Premier League

ရော်နယ်လ်ဒိုရဲ့ သံမဏိစည်းကမ်းကြောင့် ဖုန်းတောင်မကိုင်ရတဲ့ ခရစ္စတီယာနိုဂျူနီယာ

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ အသက် ၁၁ နှစ်အရွယ်သားဖြစ်တဲ့ ခရစ္စတီယာနို ဂျူနီယာကို နည်းပညာတွေနဲ့ပတ်သက်ပြီး စွဲလမ်းသွားမှာစိုးရိမ်တာကြောင့် မိုဘိုင်းဖုန်းတောင် ကိုင်ခွင့်မပေးဘူးလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် လူငယ်အသင်းအတွက် ကစားပေးနေတဲ့ ခရစ္စတီယာနို ဂျူနီယာဟာ ကမ္ဘာပေါ်က အထင်ပေါ် အကျော်ကြားဆုံးဖခင်တွေထဲက တစ်ဦးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး လိုချင်တာအားလုံးရနိုင်ပေမယ့် စည်းနဲ့ကမ်းနဲ့ နေထိုင်နေရတာဖြစ်ပါတယ်။

ခရစ္စတီယာနို ဂျူနီယာဟာ ၎င်းရဲ့ ဖခင်ဖြစ်သူကို ဖုန်းဝယ်ပေးဖို့ ပူဆာခဲ့ပြီး အများအမြင်မှာတော့ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးက သားဖြစ်သူကို နောက်ဆုံးပေါ် အကောင်းဆုံးဖုန်းကို ဝယ်ပေးမယ်လို့ ထင်မြင်ကြပေမယ့် အမှန်တကယယ်တော့ အဲဒီလိုမဟုတ်ခဲ့တာဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ ဆောင်းရာသီအားလပ်ရက်ကို Globe Soccer ရဲ့ တသက်တာ ထိပ်တန်းဂိုးသွင်းရှင်ဆုကို ရယူဖို့အတွက် ဒူဘိုင်းကို ခရီးထွက်ခဲ့ပြီး Al Wasl ပလာဇာမှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ နည်းပညာတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“အဲဒါက အကူအညီအများကြီးဖြစ်တာတော့ ကျိန်းသေပါတယ်။ အဲဒါက ကျွန်တော့်ကိုရော ဒီမှာရှိတဲ့လူတွေကိုပါ အကူအညီဖြစ်စေတယ်။ တကမ္ဘာလုံးကိုရောပါပဲ။ ကျွန်တော်တို့ အဲဒါအပေါ်မှာ အခွင့်ကောင်းယူရမယ်လို့ ကျွန်တော် ထင်ပေမယ့် အဲဒါကို ကျွန်တော်တို့ မစွဲလမ်းသင့်ပါဘူး”

“ဥပမာအားဖြင့် ခင်ဗျားကို ကျွန်တော် သေးငယ်တဲ့ ထင်မြင်ချက်လေးတစ်ခု ပေးနိုင်တယ်။ ကျွန်တော့်ရဲ့ အကြီးဆုံးသားက သိပ်မကြာခင် အသက် ၁၂ နှစ်ပြည့်တော့မှာဖြစ်ပြီး သူ ကျွန်တော့်ကို အချိန်တိုင်း မေးတယ်။ ‘အဖေ ကျွန်တော့်ကို ဖုန်းဝယ်ပေးပါလား။ ကျွန်တော့်ကို ဖုန်းဝယ်ပေးပါလား။ ကျွန်တော့်ကို ဖုန်းဝယ်ပေးပါလား’တဲ့။ ကျွန်တော် သူ့ကို ‘ခရစ္စတီယာနို မင်းမှာ အချိန်ရှိတယ်’လို့ ပြောခဲ့ပါတယ်”

“ဒီခေတ်မျိုးဆက်သစ်လူငယ်တွေက သူတို့အသက်ထက် ခြေတလှမ်းပိုရောက်နေတယ်ဆိုတာကိုလည်း ကျွန်တော်သိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နည်းပညာနဲ့ပတ်သက်ပြီး အခွင့်ကောင်းယူရမှာဖြစ်ပေမယ့် စွဲလမ်းဖို့တော့ မဟုတ်ဘူးဆိုတာ ကျွန်တော် သဘောတူတယ်။ ကလေးတွေကို ဖုန်းပေးလိုက်ပါ။ ဒါပေမယ့် အချိန်အပိုင်းအခြားနဲ့ပဲ ပေးကိုင်ပါ။ တချိန်လုံး ဖုန်းပေးမကိုင်ပါနဲ့။ အဲဒါက အဓိကကျတဲ့အချက်လို့ ကျွန်တော် ထင်တယ်”

