Premier League

ဟာဇက်ကို စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်ခေါ်နိုင်မယ့် လမ်းပြမြေပုံကို ပေးအပ်ခဲ့တဲ့ စတီဗင် ဂျရတ်

မာရီနာ ဂရာနော့ဗ်စကားယာဟာ အီဒင် ဟာဇက်ကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ကယ်တင်မယ့် ချဲလ်ဆီးရဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလ စစ်ဆင်ရေးအတွက် လမ်းပြမြေပုံကို ပေးအပ်ခြင်း ခံခဲ့ရပါတယ်။

ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ ၂၀၁၉ ခုနှစ်မှာ အချက်အားလုံး အသက်ဝင်ခဲ့မယ်ဆိုရင် ပေါင်သန်း ၁၅၀ ဝန်းကျင် တန်ကြေးရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကနေ ဘာနေဗျူးကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ အီဒင် ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အနောက်လန်ဒန်မှာတုန်းက မကြာခဏ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရစေတဲ့ ခြေစွမ်းမျိုး ပြန်လည်ပြသဖို့အတွက် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ၎င်းရဲ့ အရင်တုန်းက ခြေစွမ်းအတိုင်း လျှပ်တပြက် ပြသနေခဲ့ပေမယ့်လည်း ဒဏ်ရာ ဆက်တိုက် ရရှိနေမှုက အသက် ၃၁ နှစ်အရွယ် တောင်ပံကစားသမားကို ပုံမှန်ခြေစွမ်းပြသနေတဲ့ ဗင်နစ်ရှပ် ဂျူနီယာနဲ့ အဆန်စီယိုတို့ထက် ပွဲထွက်ကစားချိန် မရရှိအောင် အနှောင့်အယှက်ပေးနေတာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာတွေရဲ့ ထိုးနှက်မှု ဆက်တိုက် ခံနေရပေမယ့်လည်း ဟာဇက်ဟာ ၎င်းရဲ့ အရည်အချင်းတွေကို အရေးကြီးတဲ့ပွဲစဉ်တွေနဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ပြသနိုင်ဆဲဖြစ်ပြီး အဲဒီအချက်တွေက ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ အိမ်ပြန်ခရီးဖြစ်လာနိုင်တယ်ဆိုတာကို သက်သေတွေအဖြစ် မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။

ဟာဇက်အတွက် စိတ်ခံစားမှုတွေက စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်သွားဖို့အတွက် လမ်းခင်းပေးထားပေမယ့် ၎င်းရဲ့ ပြန်လည်ပြောင်းရွှေ့မှုကို အမျိုးမျိုးသော နည်းဗျူဟာပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေက တူဟယ်ရဲ့ တိုက်စစ် ၃ ဦးကို နောက်ထပ်အဆင့်သစ်တစ်ခုကို ယူဆောင်ပေးနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှုရှိလာစေတာဖြစ်ပါတယ်။

ဖိလစ်ပီ ကော်တင်ညိုရဲ့ ဒဏ္ဍာရီဆန်ဆန် ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လာမှုက ၎င်းရဲ့ ကစားသမားဘဝကို ပြန်လည် အသက်သွင်းနိုင်ခဲ့ပုံပေါ်ခဲ့ပြီး နူးကမ့်မှာ ဘရာဇီးလ်ကြယ်ပွင့်ရဲ့ အမြင့်မားဆုံးအလားအလာကို ကန့်သတ်ထားခဲ့တဲ့ အမျိုးမျိုးသော အကြောင်းအချက်တွေနဲ့ ရင်ဆိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ စတီဗင် ဂျရတ်ရဲ့ နည်းနည်းစွန့်စားပြီး ကြီးမားတဲ့ဆုလာဘ် ရရှိမှုက ချဲလ်ဆီးဘုတ်အဖွဲ့ကို ဟာဇက်အတွက် အပြောင်းအရွှေ့ကို ဘယ်လို အပြီးသတ်သင့်လဲဆိုတဲ့ လမ်းပြမြေပုံကို ပေးအပ်ခဲ့သလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

