Match Report Premier League

လက်စတာနိုင်ပွဲနဲ့ အဆင့် ၃ အထိပါ သင်္ချာနည်းအရ သိမ်းလိုက်တဲ့ ကွန်တီရဲ့ စပါးစ်

လက်စတာအသင်းအနေနဲ့ ဒီနေ့ပွဲကို အိမ်ကွင်းမှာ ဧည့်ခံကစားခွင့်ရခဲ့ပြီး တိုက်စစ်မှူး ဗာဒီ မပါဝင်နိုင်သေးပေမယ့် တီးလီးမန်းစ်၊ မက်ဒီဆန်၊ ဒါကာ၊ လွတ်ခ်မန်းတို့လို ကစားသမားတွေ ပါဝင်လာခဲ့သလို ကစားကွက်အပြောင်းအလဲအနေနဲ့ ၃-၅-၂ ပုံစံကို ပြောင်းလဲကစားခဲ့ပြီး ခံစစ်သိပ်မပိုင်တဲ့ အယ်လ်ဘရိုက်တန်နဲ့ သောမတ်စ်တို့အတွက် နည်းပြ ဘရန်ဒန် ရော့ဂျားစ်က ပြင်ဆင်လာခဲ့ပါတယ်။

စပါးစ်ကလည်း ဆွန်ဟောင်မင် မပါဝင်နိုင်ချိန်မှာ ၃-၅-၂ နဲ့ပဲ ဆက်ကစားခဲ့ပြီး ကွင်းလယ်ကို အဓိက အားပြုသွားခဲ့သလို ကစားအားကောင်းတဲ့ ဟွိုင်ဘယာ့ဂ်နဲ့ စကစ်ပ်တို့ အတွဲကြားမှာ ဟာရီဝင့်ခ်စ်ကိုပါ ထည့်သွင်းသွားခဲ့ချိန်မှာ တိုက်စစ်ကိုတော့ ဟာရီကိန်းနဲ့ လူးကပ်စ် မော်ရာတို့က ဦးဆောင်ခဲ့ကြပြီး ရက်ဂီယွန်နဲ့ အီမာဆန် ရိုယဲလ်တို့ကတော့ ကွန်တီအကြိုက် တောင်ပံတွေမှာ ပံ့ပိုးပေးနိုင်ခဲ့ကြတာပါ။

ကောင်တာသန်တဲ့ နှစ်သင်းစလုံးအနေနဲ့ ကိုယ်တိုက်စစ်ဆင်ချိန်ထက် သူများဘက်က တိုက်စစ်ဆင်ချိန်ကို ပိုမိုအကြိုက်တွေ့ခဲ့ကြပြီး တိုက်စစ် ကွာလတီ ပိုကောင်းတဲ့ ဟာရီကိန်းတို့အဖွဲ့ရဲ့ ထိုးဖောက်မှုတွေကို လက်စတာဂိုးသမားနဲ့ ခံစစ်က သတိကြီးကြီးနဲ့ အသည်းအသန် ကာကွယ်နေခဲ့ရပါတယ်။

ပွဲချိန် ၈ မိနစ်မှာ ဟာရီကိန်းရဲ့ ကန်ချက်က ဂိုးသမား ရှမိုက်ကယ်ကို ဖြတ်ကျော်ပြီး ဂိုးထဲကို သွားခဲ့ပေမယ့် နောက်ခံလူ သောမတ်စ်က နောက်ပေါက်နဲ့ ရှင်းထုတ်နိုင်ခဲ့သလို ပွဲချိန် ၁၈ မိနစ်မှာ အင်္ဂလန်ကပ္ပတိန်ရဲ့ ခေါင်းတိုက်ချက်ကတော့ ဘားတန်းကိုပဲ မှန်ခဲ့ပြီး ပွဲချိန် ၂၁ မိနစ်မှာလည်း လူးကပ်စ် မော်ရာရဲ့ တစ်ကိုယ်တော်ကန်ချက်ကို ရှမိုက်ကယ်ပဲ ပုတ်ထုတ်ခဲ့ရပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ အဖွင့်ဂိုးကို လက်စတာတို့ သွင်းယူနိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ ချိုးပေးလိုက်တဲ့ ဘောလုံးကို လွတ်ခ်မန်းနဲ့ ဒါကာတို့ ဝမ်းတူးရိုက်ပြီး ဒါကာ ပြန်ချိုးပေးခဲ့ရာမှာ လွတ်ခ်မန်း ရယူရာမှာ စပါးစ်ခံစစ်နဲ့ထိပြီး ပြန်ထွက်လာတာကို ဒါကာက ထွက်လာတဲ့ ဂိုးသမား လိုရစ်ကို အမြန်ကျော်ကန်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စပါးစ်တို့ ပိုမိုဖိကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့် ၂၇ ကြိမ်အထိ ရှာဖွေနိုင်ခဲ့တဲ့ပွဲမှာ ဒီတိုက်စစ်အင်အားက အလကားတော့ မဖြစ်ခဲ့ဘဲ ပွဲချိန် ၃၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဟာရီကိန်းက သူတို့တွေရဲ့ လွဲချော်နေမှုတွေကို ကုစားပေးနိုင်ခဲ့ပြီး ခံစစ်မှာ လူမရှိလို့ ဝင်ကစားနေတဲ့ ချောက်ဒရီနဲ့ ဆိုယွန်ကျူးတို့ကြားကနေ ဂိုးသမား ရှမိုက်ကယ်ကို ဘေးကနေ သေသေသပ်သပ်ကန်သွင်းပြီး ချေပဂိုး ရယူပေးခဲ့တာပါ။

