Bundesliga Premier League Transfer News

မန္ခ်က္စတာယူႏုိက္တက္နဲ႔ ဆန္ခ်ဳိ သေဘာတူညီမွဳရလိမ့္မယ္လို႔ ကၽြမ္းက်င္သူတစ္ဦး ေျပာၾကား

ပရီးမီးယားလိဂ္အသင္းေတြရဲ႕ စိတ္ဝင္စားမွဳအျမင့္ဆုံးျဖစ္ေနတဲ့ ေဒါ့မြန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအတြက္ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ သေဘာတူညီမွဳ ရရွိႏုိင္မွာျဖစ္ၿပီး ကစားသမားနဲ႔လည္း ပုဂၢဳိလ္ေရးအခ်က္အလက္ေတြကို အေျခခံအားျဖင့္ သေဘာတူထားတယ္လို႔ အေျပာင္းအေရႊ႕ကၽြမ္းက်င္သူ အီယန္ မက္ဂယ္ရီက ေျပာၾကားလုိက္ပါတယ္။

မက္ဂယ္ရီက မန္ခ်က္စတာယူႏုိက္တက္တာဝန္ရွိသူေတြနဲ႔ ဆန္ခ်ဳိဟာ ၿပီးခဲ့တဲ့တစ္ေခါက္ ေတြ႕ဆုံေဆြးေႏြးခဲ့တုန္းက တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းေလးေသာင္းတန္ ငါးႏွစ္စာခ်ဳပ္ကို သေဘာတူညီခဲ့ၿပီး သူ႕ကို အိုးလ္ထရက္ဖို႔ဒ္မွာ ေျခစြမ္းျပႏုိင္ခဲ့ရင္ ေပါင္ႏွစ္သိန္းအထိ တုိးျမႇင့္ေပးဖို႔လည္း ေဆြးေႏြးမွဳမွာ ပါဝင္တယ္လို႔ သိရပါတယ္။

ဆန္ခ်ဳိဟာ ၿဗိတိန္လူငယ္ကစားသမားေတြကို အဓိကထားၿပီး ေဈးကြက္ရွာေဖြ၊ ကိုယ္စားလွယ္လုပ္ေပးေနတဲ့ Elite Project Group ရဲ႕ တန္ဖိုးအျမင့္မားဆုံးကစားသမားလည္းျဖစ္ၿပီး ဒီေအးဂ်င့္ကုမၸဏီအေနနဲ႔ ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းက သူတုိ႔ရဲ႕ အာဆင္နယ္ကစားသမား ဘူကာယို ဆာကာရဲ႕ စာခ်ဳပ္သစ္အတြက္ လွဳပ္ရွားေနခဲ့လို႔ ယူႏုိက္တက္နဲ႔ ေဒါ့မြန္ၾကားမွာ ေဆြးေႏြးမေပးႏုိင္ေသးတာလည္းျဖစ္တယ္လုိ႔ မက္ဂယ္ရီက ဆုိပါတယ္။

အသက္ ၂၀ အရြယ္ အဂၤလန္လက္ေရြးစင္အတြက္ လက္ရွိေဈးကြက္တန္ေၾကးဟာ ယူ႐ို ၁၁၇ သန္း (ေပါင္ ၁၀၅ သန္း)ရွိေနၿပီး ေဒါ့မြန္ဘက္က ေတာင္းဆုိထားခဲ့တဲ့ ေနာက္ဆုံးေဈးကေတာ့ ယူ႐ုိသန္း ၁၀၀ (ေပါင္သန္း ၉၀)လို႔ သိရသလို ယူႏုိက္တက္ဘက္ကေတာ့ ေပါင္သန္း ၅၀ (ယူ႐ို ၅၅ သန္း)ထက္ ပုိေပးဖို႔ မရွိဘူးလို႔ တုံ႔ျပန္ထားခဲ့တာပါ။

