Premier League

သောကြာနေ့ နောက်ဆုံးအင်တာဗျူးအပြီး အဲဗာတန်နည်းပြသစ်အဖြစ်နိုင်ဆုံးသူအဖြစ် ပေါ်ထွက်လာတဲ့ လမ်းပတ်

အဲဗာတန်အသင်းဟာ ၎င်းတို့ရဲ့ ကမောက်ကမ နည်းပြရှာပုံတော်ကို အဆုံးသတ်တော့မှာဖြစ်တာကြောင့် ဖရန့်ခ် လမ်းပတ်ဟာ နည်းပြအဖြစ် တာဝန်ယူပေးဖို့ တရားဝင်ကမ်းလှမ်းမှုလာမှုကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က Sportmail ရဲ့သတင်းအရ အဲဗာတန်အသင်းက ပေါ်တူဂီလူမျိုးနည်းပြ ဗီတာ ပါရဲရားကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေမှုကို ပရိသတ်တွေက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီးနောက် လမ်းပတ်ဟာ အဲဗာတန်နည်းပြရာထူးအတွက် ထိပ်ဆုံးကနေ ဦးဆောင်နေသူအဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဗာတန်ဂန္တဝင် ဒါဘီကောင်တီနည်းပြ ဝိန်း ရူနီဟာ အသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ့် အခွင့်အရေးကို ငြင်းပယ်ပြီး ချန်ပီယံရှစ်အသင်းကို ပရီးမီးယားလိဂ် ပြန်လည်တန်းတက်နိုင်ဖို့ အာရုံစိုက်နေခဲ့တာကြောင့် အဲဗာတန်အသင်းဟာ နောက်ထပ်နည်းပြဖြစ်လာနိုင်သူတွေကို ရှာဖွေခဲ့ရတာဖြစ်ပါတယ်။

သောကြာနေ့က ဖရန့်ခ် လမ်းပတ်၊ ပါရဲရား၊ လက်ရှိ အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ဒန်ကန် ဖာဂူဆန်တို့ကို နောက်ဆုံးအင်တာဗျူးပြုလုပ်ခဲ့ပြီးနောက် အဲဗာတန်ဟာ ပြောဆိုဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေ ပြုလုပ်နေတယ်လို့ အတည်ပြုခဲ့ပေမယ့် ချဲလ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ လမ်းပတ်ကို ပရီးမီးယားလိဂ်မှာ နည်းပြအလုပ် ပြန်လည်လုပ်ကိုင်စေဖို့ အခွင့်အရေးပေးသွားဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ လက္ခဏာတွေ ပြသနေတာဖြစ်ပါတယ်။

လမ်းပတ်အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပေမယ့်လည်း ၎င်းအနေနဲ့ အဲဗာတန်ရဲ့ အဓိကရှယ်ယာရှင် ဖာဟတ်ဒ် မိုရှီရီနဲ့ ဥက္ကဌ ဘီလ် ခန်းရိုက်တို့ဆီက ကမ်းလှမ်းမှုကို လက်ခံလိုက်မယ်ဆိုရင် ချက်ချင်း ဖိအားတွေအောက် ရောက်သွားမှာဖြစ်ပါတယ်။

သတင်းရင်းမြစ်မျိုးစုံက အသက် ၄၄ နှစ်အရွယ် အင်္ဂလိဂ်လူမျိုးနည်းပြအနေနဲ့ လာမယ့် စနေနေ့ ဘရန့်တ်ဖို့ဒ်နဲ့ ကစားရမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ အဲဗာတန်နည်းပြအဖြစ် မြင်တွေ့ရဖွယ်ရှိတယ်လို့ ညွှန်ပြနေခဲ့ပြီး အဲဗာတန်ရဲ့အဓိကဦးစားပေးဟာ ပရီးမီးယားလိဂ်တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့နဲ့ ကွင်းအတွင်းမှာ အရည်အသွေးရှိ ကစားသမားကောင်းတွေနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသစေချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ အနေအထားက ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ပိတ်ဖို့ ၃ ရက်သာ လိုတော့တာကြောင့် အချိန်မရှိတော့ဘဲ လက်ရှိ ရှိနေတဲ့ လူစာရင်းနဲ့သာ တန်းမဆင်းရရေး တိုက်ပွဲဝင်သွားရတော့မှာ ဖြစ်ပါတယ်။ ရော့စ် ဘာကလေဟာ ချဲလ်ဆီးအသင်းမှာတုန်းက လမ်းပတ်နဲ့ အလုပ်အတူတူ လုပ်ခဲ့ဖူးသူဖြစ်ပြီး ဂွတ်ဒီဆင် ပါ့ခ်မှာ ၎င်းကို နှစ်သက်မြတ်နိုးသူတွေ ရှိနေတာကြောင့် အဲဗာတန်အသင်းက ၎င်းတို့ရဲ့ အကယ်ဒမီထွက် ကစားသမားကို အငှားနဲ့ ပြန်လည်ခေါ်ယူချင်နေပေမယ့် လမ်းပတ်အနေနဲ့ ခေါ်ယူချင်ပါ့မလားဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

