Premier League

လက်ရှိ ပရီးမီးယားလိဂ် အသက်အငယ်ဆုံးအသင်း အာဆင်နယ်ရဲ့တန်ဖိုးအရှိဆုံး ကစားသမား ၅ ဦး

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ထိပ်တန်းအသင်းတွေထဲက တစ်သင်းအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး အနည်းဆုံး ပရီးမီးယားလိဂ်ဖလားကို ၃ ကြိမ်အထိ ရရှိခဲ့ဖူးတဲ့ ၄ သင်းထဲက တစ်သင်းဖြစ်ပါတယ်။

နည်းပြ အာတီတာလက်အောက်မှာ မြောက်လန်ဒန်ကလပ်အသင်းဟာ စိတ်လှုပ်ရှားဖွယ် သွေးသစ်လောင်းမှုတွေကို မြင်တွေ့ခဲ့ရပြီး လာမယ့် ရာသီအနည်းငယ်အတွင်း ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးအဖြစ် ပြန်လည်ရောက်ရှိလာဖွယ်ရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘန် ဝှိုက်၊ အာရွန် ရမ်းစ်ဒေးလ်၊ မာတင် အော်ဒီဂွါဒ်တို့လို ကစားသမားတွေကို ခေါ်ယူခဲ့ပြီး အာတီတာအတွက် ကံကောင်းစွာနဲ့ပဲ ဒီရာသီမှာ ကစားသမားသစ်တွေအများစုက ကောင်းကောင်း စွမ်းဆောင်နိုင်နေတာဖြစ်ပါတယ်။

အဲဒါကြောင့် လက်ရှိအချိန်မှာ အာဆင်နယ်ကစားသမားတွေထဲက တန်ဖိုးအရှိဆုံး ကစားသမား ၅ ဦးက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၅။ အီမိုင်းလ် စမစ် ရိုး- ယူရို ၃၈ သန်း

စမစ်ရိုးဟာ လက်ရှိအချိန် ဘောလုံးပြိုင်ပွဲမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးလူငယ်ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်သာ ရှိသေးပေမယ့် အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၇၀ နီးပါးကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီသွင်းဂိုးတွေထဲက ၉ ဂိုးဟာ ယခုရာသီမှာ သွင်းယူထားတာဖြစ်ပြီး မကြာသေးမီက ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက် လူစားဝင်ကစားပြီး ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အာဆင်နယ်ကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။

၄။ ဘန် ဝှိုက်- ယူရို ၄၀ သန်း

ဘန် ဝှိုက်ဟာ ဘရိုက်တန်အသင်းကနေ ယူရို ၅၈.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အာဆင်နယ်အတွက် ပွဲဦးထွက်မှာ အထူးသဖြင့် အမြင့်ဘောပေးပို့မှုတွေကို ဖြေရှင်းရာမှာ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ အာတီတာရဲ့ လက်တွဲခေါ်ခြင်းကို ခံခဲ့ရပြီး အဲဒီလို ယုံကြည်မှုပေးခဲ့တာကို ပထမအသင်း ပုံမှန်ပွဲထွက်ကစားသမားဖြစ်လာအောင် ကြိုးစားပြီး ပြန်လည်ပေးဆပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ခံစစ်တလွှားမှာ ဘယ်လိုနေရာမှာမဆို အသုံးပြုနိုင်တဲ့ ကစားသမားဖြစ်တယ်လို့ နည်းပြ အာတီတာကိုယ်တိုင်က ထုတ်ဖော်ချီးကျူးခြင်း ခံခဲ့ရပါတယ်။

၃။ သောမတ်စ် ပါတေး- ယူရို ၄၀ သန်း

၂၀၂၀ ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ်ကနေ ပြောင်းရွှေ့ပြီးကတည်းက သောမတ်စ် ပါတေးရဲ့ အာဆင်နယ်က အချိန်တွေဟာ အကောင်းအဆိုးတွေ ရောထွေးနေခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ ကျော် ပါဝင်ကစားပေးခဲ့ရာမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်တုန်းက ဂိုးသွင်းနှုန်းဖြစ်တဲ့ ၁၈၈ ပွဲမှာ ၂၈ ဂိုး(ပျမ်းမျှ ၈ ပွဲကို ၁ ဂိုး)နဲ့ ယှဉ်ရင် တော်တော်လေး လျော့နည်းနေတာဖြစ်ပါတယ်။ ပါတေးဟာ အာဖရိကဖလားပြိုင်ပွဲမှာ ဂါနာအသင်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးခဲ့ပေမယ့် ၎င်းရဲ့လက်ရွေးစင်အသင်းဟာ အင်အားအနည်းဆုံးဖြစ်တဲ့ ကွန်းမရို့စ် ကျွန်းစုများအသင်းရဲ့နောက် စတုတ္ထနေရာသာ ရရှိခဲ့တာကြောင့် အုပ်စုအဆင့်ကနေ စောစောစီးစီး လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

