Premier League Serie A

ဗလာဟိုဗစ်ချ်အတွက် မျှော်လင့်ချက်နည်းလာလို့ ပရီးမီးယားလိဂ်ကို မြှားဦးပြန်လှည့်လာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနားအသင်းကနေ ဗလာဟိုဗစ်ချ်ကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် ဇန်နဝါရီအပြောင်းအရွှေ့ဖြစ်နိုင်ခြေအဖြစ် အဲဗာတန်တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်ကို ဆက်လက်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဒေါမနစ် ကဲလ်ဗတ်-လူဝင်ဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက အာဆင်နယ်ရဲ့ ပစ်မှတ်ထဲမှာ ရှိနေခဲ့သူဖြစ်ပြီး အဲဗာတန်ကြယ်ပွင့်ဟာ အာဆင်နယ်နည်းပြအဖွဲ့ကို အံ့အားသင့်စေခဲ့တာကြောင့် ခေါ်ယူနိုင်ဖွယ်ရှိတဲ့စာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေတာဖြစ်ပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ ကဲလ်ဗတ်-လူဝင်ဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ထဲမှာ အခိုင်အမာရှိနေဆဲဖြစ်တယ်လို့ သိရပြီး Transfer Centre live show မှာ Sky Sports သတင်းထောက် ဒါးမတ်ရှ် ရှက်တ်က အဲဗာတန်တိုက်စစ်မှူးဟာ ယခုလမှာ စောင့်ကြည့်မယ့်သူတစ်ယောက်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်က ဒေါမနစ် ကဲလ်ဗတ်-လူဝင်ကိုလည်း မျက်စိဒေါက်ထောက် စောင့်ကြည့်နေပါတယ်။ ဒီ အပြောင်းအရွှေ့ကာမှာ သူ့အတွက် သဘောတူညီမှုရဖို့က အရမ်းခက်ခဲမှာပါ။ ဒါပေမယ့် ဒီလတစ်လလုံးမှာ စောင့်ကြည့်ရမယ့်သူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပြီး လာမယ့်နွေရာသီမှာလည်း စောင့်ကြည့်ရနိုင်ခြေရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဖီအိုရင်တီးနားအသင်းဟာ အာဆင်နယ်အသင်းဆီကနေ ဒူဆန် ဗလာဟိုဗစ်ချ်အတွက် ကမ်းလှမ်းမှု လက်ခံရရှိခဲ့ပေမယ့်လည်း ဆားဘီးယားတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှု အနည်းငယ်သာ ရှိပုံပေါ်ပါတယ်။

ကြာသပတေးနေ့က La Nazione ကို စကားပြောဆိုရာမှာ ဖီအိုရင်တီးနား အားကစားဒါရိုက်တာ ဂျိုး ဘာရိုနီက ပရီးမီးယားလိဂ်ကလပ်အသင်းဟာ ဗလာဟိုဗစ်ချ်အတွက် ဖီအိုရင်တီးနားအသင်းကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ “အင်္ဂလိပ်ကလပ်အသင်းက ဗလာဟိုဗစ်ချ်ကို လိုချင်နေတယ်။ ဒါပေမယ့် သူ့မှာ တခြားစိတ်ကူးရှိတာ ထင်ရှားပါတယ်။ ကျွန်တော်တို့ ညှိနှိုင်းဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် သူနဲ့ သူ့အေးဂျင့်က စကားမပြောချင်ပါဘူး”

ဒါပေမယ့်လည်း ကစားသမားက အင်္ဂလန်မှာ ကစားချင်တဲ့ဆန္ဒရှိပုံ မပေါ်ခြင်းနဲ့ အေးဂျင့်နဲ့ ဖီအိုရင်တီးနားအသင်းတို့ကြား ဆက်သွယ်ပြောဆိုမှု နည်းပါးခြင်းတို့ကြောင့် ရှုပ်ထွေးနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆားဘီးယားတိုက်စစ်မှူးကို ခေါ်ယူဖို့ အာဆင်နယ်ရဲ့ မျှော်လင့်ချက်ဟာ ဂျူဗင်တပ်အသင်းကြောင့် လွင့်ပျောက်သွားဖွယ်ရှိတယ်လို့ သိရပြီး Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်ဟာ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးပေါင် ၅၈ သန်းအတွက် ပေါင် ၂၉ သန်းအပြင် ကူလူဆပ်ဗ်စကီကိုပါ အလိုက်ပေးကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အီတလီက သတင်းတွေကလည်း ဖီအိုရင်တီးနားအသင်းဟာ ကစားသမားကို အာဆင်နယ်အသင်းဆီ ရောင်းချလိမ့်မယ်လို့ ဖော်ပြခဲ့ပေမယ့် ဗလာဟိုဗစ်ချ်က အာဆင်နယ်ရဲ့ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ပြီး ချန်ပီယံလိဂ် ကစားခွင့် ရရှိမယ့် ဂျူဗင်တပ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