ရော်နယ်လ်ဒိုဟာ ကလေး ၄ ဦးရဲ့ ဖခင်ဖြစ်ပြီး လက်ရှိမှာ ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်က ၂ မွှာပူး ကိုယ်ဝန်ကို လွယ်ထားရတာကြောင့် နောက်ထပ်တစ်ကြိမ် ဖခင်တစ်ယောက် ဖြစ်လာဦးမှာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုက ၎င်းရဲ့သားဖြစ်သူကို အရင်ကတည်းက ဖုန်းကိုင်တာမကြိုက်တဲ့အကြောင်းနဲ့ပတ်သက်ပြီး အလားတူ ပြောကြားခဲ့ဖူးပြီး “သူ ကျွန်တော့်ကို ဖုန်းဆက်ချင်တယ်ဆိုရင် သူ့အဖွားဖုန်းကနေ ဆက်လို့ရပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၂၀ Globe Soccer ဆုပေးပွဲတုန်ကလည်း ရာစုနှစ်တစ်ခုရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ရော်နယ်လ်ဒိုက သားဖြစ်သူဟာ အချိုရည်တွေနဲ့ ဆီကြော်မုန့်တွေ စားသုံးတာနဲ့ပတ်သက်ပြီး ၎င်းရဲ့ စိတ်ပျက်မှုကို ဝန်ခံ ပြောကြားခဲ့ပါသေးတယ်။ “ကျွန်တော် တစ်ခါတရံ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးတယ်။ ဘာလို့လဲဆိုတော့ သူ ကိုကာကိုလာ သောက်လို့ပါ။ တစ်ခါတလေကျရင် ဖန်တာ သောက်ပြီး ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး သူ့ကို စိတ်ဆိုးခဲ့ပါတယ်”

“သူ အာလူးကြော်တွေနဲ့ အကြော်အလှော်မုန့်တွေစားတဲ့အခါကျရင် ကျွန်တော် သူနဲ့ ရန်ဖြစ်ရတယ်။ ကျွန်တော် အဲဒါတွေ မကြိုက်ဘူးဆိုတာကို သူ သိပါတယ်။ ကျွန်တော့်ရဲ့ ကလေးငယ်လေးတွေတောင်မှ သူတို့ ချောကလက်စားရင် ကျွန်တော့်ကို အမြဲတမ်း ကြည့်ကြတယ်။ ခင်ဗျား သိပါတယ်။ ကျွန်တော်တို့က ကြံ့ခိုင်နေရပါမယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် သူ့မှာ အလားအလာတွေ ရှိပါတယ်။ သူက သန်မာတဲ့ ကောင်လေးပါ။ သူက လျင်မြန်တယ်။ စိတ်အားထက်သန်တယ်။ ဒါပေမယ့် ဒါက ဘာမှမဟုတ်ပါဘူး။ ကျွန်တော် သူ့ကို အချိန်တိုင်းပြောတယ်။ အောင်မြင်မှုရလာဖို့အတွက်ဆိုရင် ကိုယ့်ကိုကိုယ် အများကြီး မြှုပ်နှံထားဖို့၊ ပြင်းပြင်းထန်ထန် အလုပ်အများကြီး ကြိုးစားရမယ်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ၎ရဲ့ အသက္ ၁၁ ႏွစ္အရြယ္သားျဖစ္တဲ့ ခရစၥတီယာနို ဂ်ဴနီယာကို နည္းပညာေတြနဲ႔ပတ္သက္ၿပီး စြဲလမ္းသြားမွာစိုးရိမ္တာေၾကာင့္ မိုဘိုင္းဖုန္းေတာင္ ကိုင္ခြင့္မေပးဘူးလို႔ သိရပါတယ္။

