Match Report Premier League

ထရော့ဆတ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ တန်းဆင်းဇုန်နဲ့ သက်ဆိုင်မှုနည်းလာတဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ကတော့ ကျစ်လျစ်တဲ့ ကစားပုံကို ပွဲတိုင်းမှာ ပြသနေပြီး အသင်းကြီးတွေနဲ့သာ ယှဉ်မကစားနိုင်ခဲ့ပေမယ့် နော့ဝစ်ခ်ျလို အသင်းမျိုးကိုတော့ အကြိတ်အနယ်ကစားပြီး အနိုင်ယူခဲ့သလို ၃၃ ပွဲ ကစားအပြီးမှာ ရမှတ် ၃၆ မှတ်နဲ့ တန်းဆင်းဇုန်ကနေ ဘေးကင်းနိုင်ဖို့ သိပ်မလိုတော့တဲ့ အနေအထားမျိုးကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အဝေးကွင်းမှာ ဒီပြိုင်ပွဲရဲ့ အားအနည်းဆုံးပြိုင်ဘက်ကို လူစုံထုတ်ပြီး အနိုင်ယူဖို့ ပြင်ဆင်လာခဲ့တဲ့ ဘရိုက်တန်အသင်းအနေနဲ့ လူကောင် သေးငယ်တဲ့ တိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ မော်ပေနဲ့ ကွန်နိုလီတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ နော့ဝစ်ခ်ျကို ဒုက္ခပေးခဲ့ပြီး ဒီပွဲမှာ ခေါင်းတစ်လုံးသာသူလို ဖြစ်နေခဲ့တာကတော့ ဘယ်လ်ဂျီယမ် လက်ရွေးစင် ထရော့ဆတ်ဖြစ်ခဲ့ပါတယ်။

နော့ဝစ်ခ်ျကတော့ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ လက်လျှော့ထားတဲ့ ပုံစံကိုလည်း မြင်ရပြီး အိမ်ကွင်းမှာမို့လို့သာ ရုန်းခဲ့ပေမယ့် အဆုံးသတ် ဂိုးသွင်းမယ့် တိုက်စစ်ပိုင်းက ဒါမစ်၊ ပူကီတို့လို ကစားသမားတွေဟာ ယုံကြည်မှု ပျောက်ဆုံးနေခဲ့တာကိုလည်း တွေ့ရသလို ကျူးဘားကစားသမား ဟာနန်ဒက်ဇ်ကသာ ကြိုးစားမွှေနှောက်နေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အာရွန်မွိုင်းက ချပေးတာကို ဘယ်တောင်ပံကနေ ပါးပါးနပ်နပ် Diagonal Run နဲ့ ပြေးဝင်လာခဲ့တဲ့ ထရော့ဆတ်က နော့ဝစ်ခ်ျနောက်ခံလူနှစ်ယောက်ကြားကနေ ရုတ်တရက် ပေါ်လာခဲ့ပြီး အသာအယာ ပိတ်သွင်းယူခဲ့လို့ ဘရိုက်တန်တို့ ဂိုးရရှိခဲ့ပါတယ်။


REF: DAILY MAIL
SPORTS A2Z.

UNICODE: ဘရိုက်တန်အသင်းအနေနဲ့ကတော့ ကျစ်လျစ်တဲ့ ကစားပုံကို ပွဲတိုင်းမှာ ပြသနေပြီး အသင်းကြီးတွေနဲ့သာ ယှဉ်မကစားနိုင်ခဲ့ပေမယ့် နော့ဝစ်ချ်လို အသင်းမျိုးကိုတော့ အကြိတ်အနယ်ကစားပြီး အနိုင်ယူခဲ့သလို ၃၃ ပွဲ ကစားအပြီးမှာ ရမှတ် ၃၆ မှတ်နဲ့ တန်းဆင်းဇုန်ကနေ ဘေးကင်းနိုင်ဖို့ သိပ်မလိုတော့တဲ့ အနေအထားမျိုးကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အဝေးကွင်းမှာ ဒီပြိုင်ပွဲရဲ့ အားအနည်းဆုံးပြိုင်ဘက်ကို လူစုံထုတ်ပြီး အနိုင်ယူဖို့ ပြင်ဆင်လာခဲ့တဲ့ ဘရိုက်တန်အသင်းအနေနဲ့ လူကောင် သေးငယ်တဲ့ တိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ မော်ပေနဲ့ ကွန်နိုလီတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ နော့ဝစ်ချ်ကို ဒုက္ခပေးခဲ့ပြီး ဒီပွဲမှာ ခေါင်းတစ်လုံးသာသူလို ဖြစ်နေခဲ့တာကတော့ ဘယ်လ်ဂျီယမ် လက်ရွေးစင် ထရော့ဆတ်ဖြစ်ခဲ့ပါတယ်။

နော့ဝစ်ချ်ကတော့ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ လက်လျှော့ထားတဲ့ ပုံစံကိုလည်း မြင်ရပြီး အိမ်ကွင်းမှာမို့လို့သာ ရုန်းခဲ့ပေမယ့် အဆုံးသတ် ဂိုးသွင်းမယ့် တိုက်စစ်ပိုင်းက ဒါမစ်၊ ပူကီတို့လို ကစားသမားတွေဟာ ယုံကြည်မှု ပျောက်ဆုံးနေခဲ့တာကိုလည်း တွေ့ရသလို ကျူးဘားကစားသမား ဟာနန်ဒက်ဇ်ကသာ ကြိုးစားမွှေနှောက်နေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အာရွန်မွိုင်းက ချပေးတာကို ဘယ်တောင်ပံကနေ ပါးပါးနပ်နပ် Diagonal Run နဲ့ ပြေးဝင်လာခဲ့တဲ့ ထရော့ဆတ်က နော့ဝစ်ချ်နောက်ခံလူနှစ်ယောက်ကြားကနေ ရုတ်တရက် ပေါ်လာခဲ့ပြီး အသာအယာ ပိတ်သွင်းယူခဲ့လို့ ဘရိုက်တန်တို့ ဂိုးရရှိခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အိမ်ရှင်တို့ တိုက်စစ်ဖွင့်ကစားခဲ့လို့ ဘရိုက်တန်တို့ အသည်းအသန်ကာကွယ်နေခဲ့ရပြီး နိုင်ဂျီးရီးယားနွယ်ဖွား အိုင်ယာလန် လူငယ်တိုက်စစ်မှူး အီဒါးနဲ့ ဟာနန်ဒက်ဇ်တို့ကို လူးဝစ်ဒန့်ခ်တို့အဖွဲ့ စုစည်းပြီး တောင့်ခံနိုင်ခဲ့လို့ အဖိုးတန်သုံးမှတ်ကို အဝေးကွင်းမှာ စုဆောင်းပြီး တန်းဆင်းဇုန်ကနေ ဘေးကင်းဖို့အတွက် အနည်းဆုံးရမှတ် အမှတ် ၄၀ နဲ့တော့ နီးစပ်လာခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.