ကဲလ်ဗတ်-လူဝင်ဟာ အဲဗာတန်အသင်းမှာ နည်းပြအပြောင်းအလဲက ၎င်းရဲ့ အကောင်းဆုံးပုံစံကို ပြန်လည် ရရှိနိုင်ဖို့ ဖြစ်လာမယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး နည်းပြသစ် ဒန်ကန် ဖာဂူဆန်ဟာ ယခုအပတ် အက်စတန် ဗီလာနဲ့ပွဲစဉ်မှာ တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ဗလာဟိုဗစ်ချ်အကြောင်းထက် ကဲလ်ဗတ်-လူဝင်အတွက် အကောင်းဘက်က ပြောစရာအများကြီးရှိနေပြီး အဲဗာတန်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံများစွာရှိတဲ့ ကစားသမားဖြစ်နေတာက ပထမအချက်ဖြစ်ပါတယ်။

အရေးကြီးတဲ့နောက်တစ်ချက်ကတော့ အာဆင်နယ်ရဲ့ လက်ရှိ အပြောင်းအရွှေ့စံနှုန်းနဲ့ ကွက်တိအံဝင်နိုင်လောက်အောင် ငယ်ရွယ်နေသေးတဲ့ ကစားသမားဖြစ်နေတာဖြစ်ပြီး ဗလာဟိုဗစ်ချ်ရဲ့ အပြောင်းအရွှေ့က မဖြစ်နိုင်တော့ဘူးဆိုရင် ကဲလ်ဗတ်လူဝင်က ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ သတင်းတွေအရတော့ အဲဗာတန်အသင်းဟာ ဒေါမနစ် ကဲလ်ဗတ်-လူဝင်အတွက် ပေါင်သန်း ၆၀ လိုချင်နေတယ်ဆိုပေမယ့် အာဆင်နယ်အတွက် အဲဒီလောက် ကုန်ကျခဲ့မယ်ဆိုရင်တောင် ခေါ်ယူသင့်တဲ့ ကစားသမားလို့ သုံးသပ်မိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ဖီအိုရင္တီးနားအသင္းကေန ဗလာဟိုဗစ္ခ်္ကို မေခၚယူနိုင္ခဲ့ဘူးဆိုရင္ ဇန္နဝါရီအေျပာင္းအေရႊ႕ျဖစ္နိုင္ေျခအျဖစ္ အဲဗာတန္တိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ကို ဆက္လက္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက အာဆင္နယ္ရဲ့ ပစ္မွတ္ထဲမွာ ရွိေနခဲ့သူျဖစ္ၿပီး အဲဗာတန္ၾကယ္ပြင့္ဟာ အာဆင္နယ္နည္းျပအဖြဲ႕ကို အံ့အားသင့္ေစခဲ့တာေၾကာင့္ ေခၚယူနိုင္ဖြယ္ရွိတဲ့စာရင္းထဲမွာ ထိပ္ဆုံးကေန ပါဝင္ေနတာျဖစ္ပါတယ္။

Sky Sports ရဲ့ ေဖာ္ျပခ်က္အရ ကဲလ္ဗတ္-လူဝင္ဟာ အာဆင္နယ္အသင္းရဲ့ ပစ္မွတ္ထဲမွာ အခိုင္အမာရွိေနဆဲျဖစ္တယ္လို႔ သိရၿပီး Transfer Centre live show မွာ Sky Sports သတင္းေထာက္ ဒါးမတ္ရွ္ ရွက္တ္က အဲဗာတန္တိုက္စစ္မႉးဟာ ယခုလမွာ ေစာင့္ၾကည့္မယ့္သူတစ္ေယာက္လို႔ ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္က ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ကိုလည္း မ်က္စိေဒါက္ေထာက္ ေစာင့္ၾကည့္ေနပါတယ္။ ဒီ အေျပာင္းအေရႊ႕ကာမွာ သူ႔အတြက္ သေဘာတူညီမႈရဖို႔က အရမ္းခက္ခဲမွာပါ။ ဒါေပမယ့္ ဒီလတစ္လလုံးမွာ ေစာင့္ၾကည့္ရမယ့္သူတစ္ေယာက္ ျဖစ္ေကာင္းျဖစ္နိုင္ၿပီး လာမယ့္ေႏြရာသီမွာလည္း ေစာင့္ၾကည့္ရနိုင္ေျခရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဖီအိုရင္တီးနားအသင္းဟာ အာဆင္နယ္အသင္းဆီကေန ဒူဆန္ ဗလာဟိုဗစ္ခ်္အတြက္ ကမ္းလွမ္းမႈ လက္ခံရရွိခဲ့ေပမယ့္လည္း ဆားဘီးယားတိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ဖို႔ စိတ္ဝင္စားမႈ အနည္းငယ္သာ ရွိပုံေပၚပါတယ္။

