Match Report Premier League

အဲဗာတန်ကို နောက်ခံလူ ဒီညီရဲ့ ဖန်တီးမှုနဲ့ ဂွတ်ဒီဆန်ပါ့ခ်မှာ အနိုင်ယူခဲ့တဲ့ ဗီလာ

အဲဗာတန်အသင်းအနေနဲ့ ဒီနေ့မှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ပဲ့ကိုင်ရှင်သစ် ဒန်ကန် ဖာဂူဆန်ရဲ့ လက်ထဲမှာ ၄-၄-၂ ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး ရစ်ချာလစ်ဆန်၊ ကဲလ်ဗတ်-လူဝင်၊ ဒီမာရိုင် ဂရေး၊ တောင်းဆန်းတို့ တိုက်စစ်မှာ စုဖွဲ့လာခဲ့ကြသလို ကွင်းလယ်မှာတော့ ဒူကူရေးနဲ့ အန်ဒရီ ဂိုမက်စ်တို့က အဖျက်စစ်စစ် မပါဘဲ ကစားခဲ့ကြချိန်မှာ ခံစစ်မှာတော့ လူဟောင်းတွေနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။

ဗီလာတို့ကတော့ ရောက်ရောက်ချင်း First Line-up ပေးထားတဲ့ ဒီညီနဲ့ တိုင်ရုန်းမင်းစ်၊ ကွန်ဆာ၊ ကတ်ရှ်တို့ကို ခံစစ်မှာ ထားခဲ့ပြီး ကွင်းလယ်မှာ မက်ဂင်း ပြန်ပါလာခဲ့သလို ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ ရမ်ဆေးတို့နဲ့ တွဲကစားခဲ့ပြီး တိုက်စစ်မှာတော့ ဝပ်ကင်းစ်ကို ကော်တင်ညိုနဲ့ ဘွင်ဒီယာတို့ တောင်အမေရိကသားနှစ်ဦးက လိုက်ပါပံ့ပိုးသွားခဲ့တာပါ။

အိမ်ကွင်းမှာ အဲဗာတန်တို့ ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် ဗီလာတို့က ပိုပြီး ထိရောက်တဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပြီး ဒီညီ၊ ဂျရတ်နဲ့ ကော်တင်ညိုတို့ သုံးယောက်က မာဆေးဆိုက်ဒ်ရဲ့ ဂွတ်ဒီဆန်ပါ့ခ်မှာ အိမ်ရှင်တွေကို ဖီဆန်ဖို့ အဓိက အင်အားပြခဲ့ကြတဲ့ ရန်ဘက်တွေဖြစ်ခဲ့ကြလို ပွဲချိန် ၈ မိနစ်မှာ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ ဖရီးကစ်ကလည်း အသည်းယားစရာဖြစ်ခဲ့ရပါတယ်။

ဗီလာတို့ရဲ့ ဘွင်ဒီယာ ကစားပုံက တော်တော်လေး ကောင်းခဲ့ပြီး ကွင်းလယ်မှာ သူ့လက်သူ့ခြေဖြစ်နေခဲ့သလို အဲဗာတန်တို့ရဲ့ ကြိုးစားမှုတွေကတော့ ဂိုးပေါက်နဲ့ ရန်ဖြစ်ထားသလိုပဲဖြစ်နေခဲ့ပြီး ဧည့်သည်တွေရဲ့ ကြိုကြားကြိုကြား တိုက်စစ်ဆင်မှုတွေကိုတော့ အိမ်ရှင်တွေ အသည်းအသန်ပဲ ဖျက်ထုတ်နေခဲ့ရပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဧည့်သည်ဗီလာတို့ အဖွင့်ဂိုး ရရှိခဲ့ပြီး ညာထောင့်ကန်ဘောကို နောက်ခံလူ ဒီညီ ကန်တင်ပေးရာမှာ ကွင်းလယ်ကစားသမား ဘွင်ဒီယာက သူ့ကို ကပ်ထားတဲ့ တစ်ဖက်ခံစစ်ကို ခွာထွက်ပြီး နောက်ပြန်နီးပါးချိုးပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင် အဲဗာတန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တာပါ။