ဒါေပမယ့္ ဒီထုတ္ျပန္ခ်က္ဟာ ေဈးဆစ္ၿပီး ဆက္လက္ေဆြးေႏြးႏုိင္ဖို႔အတြက္ ေရႊ႕ကြက္တစ္ကြက္ျဖစ္တယ္လုိ႔ အေျပာင္းအေရႊ႕ကၽြမ္းက်င္သူေတြက ယုံၾကည္ေနၿပီး ဆန္ခ်ဳိရဲ႕ Elite Project Group အေနနဲ႔ ညႇိႏွဳိင္းေပးႏုိင္ခဲ့ရင္ အေျပာင္းအေရႊ႕က ျဖစ္ႏိုင္ေျခ ရွိေနေသးတယ္လို႔ ဆုိခဲ့ၾကၿပီး ႏွစ္ဦးႏွစ္ဖက္အေနနဲ႔ လက္ခံႏုိင္စရာ ေဈးႏွဳန္းတစ္ရပ္နဲ႔ ေခၚယူႏုိင္ဖို႔ ခန္႔မွန္းေနၾကတယ္လုိ႔ သိရွိရပါတယ္။

REF: TALK SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်အသင်းတွေရဲ့ စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် မန်ချက်စတာယူနိုက်တက်အနေနဲ့ သဘောတူညီမှု ရရှိနိုင်မှာဖြစ်ပြီး ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို အခြေခံအားဖြင့် သဘောတူထားတယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ အီယန် မက်ဂယ်ရီက ပြောကြားလိုက်ပါတယ်။

မက်ဂယ်ရီက မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေနဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့တစ်ခေါက် တွေ့ဆုံဆွေးနွေးခဲ့တုန်းက တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းလေးသောင်းတန် ငါးနှစ်စာချုပ်ကို သဘောတူညီခဲ့ပြီး သူ့ကို အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပြနိုင်ခဲ့ရင် ပေါင်နှစ်သိန်းအထိ တိုးမြှင့်ပေးဖို့လည်း ဆွေးနွေးမှုမှာ ပါဝင်တယ်လို့ သိရပါတယ်။

ဆန်ချိုဟာ ဗြိတိန်လူငယ်ကစားသမားတွေကို အဓိကထားပြီး ဈေးကွက်ရှာဖွေ၊ ကိုယ်စားလှယ်လုပ်ပေးနေတဲ့ Elite Project Group ရဲ့ တန်ဖိုးအမြင့်မားဆုံးကစားသမားလည်းဖြစ်ပြီး ဒီအေးဂျင့်ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သူတို့ရဲ့ အာဆင်နယ်ကစားသမား ဘူကာယို ဆာကာရဲ့ စာချုပ်သစ်အတွက် လှုပ်ရှားနေခဲ့လို့ ယူနိုက်တက်နဲ့ ဒေါ့မွန်ကြားမှာ ဆွေးနွေးမပေးနိုင်သေးတာလည်းဖြစ်တယ်လို့ မက်ဂယ်ရီက ဆိုပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင်အတွက် လက်ရှိဈေးကွက်တန်ကြေးဟာ ယူရို ၁၁၇ သန်း (ပေါင် ၁၀၅ သန်း)ရှိနေပြီး ဒေါ့မွန်ဘက်က တောင်းဆိုထားခဲ့တဲ့ နောက်ဆုံးဈေးကတော့ ယူရိုသန်း ၁၀၀ (ပေါင်သန်း ၉၀)လို့ သိရသလို ယူနိုက်တက်ဘက်ကတော့ ပေါင်သန်း ၅၀ (ယူရို ၅၅ သန်း)ထက် ပိုပေးဖို့ မရှိဘူးလို့ တုံ့ပြန်ထားခဲ့တာပါ။

ဒါပေမယ့် ဒီထုတ်ပြန်ချက်ဟာ ဈေးဆစ်ပြီး ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် ရွှေ့ကွက်တစ်ကွက်ဖြစ်တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက ယုံကြည်နေပြီး ဆန်ချိုရဲ့ Elite Project Group အနေနဲ့ ညှိနှိုင်းပေးနိုင်ခဲ့ရင် အပြောင်းအရွှေ့က ဖြစ်နိုင်ခြေ ရှိနေသေးတယ်လို့ ဆိုခဲ့ကြပြီး နှစ်ဦးနှစ်ဖက်အနေနဲ့ လက်ခံနိုင်စရာ ဈေးနှုန်းတစ်ရပ်နဲ့ ခေါ်ယူနိုင်ဖို့ ခန့်မှန်းနေကြတယ်လို့ သိရှိရပါတယ်။

REF: TALK SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.