၂။ မာတင် အော်ဒီဂွါဒ်- ယူရို ၄၂ သန်း

မာတင် အော်ဒီဂွါဒ်ဟာ ၂၀၁၅ ခုနှစ်မှာ အသက် ၁၆ နှစ်သားကတည်းက ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးခဲ့သူဖြစ်ပေမယ့် နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ ပထမအသင်းမှာ တစ်နေရာ အခိုင်အမာ ရရှိခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲမှာ တစ်ဂိုးမှာ ပါဝင်ပတ်သက်နိုင်ခြင်းမရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာ အာဆင်နယ်ကို အငှားချခံခဲ့ရပြီး မြောက်လန်ဒန်မှာ တိုတောင်းတဲ့ကာလအတွင်း အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်က ယူရို ၃၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အော်ဒီဂွါဒ်ဟာ ယခုရာသီမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထာပြီး ဆယ်စုနှစ် ၂ ခုနီးပါးအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးနော်ဝေလူမျိုး ကစားသမားဖြစ်လာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ အော်ဒီဂွါဒ်ဟာ အမ်းမရိတ်စ်က ၎င်းရဲ့ ပထမဆုံးရာသီပြည့် ကစားရတဲ့ ရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

၁။ ဘူကာယို ဆာကာ- ယူရို ၆၅ သန်း

အော်ဒီဂွါဒ်လိုပဲ ဆာကာကလည်း လက်ရှိ ဘောလုံးပြိုင်ပွဲမှာ အလားအလာအမြင့်မားဆုံးသတ်မှတ်ခံထားရတဲ့ လူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ အာဆင်နယ်အတွက် ပွဲ ၁၀၀ ကျော် ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၆ ကြိမ်ပြုလုပ်ထားသူဖြစ်ပါတယ်။ ဆာကာရဲ့ စွမ်းဆောင်ရည်နဲ့ တည်ငြိမ်မှုဟာ အသက်အရွယ်နဲ့ မလိုက်အောင် ကောင်းမွန်နေပြီး အဲဒါကြောင့်ပဲ လက်ရှိအချိန် ၎င်းရဲ့တန်ကြေးက မြင့်မားနေတာဖြစ်ပါတယ်။ ယခုရာသီအစောပိုင်းတုန်းက မန်စီးတီးနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ ဆာကာဟာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံကို ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသးမားတွေထဲကတစ်ဦး ဖြစ်လာခဲ့သူဖြစ်ပါတယ်။ ဆာကာဟာ ယခုရာသီမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားပြီး အဲဒီသွင်းဂိုး ၁၁ ဂိုးထဲက ၁၀ ဂိုး(သွင်းဂိုး ၆ ဂိုး၊ ဂိုးဖန်တီးမှု ၄ ကြိမ်)ဟာ ပရီးမီးယားလိဂ်မှာ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီေတြမွာ ခက္ခဲၾကမ္းတမ္းတဲ့ ကာလေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ပရီးမီးယားလိဂ္မွာ ထိပ္တန္းအသင္းေတြထဲက တစ္သင္းအျဖစ္ ရပ္တည္ေနဆဲျဖစ္ၿပီး အနည္းဆုံး ပရီးမီးယားလိဂ္ဖလားကို ၃ ႀကိမ္အထိ ရရွိခဲ့ဖူးတဲ့ ၄ သင္းထဲက တစ္သင္းျဖစ္ပါတယ္။

နည္းၿပ အာတီတာလက္ေအာက္မွာ ေျမာက္လန္ဒန္ကလပ္အသင္းဟာ စိတ္လႈပ္ရွားဖြယ္ ေသြးသစ္ေလာင္းမႈေတြကို ျမင္ေတြ႕ခဲ့ရၿပီး လာမယ့္ ရာသီအနည္းငယ္အတြင္း ပရီးမီးယားလိဂ္ရဲ့ ထိပ္တန္းအသင္းႀကီးအျဖစ္ ျပန္လည္ေရာက္ရွိလာဖြယ္ရွိေနတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘန္ ဝွိုက္၊ အာရြန္ ရမ္းစ္ေဒးလ္၊ မာတင္ ေအာ္ဒီဂြါဒ္တို႔လို ကစားသမားေတြကို ေခၚယူခဲ့ၿပီး အာတီတာအတြက္ ကံေကာင္းစြာနဲ႔ပဲ ဒီရာသီမွာ ကစားသမားသစ္ေတြအမ်ားစုက ေကာင္းေကာင္း စြမ္းေဆာင္နိုင္ေနတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ လက္ရွိအခ်ိန္မွာ အာဆင္နယ္ကစားသမားေတြထဲက တန္ဖိုးအရွိဆုံး ကစားသမား ၅ ဦးက ဘယ္သူေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၅။ အီမိုင္းလ္ စမစ္ ရိုး- ယူရို ၃၈ သန္း