El Nacional ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က ဟာဇက်အနေနဲ့ အနောက်လန်ဒန်ကိုသာ ပြန်လည်ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ၎င်းရဲ့ အဆင့်အတန်းက ပြန်လည်မြင့်တက်လာနိုင်တယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ယင်းသတင်းကပဲ ဆက်လက်ပြီး ဟာဇက်ဟာ နယူးကာဆယ်လ် ယူနိုက်တက်အသင်းဆီကနေ စိတ်ဝင်စားခြင်း ခံခဲ့ရပေမယ့်လည်း ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက်သာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာချင်တဲ့ ဆန္ဒကို ရှင်းရှင်းလင်းလင်း သိအောင် ပြောဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ နှလုံးသားဟာ ချဲလ်ဆီးအသင်းဆီမှာပဲ ရှိနေခဲ့တာကြောင့် အေဘရာမိုဗစ်ချ်နဲ့ မာရီနာ ဂရာနော့ဗ်စကားယာတို့အနေနဲ့ အားနည်းနေပြီး ခြေမမှန်တဲ့ လက်ရှိကွင်းလယ်ကစားသမားတွေကြောင့် ရလဒ်တွေ ကျဆင်းနေတဲ့ ချဲလ်ဆီးအသင်းကွင်းလယ်ကို ချက်ချင်းအင်အားဖြည့်တင်းဖို့ ဟာဇက်အတွက် ပေါင် ၃၃ သန်းလိုချင်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ညှိနှိုင်းပြီး အက်စတန် ဗီလာအသင်းလိုမျိုး ဘယ်လို ဘဏ္ဍာရေးပိုင်းဆိုင်ရာ ဆုံးရှုံးမှုမရှိနိုင်တဲ့ အပြောင်းအရွှေ့မျိုး မဖြစ်မနေ လုပ်ဆောင်သင့်ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မာရီနာ ဂရာေနာ့ဗ္စကားယာဟာ အီဒင္ ဟာဇက္ကို ရီးရဲလ္မက္ဒရစ္အသင္းကေန ကယ္တင္မယ့္ ခ်ဲလ္ဆီးရဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလ စစ္ဆင္ေရးအတြက္ လမ္းျပေျမပုံကို ေပးအပ္ျခင္း ခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းဟာ ၂၀၁၉ ခုႏွစ္မွာ အခ်က္အားလုံး အသက္ဝင္ခဲ့မယ္ဆိုရင္ ေပါင္သန္း ၁၅၀ ဝန္းက်င္ တန္ေၾကးရွိတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကေန ဘာေနဗ်ဴးကို ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။ အီဒင္ ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ အေနာက္လန္ဒန္မွာတုန္းက မၾကာခဏ ကမၻာ့အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရေစတဲ့ ေျခစြမ္းမ်ိဳး ျပန္လည္ျပသဖို႔အတြက္ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ၎ရဲ့ အရင္တုန္းက ေျခစြမ္းအတိုင္း လၽွပ္တျပက္ ျပသေနခဲ့ေပမယ့္လည္း ဒဏ္ရာ ဆက္တိုက္ ရရွိေနမႈက အသက္ ၃၁ ႏွစ္အရြယ္ ေတာင္ပံကစားသမားကို ပုံမွန္ေျခစြမ္းျပသေနတဲ့ ဗင္နစ္ရွပ္ ဂ်ဴနီယာနဲ႔ အဆန္စီယိုတို႔ထက္ ပြဲထြက္ကစားခ်ိန္ မရရွိေအာင္ အေႏွာင့္အယွက္ေပးေနတာျဖစ္ပါတယ္။

ဒဏ္ရာျပႆနာေတြရဲ့ ထိုးႏွက္မႈ ဆက္တိုက္ ခံေနရေပမယ့္လည္း ဟာဇက္ဟာ ၎ရဲ့ အရည္အခ်င္းေတြကို အေရးႀကီးတဲ့ပြဲစဥ္ေတြနဲ႔ နိုင္ငံတကာပြဲစဥ္ေတြမွာ ျပသနိုင္ဆဲျဖစ္ၿပီး အဲဒီအခ်က္ေတြက ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ့ အိမ္ျပန္ခရီးျဖစ္လာနိုင္တယ္ဆိုတာကို သက္ေသေတြအျဖစ္ မီးေမာင္းထိုးျပေနတာျဖစ္ပါတယ္။