လက်စတာခံစစ်က ဗက်စ်တာဂါ့ဒ်ကတော့ တော်တော်လေး နှေးကွေးလေးလံနေခဲ့ပြီး တွဲဖက်ကစားသမား ဆိုယွန်ကျူးကို ဝန်ပိစေခဲ့သလို စပါးစ်ရဲ့ လူကျွံထောင်ချောက် ဖြတ်ကျော်မှုတွေကတော့ သူ့ကြောင့် လွယ်ကူခဲ့ရပြီး ပထမပိုင်းမှာ ဟာရီကိန်း လွဲချော်နေခဲ့လို့ တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာဖြစ်သလို တကယ်တမ်းမှာ အိမ်ရှင်တွေ မရှုမလှဖြစ်သင့်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာ စပါးစ်တို့ ဆက်တိုက်ဖိကစားနေခဲ့ကြပြီး အခွင့်အရေးတွေ ရခဲ့ပေမယ့် သုံးကြိမ်လောက်ကို ဆက်တိုက် ဖြုန်းတီးပစ်ခဲ့သလို လူမစုံရတဲ့အထဲ ပုံပြောင်းထားတဲ့ လက်စတာကတော့ ကွန်တီရဲ့ ဉာဏ်ကောင်းတဲ့ ကွင်းလယ်သုံးယောက်တန်း ကစားအားနဲ့ ဟာရီကိန်းတို့ တိုက်စစ်ရဲ့ လွတ်လွတ်လပ်လပ် တိုက်စစ်ဆင်မှုမှာ ခံစစ်သာ ကစားနေခဲ့ရတာပါ။

ညာခြမ်းက အီမာဆန် ရိုယဲလ်အစား ဝင်လာတဲ့ ဒိုဟာတီရဲ့ တိုက်စစ်ပံ့ပိုးမှုတွေက ပြေးလွှားမှုနဲ့ တိုးဝင်မှုတွေထက် နေရာလွတ်တွေမှာ စောင့်ပြီး ဖြတ်တင်ဘောတွေ လုပ်ပေးနိုင်ခဲ့တာက ထိရောက်ခဲ့သလို ကွန်တီရဲ့ ဒုတိယပိုင်း လူစားပြောင်းလဲမှုက လက်စတာခံစစ်တွေနဲ့ ဂိုးသမား ရှမိုက်ကယ်တို့ကို အလူးအလဲဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၇၆ မိနစ်မှာတော့ ဒုတိယပိုင်း စတကည်းက ဖိကစားနေတဲ့ စပါးစ်တို့ ခံလိုက်ရပြန်ပြီး ကစားအား အနည်းငယ် လျှော့ချချိန်မှာ ကွင်းလယ်ကနေ လက်စတာတို့ရဲ့ တိုက်စစ်ဆင်မှုမှာ ဟာဗီဘန်းစ်နဲ့ မက်ဒီဆန်တို့ နှစ်ယောက်တည်း ထိုးဖောက်လာခဲ့ပြီး ဘန်းစ် အသာလေး ချန်ပေးခဲ့တဲ့ ဘောလုံးကို ပြေးဝင်လာတဲ့ မက်ဒီဆန်က ကန်သွင်းခဲ့ရာမှာ တန်ဂန်ဂါနဲ့ ထိပြီး လမ်းကြောင်းအနည်းငယ်ပြောင်းပြီး အိမ်ရှင်တွေ ထပ်မံဦးဆောင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရတဲ့ စပါးစ်နည်းပြ ကွန်တီအတွက်တော့ ပစ်စရာဖဲ တစ်ချပ်သာ ကျန်ရှိတော့ချိန်မှာ ဖောင်ဖျက်ကစားဖို့အတွက် ရက်ဂီယွန်အစား ဘာ့ဂ်ဗိုင်းကို ပွဲချိန် ၇၉ မိနစ်မှာ လူစားလဲခဲ့ပြီး လက်စတာတို့ကတော့ ကွင်းလယ်ကို ထိန်းကျောင်းဖို့ ဂျူးစ်ဘာရီ-ဟောလ်အစား ဆူမာရေးကို ထည့်သွင်းပြီး ဘောလုံးကိုင်ဖို့ ကြိုးစားလာခဲ့တာပါ။