စမစ္ရိုးဟာ လက္ရွိအခ်ိန္ ေဘာလုံးၿပိဳင္ပြဲမွာ စိတ္လႈပ္ရွားစရာအေကာင္းဆုံးလူငယ္ကြင္းလယ္ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး အသက္ ၂၁ ႏွစ္အရြယ္သာ ရွိေသးေပမယ့္ အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ ပြဲေပါင္း ၇၀ နီးပါးကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္အထိ ျပဳလုပ္ေပးခဲ့ၿပီးျဖစ္ပါတယ္။ အဲဒီသြင္းဂိုးေတြထဲက ၉ ဂိုးဟာ ယခုရာသီမွာ သြင္းယူထားတာျဖစ္ၿပီး မၾကာေသးမီက ဆယ္စုႏွစ္တစ္ခုေက်ာ္ကာလအတြင္း ပရီးမီးယားလိဂ္မွာ ၃ ပြဲဆက္ လူစားဝင္ကစားၿပီး ဂိုးသြင္းနိုင္တဲ့ ပထမဆုံး အာဆင္နယ္ကစားသမားျဖစ္လာခဲ့သူျဖစ္ပါတယ္။

၄။ ဘန္ ဝွိုက္- ယူရို ၄၀ သန္း

ဘန္ ဝွိုက္ဟာ ဘရိုက္တန္အသင္းကေန ယူရို ၅၈.၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး အာဆင္နယ္အတြက္ ပြဲဦးထြက္မွာ အထူးသျဖင့္ အျမင့္ေဘာေပးပို႔မႈေတြကို ေျဖရွင္းရာမွာ ႐ုန္းကန္ခဲ့ရသူျဖစ္ပါတယ္။ ဒါေပမယ့္လည္း နည္းၿပ အာတီတာရဲ့ လက္တြဲေခၚျခင္းကို ခံခဲ့ရၿပီး အဲဒီလို ယုံၾကည္မႈေပးခဲ့တာကို ပထမအသင္း ပုံမွန္ပြဲထြက္ကစားသမားျဖစ္လာေအာင္ ႀကိဳးစားၿပီး ျပန္လည္ေပးဆပ္နိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ ကစားသမားဟာ ခံစစ္တလႊားမွာ ဘယ္လိုေနရာမွာမဆို အသုံးျပဳနိုင္တဲ့ ကစားသမားျဖစ္တယ္လို႔ နည္းၿပ အာတီတာကိုယ္တိုင္က ထုတ္ေဖာ္ခ်ီးက်ဴးျခင္း ခံခဲ့ရပါတယ္။

၃။ ေသာမတ္စ္ ပါေတး- ယူရို ၄၀ သန္း

၂၀၂၀ ခုႏွစ္မွာ အက္သလက္တီကို မက္ဒရစ္ကေန ေျပာင္းေရႊ႕ၿပီးကတည္းက ေသာမတ္စ္ ပါေတးရဲ့ အာဆင္နယ္က အခ်ိန္ေတြဟာ အေကာင္းအဆိုးေတြ ေရာေထြးေနခဲ့တာျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ ပြဲေပါင္း ၅၀ ေက်ာ္ ပါဝင္ကစားေပးခဲ့ရာမွာ ၁ ဂိုးသာ သြင္းယူထားနိုင္ခဲ့တာျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္တုန္းက ဂိုးသြင္းႏႈန္းျဖစ္တဲ့ ၁၈၈ ပြဲမွာ ၂၈ ဂိုး(ပ်မ္းမၽွ ၈ ပြဲကို ၁ ဂိုး)နဲ႔ ယွဥ္ရင္ ေတာ္ေတာ္ေလး ေလ်ာ့နည္းေနတာျဖစ္ပါတယ္။ ပါေတးဟာ အာဖရိကဖလားၿပိဳင္ပြဲမွာ ဂါနာအသင္းအတြက္ ဂိုးဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္ေပးခဲ့ေပမယ့္ ၎ရဲ့လက္ေရြးစင္အသင္းဟာ အင္အားအနည္းဆုံးျဖစ္တဲ့ ကြန္းမရို႔စ္ ကၽြန္းစုမ်ားအသင္းရဲ့ေနာက္ စတုတၳေနရာသာ ရရွိခဲ့တာေၾကာင့္ အုပ္စုအဆင့္ကေန ေစာေစာစီးစီး လွည့္ျပန္ခဲ့ရတာျဖစ္ပါတယ္။

