Premier League

နှလုံးမကောင်းပေမယ့် အသည်းမာလို့ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ အဲရစ်ဆင်

ခရစ်ရှန် အဲရစ်ဆင်ဟာ ပရီးမီးယားလိဂ်ကို ပြန်လည်မပြောင်းရွှေ့မီ လိုအပ်တဲ့ ဆေးစစ်မှု ခံယူမှုအားလုံး အောင်မြင်ခဲ့ပြီဖြစ်တာကြောင့် ဘရန့်တ်ဖို့ဒ်အသင်းကို ပြောင်းရွှေ့ဖို့ ပိုပြီး နီးစပ်လာပြီဖြစ်ပါတယ်။

ဒိန်းမတ်လက်ရွေးစင်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီက ဖင်လန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုအဖွင့်ပွဲစဉ်မှာ ရုတ်တရက် နှလုံးရပ်လဲကျပြီးကတည်းက ဘောလုံး မကစားရတော့သူ ဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့လက နှလုံးစက်ထည့်ခဲ့ရပြီး စီးရီးအေမှာ တရားမဝင်တာကြောင့် အင်တာမီလန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ရတာဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ နှလုံးစက်ထည့်ထားတဲ့ ကစားသမားတွေဟာ ကစားခွင့်ရှိတာကြောင့် ဒိန်းမတ်ကွင်းလယ်ဖန်တီးရှင်ဟာ ပရီးမီးယားလိဂ်မှာ နှလုံးထဲ စက်ထည့်ပြီး ကစားတဲ့ ပထမဆုံးကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ အဲရစ်ဆင်ဟာ လက်ရှိမှာတေ့ လိုအပ်တဲ့ ဆေးစစ်မှုအားလုံး ခံယူရာမှာ အောင်မြင်ခဲ့ပြီဖြစ်တာကြောင့် ယခုရာသီကုန်အထိ ဘရန့်တ်ဖို့ဒ်အသင်းအတွက် ကစားပေးသွားဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် စပါးစ်ကြယ်ပွင့်ဟောင်းဟာ ဘောလုံးပြန်ကစားနိုင်တဲ့ ကြံ့ခိုင်မှု ပြန်လည်ရရှိနေပြီဆိုတာ ရှင်းလင်းသွားခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းကို ၆ လ စာချုပ်နဲ့ မကြာခင်အချိန်အတွင်း အပြီးသတ် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းကို စွန့်ခွာပြီးကတည်းက အဲရစ်ဆင်ဟာ ဆွစ်ဇာလန်မှာ လေ့ကျင့်ရေး ပြုလုပ်ခဲ့သလို အသင်းသစ် ရှာဖွေဖို့အတွက် ကြံ့ခိုင်မှု ရရှိအောင် အသင်းဟောင်း အိုင်းယက်စ်အသင်းနဲ့ အချိန်ကုန်ဆုံးခဲ့သူလည်း ဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့အတူ ကစားပေးခဲ့သူဖြစ်ပြီး စုစုပေါင်းပရီးမီးယားလိဂ်ပွဲပေါင်း ၂၀၀ ကျော်မှာ ဂိုးပါဝင်ပတ်သက်မှု ၁၁၈ ဂိုးအထိ ပြုလုပ်ပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုပင်ဟေဂင်မှာ ဖင်လန်နဲ့ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းမတိုင်မီ ရုတ်တရက်လဲကျခဲ့ပြီးနောက် ၇ လအကြာမှာပဲ အဲရစ်ဆင်က ဘောလုံးပြန်ကစားဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး အဲဒီနေ့တုန်းက စိတ်ထိခိုက်စရာမြင်ကွင်းကို မြင်တွေ့ခဲ့ရတဲ့ ဒိန်းမတ်အသ်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အင်္ဂလန်အသင်းရဲ့ အချိန်ပိုမှာ အနိုင်ယူခြင်းမခံရမီ ယူရို ၂၀၂၀ ရဲ့ နောက်ဆုံး ၄ သင်းအဆင့်အထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ်ကြယ်ပွင့်ဟာ တစ်နိုင်ငံတည်းသား ဘရန့်တ်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ခ်လက်အောက်မှာ ကစားသွားမှာဖြစ်ပြီး အနောက််လန်ဒန်မှာ လက်ရွေးစင်အသင်းဖော် ခရစ်ရှန် နော်ဂွါဒ်၊ မက်သီးအက်စ် ယင်ဆင်တို့နဲ့အတူ တွဲကစားသွားမှာလည်း ဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး ယိုးနပ်စ် လော့ဆဲလ်ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် အဲရစ်ဆင်ဟာ ၎င်းတို့ရဲ့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ဒုတိယမြောက် ကစားသမားခေါ်ယူမှုဖြစ်လာတော့မှာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါး ကွင်းလယ်ဖန်တီးရှင်ဟောင်းဟာ လာမယ့်စနေနေ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် အဲဗာတန်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ ဘရန့်တ်ဖို့ဒ်အတွက် ပွဲဦးထွက်ပါဝင်ကစားပေးသွားဖွယ် ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစ္ရွန္ အဲရစ္ဆင္ဟာ ပရီးမီးယားလိဂ္ကို ျပန္လည္မေျပာင္းေရႊ႕မီ လိုအပ္တဲ့ ေဆးစစ္မႈ ခံယူမႈအားလုံး ေအာင္ျမင္ခဲ့ၿပီျဖစ္တာေၾကာင့္ ဘရန႔္တ္ဖို႔ဒ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ပိုၿပီး နီးစပ္လာၿပီျဖစ္ပါတယ္။

