Premier League

ကိုလံဘီယာကြယ်ပွင့်ကို ပေါင် ၃၇.၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ပစ်မှတ်ထားစောင့်ကြည့်ခြင်းခံနေရတဲ့ ကိုလံဘီယာလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးလ်ဟာ အပြောင်းအရွှေ့စျေးကွက်ပိတ်မယ့် လာမယ့် တနင်္လာနေ့မတိုင်မီ ပေါ်တိုတောင်ပံကစားသမား လူးဝစ္စ ဒီယက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ Goal က အတည်ပြုခဲ့ပါတယ်။ ယာဂန် ကလော့ပ်ရဲ့အသင်းဟာ မကြာသေးမီက တော့တင်ဟမ်ဟော့စပါးကို ပြောင်းရွှေ့မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတဲ့ ကိုလံဘီယာလက်ရွေးစင်အတွက် အံ့အားသင့်ဖွယ် နောက်ကျ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပြီး ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းအပြင် စွမ်းဆောင်ရည်နဲ့သက်ဆိုင်တဲ့ အပိုဆုကြေးငွေ ယူရို ၁၅ သန်းကို ပေးချေရမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီယက်ဇ်ကို အစတုန်းက လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် စဉ်းစားခဲ့တာဖြစ်ပေမယ့်လည်း စပါးစ်က ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းလာခဲ့ပြီးနောက် ပေါ်တိုတိုက်စစ်မှူးကို အရခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ ယခုရာသီကုန်မှာ အားကစား ဒါရိုက်တာ မိုက်ကယ် အက်ဒွပ်နေရာမှာ အားကစား ဒါရိုက်တာအသစ် ဖြစ်လာတော့မယ့် ဂျူလီယန် ဝ့ါဒ်က လူးဝစ္စ ဒီယက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် ပေါ်တိုအသင်းနဲ့ ဆွေးနွေးရာမှာ ကြားပွဲစားလုပ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဂျူလီယန် ဝါ့ဒ်ရဲ့ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ခဲ့တဲ့ သတင်းက နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မိုက်ကယ် အက်ဒွပ် အသင်းကို စွန့်ခွာဖို့ အလွန်နီးစပ်နေပြီဖြစ်တာကြောင့် စိတ်လှုပ်ရှားနေတဲ့ လီဗာပူးလ်ပရိသတ်တွေကို စိတ်ကျေနပ်စေမှာဖြစ်ပြီး ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းနဲ့ ၅ နှစ်ခွဲသက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

ဒီယက်ဇ်ဟာ ယခုရာသီ ချန်ပီယံလိဂ်မှာ လီဗာပူးလ်အသင်းနဲ့ ၂ ကြိမ် ရင်ဆိုင်ကစားခဲ့သူဖြစ်ပြီး ၂ ပွဲစလုံးမှာ မာဆေးဆိုဒ်အသင်းက သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပေမယ့်လည်း ကင်းထောက်တွေက ပေါ်တိုတောင်ပံကြယ်ပွင့်ရဲ့ တိုးတက်မှုနဲ့ပတ်သက်ပြီး အထင်ကြီးခဲ့တယ်လို့ နားလည်ရပါတယ်။

ဒီယက်ဇ်ဟာ ကောင်းမွန်တဲ့လိဂ်တစ်ခုမှာ ကိုယ့်ကိုကိုယ် လုံလုံလောက်လောက် သက်သေပြသထားနိုင်ခဲ့တဲ့ ကစားသမားအဖြစ် ရှုမြင်ခြင်းခံခဲ့ရပေမယ့် အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမားဟာ သိသိသာသာ တိုးတက်အောင်လုပ်ရမယ့် နေရာတွေ ရှိနေသေးတာဖြစ်ပါတယ်။

ကိုလံဘီယာတိုက်စစ်မှူးဟာ ပေါ်တိုအသင်းအတွက် ဘယ်တောင်ပံနေရာမှာ အဓိကကစားပေးခဲ့ပေမယ့်လည်း လိုအပ်တယ်ဆိုရင် တခြား တိုက်စစ်နေရာတွေမှာလည်း အသုံးပြုသွားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ဒီယက်ဇ် ရောက်ရှိလာမှုက ကလော့ပ်ရဲ့ တိုက်စစ်ရွေးချယ်စရာကို တိုးမြင့်စေမှာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် တိုက်ပွဲဝင်နေရတုန်း ဖြစ်ပါတယ်။