လမ်းပတ်ကို နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပြီဆိုရင်တော့ လက်ရှိ ယာယီနည်းပြ ဒန်ကန် ဖာဂူဆန်ဟာ အသင်းနဲ့လမ်းခွဲပြီး နည်းပြဘဝကို တစ်နေရာရာမှာ အသစ်ပြန်လည်စတင်ရတော့မှာဖြစ်ပါတယ်။ စကော့လူမျိုးနည်းပြဟာ ဘင်နီတက်ဇ်လက်ထက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စပိန်လူမျိုးနည်းပြကို အသင်းက ထုတ်ပယ်ခဲ့ပြီးနောက် အဲဗာတန်အသင်းကို ၎င်းကိုယ်တိုင် အမြဲတမ်း နည်းပြအဖြစ် ဦးဆောင်သွားချင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က အင်္ဂလန်ကို ရောက်ရှိလာခဲ့တဲ့ ပါရဲရားဟာ ပြီးခဲ့တဲ့အပတ်က မိုရှီရီရဲ့ မိုနာကိုမှာရှိတဲ့ ဇိမ်ခံရွက်လှေပေါ်မှာ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ပြီးဖြစ်တာကြောင့် အဲဗာတန်အသင်းက ၎င်းကို နည်းပြသစ်ရာထူးကို ကမ်းလှမ်းလိမ့်မယ်လို့ ယုံကြည်နေခဲ့ပေမယ့် ယမန်နေ့ညက အင်တာဗျူးအပြီးမှာ စိတ်ပျက်ခဲ့တယ်လို့ သိရပါတယ်။

ပါရဲရားဟာ အဲဗာတန်အသင်းက ၎င်းကို ဘင်နီတက်ဇ်ရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ အစီအစဉ်ကို ပြောင်းလဲသွားခဲ့တာကြောင့် ဝမ်းနည်းခဲ့ရတယ်လို့ မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပြီး ဒီအလှည့်အပြောင်းဟာ အဲဗာတန်နည်းပြရာထူးအတွက် ပြိုင်ပွဲထဲကနေ နုတ်ထွက်ဖို့အတွက် စဉ်းစားဖို့ ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

အမှန်တော့ ပါရဲရားဟာ လက်ရှိမှာတော့ အဲဗာတန်နည်းပြရာထူးအတွက် ကမ်းလှမ်းခံရဖို့ မဖြစ်နိုင်တော့ဘဲ ၎င်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပေါ်တူဂီလူမျိုးနည်းပြဟာ ယမန်နေ့က ဖြစ်စဉ်ကြောင့် စိတ်မကောင်း ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဲဗာတန္အသင္းဟာ ၎တို႔ရဲ့ ကေမာက္ကမ နည္းျပရွာပုံေတာ္ကို အဆုံးသတ္ေတာ့မွာျဖစ္တာေၾကာင့္ ဖရန႔္ခ္ လမ္းပတ္ဟာ နည္းျပအျဖစ္ တာဝန္ယူေပးဖို႔ တရားဝင္ကမ္းလွမ္းမႈလာမႈကို ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။

ဗုဒၶဟူးေန႔က Sportmail ရဲ့သတင္းအရ အဲဗာတန္အသင္းက ေပၚတူဂီလူမ်ိဳးနည္းၿပ ဗီတာ ပါရဲရားကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ စီစဥ္ေနမႈကို ပရိသတ္ေတြက ေဒါသတႀကီး တုံ႔ျပန္ခဲ့ၿပီးေနာက္ လမ္းပတ္ဟာ အဲဗာတန္နည္းျပရာထူးအတြက္ ထိပ္ဆုံးကေန ဦးေဆာင္ေနသူအျဖစ္ ေပၚထြက္လာခဲ့တယ္လို႔ သိရပါတယ္။

