International Match Report

အိမ်ရှင် ကင်းမရွန်း ကွာတားတက်ခဲ့ပြီး ကီတာရဲ့ ဂီနီ အိမ်ပြန်ခဲ့ရတဲ့ အာဖရိကပွဲများ

တနင်္လာနေ့ညမှာ ဆက်လက်ကျင်းပတဲ့ ရှုံးထွက်ပွဲစဉ်တွေမှာတော့ နာမည်ကြီး အိမ်ရှင် ကင်းမရွန်းတို့ ကိုမိုရို့စ်အပေါ် ပုံစံကောင်းနဲ့ ရှေ့ဆက်နိုင်ခဲ့ကြပြီး လီဗာပူးလ်ကွင်းလယ်လူ နာဘီ ကီတာကတော့ ဒီနေ့မှာ ပါဝင်ကစားနိုင်ခြင်း မရှိသလို သူ့ရဲ့ ဂီနီအသင်းကလည်း ဂမ်ဘီယာကို ရှုံးပြီး အိမ်ပြန်ခဲ့ရပြီဖြစ်ပါတယ်။

အစောပွဲအဖြစ် ကစားတဲ့ ဂီနီအသင်းအနေနဲ့ ရိုးမားကွင်းလယ်လူ အာမာဒူ ဒီယာဝါရာ၊ RB လိုက်ပ်ဇစ်ကွင်းလယ်လူ အီလေ့စ် မိုရီဘာတို့နဲ့ အသင်းကို ကွာတားဖိုင်နယ်တက်ဖို့ ပြင်ဆင်လာခဲ့ပေမယ့် ကီတာကတော့ အုပ်စုတွင်းမှာ ဒုတိယအဝါကတ်ထိခဲ့တာကြောင့် အသင်းမှာ မပါနိုင်ဘဲ အားလျော့ခဲ့ရတာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တဲ့ ပွဲမှာ ခံစစ်ပိုမိုကောင်းမွန်ပြီး ကျစ်လျစ်တဲ့ ဂမ်ဘီယာတို့အနေနဲ့ ဂီနီကို ထိန်းချုပ်ကစားသွားနိုင်ခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာတော့ ဘိုလော့ညာတိုက်စစ်မှူး မူဆာ ဘားရိုးက ကွင်းလယ်လူ ယူဆူဖာ ဘော့ဘ်ရဲ့ အမြော်အမြင်ရှိတဲ့ ပေးပို့မှုကနေ ဂီနီနောက်ခံလူတစ်ယောက်ကို ကျော်ဖြတ်ပြီးမှ ဂိုးသမားနဲ့အတွေ့မှာ တိတိကျကျ အဆုံးသတ်သွားနိုင်ခဲ့တာပါ။

ပွဲအပြီးမှာတော့ အုပ်စုတွင်းမှာ ဝမ်းဇီးရလဒ်တွေနဲ့ ရှုံးပွဲမရှိသေးတဲ့ ဂမ်ဘီယာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဒီနေ့မှာလည်း အောင်ပွဲခံနိုင်ခဲ့ကြပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကနေ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြြပီး စီးရီးအေ အခြေစိုက် ကစားသမားအများစုနဲ့ လူညီမှုကို ပြသသွားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

နောက်ကျပွဲဖြစ်တဲ့ ကင်းမရွန်းနဲ့ ကိုမိုရို့စ်တို့ပွဲမှာတော့ ဒီပြိုင်ပွဲကို ဗိုလ်စွဲနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ အိမ်ရှင်တွေအနေနဲ့ နာမည်ကြီး ကစားသမားတွေဖြစ်ကြတဲ့ ဇမ်ဘို အွန်ဂီးဆာ၊ ချိုပိုမိုတင်း၊ တိုကို အီကမ်ဘီတို့နဲ့အတူ အသင်းခေါင်းဆောင် ဂိုးသွင်းဘုရင် အဘူဘေကာကိုလည်း တိုက်စစ်မြားဦးမှာ အသုံးပြုလာခဲ့ပါတယ်။

