Premier League Transfer News

Jan 30 နံနက်ခင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ စုစည်းမှု

– ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ နည်းပြသစ် ဇာဗီ ကိုင်တွယ်မှုနဲ့အတူ Physical Player တွေကို ပိုမိုခေါ်ယူနေခဲ့ပြီး တစ်ချိန်က လာမာစီယာနဲ့ နူးကမ့်ရဲ့ ပေါ်လစီနဲ့ မကိုက်ညီလို့ ရောင်းထုတ်ခဲ့တဲ့ တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ဝုလ်ဗ်စ်တို့ဆီက ခြောက်လ အငှားနဲ့ ခေါ်ယူသွားခဲ့ပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေကို နောက်ကောက်ချသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ နောက်ဆုံးပစ်မှတ်လို့တောင် ဆိုလို့ရတဲ့ ရီးရဲလ်ဆိုစီဒက်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်အနေနဲ့ လန်ဒန်ကို အသင်းဖော် အက်ဒ်နန် ယာနူးဇိုင်းနဲ့အတူ ရောက်ရှိနေပြီး နားရက်မှာ အပြောင်းအရွှေ့အတွက်ပါ ဘုရားလည်းဖူး လိပ်ဥတူးရင်း လည်နေတာကို တွေ့ခဲ့ရတာကြောင့် ဂန်းနားပရိသတ်တွေ ရင်ခုန်နေကြ။

– ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့ပြီး တစ်နှစ်နီးပါး အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ နည်းပြ ဖရန့်ခ် လမ်းပတ်ကို အဲဗာတန်အသင်းက တရားဝင် ကမ်းလှမ်းလိုက်ပြီဖြစ်ပြီး တော်ဖီတွေဘက်က ပြုလုပ်တဲ့ အင်တာဗျူးကို အောင်မြင်ခဲ့သလို အမြန်ဆုံး ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေကြပြီး ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်အပါအဝင် စတမ်းဖို့ဒ်ဘရစ်ချ်က ကစားသမားတွေကို ခေါ်ယူသွားလိမ့်မယ်လို့ ခန့်မှန်းနေကြ။

– နယူးကာဆယ်လ်အသင်းအနေနဲ့ ကွင်းလယ်လူ ဘရူနို ဂီမာရိုင်းစ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ (ပေါင် ၃၅ သန်းခန့်)ကို လေးနှစ် အရစ်ကျ ယူရို ၁၀ သန်းစီ ခွဲဝေပေးဖို့ လီယွန်အသင်းနဲ့ သဘောတူညီနိုင်ခဲ့တာကြောင့် အပြီးသတ်နိုင်ဖို့ နီးစပ်နေပြီး မြောက်ပိုင်းကလပ် ငှက်ကျားတွေအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေရင် နောက်ထပ် ယူရို ၄ သန်း ဘောနပ်စ် ထပ်ဆောင်းပေးရဖို့လည်း ရှိနေ။

– ဘာစီလိုနာအသင်းကို အဒါမာ ထရာအိုရေး ရောက်ရှိလာတာကြောင့် အသင်းကနေ ထွက်ခွာခွင့်ရမယ့် တောင်ပံကစားသမား အူစမွန် ဒမ်ဘီလီအနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့နိုင်ဖို့ ဆက်သွယ်ကြိုးစားနေပြီး သူ့ရဲ့ ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ မူဆာ ဆစ်ဆိုကိုနဲ့ မာကို လစ်ချ်စတိုင်နာတို့ကို စေခိုင်းထား။

– အဲဗာတန်အသင်းတာဝန်ရှိသူတွေအနေနဲ့ နွေရာသီက ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်နဲ့ အငှားအပြောင်းအရွှေ့အတွက် ထပ်မံကြိုးစားနေခဲ့ကြပြီး အိုးလ်ထရက်ဖို့ဒ်ကနေ ဂွတ်ဒီဆန်ပါ့ခ်ကို နည်းပြသစ်ဖြစ်လာဖို့ အလွန်နီးစပ်နေတဲ့ ဖရန့် လမ်းပတ်အတွက် ပြောင်းရွှေ့လာမလား စောင့်ကြည့်ရဖို့ ရှိလာ။

