Article Premier League

အီဒူးရဲ့ အီလည်လည် ဇန်နဝါရီဇာတ်လမ်း အဆုံးသတ်လှဖို့ အရေးပေါ်ရွေးချယ်စရာရှိနေတဲ့ အာဆင်နယ်

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်အထိ အာဆင်နယ်အသင်းဟာ အဓိကကစားသမားခေါ်ယူမှု တစ်ခုမှ မပြုလုပ်နိုင်သေးတာကြောင့် ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်လာနေပါတယ်။

အာဆင်နယ်ဟာ ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ချ်ကို အဓိကပစ်မှတ်အဖြစ် ဇန်နဝါရီတစ်လလုံး သည်းကြီးမည်းကြီး ကြိုးစားခဲ့ပေမယ့်လည်း ဆားဘီးယားတိုက်စစ်မှူးဟာ ဂျူဗင်တပ်ကို ပြောင်းဖို့ နီးစပ်နေပြီဖြစ်တာကြောင့် အာသာ မယ်လိုဘက်ကို လှည့်ရတော့မှာဖြစ်ပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်ကွင်းလယ်ကစားသမား အာသာ မယ်လိုကို အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ ၁၈ လအငှားစာချုပ်နဲ့ ယူရို သန်း ၄၀ ပေးဖို့ အီဒူးက သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဘုတ်အဖွဲ့ဝင်တွေက ဒီအပြောင်းအရွှေ့ကို စိတ်မပါတာကြောင့် ဇာတ်လမ်းပြီးသွားပြီဖြစ်ပြီး အပြီးသတ် ခေါ်ယူဖို့ကိစ္စက ဖြစ်မလာနိုင်ဖို့ ပိုများသွားပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် မရှိမဖြစ် အလိုအပ်ဆုံးနေရာက တိုက်စစ်ဖြစ်ပြီး ဇန်နဝါရီလမှာ အာဆင်နယ်ကွင်းလယ်ဟာ ဒဏ်ရာပြဿနာတွေ၊ ပွဲပယ်ခံရမှုတွေနဲ့ အာဖရိကဖလား သွားကစားတဲ့ကစားသမားတွေကြောင့် အင်အားနည်းခဲ့ပေမယ့်လည်း အာဖရိကဖလားပြီးတဲ့အချိန်လောက်ဆို ချာကာ၊ ပါတေး၊ အယ်လ်နန်နီ၊ လိုကွန်ဂါတို့အားလုံး ပြန်လည်ပါဝင်လာတဲ့လူစာရင်းနဲ့ ဝုလ်ဗ်စ်ကို သွားရောက်ယှဉ်ပြိုင်ရတာကို မြင်ရမှာဖြစ်ပါတယ်။

အစောက ပြောတဲ့ တိုက်စစ်နေရာမှာ အူဘာမီယန်းက အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံရပြီးကတည်းက ဆက်လက်ပစ်ပယ်ခံထားရပြီး အာတီတာအတွက် တိုက်စစ်ရွေးချယ်စရာက ပိုမိုနည်းပါးလာခဲ့ပါတယ်။ ဘာလိုဂန်ကလည်း မစ်ဒယ်ဘရော့ကို အငှားနဲ့ ကစားဖို့ ထွက်သွားခဲ့ပြီး လာကာဇက်နဲ့ နကီးတီးယားတို့သာ သုံးဖို့ ကျန်တော့တာဖြစ်ပါတယ်။ အဲဒီမရှိမယ့် ရှိမယ့် တိုက်စစ်မှူး ၂ ဦးကလည်း ဇန်နဝါရီလ တစ်လလုံး တစ်ဂိုးလေးတောင် မသွင်းပေးတဲ့အတွက် အူဘာမီယန်းကို ဒီတိုင်း ဆက်ပစ်ပယ်ထားမယ်ဆိုရင် ဂိုးဘယ်သူ သွင်းပေးမှာလဲဆိုတဲ့ မေးခွန်းက ရှိလာပြီ ဖြစ်ပါတယ်။

ရီးရဲလ် ဆိုစီဒက် တိုက်စစ်မှူး အလက်ဇန်းဒါး ပီဆက်ခ်၊ လိုင်လီတိုက်စစ်မှူး ဂျော်နသန် ဒေးဗစ်၊ အဲဗာတန်တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်တို့နဲ့ နာမည်ကြီး ထမင်းငတ်ဖြစ်ခဲ့တဲ့ အာဆင်နယ်ဟာ လက်ရှိ အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့အထိအောင် အဲဒီကစားသမားတွေထဲက တစ်ဦးကိုမှ မခေါ်နိုင်ဖို့က ပိုများနေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီဇင်ဘာလတုန်းက အာဆင်နယ်နဲ့ သတင်းတွေ အခိုင်အမာထွက်ခဲ့တဲ့ ကစားသမားတစ်ဦးကတော့ အငှားနဲ့ ခေါ်ယူလို့ ရနိုင်မှာဖြစ်ပြီး အဲဒီကစားသမားကိုပဲ အာရုံစိုက်ရတော့မယ်လို့ Goal Italia ကလောင်ရှင် ရိုမဲရိုး အက်ဂ်ရက်စတီရဲ့ ပြောကြားချက်အရ သိရပါတယ်။