မန္ခ်က္စတာယူနိုက္တက္ လူငယ္အသင္းအတြက္ ကစားေပးေနတဲ့ ခရစၥတီယာနို ဂ်ဴနီယာဟာ ကမၻာေပၚက အထင္ေပၚ အေက်ာ္ၾကားဆုံးဖခင္ေတြထဲက တစ္ဦးကို ပိုင္ဆိုင္ထားတာျဖစ္ၿပီး လိုခ်င္တာအားလုံးရနိုင္ေပမယ့္ စည္းနဲ႔ကမ္းနဲ႔ ေနထိုင္ေနရတာျဖစ္ပါတယ္။

ခရစၥတီယာနို ဂ်ဴနီယာဟာ ၎ရဲ့ ဖခင္ျဖစ္သူကို ဖုန္းဝယ္ေပးဖို႔ ပူဆာခဲ့ၿပီး အမ်ားအျမင္မွာေတာ့ အသက္ ၃၆ ႏွစ္အရြယ္ ေပၚတူဂီတိုက္စစ္မႉးက သားျဖစ္သူကို ေနာက္ဆုံးေပၚ အေကာင္းဆုံးဖုန္းကို ဝယ္ေပးမယ္လို႔ ထင္ျမင္ၾကေပမယ့္ အမွန္တကယယ္ေတာ့ အဲဒီလိုမဟုတ္ခဲ့တာျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ ေဆာင္းရာသီအားလပ္ရက္ကို Globe Soccer ရဲ့ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္ဆုကို ရယူဖို႔အတြက္ ဒူဘိုင္းကို ခရီးထြက္ခဲ့ၿပီး Al Wasl ပလာဇာမွာ က်င္းပခဲ့တဲ့ ဆုေပးပြဲမွာ နည္းပညာေတြနဲ႔ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“အဲဒါက အကူအညီအမ်ားႀကီးျဖစ္တာေတာ့ က်ိန္းေသပါတယ္။ အဲဒါက ကၽြန္ေတာ့္ကိုေရာ ဒီမွာရွိတဲ့လူေတြကိုပါ အကူအညီျဖစ္ေစတယ္။ တကမၻာလုံးကိုေရာပါပဲ။ ကၽြန္ေတာ္တို႔ အဲဒါအေပၚမွာ အခြင့္ေကာင္းယူရမယ္လို႔ ကၽြန္ေတာ္ ထင္ေပမယ့္ အဲဒါကို ကၽြန္ေတာ္တို႔ မစြဲလမ္းသင့္ပါဘူး”

“ဥပမာအားျဖင့္ ခင္ဗ်ားကို ကၽြန္ေတာ္ ေသးငယ္တဲ့ ထင္ျမင္ခ်က္ေလးတစ္ခု ေပးနိုင္တယ္။ ကၽြန္ေတာ့္ရဲ့ အႀကီးဆုံးသားက သိပ္မၾကာခင္ အသက္ ၁၂ ႏွစ္ျပည့္ေတာ့မွာျဖစ္ၿပီး သူ ကၽြန္ေတာ့္ကို အခ်ိန္တိုင္း ေမးတယ္။ ‘အေဖ ကၽြန္ေတာ့္ကို ဖုန္းဝယ္ေပးပါလား။ ကၽြန္ေတာ့္ကို ဖုန္းဝယ္ေပးပါလား။ ကၽြန္ေတာ့္ကို ဖုန္းဝယ္ေပးပါလား’တဲ့။ ကၽြန္ေတာ္ သူ႔ကို ‘ခရစၥတီယာနို မင္းမွာ အခ်ိန္ရွိတယ္’လို႔ ေျပာခဲ့ပါတယ္”

“ဒီေခတ္မ်ိဳးဆက္သစ္လူငယ္ေတြက သူတို႔အသက္ထက္ ေျခတလွမ္းပိုေရာက္ေနတယ္ဆိုတာကိုလည္း ကၽြန္ေတာ္သိပါတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ နည္းပညာနဲ႔ပတ္သက္ၿပီး အခြင့္ေကာင္းယူရမွာျဖစ္ေပမယ့္ စြဲလမ္းဖို႔ေတာ့ မဟုတ္ဘူးဆိုတာ ကၽြန္ေတာ္ သေဘာတူတယ္။ ကေလးေတြကို ဖုန္းေပးလိုက္ပါ။ ဒါေပမယ့္ အခ်ိန္အပိုင္းအျခားနဲ႔ပဲ ေပးကိုင္ပါ။ တခ်ိန္လုံး ဖုန္းေပးမကိုင္ပါနဲ႔။ အဲဒါက အဓိကက်တဲ့အခ်က္လို႔ ကၽြန္ေတာ္ ထင္တယ္”

