Premier League Transfer News

မန္စီးတီးေနာက္ခံလူ ဂၽြန္စတုန္းစ္ကို ေခၚယူသြားလိုေနတဲ့ အဲဗာတန္နဲ႔ အာဆင္နယ္

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္တန္းမွာ အခန္းက႑မရွိသေလာက္ျဖစ္ေနတဲ့ အဂၤလန္ေနာက္ခံလူ ဂၽြန္စတုန္းကို ေခၚယူသြားဖို႔ အသင္းေဟာင္း အဲဗာတန္နဲ႔ လက္ေထာက္နည္းျပေဟာင္း မီခယ္လ္ အာတီတာရဲ႕ အာဆင္နယ္အသင္းေတြက စိတ္ဝင္စားေနၾကၿပီး နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ အေျပာင္းအေရႊ႕ အသုံးစရိတ္အတြက္ ေရာင္းခ်သြားႏိုင္ေျခရွိေနပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ ဗဟိုေနာက္ခံလူကလည္း သူ႕ရဲ႕ အစ္တီဟတ္က အခန္းက႑ကို မေက်နပ္တာေၾကာင့္ အသင္းကေန ထြက္ခြာလို ေနၿပီး ေခၚယူစဥ္က ေပါင္ ၄၇.၅ သန္း က်သင့္ခဲ့တဲ့ သူ႕ရဲ႕ ေဈးႏွဳန္းအတြက္ကိုေတာ့ ၂၀၂၂ အထိ က်န္ရွိေနေသးတဲ့ စာခ်ဳပ္ေၾကာင့္ မန္စီးတီးတုိ႔အေနနဲ႔ ေဈးေပါေပါနဲ႔ လက္လႊတ္သြားဖြယ္မရွိႏုိင္ဘူးလို႔လည္း ယူဆရပါတယ္။

အသင္းအတြက္ အရန္ကစားသမားအျဖစ္ ဒီရာသီမွာ ပရီးမီးယားလိဂ္ ၁၂ ပြဲသာ ကစားခြင့္ရထားခဲ့တဲ့ ဂၽြန္စတုန္းစ္ထက္ အသက္ ၁၉ ႏွစ္ အရြယ္ လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာကိုသာ နည္းျပ ဂြါဒီယိုလာက ဦးစားေပးေနၿပီး အဂၤလန္သားရဲ႕ လက္ေရြးစင္အနာဂတ္ကိုေတာ့ ႀကီးႀကီးမားမား ထိခိုက္လာခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီးအသင္းအတြက္ ဦးစားေပးပြဲထြက္ခြင့္မွာ ပဥၥမေနရာမွာသာ ရွိေနခဲ့တဲ့ စတုန္းစ္ကို အသင္းေဟာင္း အဲဗာတန္ကေတာ့ ျပန္လည္ အလိုရွိေနခဲ့ၿပီး ေႏြရာသီမွာ ေခၚယူသြားႏုိင္ဖို႔ စီစဥ္ေနသလို ကစားသမားအေနနဲ႔လည္း ဂြတ္ဒီဆန္ပါ့ခ္ကို ျပန္ၿပီး သူ႕ရဲ႕ ကစားသမားဘဝကို တည္ေဆာက္ဖို႔ စိတ္ဝင္စားဖြယ္ရွိပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ကေတာ့ စိတ္ဝင္စားမွဳ ျပသထားေပမယ့္ အသင္းမွာ မ်ားျပားေနတဲ့ ခံစစ္အတြင္းလူေတြကို ေရာင္းထုတ္ရဦးမွာ ျဖစ္ၿပီး ေငြေၾကးအပိုအလွ်ံလည္း နည္းေနတဲ့အတြက္ ေဈးသက္သက္သာသာနဲ႔ ရရွိႏုိင္မွ ေခၚယူဖြယ္ရွိေနၿပီး မန္စီးတီးဘက္က သူတုိ႔ရဲ႕ေနာက္ခံလူ လူးကပ္စ္ ဒီညီကို အလိုရွိေနတဲ့ အဲဗာတန္အသင္းနဲ႔သာ သေဘာတူညီမွဳတစ္ခုရရွိႏုိင္ဖို႔ ပုိမိုနီးစပ္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ နောက်တန်းမှာ အခန်းကဏ္ဍမရှိသလောက်ဖြစ်နေတဲ့ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းကို ခေါ်ယူသွားဖို့ အသင်းဟောင်း အဲဗာတန်နဲ့ လက်ထောက်နည်းပြဟောင်း မီခယ်လ် အာတီတာရဲ့ အာဆင်နယ်အသင်းတွေက စိတ်ဝင်စားနေကြပြီး နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ အပြောင်းအရွှေ့ အသုံးစရိတ်အတွက် ရောင်းချသွားနိုင်ခြေရှိနေပါတယ်။

