Premier League

ချာကာအနေနဲ့ ဖျက်ထုတ်ဖို့ သင်ယူသင့်ပြီး ကွင်းလယ်ကစားသမားအပေါ် ဝင်းဂါးရဲ့မှတ်ချက်ကို ပြောပြခဲ့တဲ့ မာတင် ကီယွန်

အာဆင်နယ်ဂန္တဝင်နောက်ခံကစားသမား မာတင် ကီယွန်က ကာရာဘောင်း ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ၅ နှစ်အတွင်း ၅ ကြိမ်မြောက် အနီကတ်ပြား ပြသခြင်းခံခဲ့ရပြီးနောက် ချာကာအနေနဲ့ ဖျက်ထုတ်တာကို သင်ယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

ချာကာဟာ အာဆင်နယ်ပရိသတ်တွေကို ကာရာဘောင်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၎င်းရဲ့ စောစောစီးစီး ပြသခံခဲ့ရတဲ့ အနီကတ်ကြောင့် တောင်းဆိုခဲ့ပေမယ့် ကီယွန်က ဆွစ်ဇာလန်ကွင်းလယ်ကစားသမားအနေနဲ့ အသင်းကို စိတ်ပျက်စေခဲ့တဲ့ အပြစ်ရှိခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မာတင် ကီယွန်က ချာကာရဲ့ နောက်ဆုံးပြသခံခဲ့ရတဲ့ အနီကတ်ဟာ ရယ်စရာကောင်းခဲ့ပြီး အာဆင်နယ်အနေနဲ့ ၎င်းတို့ရဲ့ အသင်းခေါင်းဆောင်ကို အပြောင်းအလဲ မပြုလုပ်နိုင်ဘူးဆိုရင် ပြဿနာရှိလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ချာကာဟာ အန်းဖီးမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးလ်တိုက်စစ်မှူး ဂျိုတာကို နောက်ဆုံးကစားသမားအဖြစ်နဲ့ ဖျက်ထုတ်ခဲ့ရာမှာ ရင်ဘတ်ကို ကန်မိခဲ့ပြီးနောက် ၂၅ မိနစ်မှာပဲ အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ အနီကတ်ဟာ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစာသမားရဲ့ ယခုရာသီ ဒုတိယမြောက်အနီကတ်ဖြစ်ခဲ့ပြီး ၅ နှစ်ခွဲကာလအတွင်းမှာ ပြသခံခဲ့ရတဲ့ ပဥ္စမမြောက် အနီကတ်လည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

ကံကောင်းစွာနဲ့ပဲ အာဆင်နယ်အသင်းဟာ လီဗာပူးလ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီး ကာရာဘောင်းဗိုလ်လုပွဲကို တက်ရောက်နိုင်မယ့် အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပေမယ့်လည်း ဒုတိယအကျော့မှာ ကွင်းလယ်အားနည်းချက်တွေနဲ့ အာဆင်နယ်ဟာ လီဗာပူးလ်ကို ရှုံးပြီးဖလားတလုံးအတွက် စောစောလက်လွှတ်ခဲ့ရတဲ့အတွက် အာဆင်နယ်ကွင်းလယ်ကစားသမားက ၎င်းရဲ့ မိုက်မဲတဲ့ အခိုက်အတန့်အတွက် အာဆင်နယ်ပရိသတ်တွေကို တောင်းပန်စကား ပြောဆိုသင့်တယ်လို့ ခံစားခဲ့ရတဲ့အတွက် တောင်းပန်စကားဆိုခဲ့ပါတယ်။

ချာကာရဲ့ ဖျက်ထုတ်ပုံနဲ့ပတ်သက်ပြီး မာတင် ကီယွန်က TalkSPORT ကို ပြောကြားခဲ့ရာမှာ “သူတို့တွေ သူ့ကို ထွက်ခွင့်မပေးနိုင်ပါဘူး။ ဒါပေမယ့် သူ ပြောခဲ့တဲ့စိုးရိမ်ရတဲ့အရာတွေထဲက တစ်ခုက သူ ပြောင်းလဲမှာမဟုတ်ဘူး။ ဒါပေမယ့် သူ ပြောင်းလဲမှ ရတော့မယ်။ သူ့အနေနဲ့ အသင်းက သူ့ရဲ့နေရာကို လက်လျှော့လိုက်လို့မရဘူးဆိုတာကို သင်ယူရမှာပါ”