ကိုမိုရို့စ်တို့ကတော့ ဂိုးသမားတွေရော နည်းပြပါ ကိုဗစ်ဖြစ်နေတာကြောင့် အရပ် ၅ ပေ ၈ လက်မသာရှိတဲ့ ပြင်သစ်ဒုတိယတန်း လိဒါကလပ် အာယက်စီယိုရဲ့ ဘယ်နောက်ခံလူ ကျောနံပါတ် ၃ ရှာကာ အယ်လ်ဟာဒါက ဂိုးဝင်ဖမ်းခဲ့ရပြီး ပွဲချိန် ၇ မိနစ်မှာကတည်းက အသင်းခေါင်းဆောင် နောက်ခံလူ အက်ဘ်ဒူကို အီသီယိုးပီးယားဒိုင် တက်ဆီမာက အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာကြောင့် ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသလို ဖြစ်ခဲ့ရတာပါ။

အာဖရိကဖလားပွဲတွေမှာတော့ ခုမှ ရတဲ့ VAR ကို မျောက်အုန်းသီးရသလို အသုံးချနေတာကို တွေ့ရပြီး ဒိုင်လူကြီးတွေအနေနဲ့ မော်နီတာမှာ ကြည့်ဖို့ စိတ်အားထက်သန်လွန်းသလို ပြစ်ဒဏ်နဲ့ ကျူးလွန်မှု မမျှတဲ့ သာမန် ၅၀-၅၀ ထိတွေ့မှုတွေကို အဝါလောက်နဲ့ ပြီးရမယ့်အစား အနီပြနေကြပြီး မနေ့က နိုင်ဂျီးရီးယားနဲ့ပွဲမှာလည်း ရိုးရိုးတန်းတန်း ဘောလုံးယှဉ်လုရင်းနဲ့ အီဝိုဘီ အထုတ်ခံခဲ့ရတာကို တွေ့မြင်ခဲ့ရပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ ကင်းမရွန်းတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ညာခြမ်းကနေ တိုက်စစ်ဆင်လာခဲ့တဲ့ တိုက်စစ်မှူး အဘူဘေကာက ဧရိယာအတွင်းကို ချိုးပေးခဲ့ရာမှာ တွဲဖက်တိုက်စစ်မှူး တိုကို အီကမ်ဘီက ကိုမိုရို့စ်နောက်ခံလူ နှစ်ယောက်ကြားကနေ ဘယ်ဘက်တိုင်ခြေကို ကန်သွင်းပြီး ဂိုးသမား အပုလေးကို အနိုင်ယူသွားခဲ့တာပါ။

ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း ၆၅ မိနစ်မှာတော့ ဒုတိယဂိုး သွင်းယူနိုင်ခဲ့သလို ဒီတစ်ကြိမ်မှာတော့ ကွင်းလယ်ကနေ ဟွန်ဂလာရဲ့ ပေးပို့မှုကို တိုက်စစ်မှူး အဘူဘေကာက ကိုမိုရို့စ်နောက်ခံလူတွေကြားထဲကနေ ပြေးထွက်ပြီး ဂိုးသမားကိုပါ လှည့်စားပြီး အနီးကပ် ကန်သွင်းနိုင်ခဲ့လို့ ကင်းမရွန်းတို့ ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ တစ်ယောက်လျော့ ကိုမိုရို့စ်တို့အတွက် ချေပဂိုးကို ပြင်သစ်အခြေစိုက် ဂွင်ငါး(Guingamp)ကွင်းလယ်လူ အမ်ရှန်ဂါမာက မီတာ ၃၀ လောက်အကွာကနေ ရရှိခဲ့တဲ့ ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်းခဲ့ယူခဲ့ပြီး ဂိုးသမား လက်လှမ်းမမီတဲ့ ဂိုးအပေါ်ထောင့်ကို ဝင်သွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုး ဖြစ်နေခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဒီရလဒ်ကို ကင်းမရွန်းတို့ ထိန်းသိမ်းရယူသွားခဲ့ပြီး ပွဲအပြီးမှာတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ အောင်ပွဲခံနိုင်ခဲ့ကြသလို ကွာတားဖိုင်နယ်အဆင့်မှာတော့ တစ်နေ့တည်း အတူတူကစားခဲ့ကြတဲ့ ဂမ်ဘီယာတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနလၤာေန႔ညမွာ ဆက္လက္က်င္းပတဲ့ ရႈံးထြက္ပြဲစဥ္ေတြမွာေတာ့ နာမည္ႀကီး အိမ္ရွင္ ကင္းမ႐ြန္းတို႔ ကိုမို႐ို႕စ္အေပၚ ပုံစံေကာင္းနဲ႔ ေရွ႕ဆက္ႏိုင္ခဲ့ၾကၿပီး လီဗာပူးလ္ကြင္းလယ္လူ နာဘီ ကီတာကေတာ့ ဒီေန႔မွာ ပါဝင္ကစားႏိုင္ျခင္း မရွိသလို သူ႔ရဲ႕ ဂီနီအသင္းကလည္း ဂမ္ဘီယာကို ရႈံးၿပီး အိမ္ျပန္ခဲ့ရၿပီျဖစ္ပါတယ္။