ဒိန္းမတ္လက္ေရြးစင္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဖင္လန္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ ယူရိုအဖြင့္ပြဲစဥ္မွာ ႐ုတ္တရက္ ႏွလုံးရပ္လဲက်ၿပီးကတည္းက ေဘာလုံး မကစားရေတာ့သူ ျဖစ္ပါတယ္။ အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့လက ႏွလုံးစက္ထည့္ခဲ့ရၿပီး စီးရီးေအမွာ တရားမဝင္တာေၾကာင့္ အင္တာမီလန္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကို ဖ်က္သိမ္းခဲ့ရတာျဖစ္ေပမယ့္လည္း ပရီးမီးယားလိဂ္မွာေတာ့ ႏွလုံးစက္ထည့္ထားတဲ့ ကစားသမားေတြဟာ ကစားခြင့္ရွိတာေၾကာင့္ ဒိန္းမတ္ကြင္းလယ္ဖန္တီးရွင္ဟာ ပရီးမီးယားလိဂ္မွာ ႏွလုံးထဲ စက္ထည့္ၿပီး ကစားတဲ့ ပထမဆုံးကစားသမားျဖစ္လာေတာ့မွာျဖစ္ပါတယ္။

Sky Sports ရဲ့ ေဖာ္ျပခ်က္အရ အဲရစ္ဆင္ဟာ လက္ရွိမွာေတ့ လိုအပ္တဲ့ ေဆးစစ္မႈအားလုံး ခံယူရာမွာ ေအာင္ျမင္ခဲ့ၿပီျဖစ္တာေၾကာင့္ ယခုရာသီကုန္အထိ ဘရန႔္တ္ဖို႔ဒ္အသင္းအတြက္ ကစားေပးသြားဖို႔ ျပင္ဆင္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ စပါးစ္ၾကယ္ပြင့္ေဟာင္းဟာ ေဘာလုံးျပန္ကစားနိုင္တဲ့ ႀကံ့ခိုင္မႈ ျပန္လည္ရရွိေနၿပီဆိုတာ ရွင္းလင္းသြားခဲ့ၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းကို ၆ လ စာခ်ဳပ္နဲ႔ မၾကာခင္အခ်ိန္အတြင္း အၿပီးသတ္ ေျပာင္းေရႊ႕ေတာ့မွာ ျဖစ္ပါတယ္။