“ဒီ ထုတ်ပယ်ခံရမှုတွေက ရယ်စရာတော်တော်ကောင်းခဲ့ပါတယ်။ သူ သင်ယူနေတဲ့ပုံ မပေါ်ခဲ့ပါဘူး။ အာဆင်ဝင်းဂါး သူ့ကို ပထမဆုံးခေါ်ယူခဲ့တဲ့အချိန်တုန်းက သူ့အတွက် ပေါင် ၃၅ သန်း ပေးခဲ့တယ်။ သူခေါ်လိုက်တဲ့ ကစားသမားက ဖျက်ထုတ်မှုတောင် မလုပ်နိုင်တာကို ငါ မယုံနိုင်ဘူးလို့ သူ ပြောခဲ့ပါတယ်။ သူ ဖျက်ထုတ်မှုတွေ မလုပ်နိုင်ဘူး။ ဘောလုံးတောင် မဖျက်ထုတ်တတ်ဘဲနဲ့ ကျွန်တော့်ရဲ့ ကစားသမားဘဝက ဘယ်လိုဖြစ်နေမယ်ဆု်ိတာကို တွေးကြည့်လို့တောင် မရပါဘူး။ အဲဒါက သူ သင်ယူဖို့လိုအပ်တဲ့ အခြေခံတစ်ခုပါ။ ဘယ်အချိန်မှာ မြေကြီးပေါ်ကို လှဲချရမလဲနဲ့ ဘယ်အချိန်မှာ လှဲချလို့မရဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေပါ။ ချာကာ အဲဒါတွေကို သင်ယူဖို့ လိုတယ်။ တကယ်တော့ သူက သူ့လက်ကို မြှောက်ပြီး ကျွန်တော်ကတော့ ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောနေတာပဲ။ အဲဒါက သူ အရင်တုန်းက ဖြစ်ခဲ့တာတွေထက်တောင် ပိုပြီးစိုးရိမ်စရာကောင်းပါသေးတယ်”

ဘာကြောင့်လဲဆိုတော့ “သူ ဝင်ကစားတဲ့အချိန်တိုင်းနီးပါး သူအမြဲ အဝါ အနီကတ်တွေ အပြခံရတတ်ပြီး သူတို့ ရှုံးတယ်။ သူက စီနီယာကစားသမားပါ။ ချာကာအနေနဲ့ သင်ယူမှ ရမယ်။ လူတွေက ‘စိတ်မကောင်းပါဘူး။ ကျွန်တော်ကတော့ ပြောင်းလဲမှာမဟုတ်ဘူး’လို့ ပြောတာ ကြားရတဲ့အချိန်မှာ ကျွန်တော်တို့အားလုံး ပြဿနာထဲကို ရောက်နေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ဂႏၲဝင္ေနာက္ခံကစားသမား မာတင္ ကီယြန္က ကာရာေဘာင္း ဆီမီးဖိုင္နယ္ပြဲစဥ္ ပထမအေက်ာ့ လီဗာပူးလ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ၅ ႏွစ္အတြင္း ၅ ႀကိမ္ေျမာက္ အနီကတ္ျပား ျပသျခင္းခံခဲ့ရၿပီးေနာက္ ခ်ာကာအေနနဲ႔ ဖ်က္ထုတ္တာကို သင္ယူရမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ာကာဟာ အာဆင္နယ္ပရိသတ္ေတြကို ကာရာေဘာင္း ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ၎ရဲ႕ ေစာေစာစီးစီး ျပသခံခဲ့ရတဲ့ အနီကတ္ေၾကာင့္ ေတာင္းဆိုခဲ့ေပမယ့္ ကီယြန္က ဆြစ္ဇာလန္ကြင္းလယ္ကစားသမားအေနနဲ႔ အသင္းကို စိတ္ပ်က္ေစခဲ့တဲ့ အျပစ္ရွိခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ မာတင္ ကီယြန္က ခ်ာကာရဲ႕ ေနာက္ဆုံးျပသခံခဲ့ရတဲ့ အနီကတ္ဟာ ရယ္စရာေကာင္းခဲ့ၿပီး အာဆင္နယ္အေနနဲ႔ ၎တို႔ရဲ႕ အသင္းေခါင္းေဆာင္ကို အေျပာင္းအလဲ မျပဳလုပ္ႏိုင္ဘူးဆိုရင္ ျပႆနာရွိလာလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ာကာဟာ အန္းဖီးမွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္း လီဗာပူးလ္တိုက္စစ္မႉး ဂ်ိဳတာကို ေနာက္ဆုံးကစားသမားအျဖစ္နဲ႔ ဖ်က္ထုတ္ခဲ့ရာမွာ ရင္ဘတ္ကို ကန္မိခဲ့ၿပီးေနာက္ ၂၅ မိနစ္မွာပဲ အနီကတ္နဲ႔ ထုတ္ပယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္မွာ ျပသခံခဲ့ရတဲ့ အနီကတ္ဟာ အသက္ ၂၉ ႏွစ္အ႐ြယ္ ကြင္းလယ္ကစာသမားရဲ႕ ယခုရာသီ ဒုတိယေျမာက္အနီကတ္ျဖစ္ခဲ့ၿပီး ၅ ႏွစ္ခြဲကာလအတြင္းမွာ ျပသခံခဲ့ရတဲ့ ပၪၥမေျမာက္ အနီကတ္လည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