ဟာဇက္အတြက္ စိတ္ခံစားမႈေတြက စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ျပန္သြားဖို႔အတြက္ လမ္းခင္းေပးထားေပမယ့္ ၎ရဲ့ ျပန္လည္ေျပာင္းေရႊ႕မႈကို အမ်ိဳးမ်ိဳးေသာ နည္းဗ်ဴဟာပိုင္းဆိုင္ရာ ဆြဲေဆာင္မႈေတြက တူဟယ္ရဲ့ တိုက္စစ္ ၃ ဦးကို ေနာက္ထပ္အဆင့္သစ္တစ္ခုကို ယူေဆာင္ေပးနိုင္လိမ့္မယ္ဆိုတဲ့ ယုံၾကည္မႈရွိလာေစတာျဖစ္ပါတယ္။

ဖိလစ္ပီ ေကာ္တင္ညိဳရဲ့ ဒ႑ာရီဆန္ဆန္ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေရႊ႕လာမႈက ၎ရဲ့ ကစားသမားဘဝကို ျပန္လည္ အသက္သြင္းနိုင္ခဲ့ပုံေပၚခဲ့ၿပီး ႏူးကမ့္မွာ ဘရာဇီးလ္ၾကယ္ပြင့္ရဲ့ အျမင့္မားဆုံးအလားအလာကို ကန႔္သတ္ထားခဲ့တဲ့ အမ်ိဳးမ်ိဳးေသာ အေၾကာင္းအခ်က္ေတြနဲ႔ ရင္ဆိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာ ျဖစ္ပါတယ္။ စတီဗင္ ဂ်ရတ္ရဲ့ နည္းနည္းစြန႔္စားၿပီး ႀကီးမားတဲ့ဆုလာဘ္ ရရွိမႈက ခ်ဲလ္ဆီးဘုတ္အဖြဲ႕ကို ဟာဇက္အတြက္ အေျပာင္းအေရႊ႕ကို ဘယ္လို အၿပီးသတ္သင့္လဲဆိုတဲ့ လမ္းျပေျမပုံကို ေပးအပ္ခဲ့သလို ျဖစ္ခဲ့တာျဖစ္ပါတယ္။

El Nacional ရဲ့ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္က ဟာဇက္အေနနဲ႔ အေနာက္လန္ဒန္ကိုသာ ျပန္လည္ေျပာင္းေရႊ႕ခဲ့မယ္ဆိုရင္ ကမၻာေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ၎ရဲ့ အဆင့္အတန္းက ျပန္လည္ျမင့္တက္လာနိုင္တယ္လို႔ ယုံၾကည္ေနေၾကာင္း သိရပါတယ္။

ယင္းသတင္းကပဲ ဆက္လက္ၿပီး ဟာဇက္ဟာ နယူးကာဆယ္လ္ ယူနိုက္တက္အသင္းဆီကေန စိတ္ဝင္စားျခင္း ခံခဲ့ရေပမယ့္လည္း ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္သာ ရီးရဲလ္မက္ဒရစ္ကို စြန႔္ခြာခ်င္တဲ့ ဆႏၵကို ရွင္းရွင္းလင္းလင္း သိေအာင္ ေျပာဆိုခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ႕ ႏွလုံးသားဟာ ခ်ဲလ္ဆီးအသင္းဆီမွာပဲ ရွိေနခဲ့တာေၾကာင့္ ေအဘရာမိုဗစ္ခ်္နဲ႔ မာရီနာ ဂရာေနာ့ဗ္စကားယာတို႔အေနနဲ႔ အားနည္းေနျပီး ေျခမမွန္တဲ့ လက္ရိွကြင္းလယ္ကစားသမားေတြေၾကာင့္ ရလဒ္ေတြ က်ဆင္းေနတဲ့ ခ်ဲလ္ဆီးအသင္းကြင္းလယ္ကို ခ်က္ခ်င္းအင္အားျဖည့္တင္းဖို႔ ဟာဇက္အတြက္ ေပါင္ ၃၃ သန္းလိုခ်င္ေနတဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ညႇိႏႈိင္းၿပီး အက္စတန္ ဗီလာအသင္းလိုမ်ိဳး ဘယ္လို ဘ႑ာေရးပိုင္းဆိုင္ရာ ဆုံးရႈံးမႈမရွိႏိုင္တဲ့ အေျပာင္းအေ႐ႊ႕မ်ိဳး မျဖစ္မေန လုပ္ေဆာင္သင့္ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.