ဒီဂိုးကို ဖန်တီးပေးခဲ့တဲ့ ထောင့်ကန်ဘောနဲ့ ပေးပို့သူ အဲဗာတန်နောက်ခံလူဟောင်း ဒီညီကတော့ အောင်ပွဲခံစဉ်မှာ လက်ဖြောင့်တဲ့ အိမ်ရှင်ပရိသတ်တစ်ဦးရဲ့ အချိုရည်ပုလင်းနဲ့ ခေါင်းတည့်တည့်ကို ပစ်ပေါက်တာ ခံခဲ့ရပြီး စနိုက်ပါဆန်တဲ့ ပစ်ချက်ကတော့ ညာနောက်ခံလူ မက်တီ ကတ်ရှ်ကိုပါ အဖျားခတ်ခဲ့သေးတာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အဲဗာတန်တို့ ဖိကစားပေမယ့် သူတို့ရဲ့ တိုက်စစ်ကတော့ ဖောက်လည်းဖောက်ဖောက်၊ ကန်လည်းကန်ကန်ပဲဖြစ်နေခဲ့ပြီး ဂိုးပေါက်နဲ့ ဘယ်လိုမှ မနီးစပ်ခဲ့သလို ဗီလာဘက်က ကောင်တာကနေ ဝပ်ကင်းစ်ပေးတဲ့ ဘောလုံးကို ကော်တင်ညိုသာ နေရာယူပုံနဲ့ နားလည်မှု မလွဲခဲ့ရင် နောက်တစ်ဂိုးတောင် ထပ်ရနိုင်ခဲ့သေးတာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ ထောင့်ကန်ဘောက ကဲလ်ဗတ်-လူဝင် ခေါင်းတိုက်ချပေးတာကို ဂေါ့ဖရီရဲ့ ခေါင်းတိုက်ချက်က ဂိုးပေါက်တည့်ခဲ့ပေမယ့် ဗီလာနောက်ခံလူ တိုင်ရုန်းမင်းစ်က ခေါင်းတိုက်ရှင်းနိုင်ခဲ့လို့ အိမ်ရှင် အဲဗာတန်တို့ နစ်နာခဲ့ရသလို တောင်ပံကနေ ဖြတ်တင်မှုတွေ ကောင်းခဲ့ပေမယ့်လည်း ရှေ့တန်းအဖျက်သမားတွေက ဖျက်ထုတ်ဖို့ တာဝန်ကျေခဲ့တယ်လို့ လှောင်ပြောင်ဖို့သာ ထိုက်တန်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ အမြင့်ဘောတွေကနေ အိမ်ရှင် တော်ဖီတွေ ချေပဂိုးရဖို့ ဝိုင်းဝန်းကြိုးစားခဲ့ကြသေးပေမယ့်လည်း ခေါင်းတိုက်တယ်ဆိုတာ ဘာလဲလို့ မေးယူရမယ့် အဖြစ်တွေကြောင့် ဂွတ်ဒီဆန်ပါ့ခ်ပရိသတ်တွေ စိတ်ပျက်ခဲ့ကြရပြီး ပွဲချိန်အပြည့်မှာတော့ ဧည့်သည် ဗီလိန်တွေ ပထမပိုင်းက ဘွင်ဒီယာရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် အိမ်ရှင် အဲဗာတန်တို့ ပွဲ ၂၀ ကစားအပြီးမှာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေခဲ့ပြီး တန်းဆင်းဇုန်နားက မခွာရက်ဘဲ ဖြစ်ခဲ့ရချိန်မှာ ဧည့်သည် ဗီလာတို့ကတော့ နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ပြန်လည်ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲဗာတန္အသင္းအေနနဲ႔ ဒီေန႔မွာ ယာယီနည္းျပအျဖစ္ ကိုင္တြယ္ခဲ့တဲ့ ပဲ့ကိုင္ရွင္သစ္ ဒန္ကန္ ဖာဂူဆန္ရဲ႕ လက္ထဲမွာ ၄-၄-၂ ပုံစံနဲ႔ ပြဲထြက္ခဲ့ၿပီး ရစ္ခ်ာလစ္ဆန္၊ ကဲလ္ဗတ္-လူဝင္၊ ဒီမာ႐ိုင္ ဂေရး၊ ေတာင္းဆန္းတို႔ တိုက္စစ္မွာ စုဖြဲ႕လာခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ဒူကူေရးနဲ႔ အန္ဒရီ ဂိုမက္စ္တို႔က အဖ်က္စစ္စစ္ မပါဘဲ ကစားခဲ့ၾကခ်ိန္မွာ ခံစစ္မွာေတာ့ လူေဟာင္းေတြနဲ႔ပဲ ပြဲထြက္လာခဲ့ပါတယ္။