အဲဗာတန္ဂႏၲဝင္ ဒါဘီေကာင္တီနည္းၿပ ဝိန္း ႐ူနီဟာ အသင္းရဲ့ နည္းျပသစ္ ျဖစ္လာမယ့္ အခြင့္အေရးကို ျငင္းပယ္ၿပီး ခ်န္ပီယံရွစ္အသင္းကို ပရီးမီးယားလိဂ္ ျပန္လည္တန္းတက္နိုင္ဖို႔ အာ႐ုံစိုက္ေနခဲ့တာေၾကာင့္ အဲဗာတန္အသင္းဟာ ေနာက္ထပ္နည္းျပျဖစ္လာနိုင္သူေတြကို ရွာေဖြခဲ့ရတာျဖစ္ပါတယ္။

ေသာၾကာေန႔က ဖရန႔္ခ္ လမ္းပတ္၊ ပါရဲရား၊ လက္ရွိ အသင္းကို ယာယီနည္းျပအျဖစ္ တာဝန္ယူေဆာင္ရြက္ေပးေနတဲ့ ဒန္ကန္ ဖာဂူဆန္တို႔ကို ေနာက္ဆုံးအင္တာဗ်ဴးျပဳလုပ္ခဲ့ၿပီးေနာက္ အဲဗာတန္ဟာ ေျပာဆိုေဆြးေႏြးတဲ့ လုပ္ငန္းစဥ္ေတြ ျပဳလုပ္ေနတယ္လို႔ အတည္ျပဳခဲ့ေပမယ့္ ခ်ဲလ္ဆီးကေန ထုတ္ပယ္ခံခဲ့ရတဲ့ လမ္းပတ္ကို ပရီးမီးယားလိဂ္မွာ နည္းျပအလုပ္ ျပန္လည္လုပ္ကိုင္ေစဖို႔ အခြင့္အေရးေပးသြားဖို႔ အဆင္သင့္ျဖစ္ေနတယ္ဆိုတဲ့ လကၡဏာေတြ ျပသေနတာျဖစ္ပါတယ္။

လမ္းပတ္အတြက္ ႀကီးမားတဲ့ အခြင့္အေရးတစ္ခု ျဖစ္ေပမယ့္လည္း ၎အေနနဲ႔ အဲဗာတန္ရဲ့ အဓိကရွယ္ယာရွင္ ဖာဟတ္ဒ္ မိုရွီရီနဲ႔ ဥကၠဌ ဘီလ္ ခန္းရိုက္တို႔ဆီက ကမ္းလွမ္းမႈကို လက္ခံလိုက္မယ္ဆိုရင္ ခ်က္ခ်င္း ဖိအားေတြေအာက္ ေရာက္သြားမွာျဖစ္ပါတယ္။

သတင္းရင္းျမစ္မ်ိဳးစုံက အသက္ ၄၄ ႏွစ္အရြယ္ အဂၤလိဂ္လူမ်ိဳးနည္းျပအေနနဲ႔ လာမယ့္ စေနေန႔ ဘရန႔္တ္ဖို႔ဒ္နဲ႔ ကစားရမယ့္ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္မွာ အဲဗာတန္နည္းျပအျဖစ္ ျမင္ေတြ႕ရဖြယ္ရွိတယ္လို႔ ညႊန္ျပေနခဲ့ၿပီး အဲဗာတန္ရဲ့အဓိကဦးစားေပးဟာ ပရီးမီးယားလိဂ္တန္းဆင္းဇုန္ကေန လြတ္ေျမာက္ဖို႔နဲ႔ ကြင္းအတြင္းမွာ အရည္အေသြးရွိ ကစားသမားေကာင္းေတြနဲ႔ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသေစခ်င္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိ အေနအထားက ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ပိတ္ဖို႔ ၃ ရက္သာ လိုေတာ့တာေၾကာင့္ အခ်ိန္မရွိေတာ့ဘဲ လက္ရွိ ရွိေနတဲ့ လူစာရင္းနဲ႔သာ တန္းမဆင္းရေရး တိုက္ပြဲဝင္သြားရေတာ့မွာ ျဖစ္ပါတယ္။ ေရာ့စ္ ဘာကေလဟာ ခ်ဲလ္ဆီးအသင္းမွာတုန္းက လမ္းပတ္နဲ႔ အလုပ္အတူတူ လုပ္ခဲ့ဖူးသူျဖစ္ၿပီး ဂြတ္ဒီဆင္ ပါ့ခ္မွာ ၎ကို ႏွစ္သက္ျမတ္နိုးသူေတြ ရွိေနတာေၾကာင့္ အဲဗာတန္အသင္းက ၎တို႔ရဲ့ အကယ္ဒမီထြက္ ကစားသမားကို အငွားနဲ႔ ျပန္လည္ေခၚယူခ်င္ေနေပမယ့္ လမ္းပတ္အေနနဲ႔ ေခၚယူခ်င္ပါ့မလားဆိုတာကိုပဲ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