၂။ မာတင္ ေအာ္ဒီဂြါဒ္- ယူရို ၄၂ သန္း

မာတင္ ေအာ္ဒီဂြါဒ္ဟာ ၂၀၁၅ ခုႏွစ္မွာ အသက္ ၁၆ ႏွစ္သားကတည္းက ရီးရဲလ္မက္ဒရစ္အတြက္ ကစားေပးခဲ့သူျဖစ္ေပမယ့္ ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္ဟာ ပထမအသင္းမွာ တစ္ေနရာ အခိုင္အမာ ရရွိျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အတြက္ ၿပိဳင္ပြဲစုံ ၁၁ ပြဲမွာ တစ္ဂိုးမွာ ပါဝင္ပတ္သက္နိုင္ျခင္းမရွိခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီမွာ အာဆင္နယ္ကို အငွားခ်ခံခဲ့ရၿပီး ေျမာက္လန္ဒန္မွာ တိုေတာင္းတဲ့ကာလအတြင္း အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီမွာ အာဆင္နယ္က ယူရို ၃၅ သန္းနဲ႔ အၿပီးသတ္ ေခၚယူခဲ့တာျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္ဟာ ယခုရာသီမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ျပဳလုပ္ထာၿပီး ဆယ္စုႏွစ္ ၂ ခုနီးပါးအတြင္း ပရီးမီးယားလိဂ္ပြဲစဥ္ ၂ ပြဲဆက္တိုက္ ဂိုးသြင္းနိုင္တဲ့ အသက္အငယ္ဆုံးေနာ္ေဝလူမ်ိဳး ကစားသမားျဖစ္လာခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္သာရွိေသးတဲ့ ေအာ္ဒီဂြါဒ္ဟာ အမ္းမရိတ္စ္က ၎ရဲ့ ပထမဆုံးရာသီျပည့္ ကစားရတဲ့ ရာသီကို အေကာင္းဆုံး အဆုံးသတ္နိုင္ဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

၁။ ဘူကာယို ဆာကာ- ယူရို ၆၅ သန္း

ေအာ္ဒီဂြါဒ္လိုပဲ ဆာကာကလည္း လက္ရွိ ေဘာလုံးၿပိဳင္ပြဲမွာ အလားအလာအျမင့္မားဆုံးသတ္မွတ္ခံထားရတဲ့ လူငယ္ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး အသက္ ၂၀ အရြယ္ အဂၤလန္လက္ေရြးစင္ကြင္းလယ္ကစားသမားဟာ အာဆင္နယ္အတြက္ ပြဲ ၁၀၀ ေက်ာ္ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂၆ ႀကိမ္ျပဳလုပ္ထားသူျဖစ္ပါတယ္။ ဆာကာရဲ့ စြမ္းေဆာင္ရည္နဲ႔ တည္ၿငိမ္မႈဟာ အသက္အရြယ္နဲ႔ မလိုက္ေအာင္ ေကာင္းမြန္ေနၿပီး အဲဒါေၾကာင့္ပဲ လက္ရွိအခ်ိန္ ၎ရဲ့တန္ေၾကးက ျမင့္မားေနတာျဖစ္ပါတယ္။ ယခုရာသီအေစာပိုင္းတုန္းက မန္စီးတီးနဲ႔ပြဲမွာ ဂိုးသြင္းယူခဲ့တဲ့ ဆာကာဟာ ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံကို ဂိုးသြင္းယူနိုင္တဲ့ အသက္အငယ္ဆုံး ကစားသးမားေတြထဲကတစ္ဦး ျဖစ္လာခဲ့သူျဖစ္ပါတယ္။ ဆာကာဟာ ယခုရာသီမွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ျပဳလုပ္ထားၿပီး အဲဒီသြင္းဂိုး ၁၁ ဂိုးထဲက ၁၀ ဂိုး(သြင္းဂိုး ၆ ဂိုး၊ ဂိုးဖန္တီးမႈ ၄ ႀကိမ္)ဟာ ပရီးမီးယားလိဂ္မွာ ျပဳလုပ္ထားနိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.