အေစာပြဲအျဖစ္ ကစားတဲ့ ဂီနီအသင္းအေနနဲ႔ ႐ိုးမားကြင္းလယ္လူ အာမာဒူ ဒီယာဝါရာ၊ RB လိုက္ပ္ဇစ္ကြင္းလယ္လူ အီေလ့စ္ မိုရီဘာတို႔နဲ႔ အသင္းကို ကြာတားဖိုင္နယ္တက္ဖို႔ ျပင္ဆင္လာခဲ့ေပမယ့္ ကီတာကေတာ့ အုပ္စုတြင္းမွာ ဒုတိယအဝါကတ္ထိခဲ့တာေၾကာင့္ အသင္းမွာ မပါႏိုင္ဘဲ အားေလ်ာ့ခဲ့ရတာပါ။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့တဲ့ ပြဲမွာ ခံစစ္ပိုမိုေကာင္းမြန္ၿပီး က်စ္လ်စ္တဲ့ ဂမ္ဘီယာတို႔အေနနဲ႔ ဂီနီကို ထိန္းခ်ဳပ္ကစားသြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ဘိုေလာ့ညာတိုက္စစ္မႉး မူဆာ ဘား႐ိုးက ကြင္းလယ္လူ ယူဆူဖာ ေဘာ့ဘ္ရဲ႕ အေျမာ္အျမင္ရွိတဲ့ ေပးပို႔မႈကေန ဂီနီေနာက္ခံလူတစ္ေယာက္ကို ေက်ာ္ျဖတ္ၿပီးမွ ဂိုးသမားနဲ႔အေတြ႕မွာ တိတိက်က် အဆုံးသတ္သြားႏိုင္ခဲ့တာပါ။

ပြဲအၿပီးမွာေတာ့ အုပ္စုတြင္းမွာ ဝမ္းဇီးရလဒ္ေတြနဲ႔ ရႈံးပြဲမရွိေသးတဲ့ ဂမ္ဘီယာတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဒီေန႔မွာလည္း ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ရႈံးထြက္ ၁၆ သင္းအဆင့္ကေန ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကၿပီး စီးရီးေအ အေျခစိုက္ ကစားသမားအမ်ားစုနဲ႔ လူညီမႈကို ျပသသြားႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ေနာက္က်ပြဲျဖစ္တဲ့ ကင္းမ႐ြန္းနဲ႔ ကိုမို႐ို႕စ္တို႔ပြဲမွာေတာ့ ဒီၿပိဳင္ပြဲကို ဗိုလ္စြဲႏိုင္ဖို႔ ပစ္မွတ္ထားေနတဲ့ အိမ္ရွင္ေတြအေနနဲ႔ နာမည္ႀကီး ကစားသမားေတြျဖစ္ၾကတဲ့ ဇမ္ဘို အြန္ဂီးဆာ၊ ခ်ိဳပိုမိုတင္း၊ တိုကို အီကမ္ဘီတို႔နဲ႔အတူ အသင္းေခါင္းေဆာင္ ဂိုးသြင္းဘုရင္ အဘူေဘကာကိုလည္း တိုက္စစ္ျမားဦးမွာ အသုံးျပဳလာခဲ့ပါတယ္။

