International Match Report

မာနေးရဲ့ ဆီနီဂေါနဲ့ အစဉ်အလာရှိတဲ့ မော်ရိုကိုတို့ပဲ ကွာတားတက်တဲ့ အာဖရိကဖလား

ဒီနေ့မှာတော့ ဆီနီဂေါအသင်းက ၁၀ နာရီခွဲ အစောပွဲကို ကစားခဲ့ကြပြီး တိုက်စစ်ကို လီဗာပူးလ်တိုက်စစ်မှူး မာနေးက ဦးဆောင်လာခဲ့သလို ချဲလ်ဆီးဂိုးသမား အေဒူယာ မန်ဒီ၊ ဘိုင်ယန်မြူးနစ်ညာနောက်ခံလူ ဘူနာဆားရ်၊ နာပိုလီနောက်ခံလူ ကူလီဘေလီ၊ ပီအက်စ်ဂျီနောက်ခံလူ အက်ဘ်ဒူ ဒီယယ်လို၊ ကွင်းလယ်လူ ဂါနာ ဂေးယီ၊ လက်စတာရဲ့ နမ်ပလီ မန်ဒီ၊ ဗီလာရီးရဲလ်တိုက်စစ်မှူး ဘူလာယေး ဒီယားတို့နဲ့ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးလူတွေကို ခင်ကျင်းလာခဲ့ပါတယ်။

ကာဘို ဗာဒီလို့ နိုင်ငံရဲ့ တရားဝင်အမည်ကို ပြောင်းလဲထားခဲ့တဲ့ ကိပ်ဗာဒီကတော့ နာမည်မကြီးတဲ့ ကစားသမားတွေနဲ့ပဲ ယှဉ်ပြိုင်ခဲ့ပြီး ပွဲချိန် ၂၁ မိနစ်မှာတော့ ဆီနီဂေါကွင်းလယ်လူ ပါပီ ဂေးယီကို ဘောလုံးလုရင်း တက်နင်းမိတဲ့ ပက်ထရစ် အန်ဒရာဒေးကို ဒီပြိုင်ပွဲရဲ့ တက်မနင်းရ ထုံးစံအတိုင်းပဲ အဝါပြပြီးမှ VAR ပြန်ကြည့်ပြီး အနီပြခဲ့သလို ဒိုင်တွေရဲ့ အဆင့်အတန်းကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့တာပါ။

လျှောထိုးဖျက်ထုတ်မှုမျိုး မဟုတ်ဘဲ သာမန်အနေအထားမှာ တက်နင်းမိရုံနဲ့ အနီပြနေတဲ့ ဒီပြိုင်ပွဲရဲ့ ပထမပိုင်းမှာ တစ်ယောက်အသာနဲ့ စကစားခဲ့ရတဲ့ ဆီနီဂေါတို့ ဂိုးသွင်းယူနိုင်ခြင်းတော့ မရှိခဲ့ဘဲ တောင့်ခံသွားကြတဲ့ ကိပ်ဗာဒီတွေကြောင့် ဂိုးမရှိသရေပဲဖြစ်နေခဲ့ပြီး နာမည်ကြီးတွေကလည်း အခွင့်အရေးတချို့ကို အသုံးမချနိုင်ဘဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ ဂိုးသမား မန်ဒီ ကန်တင်လိုက်တဲ့ ဘောလုံးကို လိုက်လံရယူတဲ့ ဆီနီဂေါတိုက်စစ်မှူး မာနေးကို ဂိုးဧရိယာအပြင်မှာ ထွက်ထားရင်း ဘောလုံးမထိဘဲ တိုက်မိခဲ့တဲ့ ကိပ်ဗာဒီဂိုးသမား ဗိုဇင်ညာကို အယ်လ်ဂျီးရီးယားဒိုင်လူကြီး ဘင်ဘရာဟမ်က VAR ပြန်ကြည့်ပြီး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပြန်တာကြောင့် ၉ ယောက်-၁၁ ယောက် ဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ နှစ်ယောက်သာသွားတဲ့ ဆီနီဂေါတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ ကျလာတဲ့ ဘောလုံးကို ကွက်တိနေရာယူထားနိုင်ခဲ့တဲ့ မာနေးက ကန်သွင်းခဲ့ရာမှာ ဂိုးဘားတန်းနဲ့ ကပ်ဝင်သွားခဲ့ပြီး လူစားဝင်လာတဲ့ ဂိုးသမား မာစီယို ရိုဆာ မကာကွယ်နိုင်ခဲ့လို့ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဒဏ်ရာအနည်းငယ်ရသွားခဲ့တဲ့ မာနေးအစား မာဆေးလ်တိုက်စစ်မှူး ဒီယန်းကို ထည့်သွင်းခဲ့ပြီး နာကျင်အချိန် ၂ မိနစ်မှာတော့ သူက ဆီနီဂေါတို့အတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ အာဖရိကခြင်္သေ့တွေက နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