– နယူးကာဆယ်လ်အသင်းရဲ့ ခံစစ်ပိုင်းအားဖြည့်မှုအတွက် ဘရိုက်တန်နောက်ခံလူ အရှည်ကြီး ဒန်ဘန်းကို ခေါ်ယူဖို့ ခံစားခွင့်တွေ အပါအဝင် ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီး ပင်လယ်စင်ရော်တွေအနေနဲ့ အသက် ၂၉ နှစ်အရွယ် အင်္ဂလန်ခံစစ်မှူးအတွက် ပေါင် ၁၂ သန်းကနေ ၁၅ သန်းကြား အလိုရှိနေ။

– တောင်ပံကစားသမား ရာဖင်ညာအတွက် ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ ပမာဏဖော်ပြမထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုကို လိဒ်စ်ယူနိုက်တက်တို့ဘက်က ပယ်ချလိုက်ပြီး အသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ ဘရာဇီးလ်ကြယ်ပွင့်ကို ရာသီဝက်မှာ ဆုံးရှုံးရဖို့တော့ ခွင့်မပြုနိုင်တာကြောင့်လို့ ခန့်မှန်းနေကြ။

– တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ သူတို့ရဲ့ စပိန်လူငယ်တောင်ပံသမား ဘရိုင်ယန် ဟေးလ်ကို ဗလန်စီယာဆီ အငှားချဖို့ နီးစပ်နေပြီး တိုက်စစ်ပိုင်းအတွက် ပြန်လည်အားဖြည့်မှုအဖြစ် ပေါ်တိုအသင်းရဲ့ ကိုလံဘီယာတောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ကို လီဗာပူးလ်တို့နဲ့ အပြိုင်ခေါ်ယူသွားဖို့ ကြိုးစားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘာစီလိုနာအသင္းအေနနဲ႔ သူတို႔ရဲ႕ နည္းျပသစ္ ဇာဗီ ကိုင္တြယ္မႈနဲ႔အတူ Physical Player ေတြကို ပိုမိုေခၚယူေနခဲ့ၿပီး တစ္ခ်ိန္က လာမာစီယာနဲ႔ ႏူးကမ့္ရဲ႕ ေပၚလစီနဲ႔ မကိုက္ညီလို႔ ေရာင္းထုတ္ခဲ့တဲ့ ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ဝုလ္ဗ္စ္တို႔ဆီက ေျခာက္လ အငွားနဲ႔ ေခၚယူသြားခဲ့ၿပီး ပရီးမီးယားလိဂ္အသင္းႀကီးေတြကို ေနာက္ေကာက္ခ်သြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ ေနာက္ဆုံးပစ္မွတ္လို႔ေတာင္ ဆိုလို႔ရတဲ့ ရီးရဲလ္ဆိုစီဒက္တိုက္စစ္မႉး အလက္ဇန္းဒါး အီဆက္ခ္အေနနဲ႔ လန္ဒန္ကို အသင္းေဖာ္ အက္ဒ္နန္ ယာႏူးဇိုင္းနဲ႔အတူ ေရာက္ရွိေနၿပီး နားရက္မွာ အေျပာင္းအေ႐ႊ႕အတြက္ပါ ဘုရားလည္းဖူး လိပ္ဥတူးရင္း လည္ေနတာကို ေတြ႕ခဲ့ရတာေၾကာင့္ ဂန္းနားပရိသတ္ေတြ ရင္ခုန္ေနၾက။

– ခ်ဲလ္ဆီးအသင္းနဲ႔ လမ္းခြဲခဲ့ၿပီး တစ္ႏွစ္နီးပါး အသင္းလက္မဲ့ျဖစ္ေနခဲ့တဲ့ နည္းျပ ဖရန႔္ခ္ လမ္းပတ္ကို အဲဗာတန္အသင္းက တရားဝင္ ကမ္းလွမ္းလိုက္ၿပီျဖစ္ၿပီး ေတာ္ဖီေတြဘက္က ျပဳလုပ္တဲ့ အင္တာဗ်ဴးကို ေအာင္ျမင္ခဲ့သလို အျမန္ဆုံး ခန႔္အပ္ႏိုင္ဖို႔ လုပ္ေဆာင္ေနၾကၿပီး ကြင္းလယ္လူ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္အပါအဝင္ စတမ္းဖို႔ဒ္ဘရစ္ခ်္က ကစားသမားေတြကို ေခၚယူသြားလိမ့္မယ္လို႔ ခန႔္မွန္းေနၾက။