ကိုမို႐ို႕စ္တို႔ကေတာ့ ဂိုးသမားေတြေရာ နည္းျပပါ ကိုဗစ္ျဖစ္ေနတာေၾကာင့္ အရပ္ ၅ ေပ ၈ လက္မသာရွိတဲ့ ျပင္သစ္ဒုတိယတန္း လိဒါကလပ္ အာယက္စီယိုရဲ႕ ဘယ္ေနာက္ခံလူ ေက်ာနံပါတ္ ၃ ရွာကာ အယ္လ္ဟာဒါက ဂိုးဝင္ဖမ္းခဲ့ရၿပီး ပြဲခ်ိန္ ၇ မိနစ္မွာကတည္းက အသင္းေခါင္းေဆာင္ ေနာက္ခံလူ အက္ဘ္ဒူကို အီသီယိုးပီးယားဒိုင္ တက္ဆီမာက အနီကတ္နဲ႔ ထုတ္ပယ္ခဲ့တာေၾကာင့္ ရွင္နည္းရာ အဂၢလူထြက္ဆိုသလို ျဖစ္ခဲ့ရတာပါ။

အာဖရိကဖလားပြဲေတြမွာေတာ့ ခုမွ ရတဲ့ VAR ကို ေမ်ာက္အုန္းသီးရသလို အသုံးခ်ေနတာကို ေတြ႕ရၿပီး ဒိုင္လူႀကီးေတြအေနနဲ႔ ေမာ္နီတာမွာ ၾကည့္ဖို႔ စိတ္အားထက္သန္လြန္းသလို ျပစ္ဒဏ္နဲ႔ က်ဴးလြန္မႈ မမွ်တဲ့ သာမန္ ၅၀-၅၀ ထိေတြ႕မႈေတြကို အဝါေလာက္နဲ႔ ၿပီးရမယ့္အစား အနီျပေနၾကၿပီး မေန႔က ႏိုင္ဂ်ီးရီးယားနဲ႔ပြဲမွာလည္း ႐ိုး႐ိုးတန္းတန္း ေဘာလုံးယွဥ္လုရင္းနဲ႔ အီဝိုဘီ အထုတ္ခံခဲ့ရတာကို ေတြ႕ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ကင္းမ႐ြန္းတို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ညာျခမ္းကေန တိုက္စစ္ဆင္လာခဲ့တဲ့ တိုက္စစ္မႉး အဘူေဘကာက ဧရိယာအတြင္းကို ခ်ိဳးေပးခဲ့ရာမွာ တြဲဖက္တိုက္စစ္မႉး တိုကို အီကမ္ဘီက ကိုမို႐ို႕စ္ေနာက္ခံလူ ႏွစ္ေယာက္ၾကားကေန ဘယ္ဘက္တိုင္ေျခကို ကန္သြင္းၿပီး ဂိုးသမား အပုေလးကို အႏိုင္ယူသြားခဲ့တာပါ။

ပထမပိုင္းမွာ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္း ၆၅ မိနစ္မွာေတာ့ ဒုတိယဂိုး သြင္းယူႏိုင္ခဲ့သလို ဒီတစ္ႀကိမ္မွာေတာ့ ကြင္းလယ္ကေန ဟြန္ဂလာရဲ႕ ေပးပို႔မႈကို တိုက္စစ္မႉး အဘူေဘကာက ကိုမို႐ို႕စ္ေနာက္ခံလူေတြၾကားထဲကေန ေျပးထြက္ၿပီး ဂိုးသမားကိုပါ လွည့္စားၿပီး အနီးကပ္ ကန္သြင္းႏိုင္ခဲ့လို႔ ကင္းမ႐ြန္းတို႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ တစ္ေယာက္ေလ်ာ့ ကိုမို႐ို႕စ္တို႔အတြက္ ေခ်ပဂိုးကို ျပင္သစ္အေျခစိုက္ ဂြင္ငါး(Guingamp)ကြင္းလယ္လူ အမ္ရွန္ဂါမာက မီတာ ၃၀ ေလာက္အကြာကေန ရရွိခဲ့တဲ့ ဖရီးကစ္ကို တိုက္႐ိုက္ကန္သြင္းခဲ့ယူခဲ့ၿပီး ဂိုးသမား လက္လွမ္းမမီတဲ့ ဂိုးအေပၚေထာင့္ကို ဝင္သြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုး ျဖစ္ေနခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဒီရလဒ္ကို ကင္းမ႐ြန္းတို႔ ထိန္းသိမ္းရယူသြားခဲ့ၿပီး ပြဲအၿပီးမွာေတာ့ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ကြာတားဖိုင္နယ္အဆင့္မွာေတာ့ တစ္ေန႔တည္း အတူတူကစားခဲ့ၾကတဲ့ ဂမ္ဘီယာတို႔နဲ႔ ဆက္လက္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.