Gazzetta dello Sport အပါအဝင် အီတလီသတင်းဌာန အများအပြားက ကူလူရှက်ဗ်စကီးဟာ အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ ဖော်ပြခဲ့ပြီး တောင်ပံတိုက်စစ်ကစားသမားဟာ အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးတွေ တစ်ယောက်မှ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် အရေးပေါ်ရွေးချယ်စရာ ဖြစ်လာဖွယ် ရှိနေတာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ညာတောင်ပံမှာ ကစားလေ့ရှိတဲ့ ကူလူရှက်ဗ်စကီးဟာ လိုအပ်တယ်ဆိုရင် အထောင်တိုက်စစ်အဖြစ်ပါ ကစားပေးနိုင်တဲ့ နေရာစုံကစားနိုင်တဲ့ ကစားသမားဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် တိုက်စစ်ကစားသမားက အာတီတာ ပစ်မှတ်ထားနေတဲ့ တိုက်စစ်ကစားသမားတွေလိုပဲ အံဝင်နိုင်ဖွယ်ရှိပါတယ်။

ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးရဲ့ ယခုရာသီဂိုးသွင်းနှုန်းဟာ ၁ ဂိုးသာ ရှိတဲ့အတွက် အာဆင်နယ်ပရိသတ်တွေအနေနဲ့ စိတ်ပျက်ကောင်း စိတ်ပျက်သွားနိုင်ပေမယ့် ပါးမားအသင်းမှာတုန်းက အသက် ၁၉ နှစ်အရွယ်နဲ့တင် သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာကြောင့် ရေခံမြေခံကောင်းရင် အရင်ဂိုးသွင်းနှုန်းတွေ ပြန်မြင်ရဖို့ မျှော်လင့်နိုင်ပါသေးတယ်။

ကူလူရှက်ဗ်စကီးဟာ ဂျူဗင်တပ်အတွက် ၇၄ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားပြီး အားရလောက်စရာအနေအထားမဟုတ်ပေမယ့်လည်း အဲဒီထဲက ဂိုးပါဝင်ပတ်သက်မှုအများစုဟာ အရန်ခုံကနေ ဝင်ကစားပြီး ပြုလုပ်ထားခဲ့တယ်ဆိုတာကိုလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။

ကူလူရှက်ဗ်စကီးအတွက် ရှင်းလင်းနေတဲ့အရာက ၎င်းရဲ့ အလားအလာရှိတဲ့အတိုင်းအတာအထိ တောက်ပပြနိုင်ဖို့ တူရင်ကို စွန့်ခွာဖို့ လိုအပ်နေတာဖြစ်ပြီး ဗလာဟိုဗစ်ချ်သာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင်မှာ ရောက်လာခဲ့မယ်ဆိုရင် ပွဲထွက်ကစားချိန်အတွက် မျှော်လင့်ချက် ပိုမိုနည်းပါးသွားတော့မှာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ကူလူရှက်ဗ်စကီးကို ပုံမှန်ပွဲကစားချိန် ပိုမိုရရှိစေမယ့် လမ်းကြောင်းကို ခင်းပေးဖို့ အချိန်ကောင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီတုန်းက မာတင် အော်ဒီဂွါဒ်ကို အငှားနဲ့ ခေါ်ယူမှုက အလုပ်ဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ အပြီးသတ်ခေါ်ယူနိုင်ခဲ့တဲ့ သာဓကအတိုင်း အဲဒီလို အပြောင်းအရွှေ့မျိုးထပ်လုပ်မယ်ဆိုရင် အရှုံးမရှိနိုင်ဘူးလို့ တင်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္ ပိတ္သိမ္းဖို႔ ရက္ပိုင္းသာလိုေတာ့တဲ့အခ်ိန္အထိ အာဆင္နယ္အသင္းဟာ အဓိကကစားသမားေခၚယူမႈ တစ္ခုမွ မျပဳလုပ္ႏိုင္ေသးတာေၾကာင့္ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာျဖစ္လာေနပါတယ္။