ကံေကာင္းစြာနဲ႔ပဲ အာဆင္နယ္အသင္းဟာ လီဗာပူးလ္နဲ႔ ဂိုးမရွိသေရက်ခဲ့ၿပီး ကာရာေဘာင္းဗိုလ္လုပြဲကို တက္ေရာက္ႏိုင္မယ့္ အခြင့္အေရးကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ေပမယ့္လည္း ဒုတိယအေက်ာ့မွာ ကြင္းလယ္အားနည္းခ်က္ေတြနဲ႔ အာဆင္နယ္ဟာ လီဗာပူးလ္ကို ရႈံးၿပီးဖလားတလုံးအတြက္ ေစာေစာလက္လႊတ္ခဲ့ရတဲ့အတြက္ အာဆင္နယ္ကြင္းလယ္ကစားသမားက ၎ရဲ႕ မိုက္မဲတဲ့ အခိုက္အတန႔္အတြက္ အာဆင္နယ္ပရိသတ္ေတြကို ေတာင္းပန္စကား ေျပာဆိုသင့္တယ္လို႔ ခံစားခဲ့ရတဲ့အတြက္ ေတာင္းပန္စကားဆိုခဲ့ပါတယ္။

ခ်ာကာရဲ႕ ဖ်က္ထုတ္ပုံနဲ႔ပတ္သက္ၿပီး မာတင္ ကီယြန္က TalkSPORT ကို ေျပာၾကားခဲ့ရာမွာ “သူတို႔ေတြ သူ႔ကို ထြက္ခြင့္မေပးႏိုင္ပါဘူး။ ဒါေပမယ့္ သူ ေျပာခဲ့တဲ့စိုးရိမ္ရတဲ့အရာေတြထဲက တစ္ခုက သူ ေျပာင္းလဲမွာမဟုတ္ဘူး။ ဒါေပမယ့္ သူ ေျပာင္းလဲမွ ရေတာ့မယ္။ သူ႔အေနနဲ႔ အသင္းက သူ႔ရဲ႕ေနရာကို လက္ေလွ်ာ့လိုက္လို႔မရဘူးဆိုတာကို သင္ယူရမွာပါ”

“ဒီ ထုတ္ပယ္ခံရမႈေတြက ရယ္စရာေတာ္ေတာ္ေကာင္းခဲ့ပါတယ္။ သူ သင္ယူေနတဲ့ပုံ မေပၚခဲ့ပါဘူး။ အာဆင္ဝင္းဂါး သူ႔ကို ပထမဆုံးေခၚယူခဲ့တဲ့အခ်ိန္တုန္းက သူ႔အတြက္ ေပါင္ ၃၅ သန္း ေပးခဲ့တယ္။ သူေခၚလိုက္တဲ့ ကစားသမားက ဖ်က္ထုတ္မႈေတာင္ မလုပ္ႏိုင္တာကို ငါ မယုံႏိုင္ဘူးလို႔ သူ ေျပာခဲ့ပါတယ္။ သူ ဖ်က္ထုတ္မႈေတြ မလုပ္ႏိုင္ဘူး။ ေဘာလုံးေတာင္ မဖ်က္ထုတ္တတ္ဘဲနဲ႔ ကြၽန္ေတာ့္ရဲ႕ ကစားသမားဘဝက ဘယ္လိုျဖစ္ေနမယ္ဆု္ိတာကို ေတြးၾကည့္လို႔ေတာင္ မရပါဘူး။ အဲဒါက သူ သင္ယူဖို႔လိုအပ္တဲ့ အေျခခံတစ္ခုပါ။ ဘယ္အခ်ိန္မွာ ေျမႀကီးေပၚကို လွဲခ်ရမလဲနဲ႔ ဘယ္အခ်ိန္မွာ လွဲခ်လို႔မရဘူးဆိုတဲ့ ဆုံးျဖတ္ခ်က္ေတြပါ။ ခ်ာကာ အဲဒါေတြကို သင္ယူဖို႔ လိုတယ္။ တကယ္ေတာ့ သူက သူ႔လက္ကို ေျမႇာက္ၿပီး ကြၽန္ေတာ္ကေတာ့ ေျပာင္းလဲမွာမဟုတ္ဘူးလို႔ ေျပာေနတာပဲ။ အဲဒါက သူ အရင္တုန္းက ျဖစ္ခဲ့တာေတြထက္ေတာင္ ပိုၿပီးစိုးရိမ္စရာေကာင္းပါေသးတယ္”

ဘာေၾကာင့္လဲဆိုေတာ့ “သူ ဝင္ကစားတဲ့အခ်ိန္တိုင္းနီးပါး သူအၿမဲ အဝါ အနီကတ္ေတြ အျပခံရတတ္ၿပီး သူတို႔ ရႈံးတယ္။ သူက စီနီယာကစားသမားပါ။ ခ်ာကာအေနနဲ႔ သင္ယူမွ ရမယ္။ လူေတြက ‘စိတ္မေကာင္းပါဘူး။ ကြၽန္ေတာ္ကေတာ့ ေျပာင္းလဲမွာမဟုတ္ဘူး’လို႔ ေျပာတာ ၾကားရတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔အားလုံး ျပႆနာထဲကို ေရာက္ေနလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.