ဒီယက်ဇ်ဟာ မာနေး၊ ဆာလား၊ ဖာမီနို၊ ဂျိုတာတို့နဲ့အတူ တိုက်စစ်မှာ တစ်နေရာရရှိအောင် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တွေတုန်းက ချိန်ဘာလိန်က တိုက်စစ်တောင်ပံမှာ ကောင်းကောင်း စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီယက်ဇ်အနေနဲ့ တစ်ပတ်လုပ်ခလစာအဖြစ် ဂျိုတာ(၉၀၃၈၅ ပေါင်)နဲ့ မီနာမီနို(၇၅၀၀၀ ပေါင်)တို့လောက် ရရှိသွားနိုင်တယ်လို့ အများစုက မျှော်မှန်းထားကြပြီး ပေါ်တူဂီသတင်းဌာန SIC ကတော့ ပေါ်တိုကြယ်ပွင့်ဟာ တစ်နှစ်လုပ်ခစာ ယူရို ၃.၅ သန်းနဲ့ သဘောတူညီထားတာကြောင့် တစ်ပတ်လုပ်ခလစာ ၅၆၀၀၀ ပေါင်သာ ရရှိမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ့ပစ္မွတ္ထားေစာင့္ၾကည့္ျခင္းခံေနရတဲ့ ကိုလံဘီယာလက္ေရြးစင္တိုက္စစ္မႉးကို ေခၚယူနိုင္ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

လီဗာပူးလ္ဟာ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္မယ့္ လာမယ့္ တနလၤာေန႔မတိုင္မီ ေပၚတိုေတာင္ပံကစားသမား လူးဝစၥ ဒီယက္ဇ္ကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့တယ္လို႔ Goal က အတည္ျပဳခဲ့ပါတယ္။ ယာဂန္ ကေလာ့ပ္ရဲ့အသင္းဟာ မၾကာေသးမီက ေတာ့တင္ဟမ္ေဟာ့စပါးကို ေျပာင္းေရႊ႕မယ္လို႔ ေမၽွာ္မွန္းျခင္းခံခဲ့ရတဲ့ ကိုလံဘီယာလက္ေရြးစင္အတြက္ အံ့အားသင့္ဖြယ္ ေနာက္က် ကမ္းလွမ္းမႈျပဳလုပ္ခဲ့တာျဖစ္ၿပီး ကနဦး ေျပာင္းေရႊ႕ေၾကး ယူရို ၄၅ သန္းအျပင္ စြမ္းေဆာင္ရည္နဲ႔သက္ဆိုင္တဲ့ အပိုဆုေၾကးေငြ ယူရို ၁၅ သန္းကို ေပးေခ်ရမွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ဒီယက္ဇ္ကို အစတုန္းက လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔အတြက္ စဥ္းစားခဲ့တာျဖစ္ေပမယ့္လည္း စပါးစ္က ေခၚယူဖို႔ အရွိန္ျမႇင့္ ႀကိဳးပမ္းလာခဲ့ၿပီးေနာက္ ေပၚတိုတိုက္စစ္မႉးကို အရေခၚယူခဲ့ရတာျဖစ္ပါတယ္။ ယခုရာသီကုန္မွာ အားကစား ဒါရိုက္တာ မိုက္ကယ္ အက္ဒြပ္ေနရာမွာ အားကစား ဒါရိုက္တာအသစ္ ျဖစ္လာေတာ့မယ့္ ဂ်ဴလီယန္ ဝ့ါဒ္က လူးဝစၥ ဒီယက္ဇ္ရဲ့ အေျပာင္းအေရႊ႕အတြက္ ေပၚတိုအသင္းနဲ႔ ေဆြးေႏြးရာမွာ ၾကားပြဲစားလုပ္ခဲ့တယ္လို႔ ယုံၾကည္ရပါတယ္။