ပွဲချိန် မိနစ် ၉၀ အထိ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပြီး လက်စတာတို့ နိုင်ပြီလို့ ထင်ခဲ့ကြပေမယ့် နာကျင်အချိန်ပို ၅ မိနစ်မှာတော့ စပါးစ်တို့ ပြန်လည် ချေပနိုင်ခဲ့ပြီး ဟာရီ ဝင့်ခ်စ်ရဲ့ အမြော်အမြင်ရှိရှိ ပေးပို့မှုကို ညာခြမ်းကနေ တိုးဝင်ထိုးဖောက်ခဲ့တဲ့ ဒိုဟာတီနဲ့ တစ်ဖက်နောက်တန်းတွေ ထွေးလုံးရစ်ပတ်ဖြစ်ပြီး လဲကျချိန်မှာ နောက်က ပါလာတဲ့ ဘာ့ဂ်ဗိုင်းက ကန်သွင်းပြီး နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

Come Back ပေးခဲ့ရတာကို မကျေနပ်တဲ့ လက်စတာတို့ စပေးဘောပေးတာနဲ့ ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးက ပြန်ပျက်ခဲ့ပြီး နာကျင် အချိန်ပို ၇ မိနစ်မှာတော့ ဟာရီကိန်းက အလျင်အမြန် ထိုးပေးခဲ့ရာမှာ နှေးကွေးလေးလံတဲ့ အိမ်ရှင်ခံစစ်ကြားကနေ ပြေးထွက်သွားခဲ့တဲ့ ဘာ့ဂ်ဗိုင်းကပဲ ဂိုးသမား ရှမိုက်ကယ်နဲ့ တစ်ယောက်ချင်းအတွေ့မှာ ကျော်ဖြတ်ပြီး ချိုးကန်သွင်းယူခဲ့ရာမှာ အဝေးတိုင်ခြေကို ဝင်သွားခဲ့လို့ ရိုးရိုး Come Back ကနေ သုံးဂိုး-နှစ်ဂိုးနဲ့ Come Back Win ပါ ဖြစ်သွားခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဟာရီတွေ ခြေစွမ်းပြခဲ့တဲ့ စပါးစ်တို့ သုံးဂိုး-နှစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ၁၉ ပွဲ ကစားအပြီးမှာ ရမှတ် ၃၆ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နိုင်ခဲ့သလို အဆင့် ၄ က ဝက်စ်ဟမ်းထက် ၃ ပွဲ လျှော့ကစားပြီး တစ်မှတ်သာ နည်းနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်က သူတို့လက်ကို ရောက်ခဲ့ပြီလို့ ဆိုနိုင်ခဲ့ချိန်မှာ အဆင့် ၆ က အာဆင်နယ်ကိုသာ သရေအနည်းဆုံးကစားပြီး ကျန်ပွဲတွေမှာ ခြေမချော်ခဲ့ရင် ၂၀၂၂ ကတော့ စပါးစ်နဲ့ ကွန်တီတို့ရဲ့ နှစ်အဖြစ် ၄ ပွဲနဲ့ ၈ မှတ်အကွာက ချဲလ်ဆီးရဲ့ အဆင့် ၃ ကိုပါ မှန်းနိုင်ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္စတာအသင္းအေနနဲ႔ ဒီေန႔ပြဲကို အိမ္ကြင္းမွာ ဧည့္ခံကစားခြင့္ရခဲ့ၿပီး တိုက္စစ္မႉး ဗာဒီ မပါဝင္ႏိုင္ေသးေပမယ့္ တီးလီးမန္းစ္၊ မက္ဒီဆန္၊ ဒါကာ၊ လြတ္ခ္မန္းတို႔လို ကစားသမားေတြ ပါဝင္လာခဲ့သလို ကစားကြက္အေျပာင္းအလဲအေနနဲ႔ ၃-၅-၂ ပုံစံကို ေျပာင္းလဲကစားခဲ့ၿပီး ခံစစ္သိပ္မပိုင္တဲ့ အယ္လ္ဘ႐ိုက္တန္နဲ႔ ေသာမတ္စ္တို႔အတြက္ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က ျပင္ဆင္လာခဲ့ပါတယ္။