အာဆင္နယ္ဟာ ဖီအိုရင္တီးနားတိုက္စစ္မႉး ဒူဆန္ ဗလာဟိုဗစ္ခ်္ကို အဓိကပစ္မွတ္အျဖစ္ ဇန္နဝါရီတစ္လလုံး သည္းႀကီးမည္းႀကီး ႀကိဳးစားခဲ့ေပမယ့္လည္း ဆားဘီးယားတိုက္စစ္မႉးဟာ ဂ်ဴဗင္တပ္ကို ေျပာင္းဖို႔ နီးစပ္ေနၿပီျဖစ္တာေၾကာင့္ အာသာ မယ္လိုဘက္ကို လွည့္ရေတာ့မွာျဖစ္ပါတယ္။ The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမား အာသာ မယ္လိုကို အၿပီးသတ္ဝယ္ယူခြင့္ပါဝင္တဲ့ ၁၈ လအငွားစာခ်ဳပ္နဲ႔ ယူ႐ို သန္း ၄၀ ေပးဖို႔ အီဒူးက သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ဘုတ္အဖြဲ႕ဝင္ေတြက ဒီအေျပာင္းအေ႐ႊ႕ကို စိတ္မပါတာေၾကာင့္ ဇာတ္လမ္းၿပီးသြားၿပီျဖစ္ၿပီး အၿပီးသတ္ ေခၚယူဖို႔ကိစၥက ျဖစ္မလာႏိုင္ဖို႔ ပိုမ်ားသြားၿပီျဖစ္ပါတယ္။ အာဆင္နယ္အသင္းအတြက္ မရွိမျဖစ္ အလိုအပ္ဆုံးေနရာက တိုက္စစ္ျဖစ္ၿပီး ဇန္နဝါရီလမွာ အာဆင္နယ္ကြင္းလယ္ဟာ ဒဏ္ရာျပႆနာေတြ၊ ပြဲပယ္ခံရမႈေတြနဲ႔ အာဖရိကဖလား သြားကစားတဲ့ကစားသမားေတြေၾကာင့္ အင္အားနည္းခဲ့ေပမယ့္လည္း အာဖရိကဖလားၿပီးတဲ့အခ်ိန္ေလာက္ဆို ခ်ာကာ၊ ပါေတး၊ အယ္လ္နန္နီ၊ လိုကြန္ဂါတို႔အားလုံး ျပန္လည္ပါဝင္လာတဲ့လူစာရင္းနဲ႔ ဝုလ္ဗ္စ္ကို သြားေရာက္ယွဥ္ၿပိဳင္ရတာကို ျမင္ရမွာျဖစ္ပါတယ္။

အေစာက ေျပာတဲ့ တိုက္စစ္ေနရာမွာ အူဘာမီယန္းက အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားခံရၿပီးကတည္းက ဆက္လက္ပစ္ပယ္ခံထားရၿပီး အာတီတာအတြက္ တိုက္စစ္ေ႐ြးခ်ယ္စရာက ပိုမိုနည္းပါးလာခဲ့ပါတယ္။ ဘာလိုဂန္ကလည္း မစ္ဒယ္ဘေရာ့ကို အငွားနဲ႔ ကစားဖို႔ ထြက္သြားခဲ့ၿပီး လာကာဇက္နဲ႔ နကီးတီးယားတို႔သာ သုံးဖို႔ က်န္ေတာ့တာျဖစ္ပါတယ္။ အဲဒီမရွိမယ့္ ရွိမယ့္ တိုက္စစ္မႉး ၂ ဦးကလည္း ဇန္နဝါရီလ တစ္လလုံး တစ္ဂိုးေလးေတာင္ မသြင္းေပးတဲ့အတြက္ အူဘာမီယန္းကို ဒီတိုင္း ဆက္ပစ္ပယ္ထားမယ္ဆိုရင္ ဂိုးဘယ္သူ သြင္းေပးမွာလဲဆိုတဲ့ ေမးခြန္းက ရွိလာၿပီ ျဖစ္ပါတယ္။

ရီးရဲလ္ ဆိုစီဒက္ တိုက္စစ္မႉး အလက္ဇန္းဒါး ပီဆက္ခ္၊ လိုင္လီတိုက္စစ္မႉး ေဂ်ာ္နသန္ ေဒးဗစ္၊ အဲဗာတန္တိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္တို႔နဲ႔ နာမည္ႀကီး ထမင္းငတ္ျဖစ္ခဲ့တဲ့ အာဆင္နယ္ဟာ လက္ရွိ အေျပာင္းအေ႐ႊ႕ေစ်းကြက္ ေနာက္ဆုံးေန႔အထိေအာင္ အဲဒီကစားသမားေတြထဲက တစ္ဦးကိုမွ မေခၚႏိုင္ဖို႔က ပိုမ်ားေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီဇင္ဘာလတုန္းက အာဆင္နယ္နဲ႔ သတင္းေတြ အခိုင္အမာထြက္ခဲ့တဲ့ ကစားသမားတစ္ဦးကေတာ့ အငွားနဲ႔ ေခၚယူလို႔ ရႏိုင္မွာျဖစ္ၿပီး အဲဒီကစားသမားကိုပဲ အာ႐ုံစိုက္ရေတာ့မယ္လို႔ Goal Italia ကေလာင္ရွင္ ႐ိုမဲ႐ိုး အက္ဂ္ရက္စတီရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