ဂ်ဴလီယန္ ဝါ့ဒ္ရဲ့ ေဆြးေႏြးညႇိႏွိုင္းမႈ ေအာင္ျမင္ခဲ့တဲ့ သတင္းက ႏွစ္အေတာ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ မိုက္ကယ္ အက္ဒြပ္ အသင္းကို စြန႔္ခြာဖို႔ အလြန္နီးစပ္ေနၿပီျဖစ္တာေၾကာင့္ စိတ္လႈပ္ရွားေနတဲ့ လီဗာပူးလ္ပရိသတ္ေတြကို စိတ္ေက်နပ္ေစမွာျဖစ္ၿပီး ဒီယက္ဇ္ဟာ လီဗာပူးလ္အသင္းနဲ႔ ၅ ႏွစ္ခြဲသက္တမ္းရွိ စာခ်ဳပ္ကို ခ်ဳပ္ဆိုသြားမွာ ျဖစ္ပါတယ္။

ဒီယက္ဇ္ဟာ ယခုရာသီ ခ်န္ပီယံလိဂ္မွာ လီဗာပူးလ္အသင္းနဲ႔ ၂ ႀကိမ္ ရင္ဆိုင္ကစားခဲ့သူျဖစ္ၿပီး ၂ ပြဲစလုံးမွာ မာေဆးဆိုဒ္အသင္းက သက္ေတာင့္သက္သာ အနိုင္ရရွိခဲ့ေပမယ့္လည္း ကင္းေထာက္ေတြက ေပၚတိုေတာင္ပံၾကယ္ပြင့္ရဲ့ တိုးတက္မႈနဲ႔ပတ္သက္ၿပီး အထင္ႀကီးခဲ့တယ္လို႔ နားလည္ရပါတယ္။

ဒီယက္ဇ္ဟာ ေကာင္းမြန္တဲ့လိဂ္တစ္ခုမွာ ကိုယ့္ကိုကိုယ္ လုံလုံေလာက္ေလာက္ သက္ေသျပသထားနိုင္ခဲ့တဲ့ ကစားသမားအျဖစ္ ရႈျမင္ျခင္းခံခဲ့ရေပမယ့္ အသက္ ၂၅ ႏွစ္အရြယ္ ေတာင္ပံကစားသမားဟာ သိသိသာသာ တိုးတက္ေအာင္လုပ္ရမယ့္ ေနရာေတြ ရွိေနေသးတာျဖစ္ပါတယ္။

ကိုလံဘီယာတိုက္စစ္မႉးဟာ ေပၚတိုအသင္းအတြက္ ဘယ္ေတာင္ပံေနရာမွာ အဓိကကစားေပးခဲ့ေပမယ့္လည္း လိုအပ္တယ္ဆိုရင္ တျခား တိုက္စစ္ေနရာေတြမွာလည္း အသုံးျပဳသြားနိုင္တဲ့ ကစားသမားျဖစ္ပါတယ္။ ဒီယက္ဇ္ ေရာက္ရွိလာမႈက ကေလာ့ပ္ရဲ့ တိုက္စစ္ေရြးခ်ယ္စရာကို တိုးျမင့္ေစမွာျဖစ္ၿပီး လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲအတြက္ တိုက္ပြဲဝင္ေနရတုန္း ျဖစ္ပါတယ္။

ဒီယက္ဇ္ဟာ မာေနး၊ ဆာလား၊ ဖာမီနို၊ ဂ်ိဳတာတို႔နဲ႔အတူ တိုက္စစ္မွာ တစ္ေနရာရရွိေအာင္ ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္ေတြတုန္းက ခ်ိန္ဘာလိန္က တိုက္စစ္ေတာင္ပံမွာ ေကာင္းေကာင္း စြမ္းေဆာင္ထားနိုင္ခဲ့တာျဖစ္ပါတယ္။ ဒီယက္ဇ္အေနနဲ႔ တစ္ပတ္လုပ္ခလစာအျဖစ္ ဂ်ိဳတာ(၉၀၃၈၅ ေပါင္)နဲ႔ မီနာမီနို(၇၅၀၀၀ ေပါင္)တို႔ေလာက္ ရရွိသြားနိုင္တယ္လို႔ အမ်ားစုက ေမၽွာ္မွန္းထားၾကၿပီး ေပၚတူဂီသတင္းဌာန SIC ကေတာ့ ေပၚတိုၾကယ္ပြင့္ဟာ တစ္ႏွစ္လုပ္ခစာ ယူရို ၃.၅ သန္းနဲ႔ သေဘာတူညီထားတာေၾကာင့္ တစ္ပတ္လုပ္ခလစာ ၅၆၀၀၀ ေပါင္သာ ရရွိမွာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.