ၾကာသပေတးေန႔က La Nazione ကို စကားေျပာဆိုရာမွာ ဖီအိုရင္တီးနား အားကစားဒါရိုက္တာ ဂ်ိဳး ဘာရိုနီက ပရီးမီးယားလိဂ္ကလပ္အသင္းဟာ ဗလာဟိုဗစ္ခ်္အတြက္ ဖီအိုရင္တီးနားအသင္းကို ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။ “အဂၤလိပ္ကလပ္အသင္းက ဗလာဟိုဗစ္ခ်္ကို လိုခ်င္ေနတယ္။ ဒါေပမယ့္ သူ႔မွာ တျခားစိတ္ကူးရွိတာ ထင္ရွားပါတယ္။ ကၽြန္ေတာ္တို႔ ညႇိႏွိုင္းဖို႔ အဆင္သင့္ပဲ။ ဒါေပမယ့္ သူနဲ႔ သူ႔ေအးဂ်င့္က စကားမေျပာခ်င္ပါဘူး”

ဒါေပမယ့္လည္း ကစားသမားက အဂၤလန္မွာ ကစားခ်င္တဲ့ဆႏၵရွိပုံ မေပၚျခင္းနဲ႔ ေအးဂ်င့္နဲ႔ ဖီအိုရင္တီးနားအသင္းတို႔ၾကား ဆက္သြယ္ေျပာဆိုမႈ နည္းပါးျခင္းတို႔ေၾကာင့္ ရႈပ္ေထြးေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆားဘီးယားတိုက္စစ္မႉးကို ေခၚယူဖို႔ အာဆင္နယ္ရဲ့ ေမၽွာ္လင့္ခ်က္ဟာ ဂ်ဴဗင္တပ္အသင္းေၾကာင့္ လြင့္ေပ်ာက္သြားဖြယ္ရွိတယ္လို႔ သိရၿပီး Gazzetta dello Sport ရဲ့ ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္ဟာ အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္မႉးကို ေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကးေပါင္ ၅၈ သန္းအတြက္ ေပါင္ ၂၉ သန္းအျပင္ ကူလူဆပ္ဗ္စကီကိုပါ အလိုက္ေပးကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

အီတလီက သတင္းေတြကလည္း ဖီအိုရင္တီးနားအသင္းဟာ ကစားသမားကို အာဆင္နယ္အသင္းဆီ ေရာင္းခ်လိမ့္မယ္လို႔ ေဖာ္ျပခဲ့ေပမယ့္ ဗလာဟိုဗစ္ခ်္က အာဆင္နယ္ရဲ့ ခ်ဥ္းကပ္မႈကို ျငင္းပယ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ ကစားခြင့္ ရရွိမယ့္ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ခ်င္ေနတယ္လို႔ သိရပါတယ္။

ကဲလ်ဗတ်-လူဝင်ဟာ အဲဗာတန်အသင်းမှာ နည်းပြအပြောင်းအလဲက ၎င်းရဲ့ အကောင်းဆုံးပုံစံကို ပြန်လည် ရရှိနိုင်ဖို့ ဖြစ်လာမယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး နည်းပြသစ် ဒန်ကန် ဖာဂူဆန်ဟာ ယခုအပတ် အက်စတန် ဗီလာနဲ့ပွဲစဉ်မှာ တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ဗလာဟိုဗစ်ချ်အကြောင်းထက် ကဲလ်ဗတ်-လူဝင်အတွက် အကောင်းဘက်က ပြောစရာအများကြီးရှိနေပြီး အဲဗာတန်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံများစွာရှိတဲ့ ကစားသမားဖြစ်နေတာက ပထမအချက်ဖြစ်ပါတယ်။

အရေးကြီးတဲ့နောက်တစ်ချက်ကတော့ အာဆင်နယ်ရဲ့ လက်ရှိ အပြောင်းအရွှေ့စံနှုန်းနဲ့ ကွက်တိအံဝင်နိုင်လောက်အောင် ငယ်ရွယ်နေသေးတဲ့ ကစားသမားဖြစ်နေတာဖြစ်ပြီး ဗလာဟိုဗစ်ချ်ရဲ့ အပြောင်းအရွှေ့က မဖြစ်နိုင်တော့ဘူးဆိုရင် ကဲလ်ဗတ်လူဝင်က ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ သတင်းတွေအရတော့ အဲဗာတန်အသင်းဟာ ဒေါမနစ် ကဲလ်ဗတ်-လူဝင်အတွက် ပေါင်သန်း ၆၀ လိုချင်နေတယ်ဆိုပေမယ့် အာဆင်နယ်အတွက် အဲဒီလောက် ကုန်ကျခဲ့မယ်ဆိုရင်တောင် ခေါ်ယူသင့်တဲ့ ကစားသမားလို့ သုံးသပ်မိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.