– နယူးကာဆယ္လ္အသင္းအေနနဲ႔ ကြင္းလယ္လူ ဘ႐ူႏို ဂီမာ႐ိုင္းစ္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၄၀ (ေပါင္ ၃၅ သန္းခန႔္)ကို ေလးႏွစ္ အရစ္က် ယူ႐ို ၁၀ သန္းစီ ခြဲေဝေပးဖို႔ လီယြန္အသင္းနဲ႔ သေဘာတူညီႏိုင္ခဲ့တာေၾကာင့္ အၿပီးသတ္ႏိုင္ဖို႔ နီးစပ္ေနၿပီး ေျမာက္ပိုင္းကလပ္ ငွက္က်ားေတြအေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္မွာ ဆက္ရွိေနရင္ ေနာက္ထပ္ ယူ႐ို ၄ သန္း ေဘာနပ္စ္ ထပ္ေဆာင္းေပးရဖို႔လည္း ရွိေန။

– ဘာစီလိုနာအသင္းကို အဒါမာ ထရာအိုေရး ေရာက္ရွိလာတာေၾကာင့္ အသင္းကေန ထြက္ခြာခြင့္ရမယ့္ ေတာင္ပံကစားသမား အူစမြန္ ဒမ္ဘီလီအေနနဲ႔ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ ဆက္သြယ္ႀကိဳးစားေနၿပီး သူ႔ရဲ႕ ကိုယ္စားလွယ္ေတြျဖစ္ၾကတဲ့ မူဆာ ဆစ္ဆိုကိုနဲ႔ မာကို လစ္ခ်္စတိုင္နာတို႔ကို ေစခိုင္းထား။

– အဲဗာတန္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ေႏြရာသီက ေခၚယူဖို႔ မေအာင္ျမင္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္နဲ႔ အငွားအေျပာင္းအေ႐ႊ႕အတြက္ ထပ္မံႀကိဳးစားေနခဲ့ၾကၿပီး အိုးလ္ထရက္ဖို႔ဒ္ကေန ဂြတ္ဒီဆန္ပါ့ခ္ကို နည္းျပသစ္ျဖစ္လာဖို႔ အလြန္နီးစပ္ေနတဲ့ ဖရန႔္ လမ္းပတ္အတြက္ ေျပာင္းေ႐ႊ႕လာမလား ေစာင့္ၾကည့္ရဖို႔ ရွိလာ။

– နယူးကာဆယ္လ္အသင္းရဲ႕ ခံစစ္ပိုင္းအားျဖည့္မႈအတြက္ ဘ႐ိုက္တန္ေနာက္ခံလူ အရွည္ႀကီး ဒန္ဘန္းကို ေခၚယူဖို႔ ခံစားခြင့္ေတြ အပါအဝင္ ေပါင္ ၁၀ သန္းနဲ႔ ကမ္းလွမ္းမႈ ပယ္ခ်ခံခဲ့ရၿပီး ပင္လယ္စင္ေရာ္ေတြအေနနဲ႔ အသက္ ၂၉ ႏွစ္အ႐ြယ္ အဂၤလန္ခံစစ္မႉးအတြက္ ေပါင္ ၁၂ သန္းကေန ၁၅ သန္းၾကား အလိုရွိေန။

– ေတာင္ပံကစားသမား ရာဖင္ညာအတြက္ ဝက္စ္ဟမ္းယူႏိုက္တက္အသင္းရဲ႕ ပမာဏေဖာ္ျပမထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ကမ္းလွမ္းမႈကို လိဒ္စ္ယူႏိုက္တက္တို႔ဘက္က ပယ္ခ်လိုက္ၿပီး အသင္းႀကီးေတြ စိတ္ဝင္စားေနတဲ့ ဘရာဇီးလ္ၾကယ္ပြင့္ကို ရာသီဝက္မွာ ဆုံးရႈံးရဖို႔ေတာ့ ခြင့္မျပဳႏိုင္တာေၾကာင့္လို႔ ခန႔္မွန္းေနၾက။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ သူတို႔ရဲ႕ စပိန္လူငယ္ေတာင္ပံသမား ဘ႐ိုင္ယန္ ေဟးလ္ကို ဗလန္စီယာဆီ အငွားခ်ဖို႔ နီးစပ္ေနၿပီး တိုက္စစ္ပိုင္းအတြက္ ျပန္လည္အားျဖည့္မႈအျဖစ္ ေပၚတိုအသင္းရဲ႕ ကိုလံဘီယာေတာင္ပံကစားသမား လူးဝစ္ ဒီယက္ဇ္ကို လီဗာပူးလ္တို႔နဲ႔ အၿပိဳင္ေခၚယူသြားဖို႔ ႀကိဳးစားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.