ေရာ္နယ္လ္ဒိုဟာ ကေလး ၄ ဦးရဲ့ ဖခင္ျဖစ္ၿပီး လက္ရွိမွာ ခ်စ္သူျဖစ္တဲ့ ေဂ်ာ္ဂ်ီနာ ရိုဒရီဂြက္ဇ္က ၂ မႊာပူး ကိုယ္ဝန္ကို လြယ္ထားရတာေၾကာင့္ ေနာက္ထပ္တစ္ႀကိမ္ ဖခင္တစ္ေယာက္ ျဖစ္လာဦးမွာ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုက ၎ရဲ့သားျဖစ္သူကို အရင္ကတည္းက ဖုန္းကိုင္တာမႀကိဳက္တဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး အလားတူ ေျပာၾကားခဲ့ဖူးၿပီး “သူ ကၽြန္ေတာ့္ကို ဖုန္းဆက္ခ်င္တယ္ဆိုရင္ သူ႔အဖြားဖုန္းကေန ဆက္လို႔ရပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

၂၀၂၀ Globe Soccer ဆုေပးပြဲတုန္ကလည္း ရာစုႏွစ္တစ္ခုရဲ့အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တဲ့ ေရာ္နယ္လ္ဒိုက သားျဖစ္သူဟာ အခ်ိဳရည္ေတြနဲ႔ ဆီေၾကာ္မုန႔္ေတြ စားသုံးတာနဲ႔ပတ္သက္ၿပီး ၎ရဲ့ စိတ္ပ်က္မႈကို ဝန္ခံ ေျပာၾကားခဲ့ပါေသးတယ္။ “ကၽြန္ေတာ္ တစ္ခါတရံ သူ႔ကို ျပင္းျပင္းထန္ထန္ အျပစ္ေပးတယ္။ ဘာလို႔လဲဆိုေတာ့ သူ ကိုကာကိုလာ ေသာက္လို႔ပါ။ တစ္ခါတေလက်ရင္ ဖန္တာ ေသာက္ၿပီး ကၽြန္ေတာ္ အဲဒါနဲ႔ပတ္သက္ၿပီး သူ႔ကို စိတ္ဆိုးခဲ့ပါတယ္”

“သူ အာလူးေၾကာ္ေတြနဲ႔ အေၾကာ္အေလွာ္မုန႔္ေတြစားတဲ့အခါက်ရင္ ကၽြန္ေတာ္ သူနဲ႔ ရန္ျဖစ္ရတယ္။ ကၽြန္ေတာ္ အဲဒါေတြ မႀကိဳက္ဘူးဆိုတာကို သူ သိပါတယ္။ ကၽြန္ေတာ့္ရဲ့ ကေလးငယ္ေလးေတြေတာင္မွ သူတို႔ ေခ်ာကလက္စားရင္ ကၽြန္ေတာ့္ကို အျမဲတမ္း ၾကည့္ၾကတယ္။ ခင္ဗ်ား သိပါတယ္။ ကၽြန္ေတာ္တို႔က ႀကံ့ခိုင္ေနရပါမယ္။ ဒါေပမယ့္ ရိုးရိုးသားသားေျပာရရင္ သူ႔မွာ အလားအလာေတြ ရွိပါတယ္။ သူက သန္မာတဲ့ ေကာင္ေလးပါ။ သူက လ်င္ျမန္တယ္။ စိတ္အားထက္သန္တယ္။ ဒါေပမယ့္ ဒါက ဘာမွမဟုတ္ပါဘူး။ ကၽြန္ေတာ္ သူ႔ကို အခ်ိန္တိုင္းေျပာတယ္။ ေအာင္ျမင္မႈရလာဖို႔အတြက္ဆိုရင္ ကိုယ့္ကိုကိုယ္ အမ်ားႀကီး ျမႇုပ္ႏွံထားဖို႔၊ ျပင္းျပင္းထန္ထန္ အလုပ္အမ်ားႀကီး ႀကိဳးစားရမယ္လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.