စပါးစ္ကလည္း ဆြန္ေဟာင္မင္ မပါဝင္ႏိုင္ခ်ိန္မွာ ၃-၅-၂ နဲ႔ပဲ ဆက္ကစားခဲ့ၿပီး ကြင္းလယ္ကို အဓိက အားျပဳသြားခဲ့သလို ကစားအားေကာင္းတဲ့ ဟြိဳင္ဘယာ့ဂ္နဲ႔ စကစ္ပ္တို႔ အတြဲၾကားမွာ ဟာရီဝင့္ခ္စ္ကိုပါ ထည့္သြင္းသြားခဲ့ခ်ိန္မွာ တိုက္စစ္ကိုေတာ့ ဟာရီကိန္းနဲ႔ လူးကပ္စ္ ေမာ္ရာတို႔က ဦးေဆာင္ခဲ့ၾကၿပီး ရက္ဂီယြန္နဲ႔ အီမာဆန္ ႐ိုယဲလ္တို႔ကေတာ့ ကြန္တီအႀကိဳက္ ေတာင္ပံေတြမွာ ပံ့ပိုးေပးႏိုင္ခဲ့ၾကတာပါ။

ေကာင္တာသန္တဲ့ ႏွစ္သင္းစလုံးအေနနဲ႔ ကိုယ္တိုက္စစ္ဆင္ခ်ိန္ထက္ သူမ်ားဘက္က တိုက္စစ္ဆင္ခ်ိန္ကို ပိုမိုအႀကိဳက္ေတြ႕ခဲ့ၾကၿပီး တိုက္စစ္ ကြာလတီ ပိုေကာင္းတဲ့ ဟာရီကိန္းတို႔အဖြဲ႕ရဲ႕ ထိုးေဖာက္မႈေတြကို လက္စတာဂိုးသမားနဲ႔ ခံစစ္က သတိႀကီးႀကီးနဲ႔ အသည္းအသန္ ကာကြယ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာ ဟာရီကိန္းရဲ႕ ကန္ခ်က္က ဂိုးသမား ရွမိုက္ကယ္ကို ျဖတ္ေက်ာ္ၿပီး ဂိုးထဲကို သြားခဲ့ေပမယ့္ ေနာက္ခံလူ ေသာမတ္စ္က ေနာက္ေပါက္နဲ႔ ရွင္းထုတ္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၁၈ မိနစ္မွာ အဂၤလန္ကပၸတိန္ရဲ႕ ေခါင္းတိုက္ခ်က္ကေတာ့ ဘားတန္းကိုပဲ မွန္ခဲ့ၿပီး ပြဲခ်ိန္ ၂၁ မိနစ္မွာလည္း လူးကပ္စ္ ေမာ္ရာရဲ႕ တစ္ကိုယ္ေတာ္ကန္ခ်က္ကို ရွမိုက္ကယ္ပဲ ပုတ္ထုတ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ အဖြင့္ဂိုးကို လက္စတာတို႔ သြင္းယူႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းကေန ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို လြတ္ခ္မန္းနဲ႔ ဒါကာတို႔ ဝမ္းတူး႐ိုက္ၿပီး ဒါကာ ျပန္ခ်ိဳးေပးခဲ့ရာမွာ လြတ္ခ္မန္း ရယူရာမွာ စပါးစ္ခံစစ္နဲ႔ထိၿပီး ျပန္ထြက္လာတာကို ဒါကာက ထြက္လာတဲ့ ဂိုးသမား လိုရစ္ကို အျမန္ေက်ာ္ကန္သြင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