နောက်ကျပွဲစဉ်ဖြစ်တဲ့ မော်ရိုကိုနဲ့ မာလာဝီတို့ရဲ့ ပွဲစဉ်မှာတော့ မော်ရိုကိုဘက်က နာမည်ကြီးကစားသမားတွေဖြစ်ကြတဲ့ အန်နက်ဆီရီနဲ့ ဟာကီမီတို့ သွင်းယူပေးခဲ့တဲ့ ဂိုးတွေနဲ့ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် ဒီနေ့မှာ ဆက်လက်ကစားမယ့် အိုင်ဗရီကို့စ်နဲ့ အီဂျစ်တို့ပွဲက အနိုင်ရသူနဲ့ တွေ့ဆုံမှာဖြစ်ပြီး ဆီနီဂေါတို့ကတော့ မာလီနဲ့ အီကွေတိုရီယယ် ဂီနီတို့ပွဲက အနိုင်ရသူနဲ့ ကစားရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီေန႔မွာေတာ့ ဆီနီေဂါအသင္းက ၁၀ နာရီခြဲ အေစာပြဲကို ကစားခဲ့ၾကၿပီး တိုက္စစ္ကို လီဗာပူးလ္တိုက္စစ္မႉး မာေနးက ဦးေဆာင္လာခဲ့သလို ခ်ဲလ္ဆီးဂိုးသမား ေအဒူယာ မန္ဒီ၊ ဘိုင္ယန္ျမဴးနစ္ညာေနာက္ခံလူ ဘူနာဆားရ္၊ နာပိုလီေနာက္ခံလူ ကူလီေဘလီ၊ ပီအက္စ္ဂ်ီေနာက္ခံလူ အက္ဘ္ဒူ ဒီယယ္လို၊ ကြင္းလယ္လူ ဂါနာ ေဂးယီ၊ လက္စတာရဲ႕ နမ္ပလီ မန္ဒီ၊ ဗီလာရီးရဲလ္တိုက္စစ္မႉး ဘူလာေယး ဒီယားတို႔နဲ႔ ဒီၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးလူေတြကို ခင္က်င္းလာခဲ့ပါတယ္။

ကာဘို ဗာဒီလို႔ ႏိုင္ငံရဲ႕ တရားဝင္အမည္ကို ေျပာင္းလဲထားခဲ့တဲ့ ကိပ္ဗာဒီကေတာ့ နာမည္မႀကီးတဲ့ ကစားသမားေတြနဲ႔ပဲ ယွဥ္ၿပိဳင္ခဲ့ၿပီး ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ဆီနီေဂါကြင္းလယ္လူ ပါပီ ေဂးယီကို ေဘာလုံးလုရင္း တက္နင္းမိတဲ့ ပက္ထရစ္ အန္ဒရာေဒးကို ဒီၿပိဳင္ပြဲရဲ႕ တက္မနင္းရ ထုံးစံအတိုင္းပဲ အဝါျပၿပီးမွ VAR ျပန္ၾကည့္ၿပီး အနီျပခဲ့သလို ဒိုင္ေတြရဲ႕ အဆင့္အတန္းကေတာ့ ေမးခြန္းထုတ္စရာျဖစ္ခဲ့တာပါ။