ဗီလာတို႔ကေတာ့ ေရာက္ေရာက္ခ်င္း First Line-up ေပးထားတဲ့ ဒီညီနဲ႔ တိုင္႐ုန္းမင္းစ္၊ ကြန္ဆာ၊ ကတ္ရွ္တို႔ကို ခံစစ္မွာ ထားခဲ့ၿပီး ကြင္းလယ္မွာ မက္ဂင္း ျပန္ပါလာခဲ့သလို ေဒါက္ဂလပ္စ္ လူးဝစ္ဇ္၊ ရမ္ေဆးတို႔နဲ႔ တြဲကစားခဲ့ၿပီး တိုက္စစ္မွာေတာ့ ဝပ္ကင္းစ္ကို ေကာ္တင္ညိဳနဲ႔ ဘြင္ဒီယာတို႔ ေတာင္အေမရိကသားႏွစ္ဦးက လိုက္ပါပံ့ပိုးသြားခဲ့တာပါ။

အိမ္ကြင္းမွာ အဲဗာတန္တို႔ ဖိကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဗီလာတို႔က ပိုၿပီး ထိေရာက္တဲ့ ကစားဟန္ကို ျပသႏိုင္ခဲ့ၿပီး ဒီညီ၊ ဂ်ရတ္နဲ႔ ေကာ္တင္ညိဳတို႔ သုံးေယာက္က မာေဆးဆိုက္ဒ္ရဲ႕ ဂြတ္ဒီဆန္ပါ့ခ္မွာ အိမ္ရွင္ေတြကို ဖီဆန္ဖို႔ အဓိက အင္အားျပခဲ့ၾကတဲ့ ရန္ဘက္ေတြျဖစ္ခဲ့ၾကလို ပြဲခ်ိန္ ၈ မိနစ္မွာ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ရဲ႕ ဖရီးကစ္ကလည္း အသည္းယားစရာျဖစ္ခဲ့ရပါတယ္။

ဗီလာတို႔ရဲ႕ ဘြင္ဒီယာ ကစားပုံက ေတာ္ေတာ္ေလး ေကာင္းခဲ့ၿပီး ကြင္းလယ္မွာ သူ႔လက္သူ႔ေျချဖစ္ေနခဲ့သလို အဲဗာတန္တို႔ရဲ႕ ႀကိဳးစားမႈေတြကေတာ့ ဂိုးေပါက္နဲ႔ ရန္ျဖစ္ထားသလိုပဲျဖစ္ေနခဲ့ၿပီး ဧည့္သည္ေတြရဲ႕ ႀကိဳၾကားႀကိဳၾကား တိုက္စစ္ဆင္မႈေတြကိုေတာ့ အိမ္ရွင္ေတြ အသည္းအသန္ပဲ ဖ်က္ထုတ္ေနခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ဧည့္သည္ဗီလာတို႔ အဖြင့္ဂိုး ရရွိခဲ့ၿပီး ညာေထာင့္ကန္ေဘာကို ေနာက္ခံလူ ဒီညီ ကန္တင္ေပးရာမွာ ကြင္းလယ္ကစားသမား ဘြင္ဒီယာက သူ႔ကို ကပ္ထားတဲ့ တစ္ဖက္ခံစစ္ကို ခြာထြက္ၿပီး ေနာက္ျပန္နီးပါးခ်ိဳးၿပီး ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ပထမပိုင္းမွာ အိမ္ရွင္ အဲဗာတန္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့တာပါ။