အင္တာမီလန္အသင္းကို စြန႔္ခြာၿပီးကတည္းက အဲရစ္ဆင္ဟာ ဆြစ္ဇာလန္မွာ ေလ့က်င့္ေရး ျပဳလုပ္ခဲ့သလို အသင္းသစ္ ရွာေဖြဖို႔အတြက္ ႀကံ့ခိုင္မႈ ရရွိေအာင္ အသင္းေဟာင္း အိုင္းယက္စ္အသင္းနဲ႔ အခ်ိန္ကုန္ဆုံးခဲ့သူလည္း ျဖစ္ပါတယ္။ အဲရစ္ဆင္ဟာ ၂၀၁၃ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အထိ ပရီးမီးယားလိဂ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔အတူ ကစားေပးခဲ့သူျဖစ္ၿပီး စုစုေပါင္းပရီးမီးယားလိဂ္ပြဲေပါင္း ၂၀၀ ေက်ာ္မွာ ဂိုးပါဝင္ပတ္သက္မႈ ၁၁၈ ဂိုးအထိ ျပဳလုပ္ေပးထားနိုင္ခဲ့တာ ျဖစ္ပါတယ္။

ကိုပင္ေဟဂင္မွာ ဖင္လန္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္ ပထမပိုင္းမတိုင္မီ ႐ုတ္တရက္လဲက်ခဲ့ၿပီးေနာက္ ၇ လအၾကာမွာပဲ အဲရစ္ဆင္က ေဘာလုံးျပန္ကစားဖို႔အတြက္ ျပင္ဆင္ေနတာျဖစ္ၿပီး အဲဒီေန႔တုန္းက စိတ္ထိခိုက္စရာျမင္ကြင္းကို ျမင္ေတြ႕ခဲ့ရတဲ့ ဒိန္းမတ္အသ္းဟာ ဆီမီးဖိုင္နယ္အဆင့္မွာ အဂၤလန္အသင္းရဲ့ အခ်ိန္ပိုမွာ အနိုင္ယူျခင္းမခံရမီ ယူရို ၂၀၂၀ ရဲ့ ေနာက္ဆုံး ၄ သင္းအဆင့္အထိ တက္လွမ္းနိုင္ခဲ့တာျဖစ္ပါတယ္။

ဒိန္းမတ္ၾကယ္ပြင့္ဟာ တစ္နိုင္ငံတည္းသား ဘရန႔္တ္ဖို႔ဒ္နည္းၿပ ေသာမတ္စ္ ဖရန႔္ခ္လက္ေအာက္မွာ ကစားသြားမွာျဖစ္ၿပီး အေနာက္္လန္ဒန္မွာ လက္ေရြးစင္အသင္းေဖာ္ ခရစ္ရွန္ ေနာ္ဂြါဒ္၊ မက္သီးအက္စ္ ယင္ဆင္တို႔နဲ႔အတူ တြဲကစားသြားမွာလည္း ျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္ဟာ လက္ရွိ ပရီးမီးယားလိဂ္ပြဲဦးထြက္ရာသီမွာ အမွတ္ေပးဇယား အဆင့္ ၁၄ ေနရာမွာ ရပ္တည္ေနရတာျဖစ္ၿပီး ယိုးနပ္စ္ ေလာ့ဆဲလ္ကို အငွားနဲ႔ ေခၚယူနိုင္ခဲ့ၿပီးေနာက္ အဲရစ္ဆင္ဟာ ၎တို႔ရဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ဒုတိယေျမာက္ ကစားသမားေခၚယူမႈျဖစ္လာေတာ့မွာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါး ကြင္းလယ္ဖန္တီးရွင္ေဟာင္းဟာ လာမယ့္စေနေန႔ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္အျဖစ္ အဲဗာတန္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ ပြဲစဥ္မွာ ဘရန႔္တ္ဖို႔ဒ္အတြက္ ပြဲဦးထြက္ပါဝင္ကစားေပးသြားဖြယ္ ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.