ေလွ်ာထိုးဖ်က္ထုတ္မႈမ်ိဳး မဟုတ္ဘဲ သာမန္အေနအထားမွာ တက္နင္းမိ႐ုံနဲ႔ အနီျပေနတဲ့ ဒီၿပိဳင္ပြဲရဲ႕ ပထမပိုင္းမွာ တစ္ေယာက္အသာနဲ႔ စကစားခဲ့ရတဲ့ ဆီနီေဂါတို႔ ဂိုးသြင္းယူႏိုင္ျခင္းေတာ့ မရွိခဲ့ဘဲ ေတာင့္ခံသြားၾကတဲ့ ကိပ္ဗာဒီေတြေၾကာင့္ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ၿပီး နာမည္ႀကီးေတြကလည္း အခြင့္အေရးတခ်ိဳ႕ကို အသုံးမခ်ႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဂိုးသမား မန္ဒီ ကန္တင္လိုက္တဲ့ ေဘာလုံးကို လိုက္လံရယူတဲ့ ဆီနီေဂါတိုက္စစ္မႉး မာေနးကို ဂိုးဧရိယာအျပင္မွာ ထြက္ထားရင္း ေဘာလုံးမထိဘဲ တိုက္မိခဲ့တဲ့ ကိပ္ဗာဒီဂိုးသမား ဗိုဇင္ညာကို အယ္လ္ဂ်ီးရီးယားဒိုင္လူႀကီး ဘင္ဘရာဟမ္က VAR ျပန္ၾကည့္ၿပီး တိုက္႐ိုက္ အနီကတ္နဲ႔ ထုတ္ပယ္ခဲ့ျပန္တာေၾကာင့္ ၉ ေယာက္-၁၁ ေယာက္ ျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ႏွစ္ေယာက္သာသြားတဲ့ ဆီနီေဂါတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန က်လာတဲ့ ေဘာလုံးကို ကြက္တိေနရာယူထားႏိုင္ခဲ့တဲ့ မာေနးက ကန္သြင္းခဲ့ရာမွာ ဂိုးဘားတန္းနဲ႔ ကပ္ဝင္သြားခဲ့ၿပီး လူစားဝင္လာတဲ့ ဂိုးသမား မာစီယို ႐ိုဆာ မကာကြယ္ႏိုင္ခဲ့လို႔ ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဒဏ္ရာအနည္းငယ္ရသြားခဲ့တဲ့ မာေနးအစား မာေဆးလ္တိုက္စစ္မႉး ဒီယန္းကို ထည့္သြင္းခဲ့ၿပီး နာက်င္အခ်ိန္ ၂ မိနစ္မွာေတာ့ သူက ဆီနီေဂါတို႔အတြက္ အႏိုင္ေသခ်ာေစမယ့္ဂိုးကို သြင္းယူေပးခဲ့တာေၾကာင့္ ပြဲအၿပီးမွာ အာဖရိကျခေသၤ့ေတြက ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ေနာက္က်ပြဲစဥ္ျဖစ္တဲ့ ေမာ္႐ိုကိုနဲ႔ မာလာဝီတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ေမာ္႐ိုကိုဘက္က နာမည္ႀကီးကစားသမားေတြျဖစ္ၾကတဲ့ အန္နက္ဆီရီနဲ႔ ဟာကီမီတို႔ သြင္းယူေပးခဲ့တဲ့ ဂိုးေတြနဲ႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့တာေၾကာင့္ ဒီေန႔မွာ ဆက္လက္ကစားမယ့္ အိုင္ဗရီကို႔စ္နဲ႔ အီဂ်စ္တို႔ပြဲက အႏိုင္ရသူနဲ႔ ေတြ႕ဆုံမွာျဖစ္ၿပီး ဆီနီေဂါတို႔ကေတာ့ မာလီနဲ႔ အီေကြတိုရီယယ္ ဂီနီတို႔ပြဲက အႏိုင္ရသူနဲ႔ ကစားရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.