ဒီဂိုးကို ဖန္တီးေပးခဲ့တဲ့ ေထာင့္ကန္ေဘာနဲ႔ ေပးပို႔သူ အဲဗာတန္ေနာက္ခံလူေဟာင္း ဒီညီကေတာ့ ေအာင္ပြဲခံစဥ္မွာ လက္ေျဖာင့္တဲ့ အိမ္ရွင္ပရိသတ္တစ္ဦးရဲ႕ အခ်ိဳရည္ပုလင္းနဲ႔ ေခါင္းတည့္တည့္ကို ပစ္ေပါက္တာ ခံခဲ့ရၿပီး စႏိုက္ပါဆန္တဲ့ ပစ္ခ်က္ကေတာ့ ညာေနာက္ခံလူ မက္တီ ကတ္ရွ္ကိုပါ အဖ်ားခတ္ခဲ့ေသးတာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ အဲဗာတန္တို႔ ဖိကစားေပမယ့္ သူတို႔ရဲ႕ တိုက္စစ္ကေတာ့ ေဖာက္လည္းေဖာက္ေဖာက္၊ ကန္လည္းကန္ကန္ပဲျဖစ္ေနခဲ့ၿပီး ဂိုးေပါက္နဲ႔ ဘယ္လိုမွ မနီးစပ္ခဲ့သလို ဗီလာဘက္က ေကာင္တာကေန ဝပ္ကင္းစ္ေပးတဲ့ ေဘာလုံးကို ေကာ္တင္ညိဳသာ ေနရာယူပုံနဲ႔ နားလည္မႈ မလြဲခဲ့ရင္ ေနာက္တစ္ဂိုးေတာင္ ထပ္ရႏိုင္ခဲ့ေသးတာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာက ကဲလ္ဗတ္-လူဝင္ ေခါင္းတိုက္ခ်ေပးတာကို ေဂါ့ဖရီရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးေပါက္တည့္ခဲ့ေပမယ့္ ဗီလာေနာက္ခံလူ တိုင္႐ုန္းမင္းစ္က ေခါင္းတိုက္ရွင္းႏိုင္ခဲ့လို႔ အိမ္ရွင္ အဲဗာတန္တို႔ နစ္နာခဲ့ရသလို ေတာင္ပံကေန ျဖတ္တင္မႈေတြ ေကာင္းခဲ့ေပမယ့္လည္း ေရွ႕တန္းအဖ်က္သမားေတြက ဖ်က္ထုတ္ဖို႔ တာဝန္ေက်ခဲ့တယ္လို႔ ေလွာင္ေျပာင္ဖို႔သာ ထိုက္တန္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ အျမင့္ေဘာေတြကေန အိမ္ရွင္ ေတာ္ဖီေတြ ေခ်ပဂိုးရဖို႔ ဝိုင္းဝန္းႀကိဳးစားခဲ့ၾကေသးေပမယ့္လည္း ေခါင္းတိုက္တယ္ဆိုတာ ဘာလဲလို႔ ေမးယူရမယ့္ အျဖစ္ေတြေၾကာင့္ ဂြတ္ဒီဆန္ပါ့ခ္ပရိသတ္ေတြ စိတ္ပ်က္ခဲ့ၾကရၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ဧည့္သည္ ဗီလိန္ေတြ ပထမပိုင္းက ဘြင္ဒီယာရဲ႕ သြင္းဂိုးတစ္ဂိုးတည္းနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ အိမ္ရွင္ အဲဗာတန္တို႔ ပြဲ ၂၀ ကစားအၿပီးမွာ ရမွတ္ ၁၉ မွတ္နဲ႔ အဆင့္ ၁၆ မွာ ရပ္တည္ေနခဲ့ၿပီး တန္းဆင္းဇုန္နားက မခြာရက္ဘဲ ျဖစ္ခဲ့ရခ်ိန္မွာ ဧည့္သည္ ဗီလာတို႔ကေတာ့ ေနာက္ဆုံးသုံးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္မႈကို အဆုံးသတ္ႏိုင္ခဲ့ၿပီး ရမွတ္ ၂၆ မွတ္နဲ႔ အဆင့္ ၁၀ ေနရာမွာ ျပန္လည္ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.