာက္ဆုံးကစားခဲ့တဲ့ စပါးစ္အသင္းကို ၂ ဂိုး ဂိုးမရွိနဲ႔ ႏိုင္တဲ့ပြဲအထိ ေပးဂိုးမရွိ ကလင္းရွစ္ရယူႏိုင္ခဲ့ကာ ယခင္လက္စြမ္းမ်ိဳး ျပန္လည္ျပခဲ့ႏိုင္တာဟာ အခ်စ္သစ္ စပိန္မယ္စၾကာဝ႒ာရဲ႕ စြမ္းအားေတြေၾကာင့္လားလို႔ ထင္ျမင္ယူဆရပါေၾကာင္း တင္ဆက္ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.