စပါးစ္တို႔ ပိုမိုဖိကစားႏိုင္ခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၂၇ ႀကိမ္အထိ ရွာေဖြႏိုင္ခဲ့တဲ့ပြဲမွာ ဒီတိုက္စစ္အင္အားက အလကားေတာ့ မျဖစ္ခဲ့ဘဲ ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဟာရီကိန္းက သူတို႔ေတြရဲ႕ လြဲေခ်ာ္ေနမႈေတြကို ကုစားေပးႏိုင္ခဲ့ၿပီး ခံစစ္မွာ လူမရွိလို႔ ဝင္ကစားေနတဲ့ ေခ်ာက္ဒရီနဲ႔ ဆိုယြန္က်ဴးတို႔ၾကားကေန ဂိုးသမား ရွမိုက္ကယ္ကို ေဘးကေန ေသေသသပ္သပ္ကန္သြင္းၿပီး ေခ်ပဂိုး ရယူေပးခဲ့တာပါ။

လက္စတာခံစစ္က ဗက္စ္တာဂါ့ဒ္ကေတာ့ ေတာ္ေတာ္ေလး ေႏွးေကြးေလးလံေနခဲ့ၿပီး တြဲဖက္ကစားသမား ဆိုယြန္က်ဴးကို ဝန္ပိေစခဲ့သလို စပါးစ္ရဲ႕ လူကြၽံေထာင္ေခ်ာက္ ျဖတ္ေက်ာ္မႈေတြကေတာ့ သူ႔ေၾကာင့္ လြယ္ကူခဲ့ရၿပီး ပထမပိုင္းမွာ ဟာရီကိန္း လြဲေခ်ာ္ေနခဲ့လို႔ တစ္ဂိုးစီ သေရရလဒ္သာ ထြက္ေပၚခဲ့တာျဖစ္သလို တကယ္တမ္းမွာ အိမ္ရွင္ေတြ မရႈမလွျဖစ္သင့္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းအစမွာ စပါးစ္တို႔ ဆက္တိုက္ဖိကစားေနခဲ့ၾကၿပီး အခြင့္အေရးေတြ ရခဲ့ေပမယ့္ သုံးႀကိမ္ေလာက္ကို ဆက္တိုက္ ျဖဳန္းတီးပစ္ခဲ့သလို လူမစုံရတဲ့အထဲ ပုံေျပာင္းထားတဲ့ လက္စတာကေတာ့ ကြန္တီရဲ႕ ဉာဏ္ေကာင္းတဲ့ ကြင္းလယ္သုံးေယာက္တန္း ကစားအားနဲ႔ ဟာရီကိန္းတို႔ တိုက္စစ္ရဲ႕ လြတ္လြတ္လပ္လပ္ တိုက္စစ္ဆင္မႈမွာ ခံစစ္သာ ကစားေနခဲ့ရတာပါ။

ညာျခမ္းက အီမာဆန္ ႐ိုယဲလ္အစား ဝင္လာတဲ့ ဒိုဟာတီရဲ႕ တိုက္စစ္ပံ့ပိုးမႈေတြက ေျပးလႊားမႈနဲ႔ တိုးဝင္မႈေတြထက္ ေနရာလြတ္ေတြမွာ ေစာင့္ၿပီး ျဖတ္တင္ေဘာေတြ လုပ္ေပးႏိုင္ခဲ့တာက ထိေရာက္ခဲ့သလို ကြန္တီရဲ႕ ဒုတိယပိုင္း လူစားေျပာင္းလဲမႈက လက္စတာခံစစ္ေတြနဲ႔ ဂိုးသမား ရွမိုက္ကယ္တို႔ကို အလူးအလဲျဖစ္ေစခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ဒုတိယပိုင္း စတကည္းက ဖိကစားေနတဲ့ စပါးစ္တို႔ ခံလိုက္ရျပန္ၿပီး ကစားအား အနည္းငယ္ ေလွ်ာ့ခ်ခ်ိန္မွာ ကြင္းလယ္ကေန လက္စတာတို႔ရဲ႕ တိုက္စစ္ဆင္မႈမွာ ဟာဗီဘန္းစ္နဲ႔ မက္ဒီဆန္တို႔ ႏွစ္ေယာက္တည္း ထိုးေဖာက္လာခဲ့ၿပီး ဘန္းစ္ အသာေလး ခ်န္ေပးခဲ့တဲ့ ေဘာလုံးကို ေျပးဝင္လာတဲ့ မက္ဒီဆန္က ကန္သြင္းခဲ့ရာမွာ တန္ဂန္ဂါနဲ႔ ထိၿပီး လမ္းေၾကာင္းအနည္းငယ္ေျပာင္းၿပီး အိမ္ရွင္ေတြ ထပ္မံဦးေဆာင္ခဲ့ပါတယ္။