Gazzetta dello Sport အပါအဝင္ အီတလီသတင္းဌာန အမ်ားအျပားက ကူလူရွက္ဗ္စကီးဟာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတယ္လို႔ ေဖာ္ျပခဲ့ၿပီး ေတာင္ပံတိုက္စစ္ကစားသမားဟာ အာဆင္နယ္အေနနဲ႔ ပစ္မွတ္ထားေနတဲ့ တိုက္စစ္မႉးေတြ တစ္ေယာက္မွ မေခၚယူႏိုင္ခဲ့ဘူးဆိုရင္ အေရးေပၚေ႐ြးခ်ယ္စရာ ျဖစ္လာဖြယ္ ရွိေနတာျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ ညာေတာင္ပံမွာ ကစားေလ့ရွိတဲ့ ကူလူရွက္ဗ္စကီးဟာ လိုအပ္တယ္ဆိုရင္ အေထာင္တိုက္စစ္အျဖစ္ပါ ကစားေပးႏိုင္တဲ့ ေနရာစုံကစားႏိုင္တဲ့ ကစားသမားျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္ကစားသမားက အာတီတာ ပစ္မွတ္ထားေနတဲ့ တိုက္စစ္ကစားသမားေတြလိုပဲ အံဝင္ႏိုင္ဖြယ္ရွိပါတယ္။

ဆြီဒင္လက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ ယခုရာသီဂိုးသြင္းႏႈန္းဟာ ၁ ဂိုးသာ ရွိတဲ့အတြက္ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ စိတ္ပ်က္ေကာင္း စိတ္ပ်က္သြားႏိုင္ေပမယ့္ ပါးမားအသင္းမွာတုန္းက အသက္ ၁၉ ႏွစ္အ႐ြယ္နဲ႔တင္ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့တာေၾကာင့္ ေရခံေျမခံေကာင္းရင္ အရင္ဂိုးသြင္းႏႈန္းေတြ ျပန္ျမင္ရဖို႔ ေမွ်ာ္လင့္ႏိုင္ပါေသးတယ္။

ကူလူရွက္ဗ္စကီးဟာ ဂ်ဴဗင္တပ္အတြက္ ၇၄ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ျပဳလုပ္ထားၿပီး အားရေလာက္စရာအေနအထားမဟုတ္ေပမယ့္လည္း အဲဒီထဲက ဂိုးပါဝင္ပတ္သက္မႈအမ်ားစုဟာ အရန္ခုံကေန ဝင္ကစားၿပီး ျပဳလုပ္ထားခဲ့တယ္ဆိုတာကိုလည္း ထည့္တြက္ရမွာျဖစ္ပါတယ္။

ကူလူရွက္ဗ္စကီးအတြက္ ရွင္းလင္းေနတဲ့အရာက ၎ရဲ႕ အလားအလာရွိတဲ့အတိုင္းအတာအထိ ေတာက္ပျပႏိုင္ဖို႔ တူရင္ကို စြန႔္ခြာဖို႔ လိုအပ္ေနတာျဖစ္ၿပီး ဗလာဟိုဗစ္ခ်္သာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္မွာ ေရာက္လာခဲ့မယ္ဆိုရင္ ပြဲထြက္ကစားခ်ိန္အတြက္ ေမွ်ာ္လင့္ခ်က္ ပိုမိုနည္းပါးသြားေတာ့မွာျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္အေနနဲ႔ ပရီးမီးယားလိဂ္မွာ ကူလူရွက္ဗ္စကီးကို ပုံမွန္ပြဲကစားခ်ိန္ ပိုမိုရရွိေစမယ့္ လမ္းေၾကာင္းကို ခင္းေပးဖို႔ အခ်ိန္ေကာင္းျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ဇန္နဝါရီတုန္းက မာတင္ ေအာ္ဒီဂြါဒ္ကို အငွားနဲ႔ ေခၚယူမႈက အလုပ္ျဖစ္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီမွာ အၿပီးသတ္ေခၚယူႏိုင္ခဲ့တဲ့ သာဓကအတိုင္း အဲဒီလို အေျပာင္းအေ႐ႊ႕မ်ိဳးထပ္လုပ္မယ္ဆိုရင္ အရႈံးမရွိႏိုင္ဘူးလို႔ တင္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.