လမ္းပတ္ကို နည္းျပသစ္အျဖစ္ တရားဝင္ခန႔္အပ္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာလိုက္ၿပီဆိုရင္ေတာ့ လက္ရွိ ယာယီနည္းၿပ ဒန္ကန္ ဖာဂူဆန္ဟာ အသင္းနဲ႔လမ္းခြဲၿပီး နည္းျပဘဝကို တစ္ေနရာရာမွာ အသစ္ျပန္လည္စတင္ရေတာ့မွာျဖစ္ပါတယ္။ စေကာ့လူမ်ိဳးနည္းျပဟာ ဘင္နီတက္ဇ္လက္ထက္မွာ လက္ေထာက္နည္းျပအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး စပိန္လူမ်ိဳးနည္းျပကို အသင္းက ထုတ္ပယ္ခဲ့ၿပီးေနာက္ အဲဗာတန္အသင္းကို ၎ကိုယ္တိုင္ အျမဲတမ္း နည္းျပအျဖစ္ ဦးေဆာင္သြားခ်င္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တနလၤာေန႔က အဂၤလန္ကို ေရာက္ရွိလာခဲ့တဲ့ ပါရဲရားဟာ ၿပီးခဲ့တဲ့အပတ္က မိုရွီရီရဲ့ မိုနာကိုမွာရွိတဲ့ ဇိမ္ခံရြက္ေလွေပၚမွာ မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးခဲ့ၿပီးျဖစ္တာေၾကာင့္ အဲဗာတန္အသင္းက ၎ကို နည္းျပသစ္ရာထူးကို ကမ္းလွမ္းလိမ့္မယ္လို႔ ယုံၾကည္ေနခဲ့ေပမယ့္ ယမန္ေန႔ညက အင္တာဗ်ဴးအၿပီးမွာ စိတ္ပ်က္ခဲ့တယ္လို႔ သိရပါတယ္။

ပါရဲရားဟာ အဲဗာတန္အသင္းက ၎ကို ဘင္နီတက္ဇ္ရဲ့ေနရာမွာ အစားထိုးခန႔္အပ္ဖို႔ အစီအစဥ္ကို ေျပာင္းလဲသြားခဲ့တာေၾကာင့္ ဝမ္းနည္းခဲ့ရတယ္လို႔ မီဒီယာေတြနဲ႔ ေတြ႕ဆုံရာမွာ ေျပာၾကားခဲ့ၿပီး ဒီအလွည့္အေျပာင္းဟာ အဲဗာတန္နည္းျပရာထူးအတြက္ ၿပိဳင္ပြဲထဲကေန ႏုတ္ထြက္ဖို႔အတြက္ စဥ္းစားဖို႔ ျဖစ္လာေစခဲ့တာျဖစ္ပါတယ္။

အမွန္ေတာ့ ပါရဲရားဟာ လက္ရွိမွာေတာ့ အဲဗာတန္နည္းျပရာထူးအတြက္ ကမ္းလွမ္းခံရဖို႔ မျဖစ္နိုင္ေတာ့ဘဲ ၎နဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္ေတြက ေပၚတူဂီလူမ်ိဳးနည္းျပဟာ ယမန္ေန႔က ျဖစ္စဥ္ေၾကာင့္ စိတ္မေကာင္း ျဖစ္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.