ဂိုးေပးလိုက္ရတဲ့ စပါးစ္နည္းျပ ကြန္တီအတြက္ေတာ့ ပစ္စရာဖဲ တစ္ခ်ပ္သာ က်န္ရွိေတာ့ခ်ိန္မွာ ေဖာင္ဖ်က္ကစားဖို႔အတြက္ ရက္ဂီယြန္အစား ဘာ့ဂ္ဗိုင္းကို ပြဲခ်ိန္ ၇၉ မိနစ္မွာ လူစားလဲခဲ့ၿပီး လက္စတာတို႔ကေတာ့ ကြင္းလယ္ကို ထိန္းေက်ာင္းဖို႔ ဂ်ဴးစ္ဘာရီ-ေဟာလ္အစား ဆူမာေရးကို ထည့္သြင္းၿပီး ေဘာလုံးကိုင္ဖို႔ ႀကိဳးစားလာခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၉၀ အထိ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ၿပီး လက္စတာတို႔ ႏိုင္ၿပီလို႔ ထင္ခဲ့ၾကေပမယ့္ နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ စပါးစ္တို႔ ျပန္လည္ ေခ်ပႏိုင္ခဲ့ၿပီး ဟာရီ ဝင့္ခ္စ္ရဲ႕ အေျမာ္အျမင္ရွိရွိ ေပးပို႔မႈကို ညာျခမ္းကေန တိုးဝင္ထိုးေဖာက္ခဲ့တဲ့ ဒိုဟာတီနဲ႔ တစ္ဖက္ေနာက္တန္းေတြ ေထြးလုံးရစ္ပတ္ျဖစ္ၿပီး လဲက်ခ်ိန္မွာ ေနာက္က ပါလာတဲ့ ဘာ့ဂ္ဗိုင္းက ကန္သြင္းၿပီး ႏွစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

Come Back ေပးခဲ့ရတာကို မေက်နပ္တဲ့ လက္စတာတို႔ စေပးေဘာေပးတာနဲ႔ ဖိကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေဘာလုံးက ျပန္ပ်က္ခဲ့ၿပီး နာက်င္ အခ်ိန္ပို ၇ မိနစ္မွာေတာ့ ဟာရီကိန္းက အလ်င္အျမန္ ထိုးေပးခဲ့ရာမွာ ေႏွးေကြးေလးလံတဲ့ အိမ္ရွင္ခံစစ္ၾကားကေန ေျပးထြက္သြားခဲ့တဲ့ ဘာ့ဂ္ဗိုင္းကပဲ ဂိုးသမား ရွမိုက္ကယ္နဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ ေက်ာ္ျဖတ္ၿပီး ခ်ိဳးကန္သြင္းယူခဲ့ရာမွာ အေဝးတိုင္ေျခကို ဝင္သြားခဲ့လို႔ ႐ိုး႐ိုး Come Back ကေန သုံးဂိုး-ႏွစ္ဂိုးနဲ႔ Come Back Win ပါ ျဖစ္သြားခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဟာရီေတြ ေျခစြမ္းျပခဲ့တဲ့ စပါးစ္တို႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ၁၉ ပြဲ ကစားအၿပီးမွာ ရမွတ္ ၃၆ မွတ္နဲ႔ အဆင့္ ၅ မွာ ရပ္တည္ႏိုင္ခဲ့သလို အဆင့္ ၄ က ဝက္စ္ဟမ္းထက္ ၃ ပြဲ ေလွ်ာ့ကစားၿပီး တစ္မွတ္သာ နည္းေနတာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္က သူတို႔လက္ကို ေရာက္ခဲ့ၿပီလို႔ ဆိုႏိုင္ခဲ့ခ်ိန္မွာ အဆင့္ ၆ က အာဆင္နယ္ကိုသာ သေရအနည္းဆုံးကစားၿပီး က်န္ပြဲေတြမွာ ေျခမေခ်ာ္ခဲ့ရင္ ၂၀၂၂ ကေတာ့ စပါးစ္နဲ႔ ကြန္တီတို႔ရဲ႕ ႏွစ္အျဖစ္ ၄ ပြဲနဲ႔ ၈ မွတ္အကြာက ခ်ဲလ္ဆီးရဲ႕ အဆင့္ ၃ ကိုပါ မွန္းႏိုင္ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.