အသက် ၂၆ နှစ်အရွယ် ဗဟိုနောက်ခံလူကလည်း သူ့ရဲ့ အစ်တီဟတ်က အခန်းကဏ္ဍကို မကျေနပ်တာကြောင့် အသင်းကနေ ထွက်ခွာလို နေပြီး ခေါ်ယူစဉ်က ပေါင် ၄၇.၅ သန်း ကျသင့်ခဲ့တဲ့ သူ့ရဲ့ ဈေးနှုန်းအတွက်ကိုတော့ ၂၀၂၂ အထိ ကျန်ရှိနေသေးတဲ့ စာချုပ်ကြောင့် မန်စီးတီးတို့အနေနဲ့ ဈေးပေါပေါနဲ့ လက်လွှတ်သွားဖွယ်မရှိနိုင်ဘူးလို့လည်း ယူဆရပါတယ်။

အသင်းအတွက် အရန်ကစားသမားအဖြစ် ဒီရာသီမှာ ပရီးမီးယားလိဂ် ၁၂ ပွဲသာ ကစားခွင့်ရထားခဲ့တဲ့ ဂျွန်စတုန်းစ်ထက် အသက် ၁၉ နှစ် အရွယ် လူငယ်နောက်ခံလူ အဲရစ် ဂါစီယာကိုသာ နည်းပြ ဂွါဒီယိုလာက ဦးစားပေးနေပြီး အင်္ဂလန်သားရဲ့ လက်ရွေးစင်အနာဂတ်ကိုတော့ ကြီးကြီးမားမား ထိခိုက်လာခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် ဦးစားပေးပွဲထွက်ခွင့်မှာ ပဉ္စမနေရာမှာသာ ရှိနေခဲ့တဲ့ စတုန်းစ်ကို အသင်းဟောင်း အဲဗာတန်ကတော့ ပြန်လည် အလိုရှိနေခဲ့ပြီး နွေရာသီမှာ ခေါ်ယူသွားနိုင်ဖို့ စီစဉ်နေသလို ကစားသမားအနေနဲ့လည်း ဂွတ်ဒီဆန်ပါ့ခ်ကို ပြန်ပြီး သူ့ရဲ့ ကစားသမားဘဝကို တည်ဆောက်ဖို့ စိတ်ဝင်စားဖွယ်ရှိပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ကတော့ စိတ်ဝင်စားမှု ပြသထားပေမယ့် အသင်းမှာ များပြားနေတဲ့ ခံစစ်အတွင်းလူတွေကို ရောင်းထုတ်ရဦးမှာ ဖြစ်ပြီး ငွေကြေးအပိုအလျှံလည်း နည်းနေတဲ့အတွက် ဈေးသက်သက်သာသာနဲ့ ရရှိနိုင်မှ ခေါ်ယူဖွယ်ရှိနေပြီး မန်စီးတီးဘက်က သူတို့ရဲ့နောက်ခံလူ လူးကပ်စ် ဒီညီကို အလိုရှိနေတဲ့ အဲဗာတန်အသင်းနဲ့သာ သဘောတူညီမှုတစ်ခုရရှိနိုင်ဖို့ ပိုမိုနီးစပ်နေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.